fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

သွေးရောဂါအား ပင်မဆဲလ်ဖြင့် အစားထိုးခြင်း

သွေးရောဂါအား ပင်မဆဲလ်ဖြင့် အစားထိုးခြင်း

လူသားတစ်ဦးဖြစ်လာဖို့ဆိုတာ ဆဲလ်တစ်လုံးက စဖြစ်လာတာပါ။ ထိုဆဲလ်မှတစ်ဆင့် ပွားရင်းပွားရင်း သန်းပေါင်းထောင်ချီသော ဆဲလ်တွေဖြစ်လာပါတယ်။ ထို့ပြင် ဆဲလ်အမျိုးအစားတွေလည်း တစ်ခုနဲ့တစ်ခု မတူညီတော့ပါဘူး။ ထိုမတူညီကြတဲ့ ဆဲလ်တွေစုဝေးပြီး လူ့ခန္ဓာကိုယ်တစ်ခုဆိုတာ ဖြစ်လာပါတယ်။ ထိုမတူညီတဲ့ ဆဲလ်တွေဟာ အဓိက ပင်မဆဲလ်တွေကနေ ဖြစ်လာကြတာပါ။ ခုပြောမယ့် ခေါင်းစဉ်အရဆိုလျှင် သွေးဆဲလ်များသည်လည်း ပင်မဆဲလ်ကနေ ဖြစ်လာတာပါ။ နည်းပညာတွေ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကုသမှုနည်းပညာတွေလည်း တိုးတက်လျက်ရှိပါတယ်။ အခုဆိုရင် ရောဂါတွေကို အဲဒီပင်မဆဲလ်အထိ လိုက်ပြီး ကုသနေကြပါတယ်။ ဒီတော့ သွေးရောဂါတွေမှာလည်း ပင်မဆဲလ်ဖြင့် ကုသနည်း၊ အစားထိုးနည်းအကြောင်း လေ့လာကြည့်ရအောင် . . .

သွေးများအား ပင်မဆဲလ်အစားထိုးမှုကို သွေးရောဂါဆိုင်ရာမှာရော၊ သွေးနဲ့မဆိုင်တဲ့ရောဂါမှာရော ကုသမှုမျှော်လင့်ချက်အနေနဲ့ အသုံးပြုနေကြပါတယ်။ အခြေခံကုသမှုတွေ တိုးတက်လာသည်နှင့်အမျှ သွေးပင်မဆဲလ်ဖြင့် အစားထိုးကုသမှု ရည်ရွယ်ချက်ဟာလည်း ပိုခိုင်မာလာပြီး ပိုကျယ်ပြန့်လာပါတယ်။ အဓိကကတော့ သွေးနဲ့ဆိုင်တဲ့ရောဂါမှာသာ အသုံးများနေဆဲပါဘဲ။

ပင်မဆဲလ် အစားထိုးမှုဆိုတာမှာ လှူတဲ့သူနဲ့ သူ့ရဲ့ ပင်မဆဲလ်အရင်းအမြစ်ပေါ် မူတည်ပြီး နာမည် ထပ်ကွဲသွားပါတယ်။ အဓိက(၂)မျိုး ခွဲထားပါတယ်။ တစ်မျိုးက မိမိရဲ့ဆွေမျိုး၊ မျိုးရိုးဗီဇနီးစပ်သူ ဒါမှမဟုတ် တခြားလူဆိုရင်တောင် မိမိမျိုးရိုးဗီဇနဲ့ အနီးစပ်ဆုံးတူညီသော သူဆီကနေရယူလျှင် ဒါကို Allogenic ပင်မဆဲလ် အစားထိုးခြင်းဟု ခေါ်ပါတယ်။ နောက်တစ်မျိုးကျ လူနာဆီက ပင်မဆဲလ်ကို ယူလိုက်တယ်။ ပြီးလျှင် ပြန်သုံးဖို့ လိုအပ်တဲ့အချိန်ထိ နိုက်ထရိုဂျင်အရည်ရဲ့ ရေငွေ့အဆင့်မှာ သိမ်းဆည်း သိုလှောင်ထားလိုက်ပါတယ်။ ပင်မဆဲလ်ကို ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ် သွေးကနေ ယူလို့ရပါတယ်။ ဒါကိုကျတော့ Auto logous အစားထိုးခြင်းလို့ ခေါ်ပါတယ်။

