fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးချိုရဲ့နောက်ဆက်တွဲ အမြင်လွှာပျက်စီးမှုရောဂါဆိုတာ

154
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/08/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆီးချိုရောဂါရှိသူတွေရဲ့ လေးပုံတစ်ပုံ ကျော်လောက်ဟာ ဆယ်စုနှစ်တစ်စုကျော်ကြာတဲ့အခါမှာ ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုရောဂါကို ခံစားကြရလေ့ရှိပါတယ်။

ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုကို ဆေးပညာအရ Diabetic Retinopathy လို့ခေါ်ပါတယ်။

အသက်ကြီးကြီး ဆီးချိုရောဂါဝေဒနာရှင်များမှာ ဖြစ်တဲ့ မျက်စိကွယ်ရခြင်းအကြောင်းတွေထဲမှာ ဒီရောဂါဟာ အဓိကအနေနဲ့ပါဝင်ပါတယ်။ အထူးသဖြင့် ဆီးချိုကို ဆေးတို့အစားသောက်ပုံစံတို့နဲ့သေချာ မထိန်းတဲ့ ဆီးချိုဝေဒနာရှင်တွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။

မထိန်းချုပ်နိုင်ဘဲ မြင့်တက်နေတဲ့သွေးတွင်းသကြားပမာဏဟာ ရေရှည်မှာ ခန္ဓာကိုယ်အတွင်းရှိသွေးကြောငယ်တွေရဲ့နံရံတွေကိုထိခိုက်ပျက်စီးစေပါတယ်။

မျက်စိအမြင်လွှာဖြစ်တဲ့ Retina ကို သွေး၊ အာဟာရထောက်ပံ့နေတဲ့ မျက်လုံးအတွင်းသွေးကြောငယ်လေးတွေရှိပါတယ်။ရေရှည်ဆီးချိုတက်တဲ့အခါမှာ ထိုသွေးကြောငယ်လေးတွေထိခိုက်ကာ သွေးကြောငယ်လေးတွေဖူးရောင်လာပြီး သွေးယိုတာ၊ သွေးခဲဖြစ်ပြီးပိတ်တာ၊ ပုံမှန်မဟုတ်တဲ့အပိုသွေးကြောအသစ်တွေပေါ်တာ မျိုးတွေဖြစ်လာပါတယ်။

ဒီလိုမျိုးတွေ ဖြစ်လာရင် အမြင်လွှာထိခိုက်ပြီး သိပ်မကြာခင်မှာ ကောင်းကောင်းမမြင်ရတာ၊အမြင်ပိတ်ဆို့တာ ရွဲ့စောင်းတာတွေဖြစ်လာနိုင်ပါတယ်။

အများအားဖြင့် ဆီးချိုနောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့ ဒီအမြင်လွှာထိခိုက်မှုဟာ တဖြည်းဖြည်းချင်းနဲ့ ဖြစ်တာဖြစ်လို့ ဆီးချိုရောဂါဖြစ်သူအများစုဟာ သိပ်ပြီးသတိမမှုမိတတ်ကြပါဘူး။သူတို့ရဲ့မျက်စိအမြင်ဝါးတာ မမြင်ရတော့တာတွေဖြစ်လို့ စစ်ဆေးကြည့်မှတာ သိရှိကြရလေ့ရှိပါတယ်။

အဲဒီအခါကျ အမြင်လွှာကတအားထိခိုက်ပျက်စီးနေတာဖြစ်လို့ ပကတိအကောင်းအတိုင်းကုသနိုင်ဖို့မလွယ်ပါဘူး။

ပိုမဆိုးအောင်ကတော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြီး လေဆာပစ်တာ(Laser photocoagulation)၊ခွဲစိတ်ကုသတာ(Vitrectomy)စတဲ့နည်းလမ်းတွေ လုပ်နိုင်ပါတယ်။

ဒီရောဂါဖြစ်လာရင်ကျ မျက်စိဆရာဝန်နဲ့ပြသတာအပြင် ရှိနေတဲ့ဆီးချိုကိုလည်းမတက်အောင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသစစ်ဆေးပြီး ထိန်းဖို့လိုအပ်ပါတယ်။

ဆီးချိုနောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့အမြင်လွှာထိခိုက်မှုရောဂါ(Diabetic Retinopathy)မဖြစ်အောင် ကာကွယ်မှုအနေနဲ့ကတော့ ဆီးချိုရောဂါရှိသူတိုင်းဟာ ဆီးချိုကိုပုံမှန်အတွင်းမှာထိန်းဖို့အတွက် အထွေထွေသမားတော်နဲ့သုံးလတစ်ကြိမ်လောက်အနည်းဆုံး ပုံမှန်ပြနေဖို့လိုသလို မျက်စိဆရာဝန်နဲ့ တစ်နှစ်တစ်ကြိမ်လောက် စမ်းသပ်စစ်ဆေးနေဖို့လိုပါတယ်။

ဆေးလိပ်သောက်နေရင်လည်း ဖြတ်ဖို့လိုသလို သွေးပေါင်လည်း တစ်ပတ်တစ်ခါလောက်ပုံမှန်ချိန်ပေးဖို့လိုပါတယ်။

Author: Dr 528

Previous Post

သွေးကြောထဲမှာ သွေးခဲရင် 

Next Post

သားသားမီးမီးတို့အမြင်အာရုံဖွံ့ဖြိုးစေမယ့် အာဟာရဓာတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့အမြင်အာရုံဖွံ့ဖြိုးစေမယ့် အာဟာရဓာတ်များ

ကလေးတွေရဲ့ဘဝမှာ စိတ်ဒဏ်ရာမဖြစ်ရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.