-လေထိုးလေအောင့်ခြင်း ဝေဒနာဟာ မွေးကာစကလေးငယ်များတွင်အလွန်ဖြစ်လေ့ရှိသောဝေဒနာတစ်ခုဖြစ်တယ်။
-မွေးကာစကလေး၅ယောက်တွင် တစ်ယောက်နှုန်းခန့် ခံစားရလေ့ရှိပါတယ်။
-ယေဘုယျအားဖြင့် ကလေးသည်အကြောင်းအရင်းမရှိပဲ အချိန်ကြာမြင့်စွာ မကြာခဏငိုခြင်း ဖြစ်နေလျှင် လေထိုးလေအောင့် ခံစားရနေတာမျိုး ဖြစ်နိုင်ပါတယ်။
-တစ်နေ့လျှင် ၃ခေါက်နီးပါးထထငိုပြီး တစ်ပတ်လျှင် ၃ရက်နီးပါးခန့်ဖြစ်နေပြီဆိုလျှင် ကလေးငယ်သည် လေထိုးလေအောင့်ခြင်းခံစားရတာ ပို၍ဖြစ်နိုင်ပါတယ်။
-လူကြီးများတွင်လည်း လေထိုးလေအောင့်ဝေဒနာဖြစ်တတ်ပါတယ်။
-ကိုယ်ဝန်ဆောင်စဉ် မိခင်ဆေးလိပ်သောက်ခြင်းဟာ မွေးကာစကလေးငယ်ကို လေထိုးလေအောင့်ပိုဖြစ်စေနိုင်ပါတယ်။
Q.ရောဂါသဘာဝ
-လေထိုးလေအောင့်ခြင်ဟာ မွေးပြီးရသတ္တပတ် အနည်းငယ်အတွင်းစပြီးဖြစ်လေ့ရှိပါတယ်။
-ကလေးအသက် 3လ-၄လအထိ ခံစားရနိုင်ပါတယိ။
-လေထိုးလေအောင့်ခြင်းဟာ ကလေးငယ်ကို ဆိုးရဝါးစွာငိုနေနိုင်စေသော်လည်း အသက်အန္တရာယ်ရှိစေနိုင်သော ဝေဒနာတစ်ခုတော့မဟုတ်ပါ။
Q.ဘာကြောင့်လေထိုးလေအောင့်ဖြစ်ရတာလဲ?
ယေဘုယျအားဖြင့်
-ကလေးနို့စို့စဉ်လေများမျိုချမိခြင်း
– အစာမကြေခြင်း
အခြား
-နို့နှင့် ဓာတ်မတည့်ခြင်း
(Milk allergy,Lactose Intolerance)
-မိခင်ဆေးလိပ်သောက်ခြင်း
Q.ကလေးတွင်တွေ့ရမည့်လက္ခဏာများ
1.ပြင်းထန်စွာလှိမ့်၍ငိုခြင်း
*မျက်နှာနီရဲသည်အထိခြစ်အော်ငိုနေခြင်း
*အကြောင်းအရင်းမရှိပဲရုတ်တရတ်ထထငိုခြင်း
*နေ့စဉ်အချိန်မှန်နီးပါး ထ၍ငိုခြင်း
*အထူးသဖြင့် နေလည်ခင်းနှင့် ညနေများ
*ငိုနေစဉ်လေလည်ခြင်း
2.ကလေးအနေအထား
*လက်သီးဆုပ်ထားခြင်း
*ဗိုက်တင်းနေခြင်း
*ဒူးကွေးထားခြင်း
*ခန္ဓာကိုယ်ခပ်ကွေးကွေးလေးနေနေခြင်း
3.အိပ်စက်ခြင်း
*ကောင်းကောင်းမအိပ်ပဲ ကြားဖောက် ထထငိုခြင်း
4.နို့စို့ခြင်း
*နို့စို့နေစဉ်အတွင်း ထထငိုခြင်း
*နို့စို့ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော်လည်း နို့ဝင်အောင်စို့နိုင်သည့်ပမာဏ ပုံမှန်အတိုင်းရှိနေခြင်း
Q.ကုသခြင်း
-မွေးကင်းစ ခလေးငယ်အချို့မှာ လေထိုးလေအောင့်ခြင်းဟာ ပုံမှန်ဝေဒနာတစ်ခုအနေနဲ့ဖြစ်လေ့ရှိပါတယ်။
