fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အစားအများကြီးစားနေတာ တကယ်ဆာလို့လား။စိတ်ဖိစီးမှုများလို့လား

89
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/09/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

ယနေ့ခေတ်တွင် စားဝတ်နေရေးအတွက်၊ကြီးပွားတိုးတက်ချမ်းသာဖို့အတွက် သူနိုင်ကိုယ်နိုင် ပဝါမကူ ရေမရှုကြေး အပြိုင်ကြဲကာ ကြိုးစားယှဉ်ပြိုင်ရင်း ကျွန်တော်တို့လူသားတွေဟာ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတင်မက စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း ပင်ပန်းဖိစီးမှုတွေများလာကြပါတယ်။

ဒီလိုစိတ်ဖိစီးတာတွေများလာတဲ့အခါမှာ လူအများစုဟာ စိတ်ထွက်ပေါက်အနေနဲ့ အရက်သောက်တာ၊ကေတီဗွီသွားသီချင်းဆိုတာ၊ခရီးထွက်တာ၊ဘာသာတရားလိုက်စားတာတွေ စတဲ့နည်းတွေကို စိတ်အပန်းပြေပျောက်စေရန်အတွက် လုပ်ကြလေ့ရှိပါတယ်။

သို့သော် တချို့သူတွေကတော့ လူအများစုနဲ့မတူ မိမိရဲ့ဖိစီးနေတဲ့စိတ်တွေကို ခုနကပြောတဲ့နည်းတွေနဲ့ထွက်ပေါက်ပေးတာမဟုတ်ဘဲ အစားများများစားခြင်းဖြင့်ထွက်ပေါက်ပေးတာမျိုးလည်းရှိပါတယ်။စိတ်ဖိစီးမှုများလေ အစားများများစားလေ ဖြစ်တဲ့သူတွေပါ။

ဒီလိုစိတ်ဖိစီးလို့ အစားများများစားခြင်းကို Emotional Eating သို့မဟုတ် Stress Eating လို့ခေါ်ပါတယ်။

ဒီ Emotional Eating သို့မဟုတ် Stress Eating ဟာ လူကြီးတွေမှာသာမက ကလေးအရွယ်တွေမှာလည်းဖြစ်နိုင်ပါတယ်။အမျိုးသားများသာမက အမျိုးသမီးများလည်းဖြစ်နိုင်ပါတယ်။

တကယ်ဗိုက်ဆာလို့အစားစားခြင်းမဟုတ်ဘဲနဲ့ စိတ်ဖိစီးမှုကို တွန်းလှန်ဖြေဖျောက်ဖို့အတွက် အစားအသောက်ဘက်ကို အာရုံလွှဲလိုက်ကာ စိတ်ထွက်ပေါက်အနေနဲ့ စားတာဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အစာစားခြင်းဖြင့် စိတ်ထွက်ပေါက်ပေးတဲ့နည်းဟာ အရက်သောက်တာ၊မူးယစ်ဆေးသုံးတာ စတဲ့ နည်းတွေထက်စာရင် တော့ ပိုကောင်းသလိုရှိပါတယ်။

သို့သော် စိတ်ဖိစီးမှုဖြေဖျောက်ဖို့အတွက် အစားသောက်ပေါ်မှာထွက်ပေါက်ပေးတဲ့အနေနဲ့စားတာဟာ မှန်ကန်ကောင်းမွန်တဲ့နည်းမဟုတ်ပါဘူး။

စိတ်ဖိစီးလို့အစားများများစားခြင်း (Emotinal Eating သို့မဟုတ် Stress Eating) ဖြင့် ကိုယ်အလေးချိန်တအားတက်ပြီးဝလာနိုင်ပါတယ်။

