fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

စိတ်ဖိစီးလို့ခေါင်းကိုက်တဲ့အခါ

(Zawgyi)

ေခါင္းကိုက္တယ္ဆိုတာ လူအမ်ားစုေတြးထင္ေနတာထပ္ပုိရႈပ္ေထြးတတ္ပါတယ္။ ဒီေခါင္းဆိုတဲ့ အစိတ္အပိုင္းမွာပဲ နာက်င္ကိုက္တဲ့ေနရာေပၚမူတည္ၿပီး ေခါင္းကိုက္တာကို အမ်ဳိးအစားေတြခဲြလို႔ရပါတယ္ ဥပမာ ေခါင္းတစ္ျခမ္းကိုက္တာလား ဒါဆိုမိုင္ဂရိန္းလိုိ႔ေခၚတဲ့ေရာဂါျဖစ္ႏုိင္မယ္၊ ေခါင္းေနာက္ေစ့နားကပဲ ကိုက္ေနတာလား၊ ဒါဆို ေသြးတိုးေၾကာင့္ျဖစ္ႏုိင္မယ္၊ ေသြးေပါင္ခ်ိန္ေတြဘာေတြတိုင္းၾကည့္ဖို႔လိုမယ္။ အခုဒီေဆာင္းပါးမွာေတာ့ စိတ္ဖိစီးလို႔၊ စိတ္ညစ္လို႔ျဖစ္တတ္တာမ်ားတဲ့ ေခါင္းကိုက္ေရာဂါအေၾကာင္းကို ေျပာျပေပးသြားမွာပါ။

စိတ္ဖိစီးလို႔ေခါင္းကိုက္တာကို အဂၤလိပ္လို tension headache ဒါမွမဟုတ္ stress headache  လို႔ေခၚပါတယ္။ ေခါင္းတင္းၿပီးကိုက္တာမ်ဳိးေပါ့၊ ဒီလိုေခါင္းကိုက္တဲ့အခါ ေခါင္းပတ္လည္မွာ ကြင္းႀကီးတစ္ခုခုပတ္စည္းထားသလို က်ပ္ၿပီးကိုယ္ခဲေနေလ့ရွိတယ္။   လူအေတာ္မ်ားမ်ားမွာ ေတြ႔ရေလ့ရွိတယ္။ ကံေကာင္းတာက အခုေခတ္မွာ ေသာက္ေဆးေတြလည္း ေပၚေနၿပီျဖစ္လို႔ ေပ်ာက္ကင္းေအာင္ကုသလို႔ရေနပါၿပီ။ ေဆးေသာက္တာ၊ ေနထိုင္စားေသာက္မႈပံုစံေျပာင္းလဲတာ၊ ေလ့က်င့္ခန္းလုပ္တာ စတဲ့နည္းေတြနဲ႔သက္သာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

ဘာလကၡဏာေတြျပမလဲ

သူ႔လကၡဏာေတြကေတာ့

– ေခါင္းႀကီးက အံုၿပီးကိုက္ခဲေနမယ္

– နဖူး ဒါမွမဟုတ္ ေခါင္းရဲ႕ေဘးပတ္လည္မွာ တင္းၿပီး တစ္ခုခုနဲ႔ပတ္စည္းထားသလို ခံစားရမယ္

– ဦးေခါင္းေပၚ၊ လည္ပင္းနဲ႔ ပုခံုးေတြမွာ တင္းၿပီးနာက်င္ေနမယ္

အဓိကအားျဖင့္ ဒီလိုေခါင္းကိုက္တာကို ရံဖန္ရံခါျဖစ္တာနဲ႔  ကာလၾကာရွည္ျဖစ္တာဆိုၿပီး အမ်ဳိးအစား ၂မ်ဳိးခဲြလို႔ရတယ္၊

ရံဖန္ရံခါျဖစ္တတ္ေသာေခါင္းကိုက္ေရာဂါ – ဒီလိုေခါင္းကိုက္ေရာဂါက တစ္ခုျဖစ္ရင္ မိနစ္ ၃၀ ေလာက္ၾကာတတ္တယ္။ တစ္ပတ္ေလာက္ထိ သက္သာလိုက္ျပန္ျဖစ္လိုက္ ျဖစ္ေနတတ္တယ္။ တစ္လမွာ တစ္ပတ္ဆယ္ရက္ေလာက္ေတာ့ ခံစားရေလ့ရွိတယ္။ ဒါေပမဲ့ ဒီလုိခံစားရတာၾကာလာရင္လည္း ကာလၾကာရွည္ခံစားရတဲ့ဖက္ကို ကူးေျပာင္းသြားတတ္တယ္။

