fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

ကလေးတွေရဲ့ဘဝမှာ စိတ်ဒဏ်ရာမဖြစ်ရအောင်

 

မိဘတွေအတွက်အရေးကြီးတာဝန်ကတော့ ကလေးတွေကို အတောက်ပဆုံးဖြစ်အောင်လေ့ကျင့် ပေးဖို့ပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာလူ့လောကထဲဝင်ရောက်လာပြီးနောက် ကျွေးမွေးလိုက်တာနဲ့ မိဘတစ်ယောက်တာဝန်တွေ ပြီးမသွားပါဘူး။ ကလေးတွေကို physical (ကိုယ်လက်အင်္ဂါဖွံ့ဖြိုးအောင်) အပြင် emotional (စိတ်ဓာတ်ရေးရာ) ကိုပါ တစ်ပါတည်းတိုးတက်အောင်လေ့ကျင့်ပေးရမှာဖြစ်တယ်။ ကလေးတွေရဲ့ စိတ်ဓာတ်ဟာဆို အလွန်တရာနူးညံ့ပြီး အပြစ်ကင်းစင်တဲ့ အဖြူရောင်ပိတ်စကလေးတစ်စပမာ ဖြစ်ပါတယ်။ ထိုပိတ်စလေးကို ဘယ်လိုအလှဆုံးချုပ်နိုင်မလဲဆိုတာ မေမေတွေအပေါ်အများချည်းမူတည်ပါတယ်။ ကလေးတစ်ယောက်ကို ပုံသွင်းတဲ့အခါ မိမိရဲ့လိုချင်ဖြစ်ချင်စိတ်တွေကိုဘေးဖယ်ပြီး ကလေးရဲ့ အလိုအလျှောက်တုံပြန်မှုတွေကို လေ့လာစောင့်ကြည့်ပြီးလိုသလို လိုက်ညှိပေးရမှာဖြစ်တယ်။ ငါကတော့ ဒါဘဲ ဖြစ်ချင်လို့ ဒီလိုဘဲလေ့ကျင့်မယ်ဆိုပြီးအတင်းလုပ်ရင် ကလေးတွေမှာ Childhood psychological trauma (ငယ်စဉ်ကလေးဘဝ စိတ်ဒါဏ်ရာ) များပြည့်နှက်လာပြီး မကောင်းသောရှင်သန်မှုကို ရရှိသွားမှာဖြစ်တယ်။ အဲ့ဒါဆိုဘယ်လိုအချက်တွေနဲ့ ပြုစုပျိုးထောင်မလဲ?

၁) ကျန်းမာကြံ့ခိုင်မှုရစေရန်

၂) စိတ်ဓာတ်ခွန်အားပြည့်ဝစေရန်

၃) အကျင့်စာရိတ္တကောင်းမွန်စေရန်

 

၁) ကျန်းမာကြံ့ခိုင်မှုရစေရန်

ကလေးတွေကိုငယ်စဉ်ဘဝထဲက မေမေ့နို့ရည်တစ်မျိုးထဲတိုက်ကျွေးခြင်း၊ မေမေနို့အခက်အခဲရှိသော ကလေးများအတွက် Formula feeding ကို DHA ပါဝင်သောဦးနှောက်စွမ်းအားမြှင့်စေသော နို့ရည်တိုက်ကျွေးခြင်း၊ နှစ်နှစ်အထက်ကလေးများကို ဖြည့်စွက်စာတွင် အသီးအရွက်နှင့် အဟာရ ကြွယ်ဝစေသော အစာများကို အသက်အရွယ်အလိုက်ဖြည့်ကျွေးခြင်းများပြုလုပ်ပေးရမှာဖြစ်တယ်။

