fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ဘယ်မှာ စုံစမ်းရမှာလဲ

လြမ္းေမာဖြယ္ေကာင္းေသာ ဥေၾသာ္တြန္သံ သည္ ညေန ဆည္းဆာ၏ အလွကို ျဖည့္စြက္လွ်က္ရွိသည္။ ေႏြဦး ၏ အလွႏွင့္ အရာအားလုံးသည္ လြမ္းေမာဖြယ္ေကာင္းေနသည္။ ေဒါက္တာ လွႏုေဝ တစ္ေယာက္ ညေနခင္း အလွကို ခံစားရင္း မိဘမ်ား ရွိရာ ရန္ကုန္ၿမိဳ႕သို႔ တမ္းတေနမိသည္။ အစိုးရ ဝန္ထမ္းတစ္ေယာက္ အေနႏွင့္ တာဝန္က်ရာ အရပ္ေဒသသို႔ တာဝန္ထမ္းေဆာင္ရင္း ဘြဲ႕လြန္စာေမးပြဲ ေျဖရန္ ႀကိဳးစားေနမိသည္။

ညေန အားလပ္ခ်ိန္မ်ားတြင္ ကိုယ္ပိုင္ေဆးခန္းေလးဖြင့္ကာ အပိုဝင္ေငြေလးရွာေနမိသည္။

” ၁ဝ တန္းစာေမးပြဲ နီးေနၿပီ ဆရာမေရ။ ကေလးက ဓမၼတာ မလာတာ ၂ လရွိၿပီ ။ ဒါေၾကာင့္ ေပၚေဆးေလး လာထိုးတာပါ။ ”

” စာေမးပြဲ ေျဖဖို႔ရက္ပိုင္းေလာက္ပဲ လိုေတာ့တာပဲ။ ကေလးက စာေမးပြဲ အတြက္ စိတ္ဖိစီးေနတာေၾကာင့္ ဓမၼတာ မလာတာပါ အမ။ စာေမးပြဲ နီးရင္ ဒီလိုပဲ ျဖစ္တတ္ပါတယ္။ ” လွႏုေဝ တစ္ေယာက္ ကေလး အေမကို ရွင္းျပလိုက္သည္။

” အရင္က တစ္ခါမွ ဒီလိုမ်ိဳး မလာတာမ်ိဳး မျဖစ္ဖူးပါဘူး ဆရာမရယ္။ စာေမးပြဲေတြက အရင္ကလည္း ေျဖေနတာပဲ။ သူ႔မွာ ဘာစိတ္ဖိစီးစရာရွိလို႔လဲ ”

” ေၾသာ္ အမေရ ေက်ာင္းသားဆိုတာမ်ိဳးက စာေမးပြဲကို ေၾကာက္ၾကတာ။ လန႔္ၾကတာ။ စိတ္ပူၾကတာမ်ိဳး ရွိတာေပါ့။ ဘယ္ေလာက္ စာေတြ ရပါတယ္ ေျပာေျပာ အနည္း အမ်ားသာ ကြာမယ္။ စိတ္ဖိစီးတာမ်ိဳးရွိတာေပါ။ စာေမးပြဲလည္း ေနာက္အပတ္ထဲ ေျဖရမွာဆိုေတာ့ ကေလးက စိတ္ဖိစီးေနလို႔ ဓမၼတာ မလာေသးတာပါ။ ”

” ဟုတ္လို႔လား။ ကြၽန္မေတာ့ တစ္ခါမွ မျဖစ္ဖူးပါဘူး။ ကြၽန္မလည္း ငယ္ငယ္က စာေမးပြဲေတြ ေျဖဖူးပါတယ္။”

” လူတိုင္းျဖစ္တယ္လို႔ေတာ့လည္း ဘယ္ဟုတ္မလဲ။ စိတ္ပူတတ္တဲ့သူေတြမွာ ျဖစ္တတ္တာေပါ့။ အခု ကေလးက စိတ္ပူတတ္တဲ့သူမ်ိဳးထင္တယ္။ ကြၽန္ မ အားေဆးေပးလိုက္ပါမယ္။ အားေဆး ေသခ်ာတိုက္ပါ။ အာဟာရရွိေအာင္ ေကြၽးပါ။ အိပ္ေရးဝဝ အိပ္ပါေစ။ ” အေမ ျဖစ္သူကို စိတ္ရွည္ရွည္ ရွင္းျပေပးလိုက္သည္။

” ကေလးက ေနာက္အပတ္ထဲ စာေမးပြဲေျဖေတာ့မွာပါပဲ။ စာေမးပြဲ ၿပီးလို႔ စိတ္ဖိစီးတာ ေလ်ာ့သြားရင္ ဓမၼတာ ျပန္လာပါလိမ့္မယ္။ ကြၽန္မ ေဆးေက်ာင္းတက္တုန္းက ဆိုရင္လည္း ဒီလိုမ်ိဳးပဲ။ ခဏခဏ ဓမၼတာ ေပ်ာက္သြားတတ္တယ္။ စာေမးပြဲနီးရင္ ျဖစ္ေနက်ပဲ။ စိတ္ပူတာကိုး။ စာေမးပြဲၿပီးမွ ပဲ ဓမၼတာ လာတာ။ ဒါေၾကင့္ အမ သမီးကိုလည္း စိတ္မပူပါနဲ႔။ ”

” ဟုတ္ကဲ့ပါ ေဒါက္တာရယ္ ”

သား အမိႏွစ္ေယာက္ ေဆးခန္းအတြင္းမွ ထြက္သြားၾကသည္။ အားေဆး မ်ားေပးကာ ျပန္လႊတ္လိုက္သည္။ မိမိတုန္းကလည္း ဒီလိုမ်ိဳးစာေမးပြဲရွိလွ်င္ ဓမၼတာ ေနာက္က်တတ္သည္။ အမ်ိဳးသမီးမ်ား၏ ရာသီစက္ဝန္းသည္ အမ်ိဳးသမီးမ်ား၏ စိတ္အေျခအေနေပၚတြင္ အမ်ားႀကီးမူတည္ေနသည္။ စာေမးပြဲနီးလွ်င္ ဓမၼတာ ေနာက္က်တတ္သည္မွာ အမ်ိဳးသမီး ေတာ္ေတာ္ မ်ားမ်ားတြင္ ျဖစ္တတ္သည္။

ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနတာၾကာၿပီ။ ၁ဝ တန္းစာေမးပြဲ ေျဖၿပီး ၁ လေလာက္ အၾကာတြင္ သားအမိႏွစ္ေယာက္ လွႏုေဝ ေဆးခန္းသို႔ ျပန္ေရာက္လာၾကသည္။

“ေဒါက္တာရယ္ ကေလးက စာေမးပြဲ ေျဖၿပီးၿပီ။ စိတ္ဖိစီးမႈမရွိေတာ့ရင္ ဆရာမ က ဓမၼတာ ျပန္လာမယ္ဆိုလို႔ေစာင့္ေနတာ။ ျပန္မလာပါဘူး ေဒါက္တာရယ္။ ၿပီးေတာ့ ဗိုက္ေလးလည္းပူလာတယ္။ ဗိုက္ထဲမွာ ေသြးေတြ စုေနၿပီထင္တယ္။ ဆရာမရယ္။ လုပ္ပါဦး ”

ကေလး အေမစကားေၾကင့္ ေဒါက္တာ လွႏုေဝ တစ္ေယာက္ ေခါင္းႀကီးသြားသည္။ ရာသီေသြး မဆင္းသည္ႏွင့္ ဗိုက္ပူလာသည္ဆိုသည္မွာ ဆက္စပ္ ေတြးေတာလို႔ မရႏိုင္။ ကေလးမေလးကို ကုတင္ေပၚ တက္ခိုင္းၿပီး စမ္းၾကည့္လိုက္သည္။

ဆီးခုံ အေပၚနားတြင္ ေဖာင္းေနသည္က အမွန္ပင္။ ရာသီေသြးမလာသည္ကလည္း ၃ လေက်ာ္ ေနၿပီဆိုေတာ့ ေဒါက္တာလွႏုၾကည္တစ္ေယာက္ စဥ္းစားရၿပီ။ ဓမၼတာ မလာသည္မွာ ႐ိုးမွ ႐ိုးရဲ႕လားလို႔ လည္း စိုးရိမ္မိသည္။

ဆီးစစ္ၾကည့္ခ်င္သည္။

” ဆီးစစ္ၾကည့္ခ်င္တယ္။ ” အေမ ကို လွည့္ေျပာလိုက္သည္။

“ဒီခြက္ေလးထဲ ဆီးေပါက္ေပးပါေနာ္။ သမီးေလး ”

ကေလးကို ဆီးခြက္ေလးေပးလိုက္သည္။

” ဆရာမ ကေလးကို ဘာလို႔ ဆီးစစ္ခ်င္ရတာလဲ ေဒါက္တာ ဘာထင္လို႔လဲ ” အေမက လွႏုေဝ နားကပ္ကာ ေျပာသည္။ ေဆးခန္း အျပင္ တြင္ တစ္ျခား လူနာေတြလည္း ရွိေနသည္မို႔ က်ယ္က်ယ္လည္း မေျပာရဲ။

“ဆရာဝန္ဆိုေတာ့ ျဖစ္ႏိုင္တာေတြ အားလုံးကို စဥ္းစားရတာပါ။ ”

“ကေလးက ၁၆ ႏွစ္ေတာင္ မျပည့္ေသးတဲ့ ႏို႔နံ႔ မစင္ေသးတဲ့ ကေလးပါ။ ေဒါက္တာ ကြၽန္မ သမီးကို ယုံထင္ေၾကာင္ထင္ မထင္ပါနဲ႔။ ေသြးေပၚေအာင္ ေဆးသာ ထိုးေပးလိုက္ပါ ”

” ဘာျဖစ္လို႔ ဓမၼတာ မလာတာလဲ ဆိုတာ သိဖို႔လိုေသးတယ္ အမ။ ဗိုက္ပူလာတယ္ဆိုတာ အမတို႔လည္း သိေနတာပဲ။ ”

” ဆရာ မ ဒီအေၾကာင္းေတြ ကိုဘယ္သူ႔ကိုမွ ျပန္မေျပာနဲ႔ေနာ္”

“ဟုတ္ကဲ့ပါ အမရဲ႕။ ဒါဆိုရင္လည္း ဗိုက္ေပၚက အလုံးတလုံးေတြ႕ေနရေတာ့ အာထရာေဆာင္းေတာ့ ႐ိုက္ၾကည့္လိုက္ပါ။ ကြၽန္မကို ၿပီးရင္ အာထရာေဆာင္း အေျဖနဲ႔ ျပန္လာျပပါ။ ဒါမွ ကေလး ဘာျဖစ္တယ္ဆိုတာ သိရမွာေပါ့ ”

သား အမိႏွစ္ေယာက္ ေဆးခန္းထဲမွ ျပန္ထြက္သြားၾကသည္။ အေမ ကသေဘာ မတူသည္ႏွင့္ ဆီး မစစ္လိုက္ရပါ။

ေနာက္ေန႔ ကေလး မပါပဲ အေမ တစ္ေယာက္ထဲသာ အေျဖစာ႐ြက္ေလးႏွင့္ အတူ ေဆးခန္းထဲသို႔ ဝင္လာသည္။ အေျဖ စာ႐ြက္ ကို ေဒါက္တာ လွႏုေဝအား ေပးလိုက္သည္။ ေဒါက္တာ လွႏုေဝ အာထရာေဆာင္း အေျဖစာ႐ြက္ကို ကိုင္ရင္း ဆုေတာင္းေနမိသည္။ ဆုေတာင္းမ်ား မျပည့္ဝပါ။

ကေလးတြင္ ကိုယ္ဝန္ ၃ လေက်ာ္ ရွိေနၿပီဟု ေရးထားသည္။ ကေလး အေမကား ေဒါက္တာ လွႏုေဝ မ်က္ႏွာကို မ်က္ေတာင္ မခတ္ပဲ ၾကည့္ေနမိသည္။ ဘာေျပာရမည္မွန္းမသိ။