ကာလၾကာရွည္ေခါင္းကိုက္ျခင္း – ဒီလိုေခါင္းကိုက္တာမ်ဳိးကေတာ့ တစ္ခါကို္က္ရင္ နာရီနဲ႔ခ်ီၾကာၿပီးၾကာတတ္တယ္။ တစ္လမွာ အနည္းဆံုး ၂ပတ္ေလာက္ျဖစ္တတ္တယ္။ ၃ လေလာက္ဆက္တုိက္ျဖစ္ေလ့ရွိတယ္။

မုိင္ဂရိန္းလို႔ေခၚတဲ့ ေခါင္းတစ္ျခမ္းကို္က္ေရာဂါနဲ႔ ဘာကြာသလဲ

ဒီေခါင္းကို္က္ေရာဂါနွစ္ခုက ခဲြျခားရေတာ့ခက္ပါတယ္။ သို႔ေပမဲ့ ကိုယ္ကခဏခဏ ေခါင္းႀကီးတင္းၿပီး ကိုက္ေနရင္လည္း ေခါင္းတစ္ျခမ္းကိုက္ေရာဂါျဖစ္သြားဖို႔ အခြင့္အလမ္း မ်ားတယ္။ ေခါင္းတစ္ျခမ္းကိုက္ေရာဂါနဲ႔ မတူတာက စိတ္ဖိစီးလို႔ေခါင္းကိုက္ရင္ အျမင္ေတြေ၀၀ါးတာ၊ ပ်ဳိ႕တက္တာ၊ အန္ခ်င္တာ ေတြျဖစ္ေလ့မရွိဘူး။ ေနာက္ၿပီးေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိတဲ့သူက လႈပ္လႈပ္ရွားရွားလုပ္လိုက္ရင္ ပိုခံစားရတယ္။

ဘယ္အခ်ိန္မွာ ဆရာ၀န္သြားျပသင့္သလဲ

တကယ္လို႔ကိုယ့္မွာ ေအာက္ပါအေျခအေနေတြခံစားေနရၿပီဆို ဆရာ၀န္သြား ေရာက္ျပသၾကည့္သင့္ပါတယ္

  • ရုတ္တရက္ထိုးၿပီး ေခါင္းကိုက္တာ
  • ေခါင္းကိုက္တာအျပင္ ဖ်ားမယ္၊ ဇက္ေတာင့္ေနမယ္၊ စိတ္ေတြ အာရံုစုစည္းလုိ႔ မရဘူး ျဖစ္ေနမယ္၊ တက္မယ္၊ ပံုရိပ္
  • ၂ထပ္ျမင္တာေတြျဖစ္မယ္၊ အားနည္းသလိုခံစားရမယ္၊ ေျခေတြလက္ေတြထံုက်ဥ္ေနၿပီး စကားေျပာတဲ့အခါမွာလည္း လွ်ာေလးအာေလးျဖစ္ေနမယ္
  • ေခါင္းကိုက္ေ၀ဒနာမခံစားရခင္ ထိခိုက္ဒဏ္ရာတစ္ခုခုလည္း ရခဲ့ေသးတယ္

ဒါမ်ဳိးေတြျဖစ္လာရင္ေတာ့ ဆရာ၀န္နဲ႔သြားေရာက္ျပသသင့္ပါတယ္။

ဘာေၾကာင့္ျဖစ္တာလဲ

ဒီလုိေခါင္းႀကီးပတ္လည္က တင္းၿပီးကိုက္ေနတာဘာလို႔လည္းဆုိတဲ့ တိက်တဲ့အေၾကာင္းအရင္းေတာ ့ေသခ်ာမသိရေသးပါဘူး။ အရင္တုန္းကေတာ့ ပညာရွင္ေတြက ဒါဟာ မ်က္ႏွာ၊ လည္ပင္းနဲ႔    ေခါင္းကၾကြက္သားေတြ ညွစ္အားမ်ားလို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

စိတ္ညစ္တဲ့အခါ၊ စိတ္ဖိစီးမႈမ်ားတဲ့ အခါ၊ စိတ္လႈပ္ရွားစရာကိစၥေတြျဖစ္တဲ့  အခါမွာ ဒီၾကြက္သားေတြကို အလုပ္ေပးသလိုျဖစ္တာေၾကာင့္ ပံုမွန္ထပ္ပိုညွစ္တယ္၊ ရလဒ္အေနနဲ႔ ေခါင္းကိုက္တယ္လုိ႔ ဆိုပါတယ္။ သို႔ေပမဲ့ ေနာက္ပိုင္းေလ့လာခ်က္ေတြအရေတာ့ ဒီလိုေၾကာင့္မဟုတ္ပဲ ကၽြန္ေတာ္တို႔ဆီမွာပါတဲ့ နာက်င္မႈကို ခံစားတဲ့ စနစ္ေၾကာင့္ျဖစ္တာလို႔ ေတြ႔ရွိခဲ့တယ္။  တခ်ဳိ႕သူေတြမွာ ဒီနာက်င္မႈကို ခံစားတဲ့စနစ္က တျခားသူေတြထပ္ပိုၿပီး လက္ခံႏုိင္စြမ္းအားျမင့္တာေၾကာင့္ ဒီလို ေခါင္းကိုက္ေရာဂါေတြမၾကာမၾကာ ျဖစ္ေလ့ရွိတာလို႔ဆိုပါတယ္။ ဘယ္လိုပဲဆုိဆုိ စိတ္ဖိစီးမႈက ေခါင္းကိုက္ေ၀ဒနာ ျဖစ္ေစတဲ့အဓိက တရားခံဆိုတာကိုေတာ့  အားလံုးလက္ခံထားၾကပါတယ္။