-ဆေးဖြင့်ကုသရန် ယေဘုယျအားဖြင့် ညွှန်ကြားချက်မရှိပါ။
-အသေအချာ ကလေးလေထိုးလေအောင့်ပျောက်စေသောဆေးဟူ၍မရှိပါ။
-အကောင်းဆုံးနည်းလမ်းမှာ ကလေးငယ်အား နို့တိုက်ပြီးတိုင်း လေထုတ်ပေးခြင်း၊ နို့တိုက်သည့် ဖော်မြူလာပြောင်းပေးခြင်း၊မိခင်အစားအသောက်ဆင်ခြင်ခြင်း တို့ဖြစ်တယ်။
1.ကလေးငယ်အားဂရုစိုက်ရန်နည်းလမ်းများ
-နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။
(*ကလေးငယ်ကို ထိုင်သည့်အနေအထားဖြင့် သို့မဟုတ် ပခုံးပေါ်မှီတင်ပေးထာပြီး ကြောလေးပုတ်ပေးပါ။
ချီလိုက်ချလိုက်လုပ်လျှင်ပိုဆိုးစေပါတယ်။
တစ်ခါတစ်ရ့လေနှင့်အတူ နို့ပါနည်းနည်းပြန်ထွက်တတ်ပါတယ်။
စိုးရိမ်စရာမလိုပါ။
ပုံမှန်အခြေအနေတစ်ခုသာဖြစ်ပါတယ်။)
-ငိုနေစဉ် စောင်ထဲတွင် နွေးနွေးထွေးထွေးထုပ်ထားပါ။
ချီထားပါ။
-ဆူညံခြင်းမရှိသော၊အလင်းမစုသော နေရာတွင် ချီပြီး လမ်းလျှောက်ပေးပါ။
-ကလေးငယ်အားရေနွေးနွေးဖြင့် ရေချိုးပေးပြီး နှိပ်နယ်ပေးပါ။
-နို့ဘူးတိုက်သောကလေးငယ်များဆိုလျှင် ကလေးပါးစပ်နှင့်သင့်တော်မည့် နို့သီးခေါင်း အရွယ်အစားကိုသေချာရွေးပါ။
-တစ်ကြိမ်တည်းအမျာကြီးတိုက်မည့်အစား နဲနဲနှင့်ခဏခဏတိုက်ပါ ။
-ကလေးသည် နွားနို့မှရသည့်ဓာတ်နှင့်ဓာတ်မတည့်ခြင်းရှိလျှင် သုံးသည့် နို့မှုန့်ဖော်မြူလာကိုပြောင်းပါ။ ဓာတ်မတည့်မှုနည်းစေသော အထူးလုပ်ထားသည့် နို့မှုန့်ကိုသာပြောင်းလဲတိုက်ပါ။
2.မိခင်
-ဆေးလိပ်ဖြတ်ပါ။
-အရက်ရှောင်ပါ။
-လက်ဖက်ရည်၊ကော်ဖီ ရှောင်ပါ။
-စပ်သည့်အစားအသောက်များရှောင်ပါ။
-သား၊ငါး၊အသီးအရွက်၊အသီးအနှံ အကုန်စားနိုင်ပါတယ်။
3.ဆေးများ
-Simethicone အစက်ချဆေးရည်
-Lactase အစက်ချဆေးရည်
Q.ဘယ်အချိန်ဆရာဝန်နှင့်ပြမလဲ?
-စိတ်ပူလျှင်
-ကလေးအသက် ၄လကျော်သည်အထိ လေထိုးလေအောင့်ခြင်း ဆက်တိုက်ရှိနေလျှင်
-ငိုသံပုံမှန်မဟုတ်လျှင်
-အိမ်တွင်းနည်းလမ်းများနှင်မသက်သာလျှင်
-ဝမ်းထဲသွေးတွေ့လျှင်
-အဖျားရှိလျှင်
-ဗိုက်တွင် အလုံးစမ်းမိလျှင်
-အန်လျှင်
-ဗိုက်တွင်အူလှုပ်သည့်ပုံစံမျိုးလှိုင်းတွန့်ထနေသည်ကိုမြင်ရလျှင်
Dr.Yin Yin Win
M.B.,B.S (YGN)
Dip.Med.Sc(Family Medicine)