ထိုနည်းနှစ်ခုကို ဆက်ရှင်းပြပါမယ်။ ပထမနည်းအကြောင်း ဆက်ပြောရမယ်ဆိုလျှင် အရင်ဆုံး ဒီနည်းကိုက သွေးကင်ဆာလိုရောဂါတွေ၊ သွေးဆဲလ်မထုတ်နိုင်တဲ့ရောဂါတွေ၊ သွေးဆဲလ်ထုတ်လုပ်မှုတွင် လိုအပ်သော မျိုးရိုးဗီဇက ချို့ယွင်းနေတာတွေ၊ သွေးဆဲလ်ထုတ်ရာတွင် လိုအပ်သော အင်ဇိုင်းဓာတ်တွေ မရှိတာတွေမှာ အသုံးပြုပါတယ်။ လှူဒါန်းသူဆီမှ ကျန်းမာသော ရိုးတွင်းချဉ်ဆီ၊ သွေးပင်မဆဲလ်တွေကို လူနာရဲ့သွေးကြောထဲ သွင်းပေးလိုက်ပါတယ်။ ပြီးလျှင် ကင်ဆာဆေးကုထုံးရယ်၊ ဓာတ်ရောင်ခြည်ကုထုံးသုံးရင်သုံး၊ မသုံးရင်မသုံးဘဲ ကင်ဆာဖြစ်ရာ ဆဲလ်တွေကို ဖိနှိပ်လိုက်ပါတယ်။ ပြီးလျှင် သွင်းလိုက်တဲ့ ပင်မဆဲလ်ကို ရိုးတွင်းချဉ်ဆီမှာ အထိုင်ချပါတယ်။ ပြီးလျှင် သူထုတ်လုပ်ရမယ့် ဆဲလ်တွေဟာ ၃-၄ ပတ်လောက်ဆို ပြန်ထုတ်နေပါပြီ။

ဒီလိုကင်ဆာဆေးတွေ၊ ဓာတ်ရောင်ခြည်တွေနဲ့ ဆဲလ်တွေဖိနှိပ်ထားချိန်၊ အစားထိုးထားတဲ့ ပင်မဆဲလ် ရိုးတွင်းချဉ်ဆီဆီမှာ အထိုင်မကျသေးခင်အချိန်တွင် လူနာတွင် တခြားရောဂါပိုးနဲ့ သွေးထွက်ခြင်းတွေ ဝင်လာနိုင်ခြေတွေ ရှိပါတယ်။ ဒါ့ကြောင့် သူ့အတွက် အရေးပေါ် ကုသကြပ်မတ်မှု လိုအပ်ပါတယ်။ ထိုလူနာဟာ ပုံမှန်ခုခံအားဆိုင်ရာ လုပ်ငန်းတာဝန် ပြန်လုပ်နိုင်ဖို့က နှစ်အနည်းငယ် လိုအပ်တတ်ပါတယ်။ အစားထိုးပြီး ပထမတစ်နှစ်အတွင်းမှာ ပတ်ဝန်းကျင်မှာရှိတဲ့ပိုးတွေ (Oppotunistic Infection) တွေ ဝင်လာတတ်ပါတယ်။
ဒီလိုမျိုး Allognic ပင်မဆဲလ် အစားထိုးခြင်းကြောင့် လက်ခံသူတွင် ကျန်ရှိနေသေးတဲ့ ကင်ဆာဆဲလ်များကို သိရှိနိုင်ပြီး ဖျက်ဆီးပစ်နိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒီလိုနည်းသုံးမှုကြောင့်

နာမကျန်းမှုနှင့် သေဆုံးမှုကတော့ အထိုက်အလျောက် ရှိပါတယ်။ ဒီနည်းသုံးထားသူတွေထဲကမှ ရလဒ်ကောင်းမှုကတော့ အသက် ၂၀ အောက်လူငယ်တွေ၊ လှူသူနဲ့လက်ခံသူတွေဟာလည်း မျိုးရိုးဗီဇချင်း တူနေသူတွေပါ။ အဲဒါတောင်မှ အနည်းငယ်သော ရောဂါက ဆက်ကျန်နေသေးပါတယ်။ အသက်ကြီးတဲ့သူ၊ အခြေအနေသိပ်မကောင်းတဲ့သူဆို သိပ်မသုံးတော့ပါဘူး။