ေနာက္ဆက္တဲြဘာေတြျဖစ္ႏုိင္သလဲ

အဓိကအားျဖင့္ေတာ့ က်န္းမာေရးဆုိင္ရာထပ္ ကိုယ့္ေန႔စဥ္လႈပ္ရွားမႈေတြ၊ အလုပ္အကိုင္ေတြမွာ ထိခုိက္လာႏုိင္ပါတယ္။ အာရံုစူးစိုက္ရမဲ့ အလုပ္ေတြလုပ္ရခက္လာမယ္။ အလုပ္ကိုသြားရ လာရတာေတာင္ ခက္ခဲလာမယ္၊ ဒါေတြနဲ႔ ဆက္စပ္ၿပီး ကိုယ့္ရဲ႕ အလုပ္လုပ္ႏုိင္စြမ္းပါ က်ဆင္းလာတာထိျဖစ္ႏုိင္တယ္။

ဘယ္လုိကာကြယ္မလဲ

ကို္ယ့္ဖာသာအိမ္မွာေလ့က်င့္ခန္းမွန္မွန္လုပ္တာအျပင္ biofeedback training လို႔ေခၚတဲ့ ၾကြက္သားထိန္းခ်ဳပ္တဲ့ ေလ့က်င့္ခန္းမ်ဳိးေတြလည္း ေပၚေပါက္ေနပါၿပီ၊  စိတ္ေျဖေလ်ာ့ ေလ့က်င့္ခန္းေတြလည္း လုပ္ေပးလို႔ရတယ္။

Biofeedback training – ဒီနည္းလမ္းက သင့္ခႏၶာကိုယ္က နာက်င္မႈကိုတုန္႔ျပန္တဲ့ပံုစံကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတဲ့နည္းလမ္းပါ။ ဒီနည္းကိုကို္ယ့္ဖာသာ အိမ္မွာက်င့္သံုးတာထက္  ဆရာ၀န္နဲ႔ လုပ္တာက  ပိုအက်ဳိးရွိမယ္။ ဒီနည္းကို စလုပ္တဲ့အခါမွာ သင့္ခႏၶာကို္ယ္မွာ ႏွလံုးခုန္တုိင္းတာ စက္ေတြ၊  ေသြးေပါင္ခ်ိန္တိုင္း စက္ေတြ စတဲ့ပစၥည္းေတြ တပ္ဆင္ထားၿပီး  ကိုယ္ခံစားရတဲ့ နာက်င္မႈကို အာရံုစိုက္ၿပီး ၾကြက္သားေတြ ေတာင့္တင္းမႈကို ေျဖေလ်ာ့ဖို႔ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။  ဒီႏုိင္ငံမွာေတာ့ သိပ္မတြင္ က်ယ္ေသးပါဘူး။

စိတ္ပိုင္းဆိုင္ရာေဆြးေႏြးတိုင္ပင္တာ – ဒီနည္းက အခုေနာက္ပိုင္း  အေတာ္အသံုး မ်ားလာတယ္။ ကိုယ္ခံစားေနရတဲ့ စိတ္ဖိစီးမႈေတြ၊ ရႈပ္ေထြးေနတဲ့ အေတြးေတြကို ဆရာ၀န္နဲ႔ ေအးေအးေဆးေဆး ေျပာဆုိတုိင္ပင္ျခင္းျဖင့္ ေခါင္းကိုက္ေ၀ဒနာကို သက္သာေအာင္ လုပ္ေပးတဲ့သေဘာ ျဖစ္ပါတယ္။

တျခားနည္းလမ္းေတြအေနနဲ႔ကေတာ့ ကိုယ့္ဖာသာလုပ္လို႔ရတာေတြထဲကဆို ေယာဂက်င့္တာ၊ စိတ္တည္ျငိမ္ေအာင္တရားထိုင္တာ၊ ၾကြက္သားေတြ ေျဖေလ်ာ့တဲ့ ေလ့က်င့္ခန္းလုပ္ေပးတာ၊ စိတ္ကိုေအးခ်မ္းေစတဲ့ စာအုပ္ေတြ ဖတ္တာ၊ သီခ်င္းေတြ နားေထာင္တာမ်ဳိးေတြ လုပ္လို႔ရပါတယ္။