ဒါ့ပြင် ဆီကြော်တွေ၊အဆီများ၊အချိုများတဲ့အစားစာတွေ စတဲ့ကျန်းမာရေးနဲ့မညီတာတွေကို စားတာများလာပါက သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ အသည်းအဆီဖုံးတာဖြစ်တာ အခန့်မသင့်ရင် ကင်ဆာရောဂါဖြစ်တာတွေအထိပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သင့်မှာ စိတ်ဖိစီးစရာတွေများလာတဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ အစားများများစားတဲ့အကျင့်(Emotinal Eating သို့မဟုတ် Stress Eating)ရှိပါက ရေရှည်မှာကျန်းမာရေးဆိုးကျိုးတွေများတဲ့အတွက် ထိုအကျင့်ကို ထိန်းချုပ်ဖို့ ဖျောက်ဖျက်ဖို့လိုပါတယ်။

Emotionl Eating ကို ထိန်းချုပ်ဖျောက်ဖျက်ဖို့အတွက်

စိတ်ဖိစီးစရာများလာပြီး စိတ်ပင်ပန်းတဲ့အခါ သူငယ်ချင်းတွေနဲ့စကားပြောပါ။မိမိသောကတွေကို စိတ်ပင်ပန်းမှုတွေကို ရင်ဖွင့်မျှဝေပါ။

တယောက်တည်းဖြစ်ဖြစ် သို့မဟုတ် အစုအဖွဲ့နဲ့ဖြစ်ဖြစ် နီးနီးနားနားခရီး သို့မဟုတ် ခရီးဝေးထွက်ပါ။

သီချင်းနားထောင်တာ၊ ကေတီဗွီသွားပြီး အသံကုန်ဟစ် သီချင်းဆိုတာ ကခုန်တာတွေလုပ်ပါ။

ပြေးတာ၊အားကစားခန်းမသွားပြီး ချွေးပြိုက်ပြိုက်ကျအောင် ကစားတာတွေလုပ်ပါ။

ယောဂလေ့ကျင့်ခန်းလုပ်ပါ။

ဘာသာတရားလိုက်စားပါ။တရားအပြကောင်းတဲ့ဆရာတော်ကြီးတွေရဲ့ တရားခွေနားထောင်တာ၊တရားစာအုပ်ဖတ်တာ၊ဘုရားရှိခိုးတာ၊ဝင်လေထွက်လေမှတ်တာတွေလုပ်ပါ။

စိတ်ဖိစီးစရာများတဲ့အချိန် အစာစားတဲ့အခါ မစားခင်မှာ ငါ ဗိုက်ဆာတာသေချာရဲ့လားဆိုပြီး ၁မိနစ် ၂မိနစ်လောက် အချိန်ယူစဥ်းစားဆုံးဖြတ်ပါ။ဗိုက်ဆာတာသေချာမှစားပါ။

စားတဲ့အခါမှာလည်း အလျင်စလိုမစားပါနဲ့။ အစာတလုပ်စားတိုင်းမှာ ၁၀ကြိမ်မှ အကြိမ်၂၀ခန့်ထိဝါးပြီးမှ မျိုချပါ။

Fast Foodတွေ၊Ready made အစားစာတွေ၊ဆီကြော်တွေ ကိုအတတ်နိုင်ဆုံးရှောင်ပါ။လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေများများစားပါ။

ကော်ဖီ၊အချိုရည် တွေကို ရှောင်ပြီး ရေများများသောက်ပေးပါ။

ဒီနည်းတွေဟာ စိတ်ဖိစီးမှုကြောင့် အစားများများစားခြင်းကို ထိန်းချုပ်ဖျောက်ဖျက်နိုင်ပြီး စိတ်ဖိစီးမှုကိုလည်း အတန်အသင့် သက်သာစေနိုင်ပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး စိတ်ဖိစီးမှုနည်းပြီး ကျန်းမာပျော်ရွင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းဆန္ဒပြုရင်း

Dr. 528

Previous Post

ထိပ်စ၊ အလယ်အဆုံး လိင်တံအနာကျင်ဆုံး

Next Post

ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အလွှာခြားတာကောင်းလား?

2 weeks ago
108
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 months ago
227

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 months ago
212

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

2 months ago
221

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

3 months ago
315

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

4 months ago
763

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

မျက်စိကို ကြည်လင်စေပြီး မျက်စိအားကောင်းစေသောအစားစာများ

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် အသက်ဘယ်လောက်ပိုရှည်လာနိုင်လဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.