fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရာသီဥတုကြောင့် နှာစေး၊ ခေါင်းကိုက်ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေကိုသောက်မလဲ?

99
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/05/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အခုဆိုရင် နွေရာသီကနေ မိုးရာသီ အကူးအပြောင်းကာလကို ရောက်ရှိလို့ လာတာနဲ့အတူ ရာသီအကူးအပြောင်းနဲ့ မိုးရာသီမှာ ဖြစ်တတ်တဲ့ တုပ်ကွေးနဲ့ အအေးမိ နှာစေး၊ ခေါင်းကိုက်တာတွေလည်း အဖြစ်များလာတော့မှာပါ။ အအေးမိ၊ တုပ်ကွေးတွေ မဖြစ်စေဖို့အတွက် ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်သင့်သလို တုပ်ကွေးကာကွယ်ဆေးပါ ထိုးထားနိုင်ရင် ပိုကောင်းပါတယ်။ကာကွယ်ထားရဲ့သားနဲ့ပဲ ဖြစ်ဖြစ်၊ မကာကွယ်ထားလို့ပဲ ဖြစ်ဖြစ် နှာစေး၊ ခေါင်းကိုက်တာလို ရောဂါလက္ခဏာတွေ ခံစားရတဲ့အခါ ဘယ်လိုဆေးမျိုးတွေ သောက်သင့်သလဲ ဆိုတာကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။

နှာစေး၊နှာပိတ်တဲ့အခါ…
အအေးမိတာဖြစ်ဖြစ်၊ တုပ်ကွေးကွေးတာဖြစ်ဖြစ် နှာရည်တရွှဲရွှဲနဲ့ နှာချေနေတာ ဒါမှမဟုတ် နှာခေါင်းပိတ်ပြီး အသက်ရှူမဝတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာ တစ်ခုပါပဲ။ ဒီလိုဖြစ်တာဟာ နှာခေါင်းနဲ့ အနီးတဝိုက်မှာ ရှိတဲ့ sinus လို့ခေါ်တဲ့ အခေါင်းပေါက်လေးတွေ ပိတ်ဆို့တာကြောင့်ပါ။

အခေါင်းပေါက်လေးတွေ ပွင့်သွားပြီး အသက်ရှူရ အဆင်ပြေအောင် decongestant လို့ခေါ်တဲ့ pseudoephedrine သို့မဟုတ် phenylephrine ပါဝင်တဲ့ဆေးကို သုံးလို့ရပါတယ်။ Decongestant ဟာ ဆရာဝန် ညွှန်ကြားချက် မလိုတဲ့ဆေးဖြစ်ပြီး သောက်ဆေးအနေနဲ့ရော နှာခေါင်းဖျန်းဆေး အနေနဲ့ရော လာပါတယ်။ နှာခေါင်းဖျန်းဆေးအနေနဲ့ သုံးတဲ့အခါ ၃ ရက်ထက်ပိုပြီး မသုံးသင့်ပါဘူး။

ဆရာဝန်ညွှန်ကြားချက်မလိုဘူး ဆိုသော်လည်း pseudoephedrine နဲ့ phenylephrine နှစ်မျိုးလုံးဟာ သွေးပေါင်နဲ့ နှလုံးခုန်နှုန်းကို တက်စေတဲ့အတွက် သွေးတိုးနဲ့ နှလုံးရောဂါအခံရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီးမှ သုံးစွဲသင့်ပါတယ်။
နှာခေါင်းတွင်းက ယားယံကာ ခဏခဏနှာချေပြီး နှာရည်တွေ တောက်လျှောက်ကျနေရင် antihistamine ပါတဲ့ ဆေးသောက်သင့်ပါတယ်။ Burmeton လို့ လူသိများတဲ့ chlorpheniramine, cetrizine, levocetrine, fexofenadine စသဖြင့် antihistamine အုပ်စုဝင်ဆေး အမျိုးမျိုးရှိပြီး ဆရာဝန်ညွှန်ကြားချက် မလိုဘဲ သောက်လို့ရပါတယ်။ Antihistamine ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ လေးလံထိုင်းမှိုင်းပြီး အိပ်ငိုက်တာပဲ ဖြစ်ပါတယ်။

ခေါင်းကိုက်တဲ့အခါ…
ခေါင်းတွေက ကွဲထွက်တော့မလို ကိုက်ခဲနေပြီး တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေတာက ရာသီဥတုကြောင့် ဖြစ်တဲ့ ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ ခေါင်းတွေ ကိုက်နေရင်၊ အဖျားသွေးရှိနေရင် အလွယ်ကူဆုံး သောက်သင့်တဲ့ဆေးက ပါရာစီတမောလ် ဖြစ်ပါတယ်။ ပါရာစီတမောလ်ဟာ အဖျားကျစေတဲ့ အာနိသင်ရှိသလို အပျော့စားနဲ့ အလယ်အလတ်အဆင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တဲ့ဆေးပါ။ ရောဂါလက္ခဏာ ပြင်းထန်မှု အပေါ်မူတည်ပြီး တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် သောက်လို့ ရပါတယ်။ ဆေးခဲအနေနဲ့ ရှိသလို ကလေးတွေအတွက် ဆေးရည်ပုံစံနဲ့လည်း လာပါတယ်။

ပါရာစီတမောလ်နဲ့ မသက်သာလောက်အောင် နာကျင်ကိုက်ခဲ့နေရင်တော့ NSAIDs ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ (ibuprofen, aspirin, diclofenac စသည်) သောက်လို့ ရပါတယ်။ NSAIDs ပါတဲ့ဆေးတွေဟာ အစာအိမ်နဲ့ အူနံရံကို ထိခိုက်စေလို့ အစာနဲ့ တွဲသောက်သင့်သလို အစာအိမ်ရောဂါ အခံရှိရင်လည်း သတိထားသင့်ပါတယ်။
ဆေးတွေသောက်တဲ့အပြင် လုံလောက်စွာ အနားယူတာ၊ ရေများများသောက်တာ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်ရည်တွေ သောက်တာ၊ အာဟာရဖြစ်အောင် စားတာတွေ လုပ်တာက အမြန်ဆုံး သက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။

Author: Dr.Yee Mon

Previous Post

အိပ်ရေးပျက်တာများတဲ့အခါ

Next Post

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

18 hours ago
27

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

1 week ago
164

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

2 weeks ago
91

အိပ်ရေးပျက်တာများတဲ့အခါ

4 weeks ago
336

အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?

4 weeks ago
279

အသည်းအဆီဖုံးခြင်းဆိုတာ

1 month ago
381

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

အလွှာခြားတာကောင်းလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.