ေနထိုင္စားေသာက္မႈနဲ႔ ပတ္သက္ၿပီးေျပာရရင္ေတာ့

– အိပ္ေရး၀ပါေစ၊ ဒါေပမဲ့အလြန္အကၽြံေတာ့ မအိပ္ပါနဲ႔

– ေဆးလိပ္၊ အရက္၊ ကဖိမ္းဓာတ္ပါတဲ့ေသာက္စရာေတြေရွာင္ပါ

– ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ

– အာဟာရမွ်တေအာင္စားေသာက္ပါ

– ေရမ်ားမ်ားေသာက္ပါ

ကိုယ္ေခါင္းကိုက္ေ၀ဒနာခံစားေနရရင္ ဒီလုိမ်ဳိးျပဳမူေနထုိင္တာအျပင္ ေသာက္ေဆးပါ တဲြေသာက္တာမ်ဳိးကပိုၿပီး ထိေရာက္မႈရွိပါတယ္။

ေရာဂါရွာေဖြစစ္ေဆးျခင္း

တကယ္လို႔ကို္ယ္က ရံဖန္ရံခါ ဒါမွမဟုတ္ ကာလၾကာရွည္ေခါင္းကိုက္ေ၀ဒနာခံစားေနရင္ ဆရာ၀န္ကေသခ်ာစစ္ေဆးမႈေတြျပဳလုပ္ပါလိမ့္မယ္။ ကိုယ့္ေရာဂါရာဇ၀င္ကိုေသခ်ာေမးမယ္၊ လိုအပ္တဲ့စမ္းသပ္မႈေတြျပဳလုပ္မယ္။ အဓိကအားျဖင့္ေတာ့ ေခါင္းကိုက္တဲ့ ပံုစံကဘယ္လိုကိုက္တာလဲ၊ တစ္ဆစ္ဆစ္နဲ႔ကိုက္တာလား၊ တစ္ခုလံုးခဲေနတာလား၊ စူးခနဲကိုက္တာလား။ ေနာက္ၿပီး ဘယ္ေလာက္ထိ နာတာကျပင္းထန္လဲ၊ ေခါင္းကိုက္တဲ့အခ်ိန္မွာ ဘာမွမလုပ္ႏုိင္ေအာင္ျဖစ္သြားလား၊ အလုပ္မွာ ပ်က္ကြက္မႈေတြထိျဖစ္လား၊ ဒါမွမဟုတ္အိပ္မရေလာက္ေအာင္ ကိုက္တာလား စသည္ျဖင့္  ေမးခြန္းေတြ ေသခ်ာေမးၿပီး ေရာဂါကိုစစ္ထုတ္ဖို႔လုိပါတယ္။

စမ္းသပ္မႈေတြအေနနဲ႔ဆိုရင္ေတာ့ တကယ္လို႔ကိုယ္ခံစားေနရတဲ့ ေခါင္းကိုက္ေ၀ဒနာကအရမ္းဆိုးတယ္၊ ဘာ့ေၾကာင့္မွန္းလည္း မသိႏုိင္ဘူး ျဖစ္ေနတယ္။ ဒီလိုဆိုရင္ေတာ့ တျခားဆိုးဆိုး၀ါး၀ါးေရာဂါ ဥပမာ-ေခါင္းထဲမွာ အက်ိတ္ေတြ ဘာေတြမ်ားျဖစ္ေနမလားဆိုတာ ေသခ်ာသိႏုိင္ေအာင္ သံလုိက္ဓာတ္မွန္၊ ကြန္ျပဴတာဓာတ္မွန္စတာေတြရိုက္ၾကည့္ဖို႔လုိပါမယ္။

ကုသမယ္

လူအမ်ားစုကေတာ့ ေခါင္းကိုက္ရံုေလာက္နဲ႔ ဆရာ၀န္ သြားမျပခ်င္ၾကပါဘူး။ သူတို႔ဖာသာပဲ ေဆးေသာက္ၿပီး သက္သာခ်င္ၾကတယ္။ ကံမေကာင္းတာက တခ်ဳိ႕ေသာက္ေဆးေတြ ကိုယ့္ဖာသာ၀ယ္ေသာက္ၿပီး ေဆးလြန္သြားရင္လည္း ေခါင္းကိုက္တာမ်ဳိးျဖစ္တတ္ပါတယ္။