ဒီလိုပင်မဆဲလ်တွေကို အသုံးပြုမှုကြောင့် နောက်ဆက်တွဲဆိုးကျိုး ဝင်နိုင်ပါတယ်။ အစားထိုးခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးနဲ့ ရလာဒ်တွေဟာ လူနာရယ်၊ ရောဂါတွေပေါ်ရယ် မူတည်နေပါတယ်။ ယေဘုယျအားခြင့် ၂၅ ရာခိုင်နှုန်းလောက်က အစားထိုးပြုလုပ်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေသွားနိုင်ပါတယ်။ ထို့ပြင် သွေးနှင့်ဆိုင်ရာ ကင်ဆာပါထပ်ဖြစ်နိုင်ပါသေးတယ်။ လတ်တလော သွေးကင်ဆာဖြစ်သူမှာ ဒီနည်းဖြင့် အစားထိုးကုသထားရင်တောင် အသက်ဆက်လက်ရှင်နိုင်မှုဟာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တခြားနောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အစားထိုးပြီး အစောပိုင်းတွင် သွေးအားနည်းခြင်း၊ ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ကိုယ်ခန္ဓာမှ သွင်းလိုက်သော ပင်မဆဲလ်အား ချက်ခြင်းလက်မခံခြင်း ပျို့ခြင်း၊ အန်ခြင်းဖြစ်နိုင်ပါတယ်။ နောက်ပိုင်းတွင် မျိုးမအောင်ခြင်း၊ ရေတိမ်ဖြစ်ခြင်း၊ ကင်ဆာထပ်ဖြစ်ခြင်းနှင့် အစားထိုးပြီးကြာမှ အစားထိုးသော ပင်မဆဲလ်အား တွန်းထုတ်ခြင်းဖြစ်တတ်ပါတယ်။

နောက်တစ်နည်းကတော့ ခုနပြောသွားသလို လူနာရဲ့သွေး၊ ရိုးတွင်းချဉ်ဆီမှ ပင်မဆဲလ်ကိုယူပြီး အေးခဲအဆင့်တွင် သိမ်းထားပါတယ်။ သိမ်းထားပြီးလျှင် ဆိုင်ရာဆိုင်ရာ ကင်ဆာရောဂါအမျိုးအစားကို အမြစ်ပြတ်ဆေးတွေ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသပါတယ်။ ဒီနည်းကိုက များသောအားဖြင့် သွေးနှင့်ဆိုင်သော တစ်သျှူးတွေ မထိခိုက်ထားတဲ့သူတွေမှာ သုံးပါတယ်။ ကင်ဆာဆဲလ်တွေ သေဆုံးသွားမှသာ သိမ်းဆည်းထားသော ပင်မဆဲလ်ကို သွေးကြောမှ ပြန်သွင်းပေးပါတယ်။ ဒီနည်းသုံးခြင်းဟာ ပင်မဆဲလ်ကို ၂-၃ ပတ်အတွင်း ရိုးတွင်းချဉ်ဆီဆီကို ပြန်ပြန်ရောက်စေပါတယ်။ ပြန်သွင်းတဲ့ ပင်မဆဲလ်ကို တွန်းထုတ်ခြင်းလည်းမရှိ၊ ခုခံအားကို ဖိနှိပ်ပေးထားစရာလည်းမလို၊ သူ့ပစ္စည်း သူပြန်သုံးတဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ဒီနည်းက ပထမနည်းထက် ပိုကောင်းပါတယ်။ ဒါပေမယ့် ကင်ဆာပြန်ဖြစ်နိုင်ခြေများပါတယ်။ ဒါ့ကြောင့် ပင်မဆဲလ်ကိုပါ တစ်ခါတည်းကုသပြီး ကျန်တဲ့ ကင်ဆာဆဲလ်တွေကို ကုသသင့်တယ်ဆိုတာကတော့ ခုထိ အငြင်းပွားနေကြဆဲပါပဲ။

Author: ဒေါက်တာ ဇွဲကောင်းချစ်, Healthcare Journal, Vol 9,no 2 (12.1.18) 9

 

 

ဆက်စပ် ဆောင်းပါးများ