fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုဆိုသည်မှာ

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/10/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုဆိုသည်မှာ

– ဝမ်းဗိုက်အောင့်ခြင်း

– လေပွခြင်း

– မစင်တွင် အကျိအချွဲများပါခြင်း စသည်တို့အပြင်

– ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတစ်လှည့်စီဖြစ်နေသည့် ရောဂါလက္ခဏာများရှိသော အူလမ်းကြောင်းနှင့် သက်ဆိုင်သည့်ရောဂါလက္ခဏာစုတစ်ခုပင်ဖြစ်ပါသည်။

အဆိုပါရောဂါလက္ခဏာစု အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် အကြောင်းရင်းကို သေချာစွာ မသိရှိသေးသော်လည်း နေ့စဉ်နေထိုင် စားသောက်ပုံပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရောဂါပိုးများကူးစက် ခံရခြင်းနှင့် မိမိနှင့် မတည့်သောအစားအစာများစားသုံးမိခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများက ထိုရောဂါလက္ခဏာစု ဖြစ်နိုင်ခြေကို များစွာလွှမ်းမိုးမှုရှိနိုင်ကြောင်း ယူဆကြပါသည်။

လေ့လာတွေ့ရှိချက်များအရ အာရုံကြောဆိုင်ရာ သတင်းပေးပို့သည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် serotonin က  အူလမ်းကြောင်းအတွင်းရှိ အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပြောင်းလဲစေပါသည်။ ထိုအခါ နာကျင်မှုများဖြစ်ပေါ်ခံစားရကာ အဆိုပါရောဂါလက္ခဏာစု ပေါ်ပေါက်လာရသည်ဟု တွေ့ရှိရပါသည်။

ကံကောင်းသည့်အချက်တစ်ချက်မှာ အဆိုပါ အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုသည် အူရောင်ခြင်းနှင့် အူကင်ဆာကဲ့သို့သော ဆိုးရွားသည့် ရောဂါများအဖြစ်သို့ ပြောင်းလဲသွားလေ့မရှိခြင်း ဖြစ်ပါသည်။

 

အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများ

အထက်ပါရောဂါလက္ခဏာစု၏ အတွေ့ရများသောရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

– ဝမ်းဗိုက်အောင့်ခြင်း (လေလည်လိုက်လျှင် သို့မဟုတ် ဝမ်းသွားလိုက်လျှင် သက်သာသွားလေ့ရှိပါသည်)

– ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်းတစ်လှည့်စီ ဖြစ်ပွားခြင်း

– ဝမ်းသွားနေသော်လည်း ထပ်ခါထပ်ခါ ထပ်မံသွားချင်နေခြင်း

– လေပွခြင်း

– မစင်များတွင် အကျိအချွဲများပါခြင်း

– ပျို့ခြင်း


ဖြစ်ပွားစေသောအကြောင်းအရင်းများ

အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု၏ ဖြစ်ပွားစေသော အခြေခံအကြောင်းအရင်းများကို ယခုအချိန်အထိ သေချာတိကျစွာ သိရှိခြင်းမရှိသေးပါ။ သို့သော် အချို့သော အခြေအနေများသည် အဆိုပါရောဂါ လက္ခဏာစုအား ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြပါသည်။ ထိုအချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  • ရောဂါကူးစက်ခံရခြင်း

အစာအိမ်နှင့် အူရောင်ရမ်းခြင်းရောဂါများဖြစ်ပွားပြီးနောက် အဆိုပါရောဂါများကို ပျောက်ကင်းအောင် ဆေးဝါးကုသမှု ခံယူပြီးသည့်အချိန်တွင် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု  ဖြစ်ပေါ်လာတတ်ပါသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သေချာစွာ မသိရှိသော် လည်း အူလမ်းကြောင်းအတွင်းရှိ အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်းနှင့် အူလမ်းကြောင်းအတွင်းရှိ ပုံမှန်ဘက်တီးရီးယားများ၏ ပမာဏပြောင်းလဲသွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု စုစုပေါင်းဖြစ်ပွားမှု၏ ၂၅% သည် ဤပြဿနာကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

 

  • အစားအစာများကို မခံနိုင်ခြင်း

နို့ထွက်ပစ္စည်းများနှင့် အခြားပြုပြင်စီရင်ထားသော အစားအစာအများစုတွင်ပါဝင်သော Lactose သကြားအား အူနံရံများမှ စုပ်ယူမှုမပြုလုပ်နိုင်ခြင်းကြောင့်လည်း ဤရောဂါလက္ခဏာစု ပေါ်ပေါက် လာတတ်ပါသည်။ Lactose အပြင် အထက်ပါရောဂါလက္ခဏာစုကို ဖြစ်ပွားစေသော အခြားသကြားအမျိုးအစားမှာ Fructose ဖြစ်ပါသည်။