ကိုယ့္ဖာသာေသာက္ဖို႔ဆို အကိုက္အခဲ ေပ်ာက္ေဆး ေသာက္လို႔ ရပါတယ္။  ပါရာစီတေမာ ေသာက္ႏုိင္တယ္။ ဒီေဆးက အျပင္မွာ ကိုယ့္ဖာသာ အလြယ္တက ူ၀ယ္ႏိုင္တယ္။ တစ္ေန႔ကို ၃ၾကိမ္ ေသာက္သံုးႏိုင္တယ္။ အစာခံၿပီးမွ ေသာက္ရမယ္။ တစ္ခုရွိတာက ကိုယ္က အရက္ေသာက္တတ္တဲ့သူ ျဖစ္ေနမယ္၊ အသည္းနဲ႔ ပတ္သတ္ၿပီးလည္း ျပႆနာရွိမယ္ဆို မေသာက္ခင္ ဆရာ၀န္နဲ႔ေသခ်ာတိုင္ပင္သင့္ပါတယ္။

အခ်ဳပ္အားျဖင့္ေျပာရရင္ေတာ့ ဒီလိုေခါင္းကိုက္ေရာဂါက လူတိုင္းျကံုေတြ႔ႏုိင္ရပါတယ္။ ေရာဂါအႀကီးအေသးေပၚမူတည္ၿပီး ဆရာ၀န္နဲ႔ျပသဖုိ႔ လိုမလုိဆံုးျဖတ္ပါ။ တကယ္လုိ႔ ကိုယ္က ေဆး၀ါး၀ယ္ယူဖို႔ အခက္အခဲျဖစ္ေနတယ္ဆို ေကာင္းေကာင္းအနားယူပါ၊ ေရခဲအိတ္ကပ္ေပးတာ၊ ေရေႏြးပူနဲ႔ ေရခ်ဳိးတာ စတဲ့နည္းေတြကလည္း နာက်င္မႈကို ေျဖေလ်ာ့ေပးႏုိင္ပါတယ္။ ေနာက္ၿပီး စိတ္ဖိစီးမႈကို တတ္ႏိုင္သေလာက္ ေလ်ာ့ခ်ပါ၊ စတဲ့နညး္ေတြ သံုးလို႔မွမသက္သာဖူးဆိုရင္ ပါရာစီတေမာ ေဆး၀ယ္ေသာက္ႏိုင္ပါတယ္။ တကယ္လို႔ ေဆးေတြေသာက္လို႔မွမသက္သာဘူးဆို နီးစပ္ရာဆရာ၀န္နဲ႔ သြားေရာက္ျပသဖို႔ အႀကံျပဳရင္းနိဂံုးခ်ဳပ္လိုက္ရပါတယ္ခင္ဗ်ာ။ ။

Dr.Wayne

(Unicode)

ခေါင်းကိုက်တယ်ဆိုတာ လူအများစုတွေးထင်နေတာထပ်ပိုရှုပ်ထွေးတတ်ပါတယ်။ ဒီခေါင်းဆိုတဲ့ အစိတ်အပိုင်းမှာပဲ နာကျင်ကိုက်တဲ့နေရာပေါ်မူတည်ပြီး ခေါင်းကိုက်တာကို အမျိုးအစားတွေခွဲလို့ရပါတယ် ဥပမာ ခေါင်းတစ်ခြမ်းကိုက်တာလား ဒါဆိုမိုင်ဂရိန်းလို့ခေါ်တဲ့ရောဂါဖြစ်နိုင်မယ်၊ ခေါင်းနောက်စေ့နားကပဲ ကိုက်နေတာလား၊ ဒါဆို သွေးတိုးကြောင့်ဖြစ်နိုင်မယ်၊ သွေးပေါင်ချိန်တွေဘာတွေတိုင်းကြည့်ဖို့လိုမယ်။ အခုဒီဆောင်းပါးမှာတော့ စိတ်ဖိစီးလို့၊ စိတ်ညစ်လို့ဖြစ်တတ်တာများတဲ့ ခေါင်းကိုက်ရောဂါအကြောင်းကို ပြောပြပေးသွားမှာပါ။

စိတ်ဖိစီးလို့ခေါင်းကိုက်တာကို အင်္ဂလိပ်လို tension headache ဒါမှမဟုတ် stress headache  လို့ခေါ်ပါတယ်။ ခေါင်းတင်းပြီးကိုက်တာမျိုးပေါ့၊ ဒီလိုခေါင်းကိုက်တဲ့အခါ ခေါင်းပတ်လည်မှာ ကွင်းကြီးတစ်ခုခုပတ်စည်းထားသလို ကျပ်ပြီးကိုယ်ခဲနေလေ့ရှိတယ်။   လူအတော်များများမှာ တွေ့ရလေ့ရှိတယ်။ ကံကောင်းတာက အခုခေတ်မှာ သောက်ဆေးတွေလည်း ပေါ်နေပြီဖြစ်လို့ ပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။ ဆေးသောက်တာ၊ နေထိုင်စားသောက်မှုပုံစံပြောင်းလဲတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းတွေနဲ့သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

