fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2023
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အူမကြီးကင်ဆာဟာ အမျိုးသား ၂၃ ယောက်မှာ တစ်ယောက်နှုန်း နဲ့ အမျိုးသမီး ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်နိုင်တဲ့အတွက် အဖြစ်များလှတဲ့ ကင်ဆာရောဂါ တစ်ခုပါ။
” ဝမ်းချုပ်တတ်ရင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေရှိတယ် ” လို့ ပြောလေ့ရှိကြပါတယ်။ အူမကြီး ကင်ဆာ ( Colorectal Carcinoma ) ဆိုတာ နာမည်အတိုင်းပဲ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာရောဂါပါ။ အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများ​ဆုံး ကင်ဆာရောဂါဖြစ်ပြီး ကင်ဆာရောဂါရှင်စုစုပေါင်းရဲ့ 10.7 ရာခိုင်နှုန်းဟာ အူမကြီးကင်ဆာကို ခံစားနေကြရပါတယ်။

အူမကြီးကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ?

အူမကြီး ကင်ဆာ ​ဖြစ်ရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ သေချာ မသိရသေးပေမယ့် ကင်ဆာဖြစ်ဖို့ အလားအလာ အရှိဆုံးတွေကတော့…
၁။ အသက် ၆၀ နဲ့ အထက်တွေ ( ကင်ဆာ​ရှိတဲ့ လူ (၁၀) ယောက်မှာ (၉) ယောက်ဟာ အသက် ၆၀ နဲ့အထက်တွေပါ)
၂။ စားတဲ့အစားအစာထဲမှာ အမျှင်ဓာတ် နည်းပါးသူတွေ (အမျှင်ဓာတ်နည်းတဲ့အခါ ဝမ်းချုပ်လေ့ရှိပြီး အညစ်အကြေးတွေဟာ အူတွေထဲမှာ ကြာရှည်စွာ
ရှိနေရပါတယ်)
၃။ အနီရောင် ရှိသော အသားတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ စားသုံးနေသူတွေ၊
၄။ အဝလွန်သူတွေ၊
၅။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ၊
၆။ ဆေးလိပ်၊ အရက် သောက်သုံးသူတွေ ၊
၇။ (၁၀) နှစ်အထက် အူတွေရောင်ရမ်းတဲ့ရောဂါ ( extensive ulcerative colitis or Crohn’s disease ) ရှိသူတွေ၊
၈။ မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ပွားထားသူတွေ ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ပြိး ကင်ဆာမှတ်တမ်းရှိဖူးသူတွေဟာ စောလျင်စွာ နှစ်စဉ်ပုံမှန်စမ်းသပ် စစ်ဆေးမှုတွေ ခံယူထားသင့်ပါတယ်။

အူမကြီးကင်ဆာမှာတွေ့ရတတ်တဲ့ အဓိကလက္ခဏာတွေ…

၁။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာခြင်း (မကြာခဏ ဝမ်းချုပ်တာ၊ ဆိတ်ချီးတုံးလို ဝမ်းမာမာကျစ်ကျစ် သွားတာ သို့မဟုတ် မကြာခဏ ဝမ်းလျောတာ)
၂။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာပြီးတဲ့နောက် ဝမ်းသွားရင် သွေးပါနေခြင်း၊
၃။ ဝမ်းကျန်သလို ခံစားရခြင်း
၄။ အစာစားပြီးနောက် အချိန်တိုင်းလိုလို ဗိုက်အောက်ပိုင်းထိုးအောင့်၊ ပြည့်အင့်ကာ မအီမသာဖြစ်ခြင်း၊ လေပွလေကယ်ဖြစ်ခြင်း
၅။ အကြောင်းပြချက်မရှိ ပိန်ချုံးသွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရတာ ကြာလာပြီး ဘယ်လိုမှ မသက်သာရင်၊ အသက် (၆၀) နဲ့ အထက် ရှိသောသူ ဖြစ်ရင် ပိုမို ဂရုတစိုက် စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဘယ်လို ကုသမလဲ?

အူမကြီးကင်ဆာရဲ့ တည်နေရာ၊ ဘယ်လောက်အထိ ပျံ့နှံ့မှု ရှိမရှိ အပေါ် မူတည်ပြီး ​အမြစ်ပြတ်ကုသလို့ ရမရ သိရှိနိုင်မှာဖြစ်တဲ့အ​ပြင် အူလမ်းကြောင်းအပေါ် ကင်ဆာရဲ့ ပျံ့နှံ့မှုကြောင့် ဝမ်းအိတ် ခဏတာ (သို့)
တစ်သက်တာ ထုတ်ထားဖို့ လိုမလိုကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
လူနာအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည်ပေးတာ၊
ကင်ဆာဆေးသွင်းတာတွေကို လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဝမ်းအိတ်ထုတ်ထားရတဲ့ အခြေအနေတွေနဲ့ ကုသမှုတွေ ခံယူနေရစဉ်စိတ်ပိုင်း​ဆိုင်ရာအနေနဲ့ များစွာ ပြင်ဆင်ထားဖို့ လိုသလို ချစ်ခင်ရတဲ့ မိသားစု၊ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကလဲ ရောဂါဖြတ်ကျော်ဖို့အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်…

• ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာကို စားသုံးပါ။ အထူးသဖြင့် အမျှင်ဓာတ် ကြွယ်ဝသော အသီးအရွက်၊ အစေ့အဆန်များ များများစားပါ။
• အဝလွန်နေပါက စနစ်တကျ ကိုယ်အလေးချိန်လျှော့ပါ။
• တစ်ပတ်မှာ မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန် အချိန်ပေး၍ လုပ်ပါ။
• ဆေးလိပ်နဲ့ အရက် ဖြတ်ပါ။

ဝမ်းချုပ်တာဟာ အူမကြီးကင်ဆာရဲ့ ကနဦးအကြောင်းရင်းဖြစ်နိုင်တာမို့ ဝမ်းမချုပ်အောင် ဂရုပြုရမှာ ဖြစ်သလို ဝမ်းချုပ်တဲ့အကျင့် ရှိနေရင်လည်း အူမကြီးကင်ဆာ ရှိမရှိ စောစောစီးစီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ရောဂါကို စောစီးစွာ သိရတာက အမြစ်ပြတ်အောင် ကုသနိုင်တဲ့ အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။

Author: Dr.Yee Mon

Previous Post

ရာသီဥတုကြောင့် နှာစေး၊ ခေါင်းကိုက်ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေကိုသောက်မလဲ?

Next Post

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
795

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

အလွှာခြားတာကောင်းလား?

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.