 

  • အစားအစာ

ဝမ်းချုပ်ခြင်းကို ဖြစ်စေသော အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုတွင် အမျှင်ဓါတ်ပါသော အစားအစာများကို နည်းပါးစွာစားသုံးခြင်းက အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နေပါသည်။ အချို့သူများအတွက် ပူစပ်သောအစားအစာများသည် ဤရောဂါကိုဖြစ်စေတတ်သော အကြောင်းအရင်းတစ်ရပ်ဖြစ်နေနိုင်ပါသည်။

 

  • စိတ်ဖိစီးမှု

စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများခြင်းကဲ့သို့သော ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများကလည်း အူလမ်းကြောင်းအတွင်းရှိ အာရုံကြောများအပေါ်တွင် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။

 

  • ဆေးဝါးများ

ပဋိဇီဝပိုးသတ်ဆေး၊ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုလျော့နည်းစေသည့် ဆေးဝါးများနှင့် နာကျင်မှုကို သက်သာစေသည့် ဆေးဝါးများသည် အချို့သောသူများတွင် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ဖြစ်စေနိုင်ပါသည်။

 

ကုသခြင်း

အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ဆေးဝါးများ သို့မဟုတ် အစားအစာများဖြင့် ကုသ၍ မရ နိုင်ပါ။ အဓိကကုသလုပ်ဆောင်ရမည့်အချက်မှာ မည်သည့်အရာကြောင့် ဤရောဂါဖြစ်ပွားရသည်ဟူသော အကြောင်းရင်းကိုရှာဖွေ၍ ထိုအကြောင်းရင်းအား ရှောင်ရှားခြင်းပင်ဖြစ်ပါသည်။

ကုသမှုခံယူရာတွင် အောက်ပါအကြံပြုချက်များပေးလေ့ရှိပါသည်။

– အမျှင်ဓါတ်ပါသောအစားအစာများကို ပိုမိုစားသုံးပါ

– ရေများများသောက်ပါ

– အကယ်၍ Lactose သကြားနှင့် မတည့်ခြင်းကြောင့် ဤ ရောဂါလက္ခဏာစုဖြစ်ပေါ်လာရသည်ဟု ယူဆပါက နို့ထွက်ပစ္စည်းများစားသုံးခြင်းကို လျှော့ချပါ သို့မဟုတ် ရှောင်ကြဉ်ပါ။

– အကယ်၍ ဝမ်းလျှောခြင်းများ အလွန်အကျွံဖြစ်နေပါက ဝမ်းပိတ်ဆေးများကို သောက်သုံးပါ။ ဝမ်းချုပ်ခြင်း ဖြစ်ခဲ့ပါက ဝမ်းချုပ်ခြင်းအတွက် ဆေးဝါးများကို သောက်သုံးပါ။

– ဗိုက်အောင့်နာကျင်ခြင်းကို သက်သာစေမည့် ဆေးဝါးများကို သောက်သုံးပါ။

– အကယ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ယူဆပါက စိတ်ဖိစီးမှုများကို ပြေလျော့စေရန် စီစဉ်ဆောင် ရွက်ပါ။

– ရုတ်တရက် ပုံမှန်စားသုံးသော အစားအစာများ ပြောင်းလဲသွားခြင်းကို ရှောင်ကြဉ်၍ အစားအစာများကို ပုံမှန်အတိုင်း စားသုံးသည့်အလေ့အထကို ပြုလုပ်ပါ။

အထက်ပါနည်းလမ်းများကို အသုံးပြုပြီး အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ကာကွယ်နိုင်ပါကြောင်း တင်ပြလိုက်ပါသည်။

Author: Dr.မွန်

Previous Post

အစာအိမ်ရောင်လျှင် ရှောင်ကြဉ်သင့်သော အစားအစာများ

Next Post

အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းသက်သာစေသည့် အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.5k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းသက်သာစေသည့် အစားအစာများ

စိတ်ဖိစီးမှုမဖြစ်အောင် ခေါင်းထဲမှထုတ်ပစ်သင့်သည့်အရာများ

စိတ်ထဲမှာ တစ်ချိန်လုံး မကောင်းတဲ့အတွေးတွေ တွေးပြီး စိတ်ဖိစီးမှုများနေပြီဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.