ကိုယ့္မ်က္စိေရွ႕တြင္ ရွိေနေသာ ေကာင္မေလးသည္ အသက္ ၁၆ ႏွစ္ေတာင္ မျပည့္ေသးေသာ ကေလး တစ္ေယာက္။ သူ႔ဗိုက္ထဲတြင္ ၃ လဆိုေသာ ကိုယ္ဝန္ကို ေဆာင္ထားသည္။ ကေလး အေမကို မည့္သို႔ ရွင္းျပမည္နည္း။ မည္သူ႔ကို အျပစ္တင္ရမည္နည္း။ ေခတ္ကိုပဲ အျပစ္တင္ရမည္လား။ မိဘ မ်ားကိုပဲ အျပစ္တင္ရမည္လား။ က်န္းမာေရး ဗဟုသုတ မွ်ေဝမႈနည္းေသာ မိမိတို႔ ဆရာဝန္မ်ားကိုသာ အျပစ္တင္ရမည္လား။ ကေလးမ်ားကို မ်ိဳးဆက္ပြားက်န္းမာေရး အသိပညာ မ်ားေပးဖို႔ အားနည္းမိသည္ကိုပဲ အျပစ္တင္ရမည္လား စဥ္းစားေနမိသည္။

” ဘာေရာဂါလို႔ေျပာထားလဲ ဆရာမ ”

လွႏုေဝ တစ္ေယာက္ မ်က္မွန္ကို ခြၽတ္လိုက္သည္။ ထိုင္ေနရာမွ ေရွ႕သို႔ကုန္းကာ ကေလးအေမႏွင့္ နီးကပ္ေအာင္ တိုးလိုက္သည္။

“ကေလးမွာ ကိုယ္ဝန္ ၃ လရွိၿပီလို႔ ေရးထားတယ္ အမ ” လွႏုေဝ တစ္ေယာက္ တိုးတိုးေလးသာ ေျပာလိုက္သည္။ သို႔ေသာ္ လွႏုေဝ ေျပာစကားကား က်ယ္သြားသည္ ထင္ရသည္။ ကေလး အေမ ခမ်ာ လန႔္ဖ်ံ႕သြားသည္။ ခဏအတြင္း နဖူးမွာ ေဇာေခြၽး မ်ား စို႔လာသည္။

” ေသခ်ာလို႔လား ဆရာမရယ္ ”

” ေသခ်ာပါတယ္ အမရယ္။ အာထရာေဆာင္းမွာ ေရးထားတာပဲ ”

တစ္ခဏခ်င္းပင္ ကေလး အေမ သည္ အိုမင္းရင့္ေရာ္သြားသည္ဟု ထင္ရသည္။ ဘာစကားမွ မေျပာပဲ အၾကာႀကီးထိုင္ေနသည္။

“အမ ဒီကိစၥ ေတြကို မရိပ္မိဘူးလား ” လွႏုေဝမွ တိတ္ဆိတ္ေနသည္ကို စတင္၍ ေျဖခြင္းလိုက္သည္။

” ကြၽန္မလည္း သူ႔ကို ဂ႐ုစိုက္ေနတာပါပဲ။ ဘယ္အခ်ိန္ကမ်ား ျဖစ္သြားလဲ မသိဘူး။ ကေလး အေဖ သိရင္ေတာ့ မိုးမီးေလာင္ေတာ့မွာပဲ ”

” ကေလးကို ေခ်ာ့ေမာ့ ေမးၾကည့္ေပါ့ အမရယ္ ” လွႏုေဝတစ္ေယာက္ အားေပးစကားေျပာလိုက္သည္။ ကိုယ္လည္း ဒီထက္ ပိုၿပီးေတာ့ မေျပာတတ္ပါ။

” အိမ္ျပန္ေရာက္မွ ပဲ ေခ်ာ့ေမာ့ ေမးၾကည့္ရမွာပဲ။ သူလိုပဲ အသက္မျပည့္ေသးတဲ့သူ ဆိုရင္ေတာ့ မလြယ္ဘူး ။ ကြၽန္မေတာ့ ေသသာ ေသလိုက္ခ်င္ေတာ့တာပဲ ” အေမျဖစ္သူကား ၿငီးၿငီးျငဴျငဴႏွင့္ မ်က္ႏွာပ်က္ေနသည္။

“ဒီလိုလည္းဘယ္ဟုတ္မလဲ ကေလးကို ေသခ်ာ ေမးၾကည့္ပါဦး။ ကေလး အေဖ ဘယ္သူျဖစ္မလဲဆိုတာ သိမွ က်န္တာေတြ စဥ္းစားၾကတာေပါ့ အမရယ္ ”

” ဟုတ္ကဲ့ပါ ဆရာမရယ္။ ကြၽန္မ ျပန္လိုက္ဦးမယ္ေနာ္ ” ကေလး အေမ ကား ျပာျပာသလဲႏွင့္ ထျပန္သြားသည္။ လွႏုေဝတစ္ေယာက္ ရင္ေမာစြာ က်န္ခဲ့သည္။

” အက်ိဳးအေၾကာင္းေလးလည္း ျပန္လာေျပာဦးေနာ္ ” လွမ္းမွာလိုက္သည္။

ေနာက္တစ္ေန႔ သားအမိႏွစ္ေယာက္ ျပန္လာဦးမလားဟု လွႏုေဝ တစ္ေယာက္ ေမွ်ာ္ေနမိသည္။ တစ္ပတ္ေလာက္ၾကာေတာ့ ေဆးခန္းပိတ္ခါနီး ကေလး အေမ ေနာက္တစ္ခါ ထပ္ေရာက္လာသည္။

” ကေလး အေဖ ေတာ့ သိခဲ့ၿပီ ဆရာမေရ။ သူတို႔ အတန္းထဲ က ေကာင္ေလး တစ္ေယာက္ပဲ ။ သူ႔လိုပဲ ၁ဝ တန္းေက်ာင္းသားပဲ ” အသံတိုးတိုးေလးႏွင့္ ေျပာေန၍ လွႏုေဝ တစ္ေယာက္ မနည္းနားေထာင္လိုက္ရသည္။

