fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ဆောင်းရာသီ နဲ့ ရင်ကြပ်ရောဂါ

ဆောင်းရာသီ နဲ့ ရင်ကြပ်ရောဂါ
နွေမိုးဆောင်းတစ်လှည့်စီပြောင်းလို့
ရောက်ပြန်ပေါ့ ဆောင်းတစ်ခါ ။
ရာသီတွေ တစ်ခုပြီးတစ်ခုပြောင်းတာကနေ ဆောင်းရာသီပြန်ရောက်လာတော့ ဆောင်းရာသီနဲ့ပက်သက်ပြီး ကြုံတွေ့နိုင်တဲ့ကျန်းမာရေးအခြေအနေလေးတွေကို တွေးမိလာပြန်တယ် ။
ဆောင်းရာသီမှာ တစ်နေကုန်မအေးခဲ့ရင်တောင် ညဦးပိုင်းကနေ မနက်အစောပိုင်းတွေတော့ အအေးပိုနေဆဲပါပဲ အအေးပိုတဲ့ ရာသီဟာ လူအများစုအတွက် နေလို့အဆင်ပြေပေမယ့် တစ်ချို့သူတွေကတော့ အအေးဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ် ။
ဆောင်းတွင်းမှာ ကျန်းမာရေး ပြဿနာကြုံနိုင်တဲ့သူတွေကတော့ ပန်းနာရင်ကျပ်ရောဂါသည်တွေပဲ ဖြစ်ပါတယ် ပန်းနာရင်ကျပ်ရောဂါရှိသူတွေက မတည့်တာတစ်ခုခုကိုရှူမိတာမျိုးကနေ ကျပ်လာတတ်တာဆိုပေမယ့် အအေးဒဏ်ကြောင့်လည်း ပိုကျပ်လာစေတတ်ပါတယ် ။
ပန်းနာရင်ကျပ်ဆိုတာက မျိုးရိုးလိုက်နိုင်တဲ့ ရောဂါတစ်ခုပါ အသက် တစ်နှစ်အရွယ်ကနေ စဖြစ်နိုင်ပါတယ် ဘယ်ရာသီမှာ ဖြစ်ရမယ်ဆိုတာမျိုး မသတ်မှတ်ထားပေးမယ့် ဆောင်းရာသီမှာတော့ ပိုပြီးကျပ်နိုင်ပါတယ် ။
ပန်းနာရင်ကျပ်ရောဂါက အကြောင်းတစ်ခုခုကြောင့် လေပြွန်တွေ ကျဉ်းပြီး လေပြွန်ထဲမှာ အချွဲတွေများလာတတ်တဲ့ ရောဂါပါ ပန်းနာရင်ကျပ်ရောဂါက အပြီးပျောက်အောင်ကုလို့မရပါဘူး ဖြစ်တဲ့အချိန်မှာ ဆေးနဲ့ထိန်းရတာကနေ ဆေးနဲ့ တောက်လျှောက်ထိန်းရတဲ့အထိ အဆင့်အမျိုးမျိုးနဲ့ ကုကြရပါတယ် ။
မတည့်တဲ့ အစားအစာစားမိခြင်း အနံ့စူးရှတာတွေ ရှူမိခြင်း တွေမှာ ရင်ကျပ်လာပြီး အသက်ရှူမဝဖြစ်လာတတ်တယ် တစ်ချို့တွေဆိုရင် အရမ်းအားစိုက်ပြီးအလုပ်လုပ်လိုက်ရင်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပြီးရင်ဖြစ်ဖြစ်သော်လည်းကောင်း အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးရင်ဖြစ်ဖြစ် လည်း ဖြစ်နိုင်ပါတယ် ။
ပန်းနာရင်ကျပ်ရောဂါ စတင်ပြီဆိုရင် အသက်ရှူမကောင်းဘဲ အသက်ရှူရင်တရွှီရွှီမြည်တာတွေ ချောင်းဆိုးပြီးသလိပ်ထွက်တာတွေ ဖြစ်လာတတ်ပါတယ် ရင်ဘတ်ထဲမှာ ကျပ်ကျပ်ကြီးဖြစ်နေတတ်တယ် သလိပ်ကလည်း ဟပ်မကုန်ဘူးဖြစ်နေတတ်တယ် ။
ဆောင်းတွင်းရောက်လို့ အအေးဒဏ်ကြောင့် ပိုကျပ်နိုင်တဲ့အပြင် တစ်ချို့သူတွေက ဆောင်းတွင်းမှာ အအေးဒဏ်ကိုကာကွယ်ဖို့ မီးလှုံတတ်ကြရာကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့်လည်း ပိုကျပ်လာတတ်တယ် ။
ပန်းနာရင်ကျပ်ရောဂါသည်တွေက ဆောင်းတွင်းရောက်ရင် ပိုသတိထားရပါမယ် ညအိပ်တဲ့အခါလည်း အခန်းထဲမှာ နွေးနွေးထွေးထွေးရှိဖို့လိုပါတယ် မနက်စောစောကြုံနိုင်တဲ့ မီးခိုးငွေ့တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ် အခန်းတွေလုံခြုံမှုရှိဖို့ အိမ်ထဲမှာ လေလှည့်ပတ်မှုကောင်းနေဖို့ လိုပါတယ် ။
ဆောင်းတွင်းရောက်တဲ့အခါ ပန်းနာရင်ကျပ်ရောဂါက နဂိုသုံးနေကျဆေးရှူနေတာထက် အကြိမ်ရေပိုလိုအပ်တာလည်း ဖြစ်နိုင်ပါတယ် ဆေးပိုတိုးရတာလည်း ဖြစ်နိုင်ပါတယ် ဒါကြောင့်လည်း မိမိတို့ ပြထားတဲ့ဆရာဝန်တွေနဲ့လည်းသေချာပြန်ပြဖို့ လိုပါတယ် ။
ဆောင်းတွင်းမှာ တစ်ခြားသောရောဂါတွေလည်းဟအဖြစ်များပါတယ် နှာမွှန်နှာစေးတွေ တုပ်ကွေးတွေလည်း ဖြစ်နိုင်ပါတယ် တစ်ခြားသူတွေနဲ့ မတူတာက ပန်းနာရင်ကျပ်ရောဂါသည်တွေမှာ ဒီလိုရောဂါတွေ ဖြစ်လာခဲ့ရင် နဂိုရှိရင်းစွဲရောဂါက ပိုဆိုးတတ်ပါတယ် ။
ဒါကြောင့် ရင်ကျပ်ရောဂါအခံရှိသူတွေအနေနဲ့ ရောဂါခုခံနိုင်အားကောင်းလာစေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ရပါမယ် အိပ်ချိန်ပြည့်မယ် အရည်များများသောက်မယ် အားရှိစေဖို့ ရောဂါတွေကာကွယ်နိုင်ဖို့ အစားများများစားမယ် အသီးအနှံတွေသားမယ် အားဆေးသောက်မယ် နေပူလည်းအရမ်းမခံဖို့ အအေးလည်းအရမ်းမခံဖို့ သတိပြုမယ်ဆိုရင်ဖြင့် ကျန်းမာရေး မထိခိုက်အောင် ပြင်ဆင်ပြီးသားဖြစ်လာပါလိမ့်မယ် ။

Dr. CST

ဆက်စပ် ဆောင်းပါးများ