fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကိုယ်ခံအားတက်စေမဲ့ ဗီတာမင်တွေအကြောင်း

166
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

ဒီအချိန်မှာလူတိုင်း ပြည့်ချင်နေမှာသေချာတဲ့ အရာနှစ်ခုရှိပါလိမ့်မယ်။
တစ်ခုက ဒီကပ်ရောဂါကြီး မြန်မြန်ပြီးပါစေဆိုတဲ့ ဆုတောင်းပြည့်ဖို့ဆိုရင် နောက်ထပ်ပြည့်ဝချင်တဲ့တစ်ခု ကတော့ ဒီကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်မဲ့ ကိုယ်ခံအားပဲဖြစ်မှာပါ။

ကိုယ်ခံအားကောင်းသူတွေဟာ ဘယ်ရောဂါပိုးမဆိုဝင်ရောက်လာချိန်မှာလည်း ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မခံစားရတတ်သလို မြန်မြန်သက်သာပျောက်ကင်းသွားကြတာကိုလည်း တွေ့ရပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့ အမျှ ကိုယ်ခံအားကောင်းစေမဲ့ အစားအသောက်တွေ၊ နေထိုင်မှုပုံစံတွေကို စွဲမြဲကျင့်သုံးနေကြရဦးမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ဟာ ဗီတာမင်ဓာတ်တွေရဲ့ ကိုယ်ခံအားအပေါ်မှာသက်ရောက်နေတဲ့ ကောင်းကျိုးတွေကို သိထားဖို့လိုပါတယ်။

ဗီတာမင်ဆိုတဲ့ စကားလုံးကတော့ လူတိုင်းကြားဖူးပြီးသားစကားလုံးဖြစ်ပေမဲ့ ဘယ်ဗီတာမင်က ဘယ်လိုအကျိုးပြုတယ်၊ ဒါမှမဟုတ် ဘယ်ဗီတာမင်ဓာတ်ချို့တဲ့ရင် ဘာကျန်းမာရေးပြဿနာတွေဖြစ်မယ်ဆိုတာကိုတော့ တိတိကျကျသိကြလေ့မရှိပါဘူး။

အခု ဘယ်ဗီတာမင်ဓာတ်တွေက ကိုယ်ခံအားတက်စေနိုင်တယ်ဆိုတာ ပြောပြချင်ပါတယ်။

 

– ဗီတာမင် C
ဗီတာမင် C က ကိုယ်ခံအားတက်စေတယ်ဆိုတာကိုတော့ တော်တော်များများသိထားပြီးသားဆိုတာတွေ့ရပါတယ်။
ချဉ်တဲ့အသီးအနှံတွေစားရမယ်၊ နေမကောင်းရင် စီဗစ်သောက်ရမယ်ဆိုတာမျိုး လူအများစု သိကြပါတယ်။
ဒါပေမဲ့ ဒီဗီတာမင်စီကို ဟင်းနုနွယ်၊ ကိုက်လန်၊ ငရုတ်ပွ စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကလည်း ရနိုင်တယ်ဆိုတာကိုလည်း သိထားဖိုလိုပါတယ်။

 

– ဗီတာမင် A
ဗီတာမင် A ရဲ့ နာမည်ကျော်ကြားတဲ့ အာနိသင်က မျက်လုံးအမြင်အာရုံနဲ့ အရေပြားအတွက် ဖြစ်ပါတယ်။
ဒါပေမဲ့ လူတွေသိပ်မသိတဲ့ အချက်ကတော့ ဗီတာမင် A ကလည်း antioxidant ဂုဏ်သတ္တိရှိတဲ့အတွက် ကိုယ်ခံအားတက်စေနိုင်တယ်ဆိုတာပါပဲ။
ဗီတာမင် A ရဖို့ဆိုရင်တော့ အရောင်စုံတာလေးတွေရွေးစားရမယ်လို့ အလွယ်ပြောရပါမယ်။
မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေး စတဲ့ အသီးအနှံတွေက ဗီတာမင်အေကြွယ်ဝတဲ့် အတွက် ကိုယ်ခံအားပြည့်ချင်ရင် ဒါလေးတွေများများစားပေးဖို့လိုပါတယ်။

 