” ဟုတ္လား ” လွႏုေဝတစ္ေယာက္ ကေလးမ်ားအား အံၾသမိသည္။ အသက္ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အတက္ေကာင္းမ်ား တက္ေနၾကၿပီ။

” ကြၽန္မကေတာ့ သူတို႔ႏွစ္ေယာက္ကို ဘယ္လိုမွ မေပးစားႏိုင္ဘူး။ ဆရာမ ကြၽန္မကို တစ္ခုေတာ့ ကူညီပါ ”

” အဲဒီေတာ့ အမက ဘယ္လိုလုပ္ခ်င္လို႔လဲ ” လွႏုေဝတစ္ေယက္ လန႔္ျဖန႔္သြားသည္။

” ကေလး ဖ်က္ခ်ဖို႔ေတာ့ မေတာင္းဆိုနဲ႔ေနာ္။ ကြၽန္မ ဆရာဝန္တစ္ေယာက္ အေနနဲ႔ ကေလး မဖ်က္ခ်ေပးဘူး ”

” ကြၽန္မလည္း ကေလး ဖ်က္ခ်ဖို႔ ဆရာမကို မေတာင္းဆိုပါဘူး ဆရာမရယ္။ ကြၽန္မလည္း ဗုဒၶဘာသာ တစ္ေယာက္အေနနဲ႔ကေလး ဖ်က္ခ်ရမွာ ေၾကာက္ပါတယ္။ ”

” အဲဒါဆို ကြၽန္မ က ဘာလုပ္ေပးရမလဲ။ ”

” ပထမ တစ္ခုအေနနဲ႔ ကြၽန္မ ကေလးမွာ ကိုယ္ဝန္ရွိေနတဲ့ ကိစၥကို ဆရာမ ဘယ္သူ႔ကိုမွ မေျပာပါနဲ႔လို႔ေတာင္းပန္ပါတယ္။ ”

“အို ဆရာဝန္ေတြဟာ လူနာရဲ႕အတြင္းေရးကို အျပင္မွာ ေလွ်ာက္မေျပာဘူးလို႔ ဘြဲ႕ယူတုန္းက သစၥာဆိုထားၿပီးသားပါ။ တရား႐ုံးမွာ ေတာင္ လိုအပ္မွ ဖြင့္ေျပာတာပါ ”

” စိတ္ခ်ရေအာင္ ေျပာတာပါ ဆရာမရယ္ ”

“အမ ကဘာလုပ္မယ္ စိတ္ကူးထားလဲ ”

” ရန္ကုန္မွာ ဒီလိုမ်ိဳး အေဖ မေပၚတဲ့ ကေလးေတြကို ေမြးေပးတဲ့ ေနရာရွိတယ္တဲ့။ ကေလးေမြးတဲ့ အထိ တာဝန္ယူေပးတယ္တဲ့။ ကေလးကို ျပန္ေခၚသြားလည္း ရတယ္။ မေခၚပဲ ထားခဲ့လည္း ရတယ္တဲ့ ဆရာမရဲ႕ ” အေမကား အားတက္သေရာ ေျပာေနသည္။

” ဟုတ္ရဲ႕လား အမရဲ႕ ” လွႏုေဝ တစ္ေယာက္ အံၾသစြာ ျပန္ေမးလိုက္သည္။

” ကြၽန္မက ဆရာမမ်ား သိမလားလို႔ လာေမးတာ ဆရာမ မသိဘူးလား ” ကေလးအေမကလည္း လွႏုေဝ ကို အံၾသ တႀကီးျပန္ၾကည့္ေနသည္။

” ကြၽန္မလည္း ရန္ကုန္မေရာက္တာ ၾကာၿပီ အမရဲ႕။ ကြၽန္မ မသိဘူး” လွႏုေဝ တစ္ေယာက္ မသိ႐ိုး အမွန္ပါ။ ရန္ကုန္ႏွင့္ အဆက္အသြယ္ျပတ္ေနတာၾကာၿပီ။ မိဘမ်ားႏွင့္သာ ဖုန္းအဆက္အသြယ္ရသည္။ ရန္ကုန္ၿမိဳ႕ႀကီး ဘာေတြ ေျပာင္းလဲေနသည္ကို မသိ။

“ဒါဆိုလည္း စုံစမ္းေပးပါ ဆရာမရယ္။ ဒီလိုမ်ိဳး ရွိတယ္ဆိုရင္ ကြၽန္ မ သမီးကို အဲဒီမွာ သြားထားၿပီး ကေလးေမြးၿပီးမွ ျပန္ေခၚမလားလို႔ပါ။ ကေလးကိုေတာ့ကြၽန္မ ေနာက္ေတာ့ ျပန္ေခၚမွာေပါ့။ ဆရာမရယ္ စုံစမ္းေပးပါ ” ကေလး အေမကား ရန္ကုန္သူ လွႏုေဝကို အားကိုးတႀကီး ေတာင္းဆိုေနသည္။

” ဟုတ္ကဲ့ပါ အမရယ္ ကြၽန္မ စုံစမ္းၿပီး ျပန္ေျပာပါမယ္ ”

“ဆရာမ က ရန္ကုန္သူ ဆိုေတာ့ စုံစမ္းရတာ ပိုလြယ္တာေပါ့။ အားကိုးပါတယ္။ ျမန္ျမန္ေလး စုံစမ္းေပးပါေနာ္။ ကြၽန္မသမီးေလး ဗိုက္မထြက္ခင္ေလး ပို႔ခ်င္လို႔ပါ” ကေလး အေမကား စိုးရိမ္ပူပန္စြာ ေျပာေနသည္။

မိုက္မိုက္မဲမဲႏွင့္ ကေလး ဖ်က္ ခ် ေပးပါလို႔ မေတာင္းဆိုသည္ကိုပဲ လွႏုေဝ တစ္ေယာက္ ေက်းဇူးတင္ေနမိသည္။ ကေလး ဖ်က္ခ် ေပးရန္ ေတာင္းဆိုၾကေသာ မိဘမ်ားကို လွႏုေဝ တစ္ေယာက္ ျမင္ဖူးေတြ႕ဖူးပါသည္။ အေမကိုယ္တိုင္ သမီးဗိုက္ထဲမွ ကေလးကို ဖ်က္ခ်ခဲ့လို႔ ေသဆုံးခဲ့ေသာ အမ်ိဳးသမီးငယ္ေပါင္း မ်ားစြာကိုလည္း လွႏုေဝ တစ္ေယာက္ ေတြ႕ဖူးခဲ့သည္။ ထို အေမေတြ ကဲ့သို႔မဟုတ္ပဲ ကေလး အတြက္ အေကာင္းဆုံး စဥ္းစားေပးေသာ ဒီလိုမ်ိဳးအေမမ်ိဳးကား ေတြ႕ခဲေပသည္။