အစားအသောက်သာမက ကိုယ်လက်အင်္ဂါကျန်းမာစေဖို့ လေ့ကျင့်ခန်းနှင့် ဦးနှောက်စွမ်းရည်မြှင့်တင်ရန်များအပြင် (pop-up books, movable books, tunnel books, lift the flap books, pull-tab books) စိတ်ဝင်စားစရာ ပုံပြင်စာအုပ်လေးတွေကို ဖတ်ပြပြောပြခြင်းဖြင့် ဦးနှောက် မှတ်ဉာဏ်ကို တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းလာတာကိုမြင်ရမှာဖြစ်တယ်။

 

 

၂) စိတ်ဓာတ်ခွန်အားပြည့်ဝစေရန်

ကလေးတွေရဲ့စိတ်ဟာဆို အထိအရှအလွယ်ဆုံးသောအရာဖြစ်တယ်။ ကလေးတွေဟာ သူတို့ရဲ့ဘေးပတ်ဝန်းကျင်ကို အမြဲလေ့လာစောင့်ကြည့်ပြီး အတုယူသင်ယူနေတာဖြစ်တယ်။ သူတို့လေးတွေအရှေ့မှာ မိဘတွေ၊ အဖိုးအဖွားတွေရန်ဖြစ်တာ၊ ဆူဆဲတာတွေဟာဆို သူတို့ကို စိတ်ဓာတ်လွန်စွာကျစေတယ်။ စိတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ ကလေးတစ်ယောက်က သင်ယူနိုင်မှုစွမ်းအင်ကျဆင်းလာပြီး စိတ်ကျခြင်းဆိုတဲ့ ရောဂါကိုပါဖြစ်လာနိုင်စေတယ်။ မေမေတို့အနေနဲ့ မိမိသားသားမီးမီးလေးတွေကို အမြဲပြုံးပျော်နိုင်အောင် လုပ်ပေးရမှာဖြစ်တယ်။ ကိုယ်ကသူတို့လေးတွေအတွက်စံပြမေမေ၊ အတော်ဆုံး အကောင်းဆုံး မေမေဖြစ်အောင်ကြိုးပမ်းပေးရမှာဖြစ်တယ်။ ကလေးတွေရဲ့စိတ်မှာသူတို့ရဲ့ အတုယူ စရာအကောင်းဆုံး သူရဲကောင်းတွေဖြစ်အောင်ဆင်ခြင်နေထိုင်ရမှာဖြစ်တယ်။

၃) အကျင့်စာရိတ္တကောင်းမွန်စေရန်

စိတ်ဓာတ်ရေးရာမှာအမြဲပျော်ရွှင်ကြည်နူးနေတဲ့ သားသားမီးမီး တွေက အကျင့်စာရိတ္တလည်း ကောင်းမွန်လာမှာဖြစ်တယ်။‌ မေမေတွေက သားသားမီးမီးတို့ ရှေ့မှာ အကောင်းဆုံးပုံစံနဲ့ နေထိုင်ရမှာဖြစ်တယ်။ မိမိကိုယ်တိုင်အကျင့်စာရိတ္တကောင်းမွန်နေရင် ကလေးတွေလဲအကျင့်စာရိတ္တ ကောင်းမွန်လာမှာဖြစ်တယ်။

အချုပ်ဆိုလျှင် ကလေးတွေဟာ မိဘရဲ့ မှန်တစ်ချပ်နဲ့တူတယ်။ ကိုယ်ဘယ်လိုပျော်အောင်ထားလဲ၊ ကိုယ်ဘယ်လိုသူတို့အရှေမှာပြုမူသလဲ၊ ကိုယ်ဘယ်လိုသူတို့လေးတွေကိုလေ့ကျင့်ပေးလဲ။ ဒါတွေအားလုံးကို တစ်ချိန်ချိန်မှာ ကိုယ့်အရိပ်တစ်ခုလို မှန်မှာပြန်မြင်ရမှာဖြစ်တယ်။

Author : Dr. Zin Mar Lwin

ဆက်စပ် ဆောင်းပါးများ