အရင်တုန်းက ဒီနိုင်ငံမှာ လူသိပ်မသိသလို သိပ်ပြီး အဖြစ်မများတဲ့ ရောဂါပါ။ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ပြီးတော့ သေနှုန်း Mortality လည်း မြင့်ပါတယ်။ လူနာက ဘာတွေနဲ့ လာနိုင်လဲဆိုရင် အစုံပါပဲ အများဆုံးကတော့ မောတယ် ရင်ဘတ်အောင့်မယ်။
ချောင်းဆိုးသွေးပါတယ် သွေးထဲမှာ အောက်ဆီဂျင်ဓာတ်နည်းမယ်။ ရောဂါကြောင့် မလှုပ်ရှားနိုင် လမ်းမလျှောက်နိုင်ပဲ အိပ်ရာထဲလဲနေတဲ့ သူတွေ ကင်ဆာရောဂါ အခံရှိသူတွေ ခွဲစိပ်မှုအကြီးစား ခံယူထားသူတွေ အရိုးကျိုးထားသူတွေ မှာ ဖြစ်နိုင်ပါတယ် အဖြစ်များပါတယ်။
ပုံမှန်လူခန္ဓာကိုယ်က မျှတမှုရှိအောင် ထိန်းညှိနိုင်ပါတယ်။ သွေးခဲခြင်း၊ သွေးဖျော်ခြင်း၊ ဒါပေမဲ့ တစ်ခုခုက ပိုများလာရင်သော်လည်းကောင်း ပိုနည်းပြီး အလုပ်မလုပ်တော့ရင်သော်လည်းကောင်း ကမောက်ကမတွေ ဖြစ်လာပါတော့တယ် ။
အဲဒီလို ဖြစ်နိုင်တာကို ကြိုတင်မှန်းဆရပါတယ် ၊ Scoring တွေ ဥပမာ Well Score တွက်ပြီး ဖြစ်နိုင်ခြေနည်းများကို ကြည့်ရပါတယ်။ သွေးခဲနိုင်ခြေများရင် သွေးကျဲဆေးကြိုပေးတာတွေ လုပ်ရပါတယ်။
နောက်တစ်ခုက ခြေသလုံး ကြွက်သား ကိုပုံမှန်လေး ညစ်ပေးနေမယ့် Elastic Stocking လိုမျိုးတွေ ဝတ်ခိုင်းတာ ၊ Early Mobilize စောစောစီးစီး လှုပ်ရှားမှုပြန်လုပ်ခိုင်းတာတွေ ကို လုပ်ဆောင်လာကြပါပြီ ။ သွေးကျဲဆေးပေးရင်လည်း ပြန်ပြီး စစ်ဆေးရပါတယ် သွေးဖောက်ပြီး လိုတိုး ပိုလျှော့ လုပ်နိုင်မှ လူနာ အတွက် ကောင်းပါတယ်။
အဓိက ဂရုစိုက်ရမှာက နှလုံးခုန် မမှန်တဲ့သူတွေ သွေးကျဲဓာတ်ပြဿနာရှိသူတွေရယ် အိပ်ရာထဲ အကြောင်းအမျိုးမျိုးကြောင့် လှဲနေရသူတွေရယ် ကင်ဆာရောဂါရှိသူတွေရယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရယ် ဖြစ်ပါတယ်။
ကျန်းမာကြပါစေ
Author: Dr. Lynn