လွႏုေဝ တစ္ေယာက္ ရင္ေမာစြာ က်န္ခဲ့သည္။ ကေလး အေမ ေျပာစကားမ်ားကား မွန္ရဲ႕လားမ သိ။ လွႏုေဝ တစ္ေယာက္ မည္သူ႔ကို ေမးရမည္မွန္းလည္း မသိ။ ေနာက္ဆုံး စုံစမ္းလို႔ မရရင္ေတာင္ လွႏုေဝ မိဘ အိမ္သို႔ ပို႔ထားကာ ကေလး ေမြးခိုင္းမည္ဟု သာ စိတ္ထဲ ဆုံးျဖတ္ထားလိုက္သည္။

Author : Dr. ေအးခ်မ္းမုိး

လွမ်းမောဖွယ်ကောင်းသော ဥသြော်တွန်သံ သည် ညနေ ဆည်းဆာ၏ အလှကို ဖြည့်စွက်လျှက်ရှိသည်။ နွေဦး ၏ အလှနှင့် အရာအားလုံးသည် လွမ်းမောဖွယ်ကောင်းနေသည်။ ဒေါက်တာ လှနုဝေ တစ်ယောက် ညနေခင်း အလှကို ခံစားရင်း မိဘများ ရှိရာ ရန်ကုန်မြို့သို့ တမ်းတနေမိသည်။ အစိုးရ ဝန်ထမ်းတစ်ယောက် အနေနှင့် တာဝန်ကျရာ အရပ်ဒေသသို့ တာဝန်ထမ်းဆောင်ရင်း ဘွဲ့လွန်စာမေးပွဲ ဖြေရန် ကြိုးစားနေမိသည်။

ညနေ အားလပ်ချိန်များတွင် ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ကာ အပိုဝင်ငွေလေးရှာနေမိသည်။

” ၁ဝ တန်းစာမေးပွဲ နီးနေပြီ ဆရာမရေ။ ကလေးက ဓမ္မတာ မလာတာ ၂ လရှိပြီ ။ ဒါကြောင့် ပေါ်ဆေးလေး လာထိုးတာပါ။ ”

” စာမေးပွဲ ဖြေဖို့ရက်ပိုင်းလောက်ပဲ လိုတော့တာပဲ။ ကလေးက စာမေးပွဲ အတွက် စိတ်ဖိစီးနေတာကြောင့် ဓမ္မတာ မလာတာပါ အမ။ စာမေးပွဲ နီးရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ” လှနုဝေ တစ်ယောက် ကလေး အမေကို ရှင်းပြလိုက်သည်။

” အရင်က တစ်ခါမှ ဒီလိုမျိုး မလာတာမျိုး မဖြစ်ဖူးပါဘူး ဆရာမရယ်။ စာမေးပွဲတွေက အရင်ကလည်း ဖြေနေတာပဲ။ သူ့မှာ ဘာစိတ်ဖိစီးစရာရှိလို့လဲ ”

” သြော် အမရေ ကျောင်းသားဆိုတာမျိုးက စာမေးပွဲကို ကြောက်ကြတာ။ လန့်ကြတာ။ စိတ်ပူကြတာမျိုး ရှိတာပေါ့။ ဘယ်လောက် စာတွေ ရပါတယ် ပြောပြော အနည်း အများသာ ကွာမယ်။ စိတ်ဖိစီးတာမျိုးရှိတာပေါ။ စာမေးပွဲလည်း နောက်အပတ်ထဲ ဖြေရမှာဆိုတော့ ကလေးက စိတ်ဖိစီးနေလို့ ဓမ္မတာ မလာသေးတာပါ။ ”

” ဟုတ်လို့လား။ ကျွန်မတော့ တစ်ခါမှ မဖြစ်ဖူးပါဘူး။ ကျွန်မလည်း ငယ်ငယ်က စာမေးပွဲတွေ ဖြေဖူးပါတယ်။”

” လူတိုင်းဖြစ်တယ်လို့တော့လည်း ဘယ်ဟုတ်မလဲ။ စိတ်ပူတတ်တဲ့သူတွေမှာ ဖြစ်တတ်တာပေါ့။ အခု ကလေးက စိတ်ပူတတ်တဲ့သူမျိုးထင်တယ်။ ကျွန် မ အားဆေးပေးလိုက်ပါမယ်။ အားဆေး သေချာတိုက်ပါ။ အာဟာရရှိအောင် ကျွေးပါ။ အိပ်ရေးဝဝ အိပ်ပါစေ။ ” အမေ ဖြစ်သူကို စိတ်ရှည်ရှည် ရှင်းပြပေးလိုက်သည်။

” ကလေးက နောက်အပတ်ထဲ စာမေးပွဲဖြေတော့မှာပါပဲ။ စာမေးပွဲ ပြီးလို့ စိတ်ဖိစီးတာ လျော့သွားရင် ဓမ္မတာ ပြန်လာပါလိမ့်မယ်။ ကျွန်မ ဆေးကျောင်းတက်တုန်းက ဆိုရင်လည်း ဒီလိုမျိုးပဲ။ ခဏခဏ ဓမ္မတာ ပျောက်သွားတတ်တယ်။ စာမေးပွဲနီးရင် ဖြစ်နေကျပဲ။ စိတ်ပူတာကိုး။ စာမေးပွဲပြီးမှ ပဲ ဓမ္မတာ လာတာ။ ဒါကြေင့် အမ သမီးကိုလည်း စိတ်မပူပါနဲ့။ ”

” ဟုတ်ကဲ့ပါ ဒေါက်တာရယ် ”