– ဗီတာမင် D
ဗီတာမင် D ကလည်း ကိုယ်ခံအားအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
တော်ရုံလူတွေအတွက်တော့ ဗီတာမင်ဒီ ရဖို့အတွက် နေပူစာနည်းနည်းလှုံလိုက်ရုံနဲ့ ရနိုင်ပါတယ်။
နေရောင်ခြည်ထိတွေ့တာနဲ့ ကိုယ်တွင်းမှာ ဗီတာမင် D ထုတ်လုပ်တာမို့ လုံးဝအပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေရသူတွေကလွဲလို့ ဗီတာမင် D ကို ထပ်ဖြည့်ပေးဖို့ လိုအပ်လေ့သိပ်မရှိပါဘူး။
ဒါ့အပြင် ဗီတာမင် D ကို ဆေးအနေနဲ့ ထပ်ဖြည့်သောက်ရင် လိုအပ်တဲ့ ပမာဏထက်ကျော်လွန်သွားရင် အဆိပ်အတောက်ပြန်ဖြစ်စေပြီး ဝမ်းပျက်တာ၊ဗိုက်အောင့်တာ၊ ပျို့အန်တဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။
အဆိုးဆုံးအနေနဲ့ အရိုးပျက်စီးတာ၊ ကျောက်ကပ်ပျက်စီးတာအထိဆက်ဖြစ်သွားနိုင်ပါတယ်။
အစားအသောက်အနေနဲ့တော့ အဆီများတဲ့ ငါးတွေနဲ့ ဗီတာမင် D ပါတဲ့ နို့တွေ သောက်နိုင်ပါတယ်။

 

– ဖောလစ်အက်ဆစ်
ဖောလစ်အက်ဆစ်ကလည်း ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်တစ်ခုပဲဖြစ်ပါတယ်။
ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ပဲကြီးအပါအဝင် ပဲအမျိုးမျိုးနဲ အစိမ်းရောင်ဟင်းသီးဟင်းရွက်အမျိုးမျိုးပဲ ဖြစ်ပါတယ်။
ဖောလစ်အက်ဆစ်က မြန်မာနိုင်ငံမှာ ချို့တဲ့မှုများတဲ့ ဗီတာမင်တစ်ခုလည်းဖြစ်တာမို့ ဖောလစ်အက်ဆစ်ပြည့်ဝအောင် စားသောက်ပေးဖို့တော့ ပိုလိုအပ်ပါတယ်။

– ဗီတာမင် E
ဗီတာမင် E ကလည်း Antioxidant ကြွယ်ဝတဲ့ ဗီတာမင်တစ်ခုဖြစ်လို့ ကိုယ်ခံအားတက်စေပါတယ်။
ပုံမှန်အားဖြင့်တော့ ဗီတာမင် E ဆိုတာ အမျိုးသမီးတွေအကြားမှာ အသားအရည်နဲ့ ဆံပင်လှပခြင်းအတွက် ရေပန်းစားပြီးသား ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။
ဗီတာမင် E ကလည်း ဗီတာမင် D လိုပါပဲ .. ပမာဏများသွားရင် အဆိပ်အတောက်ဖြစ်စေနိုင်တာမို့ အစားအသောက်ကရတဲ့ ဗီတာမင် E ကို ပိုအားကိုးသင့်ပါတယ်။
မြေပဲ၊ နေကြာစေ့၊ အလ်မွန်ဒ်စေ့၊ hazelnut စတဲ့ အစေ့အနှံတွေမှာ ဗီတာမင် E ကြွယ်ဝသလို ဟင်းနုနွယ် ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း ရနိုင်ပါတယ်။

အားလုံး ဗီတာမင်ပြည့်ဝ၊ ကိုယ်ခံအားပြည့်ဝပြီး ကပ်ရောဂါပပျောက်စေကြောင်း ဆုတောင်းတွေလည်း အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေ..

Dr ဖြိုးဝေလင်း

Previous Post

ကိုယ်ခံအားကို အစားအသောက်နဲ့ တကယ်မြှင့်လို့ရရဲ့လား

Next Post

ကလေးတွေ ဝမ်းဘာကြောင့် ချုပ်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
464
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
210
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
385
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
394
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
451
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
328

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေ ဝမ်းဘာကြောင့် ချုပ်လဲ?

မကြာခဏ ရင်ပြည့်တတ်သော ကလေးများအတွက် ဆောင်ရန် ၊ ရှောင်ရန်များ

အစာချေစနစ်ကို ဒုက္ခပေးမယ့် အစားအသောက်အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.