ဘာလက္ခဏာတွေပြမလဲ

သူ့လက္ခဏာတွေကတော့

– ခေါင်းကြီးက အုံပြီးကိုက်ခဲနေမယ်

– နဖူး ဒါမှမဟုတ် ခေါင်းရဲ့ဘေးပတ်လည်မှာ တင်းပြီး တစ်ခုခုနဲ့ပတ်စည်းထားသလို ခံစားရမယ်

– ဦးခေါင်းပေါ်၊ လည်ပင်းနဲ့ ပုခုံးတွေမှာ တင်းပြီးနာကျင်နေမယ်

အဓိကအားဖြင့် ဒီလိုခေါင်းကိုက်တာကို ရံဖန်ရံခါဖြစ်တာနဲ့  ကာလကြာရှည်ဖြစ်တာဆိုပြီး အမျိုးအစား ၂မျိုးခွဲလို့ရတယ်၊

ရံဖန်ရံခါဖြစ်တတ်သောခေါင်းကိုက်ရောဂါ – ဒီလိုခေါင်းကိုက်ရောဂါက တစ်ခုဖြစ်ရင် မိနစ် ၃၀ လောက်ကြာတတ်တယ်။ တစ်ပတ်လောက်ထိ သက်သာလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်တယ်။ တစ်လမှာ တစ်ပတ်ဆယ်ရက်လောက်တော့ ခံစားရလေ့ရှိတယ်။ ဒါပေမဲ့ ဒီလိုခံစားရတာကြာလာရင်လည်း ကာလကြာရှည်ခံစားရတဲ့ဖက်ကို ကူးပြောင်းသွားတတ်တယ်။

ကာလကြာရှည်ခေါင်းကိုက်ခြင်း – ဒီလိုခေါင်းကိုက်တာမျိုးကတော့ တစ်ခါကိုက်ရင် နာရီနဲ့ချီကြာပြီးကြာတတ်တယ်။ တစ်လမှာ အနည်းဆုံး ၂ပတ်လောက်ဖြစ်တတ်တယ်။ ၃ လလောက်ဆက်တိုက်ဖြစ်လေ့ရှိတယ်။

မိုင်ဂရိန်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ဘာကွာသလဲ

ဒီခေါင်းကိုက်ရောဂါနှစ်ခုက ခွဲခြားရတော့ခက်ပါတယ်။ သို့ပေမဲ့ ကိုယ်ကခဏခဏ ခေါင်းကြီးတင်းပြီး ကိုက်နေရင်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်သွားဖို့ အခွင့်အလမ်း များတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ မတူတာက စိတ်ဖိစီးလို့ခေါင်းကိုက်ရင် အမြင်တွေေ၀ဝါးတာ၊ ပျို့တက်တာ၊ အန်ချင်တာ တွေဖြစ်လေ့မရှိဘူး။ နောက်ပြီးခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့သူက လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် ပိုခံစားရတယ်။

ဘယ်အချိန်မှာ ဆရာဝန်သွားပြသင့်သလဲ

တကယ်လို့ကိုယ့်မှာ အောက်ပါအခြေအနေတွေခံစားနေရပြီဆို ဆရာဝန်သွား ရောက်ပြသကြည့်သင့်ပါတယ်

ရုတ်တရက်ထိုးပြီး ခေါင်းကိုက်တာ
ခေါင်းကိုက်တာအပြင် ဖျားမယ်၊ ဇက်တောင့်နေမယ်၊ စိတ်တွေ အာရုံစုစည်းလို့ မရဘူး ဖြစ်နေမယ်၊ တက်မယ်၊ ပုံရိပ်
၂ထပ်မြင်တာတွေဖြစ်မယ်၊ အားနည်းသလိုခံစားရမယ်၊ ခြေတွေလက်တွေထုံကျဉ်နေပြီး စကားပြောတဲ့အခါမှာလည်း လျှာလေးအာလေးဖြစ်နေမယ်
ခေါင်းကိုက်ဝေဒနာမခံစားရခင် ထိခိုက်ဒဏ်ရာတစ်ခုခုလည်း ရခဲ့သေးတယ်
ဒါမျိုးတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

