တစ်ထွာ တစ်မိုက် ဗိုက်ဗိုက်ရဲ့ ကျန်းမာရေး
သတိမထားမိတဲ့ အစာအိမ်နဲ့ပက်သက်တဲ့ အမူအကျင့်ဆိုးတွေ
အလုပ်များတဲ့လူနေမှုဘဝ
အလုပ်များတဲ့မြို့ပြလူနေမှုဘဝက အစားစားချိန်မမှန်တာနဲ့ ကြုံရာစားရတဲ့ ပြသနာကို အမြဲကြုံရပါတယ်အချိန်နဲ့မစားတဲ့ အခါ ရေရှည်မှာ အစာအိမ်ကျန်းမာရေကိုထိခိုက်လာမှာပါ။
ဖြေရှင်းနည်း- အစားစားချိန်ကို alarm ပေးထားတာမျိုး အိမ်ကနေစားမဲ့အစာကို ကြိုစီစဉ်ပြီးယူသွားတာမျိုး လုပ်ပေးနိုင်ပါတယ်။
ကော်ဖီ လက်ဖက်ရည်
ကော်ဖီလက်ဖက်ရည်နဲ့ ကဖင်းပါတဲ့အရည်တွေအလွန်သောက်တာကလဲ အစာအိမ်အတွက်ရည်ရှည်မှာ ဆိုးကျိုးဖြစ်နိုင်ပါတယ်
ဖြေရှင်းနည်း- ကဖင်းပါတဲ့အရည်တွေသောက်မဲ့အစား သစ်သီးဖျော်ရည် နဲ့ ရိုးရိုးရေကို သောက်ပါ
အပူအစပ်တွေအတိုင်းထက်အလွန်အစားတာ
ယနေ့ခေတ်အရသာလွန်ကဲပြီး လူကြိုက်များတဲ့ အစားအသောက်တွေထဲမှာ အပူအစပ်တွေကလဲ ထိပ်ဆုံးကပါပါတယ်။ ချင့်ချိန်ပြီးစားတာမျိုး မလုပ်ဘူးဆိုရင် အစာအိမ်အတွက်ဆိုးကျိုးများပါတယ်။
ဖြေရှင်းနည်း- ကိုယ်အရမ်းကြိုက်လို့စားမယ်ဆိုရင်တောင် တစ်လတစ်ခါလောက်ပဲစားတာ ရေများများသောက်တာလုပ်ပေးသင့်ပါတယ်။
အရက်သေစာ
အစာအိမ်ရဲ့ရန်သူတွေထဲမှာ အရက်သေစာလဲထိပ်ဆုံးကပါပါတယ်။ ကိုယ်ကြိုက်လို့ပဲဖြစ်ဖြစ်အပေါင်းအသင်းများလို့ပဲဖြစ်ဖြစ်သောက်မိကြပါတယ်။ ရေရှည်မှာ အစာအိမ်အတွက်သာမက တစ်ခြားအစိတ်အပိုင်းတွေလဲထိခိုက်လာမှာပါ။
ဖြေရှင်းနည်း-ကိုယ်သောက်မဲ့ limit ကိုယ်ခံနိုင်တဲ့ limit ကိုချိန်ဆပြီး သောက်သင့်ပါတယ်။ အစာမရှိတဲ့အချိန်လုံးဝမသောက်သင့်ပါ။အစားအသောက်ထဲက ပါဝင်ပစည်းကို ဂရုမစိုက်တာ အပြင်စာအစားများတဲ့လူနေမှုပုံစံနဲ့ နေရတဲ့အခါ ကိုယ်စားတဲ့အစားအသောက်ရဲ့ သန့်ရှင်းမှုနဲ့ပါဝင်ပစည်းကို အလေးထားသင့်ပါတယ်။
အစားအသောက်သန့်ရှင်းမှုမရှိဘူးဆိုရင် အစာအိမ်အတွက်ဆိုးကျိုးဖြစ်မှာသေချာပါတယ်
ဖြေရှင်းနည်း-ကိုယ်စားမဲ့ဆိုင်ရဲ့သန့်ရှင်းမှုကိုအမြဲ လေ့လာပါအကောင်းဆုံးကတော့ အိမ်မှာချက်ပြုတ်တာကို စားစေချင်ပါတယ်။ အစာအိမ်အတွက်ဆေးအမြဲဆောင်ထားပါနေ့စဉ်ဘဝမှာအရေးကြီးတဲ့ အစာအိမ်အတွက် လိုအပ်တဲ့ဆေးဝါးကိုဆောင်ထားသင့်ပါတယ်။ခရီးသွားရင်လဲ အမြဲဆောင်သွားရပါမယ်။ Kremil-S ပန်းရောင်က အက်စစ်ဓာတ်တွေကိုအမြန်ဆုံးချေဖျက်ပေးနိုင်တာကြောင့် အစာအိမ်နဲ့ဝေဒနာတွေအတွက် ဆောင်ထားသင့်ပါတယ်။ ပီကေအရသာရှိပြီး ၁ လုံးမှ ၂ လုံး တနေ့သုံးကြိမ် အထိ ဝါးစားလို့ရပါတယ်။