သား အမိနှစ်ယောက် ဆေးခန်းအတွင်းမှ ထွက်သွားကြသည်။ အားဆေး များပေးကာ ပြန်လွှတ်လိုက်သည်။ မိမိတုန်းကလည်း ဒီလိုမျိုးစာမေးပွဲရှိလျှင် ဓမ္မတာ နောက်ကျတတ်သည်။ အမျိုးသမီးများ၏ ရာသီစက်ဝန်းသည် အမျိုးသမီးများ၏ စိတ်အခြေအနေပေါ်တွင် အများကြီးမူတည်နေသည်။ စာမေးပွဲနီးလျှင် ဓမ္မတာ နောက်ကျတတ်သည်မှာ အမျိုးသမီး တော်တော် များများတွင် ဖြစ်တတ်သည်။

မေ့မေ့ပျောက်ပျောက်ဖြစ်နေတာကြာပြီ။ ၁ဝ တန်းစာမေးပွဲ ဖြေပြီး ၁ လလောက် အကြာတွင် သားအမိနှစ်ယောက် လှနုဝေ ဆေးခန်းသို့ ပြန်ရောက်လာကြသည်။

“ဒေါက်တာရယ် ကလေးက စာမေးပွဲ ဖြေပြီးပြီ။ စိတ်ဖိစီးမှုမရှိတော့ရင် ဆရာမ က ဓမ္မတာ ပြန်လာမယ်ဆိုလို့စောင့်နေတာ။ ပြန်မလာပါဘူး ဒေါက်တာရယ်။ ပြီးတော့ ဗိုက်လေးလည်းပူလာတယ်။ ဗိုက်ထဲမှာ သွေးတွေ စုနေပြီထင်တယ်။ ဆရာမရယ်။ လုပ်ပါဦး ”

ကလေး အမေစကားကြေင့် ဒေါက်တာ လှနုဝေ တစ်ယောက် ခေါင်းကြီးသွားသည်။ ရာသီသွေး မဆင်းသည်နှင့် ဗိုက်ပူလာသည်ဆိုသည်မှာ ဆက်စပ် တွေးတောလို့ မရနိုင်။ ကလေးမလေးကို ကုတင်ပေါ် တက်ခိုင်းပြီး စမ်းကြည့်လိုက်သည်။

ဆီးခုံ အပေါ်နားတွင် ဖောင်းနေသည်က အမှန်ပင်။ ရာသီသွေးမလာသည်ကလည်း ၃ လကျော် နေပြီဆိုတော့ ဒေါက်တာလှနုကြည်တစ်ယောက် စဉ်းစားရပြီ။ ဓမ္မတာ မလာသည်မှာ ရိုးမှ ရိုးရဲ့လားလို့ လည်း စိုးရိမ်မိသည်။

ဆီးစစ်ကြည့်ချင်သည်။

” ဆီးစစ်ကြည့်ချင်တယ်။ ” အမေ ကို လှည့်ပြောလိုက်သည်။

“ဒီခွက်လေးထဲ ဆီးပေါက်ပေးပါနော်။ သမီးလေး ”

ကလေးကို ဆီးခွက်လေးပေးလိုက်သည်။

” ဆရာမ ကလေးကို ဘာလို့ ဆီးစစ်ချင်ရတာလဲ ဒေါက်တာ ဘာထင်လို့လဲ ” အမေက လှနုဝေ နားကပ်ကာ ပြောသည်။ ဆေးခန်း အပြင် တွင် တစ်ခြား လူနာတွေလည်း ရှိနေသည်မို့ ကျယ်ကျယ်လည်း မပြောရဲ။

“ဆရာဝန်ဆိုတော့ ဖြစ်နိုင်တာတွေ အားလုံးကို စဉ်းစားရတာပါ။ ”

“ကလေးက ၁၆ နှစ်တောင် မပြည့်သေးတဲ့ နို့နံ့ မစင်သေးတဲ့ ကလေးပါ။ ဒေါက်တာ ကျွန်မ သမီးကို ယုံထင်ကြောင်ထင် မထင်ပါနဲ့။ သွေးပေါ်အောင် ဆေးသာ ထိုးပေးလိုက်ပါ ”

” ဘာဖြစ်လို့ ဓမ္မတာ မလာတာလဲ ဆိုတာ သိဖို့လိုသေးတယ် အမ။ ဗိုက်ပူလာတယ်ဆိုတာ အမတို့လည်း သိနေတာပဲ။ ”

” ဆရာ မ ဒီအကြောင်းတွေ ကိုဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်”

“ဟုတ်ကဲ့ပါ အမရဲ့။ ဒါဆိုရင်လည်း ဗိုက်ပေါ်က အလုံးတလုံးတွေ့နေရတော့ အာထရာဆောင်းတော့ ရိုက်ကြည့်လိုက်ပါ။ ကျွန်မကို ပြီးရင် အာထရာဆောင်း အဖြေနဲ့ ပြန်လာပြပါ။ ဒါမှ ကလေး ဘာဖြစ်တယ်ဆိုတာ သိရမှာပေါ့ ”

သား အမိနှစ်ယောက် ဆေးခန်းထဲမှ ပြန်ထွက်သွားကြသည်။ အမေ ကသဘော မတူသည်နှင့် ဆီး မစစ်လိုက်ရပါ။

နောက်နေ့ ကလေး မပါပဲ အမေ တစ်ယောက်ထဲသာ အဖြေစာရွက်လေးနှင့် အတူ ဆေးခန်းထဲသို့ ဝင်လာသည်။ အဖြေ စာရွက် ကို ဒေါက်တာ လှနုဝေအား ပေးလိုက်သည်။ ဒေါက်တာ လှနုဝေ အာထရာဆောင်း အဖြေစာရွက်ကို ကိုင်ရင်း ဆုတောင်းနေမိသည်။ ဆုတောင်းများ မပြည့်ဝပါ။

ကလေးတွင် ကိုယ်ဝန် ၃ လကျော် ရှိနေပြီဟု ရေးထားသည်။ ကလေး အမေကား ဒေါက်တာ လှနုဝေ မျက်နှာကို မျက်တောင် မခတ်ပဲ ကြည့်နေမိသည်။ ဘာပြောရမည်မှန်းမသိ။