ဒီလိုခေါင်းကြီးပတ်လည်က တင်းပြီးကိုက်နေတာဘာလို့လည်းဆိုတဲ့ တိကျတဲ့အကြောင်းအရင်းတော့သေချာမသိရသေးပါဘူး။ အရင်တုန်းကတော့ ပညာရှင်တွေက ဒါဟာ မျက်နှာ၊ လည်ပင်းနဲ့    ခေါင်းကကြွက်သားတွေ ညှစ်အားများလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့ အခါ၊ စိတ်လှုပ်ရှားစရာကိစ္စတွေဖြစ်တဲ့  အခါမှာ ဒီကြွက်သားတွေကို အလုပ်ပေးသလိုဖြစ်တာကြောင့် ပုံမှန်ထပ်ပိုညှစ်တယ်၊ ရလဒ်အနေနဲ့ ခေါင်းကိုက်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ နောက်ပိုင်းလေ့လာချက်တွေအရတော့ ဒီလိုကြောင့်မဟုတ်ပဲ ကျွန်တော်တို့ဆီမှာပါတဲ့ နာကျင်မှုကို ခံစားတဲ့ စနစ်ကြောင့်ဖြစ်တာလို့ တွေ့ရှိခဲ့တယ်။  တချို့သူတွေမှာ ဒီနာကျင်မှုကို ခံစားတဲ့စနစ်က တခြားသူတွေထပ်ပိုပြီး လက်ခံနိုင်စွမ်းအားမြင့်တာကြောင့် ဒီလို ခေါင်းကိုက်ရောဂါတွေမကြာမကြာ ဖြစ်လေ့ရှိတာလို့ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို စိတ်ဖိစီးမှုက ခေါင်းကိုက်ဝေဒနာ ဖြစ်စေတဲ့အဓိက တရားခံဆိုတာကိုတော့  အားလုံးလက်ခံထားကြပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ

အဓိကအားဖြင့်တော့ ကျန်းမာရေးဆိုင်ရာထပ် ကိုယ့်နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်အကိုင်တွေမှာ ထိခိုက်လာနိုင်ပါတယ်။ အာရုံစူးစိုက်ရမဲ့ အလုပ်တွေလုပ်ရခက်လာမယ်။ အလုပ်ကိုသွားရ လာရတာတောင် ခက်ခဲလာမယ်၊ ဒါတွေနဲ့ ဆက်စပ်ပြီး ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းပါ ကျဆင်းလာတာထိဖြစ်နိုင်တယ်။

ဘယ်လိုကာကွယ်မလဲ

ကိုယ့်ဖာသာအိမ်မှာလေ့ကျင့်ခန်းမှန်မှန်လုပ်တာအပြင် biofeedback training လို့ခေါ်တဲ့ ကြွက်သားထိန်းချုပ်တဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း ပေါ်ပေါက်နေပါပြီ၊  စိတ်ဖြေလျော့ လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ရတယ်။

Biofeedback training – ဒီနည်းလမ်းက သင့်ခန္ဓာကိုယ်က နာကျင်မှုကိုတုန့်ပြန်တဲ့ပုံစံကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နည်းလမ်းပါ။ ဒီနည်းကိုကိုယ့်ဖာသာ အိမ်မှာကျင့်သုံးတာထက်  ဆရာဝန်နဲ့ လုပ်တာက  ပိုအကျိုးရှိမယ်။ ဒီနည်းကို စလုပ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်မှာ နှလုံးခုန်တိုင်းတာ စက်တွေ၊  သွေးပေါင်ချိန်တိုင်း စက်တွေ စတဲ့ပစ္စည်းတွေ တပ်ဆင်ထားပြီး  ကိုယ်ခံစားရတဲ့ နာကျင်မှုကို အာရုံစိုက်ပြီး ကြွက်သားတွေ တောင့်တင်းမှုကို ဖြေလျော့ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ဒီနိုင်ငံမှာတော့ သိပ်မတွင် ကျယ်သေးပါဘူး။

စိတ်ပိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်တာ – ဒီနည်းက အခုနောက်ပိုင်း  အတော်အသုံး များလာတယ်။ ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဆရာဝန်နဲ့ အေးအေးဆေးဆေး ပြောဆိုတိုင်ပင်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာအောင် လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။

တခြားနည်းလမ်းတွေအနေနဲ့ကတော့ ကိုယ့်ဖာသာလုပ်လို့ရတာတွေထဲကဆို ယောဂကျင့်တာ၊ စိတ်တည်ငြိမ်အောင်တရားထိုင်တာ၊ ကြွက်သားတွေ ဖြေလျော့တဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ စိတ်ကိုအေးချမ်းစေတဲ့ စာအုပ်တွေ ဖတ်တာ၊ သီချင်းတွေ နားထောင်တာမျိုးတွေ လုပ်လို့ရပါတယ်။

နေထိုင်စားသောက်မှုနဲ့ ပတ်သက်ပြီးပြောရရင်တော့

– အိပ်ရေးဝပါစေ၊ ဒါပေမဲ့အလွန်အကျွံတော့ မအိပ်ပါနဲ့

– ဆေးလိပ်၊ အရက်၊ ကဖိမ်းဓာတ်ပါတဲ့သောက်စရာတွေရှောင်ပါ

– လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

– အာဟာရမျှတအောင်စားသောက်ပါ

– ရေများများသောက်ပါ

ကိုယ်ခေါင်းကိုက်ဝေဒနာခံစားနေရရင် ဒီလိုမျိုးပြုမူနေထိုင်တာအပြင် သောက်ဆေးပါ တွဲသောက်တာမျိုးကပိုပြီး ထိရောက်မှုရှိပါတယ်။