ကိုယ့်မျက်စိရှေ့တွင် ရှိနေသော ကောင်မလေးသည် အသက် ၁၆ နှစ်တောင် မပြည့်သေးသော ကလေး တစ်ယောက်။ သူ့ဗိုက်ထဲတွင် ၃ လဆိုသော ကိုယ်ဝန်ကို ဆောင်ထားသည်။ ကလေး အမေကို မည့်သို့ ရှင်းပြမည်နည်း။ မည်သူ့ကို အပြစ်တင်ရမည်နည်း။ ခေတ်ကိုပဲ အပြစ်တင်ရမည်လား။ မိဘ များကိုပဲ အပြစ်တင်ရမည်လား။ ကျန်းမာရေး ဗဟုသုတ မျှဝေမှုနည်းသော မိမိတို့ ဆရာဝန်များကိုသာ အပြစ်တင်ရမည်လား။ ကလေးများကို မျိုးဆက်ပွားကျန်းမာရေး အသိပညာ များပေးဖို့ အားနည်းမိသည်ကိုပဲ အပြစ်တင်ရမည်လား စဉ်းစားနေမိသည်။

” ဘာရောဂါလို့ပြောထားလဲ ဆရာမ ”

လှနုဝေ တစ်ယောက် မျက်မှန်ကို ချွတ်လိုက်သည်။ ထိုင်နေရာမှ ရှေ့သို့ကုန်းကာ ကလေးအမေနှင့် နီးကပ်အောင် တိုးလိုက်သည်။

“ကလေးမှာ ကိုယ်ဝန် ၃ လရှိပြီလို့ ရေးထားတယ် အမ ” လှနုဝေ တစ်ယောက် တိုးတိုးလေးသာ ပြောလိုက်သည်။ သို့သော် လှနုဝေ ပြောစကားကား ကျယ်သွားသည် ထင်ရသည်။ ကလေး အမေ ခမျာ လန့်ဖျံ့သွားသည်။ ခဏအတွင်း နဖူးမှာ ဇောချွေး များ စို့လာသည်။

” သေချာလို့လား ဆရာမရယ် ”

” သေချာပါတယ် အမရယ်။ အာထရာဆောင်းမှာ ရေးထားတာပဲ ”

တစ်ခဏချင်းပင် ကလေး အမေ သည် အိုမင်းရင့်ရော်သွားသည်ဟု ထင်ရသည်။ ဘာစကားမှ မပြောပဲ အကြာကြီးထိုင်နေသည်။

“အမ ဒီကိစ္စ တွေကို မရိပ်မိဘူးလား ” လှနုဝေမှ တိတ်ဆိတ်နေသည်ကို စတင်၍ ဖြေခွင်းလိုက်သည်။

” ကျွန်မလည်း သူ့ကို ဂရုစိုက်နေတာပါပဲ။ ဘယ်အချိန်ကများ ဖြစ်သွားလဲ မသိဘူး။ ကလေး အဖေ သိရင်တော့ မိုးမီးလောင်တော့မှာပဲ ”

” ကလေးကို ချော့မော့ မေးကြည့်ပေါ့ အမရယ် ” လှနုဝေတစ်ယောက် အားပေးစကားပြောလိုက်သည်။ ကိုယ်လည်း ဒီထက် ပိုပြီးတော့ မပြောတတ်ပါ။

” အိမ်ပြန်ရောက်မှ ပဲ ချော့မော့ မေးကြည့်ရမှာပဲ။ သူလိုပဲ အသက်မပြည့်သေးတဲ့သူ ဆိုရင်တော့ မလွယ်ဘူး ။ ကျွန်မတော့ သေသာ သေလိုက်ချင်တော့တာပဲ ” အမေဖြစ်သူကား ငြီးငြီးငြူငြူနှင့် မျက်နှာပျက်နေသည်။

“ဒီလိုလည်းဘယ်ဟုတ်မလဲ ကလေးကို သေချာ မေးကြည့်ပါဦး။ ကလေး အဖေ ဘယ်သူဖြစ်မလဲဆိုတာ သိမှ ကျန်တာတွေ စဉ်းစားကြတာပေါ့ အမရယ် ”

” ဟုတ်ကဲ့ပါ ဆရာမရယ်။ ကျွန်မ ပြန်လိုက်ဦးမယ်နော် ” ကလေး အမေ ကား ပြာပြာသလဲနှင့် ထပြန်သွားသည်။ လှနုဝေတစ်ယောက် ရင်မောစွာ ကျန်ခဲ့သည်။

” အကျိုးအကြောင်းလေးလည်း ပြန်လာပြောဦးနော် ” လှမ်းမှာလိုက်သည်။

နောက်တစ်နေ့ သားအမိနှစ်ယောက် ပြန်လာဦးမလားဟု လှနုဝေ တစ်ယောက် မျှော်နေမိသည်။ တစ်ပတ်လောက်ကြာတော့ ဆေးခန်းပိတ်ခါနီး ကလေး အမေ နောက်တစ်ခါ ထပ်ရောက်လာသည်။

” ကလေး အဖေ တော့ သိခဲ့ပြီ ဆရာမရေ။ သူတို့ အတန်းထဲ က ကောင်လေး တစ်ယောက်ပဲ ။ သူ့လိုပဲ ၁ဝ တန်းကျောင်းသားပဲ ” အသံတိုးတိုးလေးနှင့် ပြောနေ၍ လှနုဝေ တစ်ယောက် မနည်းနားထောင်လိုက်ရသည်။

” ဟုတ်လား ” လှနုဝေတစ်ယောက် ကလေးများအား အံသြမိသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အတက်ကောင်းများ တက်နေကြပြီ။

” ကျွန်မကတော့ သူတို့နှစ်ယောက်ကို ဘယ်လိုမှ မပေးစားနိုင်ဘူး။ ဆရာမ ကျွန်မကို တစ်ခုတော့ ကူညီပါ ”

” အဲဒီတော့ အမက ဘယ်လိုလုပ်ချင်လို့လဲ ” လှနုဝေတစ်ယေက် လန့်ဖြန့်သွားသည်။

” ကလေး ဖျက်ချဖို့တော့ မတောင်းဆိုနဲ့နော်။ ကျွန်မ ဆရာဝန်တစ်ယောက် အနေနဲ့ ကလေး မဖျက်ချပေးဘူး ”

” ကျွန်မလည်း ကလေး ဖျက်ချဖို့ ဆရာမကို မတောင်းဆိုပါဘူး ဆရာမရယ်။ ကျွန်မလည်း ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ကလေး ဖျက်ချရမှာ ကြောက်ပါတယ်။ ”

” အဲဒါဆို ကျွန်မ က ဘာလုပ်ပေးရမလဲ။ ”

” ပထမ တစ်ခုအနေနဲ့ ကျွန်မ ကလေးမှာ ကိုယ်ဝန်ရှိနေတဲ့ ကိစ္စကို ဆရာမ ဘယ်သူ့ကိုမှ မပြောပါနဲ့လို့တောင်းပန်ပါတယ်။ ”

“အို ဆရာဝန်တွေဟာ လူနာရဲ့အတွင်းရေးကို အပြင်မှာ လျှောက်မပြောဘူးလို့ ဘွဲ့ယူတုန်းက သစ္စာဆိုထားပြီးသားပါ။ တရားရုံးမှာ တောင် လိုအပ်မှ ဖွင့်ပြောတာပါ ”

” စိတ်ချရအောင် ပြောတာပါ ဆရာမရယ် ”

“အမ ကဘာလုပ်မယ် စိတ်ကူးထားလဲ ”

” ရန်ကုန်မှာ ဒီလိုမျိုး အဖေ မပေါ်တဲ့ ကလေးတွေကို မွေးပေးတဲ့ နေရာရှိတယ်တဲ့။ ကလေးမွေးတဲ့ အထိ တာဝန်ယူပေးတယ်တဲ့။ ကလေးကို ပြန်ခေါ်သွားလည်း ရတယ်။ မခေါ်ပဲ ထားခဲ့လည်း ရတယ်တဲ့ ဆရာမရဲ့ ” အမေကား အားတက်သရော ပြောနေသည်။

” ဟုတ်ရဲ့လား အမရဲ့ ” လှနုဝေ တစ်ယောက် အံသြစွာ ပြန်မေးလိုက်သည်။

” ကျွန်မက ဆရာမများ သိမလားလို့ လာမေးတာ ဆရာမ မသိဘူးလား ” ကလေးအမေကလည်း လှနုဝေ ကို အံသြ တကြီးပြန်ကြည့်နေသည်။

” ကျွန်မလည်း ရန်ကုန်မရောက်တာ ကြာပြီ အမရဲ့။ ကျွန်မ မသိဘူး” လှနုဝေ တစ်ယောက် မသိရိုး အမှန်ပါ။ ရန်ကုန်နှင့် အဆက်အသွယ်ပြတ်နေတာကြာပြီ။ မိဘများနှင့်သာ ဖုန်းအဆက်အသွယ်ရသည်။ ရန်ကုန်မြို့ကြီး ဘာတွေ ပြောင်းလဲနေသည်ကို မသိ။

“ဒါဆိုလည်း စုံစမ်းပေးပါ ဆရာမရယ်။ ဒီလိုမျိုး ရှိတယ်ဆိုရင် ကျွန် မ သမီးကို အဲဒီမှာ သွားထားပြီး ကလေးမွေးပြီးမှ ပြန်ခေါ်မလားလို့ပါ။ ကလေးကိုတော့ကျွန်မ နောက်တော့ ပြန်ခေါ်မှာပေါ့။ ဆရာမရယ် စုံစမ်းပေးပါ ” ကလေး အမေကား ရန်ကုန်သူ လှနုဝေကို အားကိုးတကြီး တောင်းဆိုနေသည်။

” ဟုတ်ကဲ့ပါ အမရယ် ကျွန်မ စုံစမ်းပြီး ပြန်ပြောပါမယ် ”

“ဆရာမ က ရန်ကုန်သူ ဆိုတော့ စုံစမ်းရတာ ပိုလွယ်တာပေါ့။ အားကိုးပါတယ်။ မြန်မြန်လေး စုံစမ်းပေးပါနော်။ ကျွန်မသမီးလေး ဗိုက်မထွက်ခင်လေး ပို့ချင်လို့ပါ” ကလေး အမေကား စိုးရိမ်ပူပန်စွာ ပြောနေသည်။

မိုက်မိုက်မဲမဲနှင့် ကလေး ဖျက် ချ ပေးပါလို့ မတောင်းဆိုသည်ကိုပဲ လှနုဝေ တစ်ယောက် ကျေးဇူးတင်နေမိသည်။ ကလေး ဖျက်ချ ပေးရန် တောင်းဆိုကြသော မိဘများကို လှနုဝေ တစ်ယောက် မြင်ဖူးတွေ့ဖူးပါသည်။ အမေကိုယ်တိုင် သမီးဗိုက်ထဲမှ ကလေးကို ဖျက်ချခဲ့လို့ သေဆုံးခဲ့သော အမျိုးသမီးငယ်ပေါင်း များစွာကိုလည်း လှနုဝေ တစ်ယောက် တွေ့ဖူးခဲ့သည်။ ထို အမေတွေ ကဲ့သို့မဟုတ်ပဲ ကလေး အတွက် အကောင်းဆုံး စဉ်းစားပေးသော ဒီလိုမျိုးအမေမျိုးကား တွေ့ခဲပေသည်။

လှနုဝေ တစ်ယောက် ရင်မောစွာ ကျန်ခဲ့သည်။ ကလေး အမေ ပြောစကားများကား မှန်ရဲ့လားမ သိ။ လှနုဝေ တစ်ယောက် မည်သူ့ကို မေးရမည်မှန်းလည်း မသိ။ နောက်ဆုံး စုံစမ်းလို့ မရရင်တောင် လှနုဝေ မိဘ အိမ်သို့ ပို့ထားကာ ကလေး မွေးခိုင်းမည်ဟု သာ စိတ်ထဲ ဆုံးဖြတ်ထားလိုက်သည်။

Author : Dr. အေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