ရောဂါရှာဖွေစစ်ဆေးခြင်း

တကယ်လို့ကိုယ်က ရံဖန်ရံခါ ဒါမှမဟုတ် ကာလကြာရှည်ခေါင်းကိုက်ဝေဒနာခံစားနေရင် ဆရာဝန်ကသေချာစစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။ ကိုယ့်ရောဂါရာဇဝင်ကိုသေချာမေးမယ်၊ လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်မယ်။ အဓိကအားဖြင့်တော့ ခေါင်းကိုက်တဲ့ ပုံစံကဘယ်လိုကိုက်တာလဲ၊ တစ်ဆစ်ဆစ်နဲ့ကိုက်တာလား၊ တစ်ခုလုံးခဲနေတာလား၊ စူးခနဲကိုက်တာလား။ နောက်ပြီး ဘယ်လောက်ထိ နာတာကပြင်းထန်လဲ၊ ခေါင်းကိုက်တဲ့အချိန်မှာ ဘာမှမလုပ်နိုင်အောင်ဖြစ်သွားလား၊ အလုပ်မှာ ပျက်ကွက်မှုတွေထိဖြစ်လား၊ ဒါမှမဟုတ်အိပ်မရလောက်အောင် ကိုက်တာလား စသည်ဖြင့်  မေးခွန်းတွေ သေချာမေးပြီး ရောဂါကိုစစ်ထုတ်ဖို့လိုပါတယ်။

စမ်းသပ်မှုတွေအနေနဲ့ဆိုရင်တော့ တကယ်လို့ကိုယ်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကအရမ်းဆိုးတယ်၊ ဘာ့ကြောင့်မှန်းလည်း မသိနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုဆိုရင်တော့ တခြားဆိုးဆိုးဝါးဝါးရောဂါ ဥပမာ-ခေါင်းထဲမှာ အကျိတ်တွေ ဘာတွေများဖြစ်နေမလားဆိုတာ သေချာသိနိုင်အောင် သံလိုက်ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်စတာတွေရိုက်ကြည့်ဖို့လိုပါမယ်။

ကုသမယ်

လူအများစုကတော့ ခေါင်းကိုက်ရုံလောက်နဲ့ ဆရာဝန် သွားမပြချင်ကြပါဘူး။ သူတို့ဖာသာပဲ ဆေးသောက်ပြီး သက်သာချင်ကြတယ်။ ကံမကောင်းတာက တချို့သောက်ဆေးတွေ ကိုယ့်ဖာသာဝယ်သောက်ပြီး ဆေးလွန်သွားရင်လည်း ခေါင်းကိုက်တာမျိုးဖြစ်တတ်ပါတယ်။

ကိုယ့်ဖာသာသောက်ဖို့ဆို အကိုက်အခဲ ပျောက်ဆေး သောက်လို့ ရပါတယ်။  ပါရာစီတမော သောက်နိုင်တယ်။ ဒီဆေးက အပြင်မှာ ကိုယ့်ဖာသာ အလွယ်တက ူဝယ်နိုင်တယ်။ တစ်နေ့ကို ၃ကြိမ် သောက်သုံးနိုင်တယ်။ အစာခံပြီးမှ သောက်ရမယ်။ တစ်ခုရှိတာက ကိုယ်က အရက်သောက်တတ်တဲ့သူ ဖြစ်နေမယ်၊ အသည်းနဲ့ ပတ်သတ်ပြီးလည်း ပြဿနာရှိမယ်ဆို မသောက်ခင် ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ဒီလိုခေါင်းကိုက်ရောဂါက လူတိုင်းကြုံတွေ့နိုင်ရပါတယ်။ ရောဂါအကြီးအသေးပေါ်မူတည်ပြီး ဆရာဝန်နဲ့ပြသဖို့ လိုမလိုဆုံးဖြတ်ပါ။ တကယ်လို့ ကိုယ်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဖြစ်နေတယ်ဆို ကောင်းကောင်းအနားယူပါ၊ ရေခဲအိတ်ကပ်ပေးတာ၊ ရေနွေးပူနဲ့ ရေချိုးတာ စတဲ့နည်းတွေကလည်း နာကျင်မှုကို ဖြေလျော့ပေးနိုင်ပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချပါ၊ စတဲ့နည်းတွေ သုံးလို့မှမသက်သာဖူးဆိုရင် ပါရာစီတမော ဆေးဝယ်သောက်နိုင်ပါတယ်။ တကယ်လို့ ဆေးတွေသောက်လို့မှမသက်သာဘူးဆို နီးစပ်ရာဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပြုရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။ ။

Dr.Wayne