(Zawgyi)
အသိေမ့တယ္ဆိုတာ သတိေမ့တာနဲ႔ မတူပါဘူး။ အသိေမ့တာက ေန႔ခ်င္းညခ်င္း အေကာင္းႀကီးကေန ႐ုတ္တ ရက္ျဖစ္ႏိုင္ပါတယ္။ အသက္အ႐ြယ္မေ႐ြးလည္း ျဖစ္ႏိုင္ပါတယ္။ အသိေမ့ေစတဲ့ အေၾကာင္းအရာေတြ အမ်ား ႀကီးရွိပါတယ္။
ေရာဂါပိုးမ်ားဝင္ျခင္း (ဦးေႏွာက္ေရာင္ျခင္း၊ ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း၊ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ အဆုတ္ အေအးမိျခင္း၊ ငွက္ဖ်ား၊ ေသြးအဆိပ္တက္ျခင္း)
ေရာဂါမ်ား (အတက္ေရာဂါ၊ ေလျဖတ္ျခင္း၊ ႏွလုံးေသြးေၾကာပိတ္ျခင္း၊ ေက်ာက္ကပ္ေရာဂါ၊ အသည္း ေရာဂါ၊ ေသြးအားနည္းျခင္း)
အာဟာရခ်ိဳ႕တဲ့ျခင္း (ဗီတာမင္ B1 ၊ B12 အားနည္းျခင္း၊ အငံဓာတ္မ်ားလြန္း နည္းလြန္းျခင္း၊ သၾကား ဓာတ္မ်ားလြန္း နည္းလြန္းျခင္း)
ေခါင္းထိခိုက္ထားျခင္း
ေအာက္ဆီဂ်င္လုံေလာက္စြာမရရွိျခင္း
႐ုတ္တရက္ အရက္ျဖတ္ျခင္းျဖင့္ စတာေတြျဖစ္ႏိုင္ပါတယ္။
အသိေမ့တဲ့အခါမွာ အလိုလိုေဒါသထြက္ျခင္း၊ စိတ္ဂဏာမၿငိမ္ျဖစ္ျခင္း၊ ကေယာင္ကတမ္းေျပာျခင္း၊ အိပ္ခ်ိန္မူမ မွန္ျခင္း၊ စိတ္က်ျခင္း၊ မရွိတာေတြျမင္ေနၾကားေနျခင္း၊ ကိုယ့္ကိုယ္ကို မမွတ္မိျခင္း စတာေတြျဖစ္တတ္ပါတယ္။ ပိုဆိုးလာတာနဲ႔အမွ် မွိန္းလာျခင္း၊ သတိလစ္ျခင္းေတြကိုပါ ခံစားရပါတယ္။
ဒီလကၡဏာေတြအျပင္ ျဖစ္ေစတဲ့ ေရာဂါအစရဲ႕ လကၡဏာေတြကိုလည္း ေတြ႕ရတတ္ပါတယ္။
အသိေမ့ျခင္းက စိတ္ပိုင္းဆိုင္ရာ ေရာဂါေတြနဲ႔လည္း မွားႏိုင္ပါတယ္။ အမ်ားအားျဖင့္ ဘာေရာဂါအခံရွိလဲ။ အရင္ ကဒီလိုျဖစ္ဖူးလား။ အခုကအသိစိတ္ေရာရွိေနလား ဆိုတာကိုျပန္ၾကည့္ရပါမယ္။ အသိေမ့ျခင္းက ေဆး႐ုံတက္ ေနရတဲ့လူနာေတြမွာလည္း ေကာက္ခါငင္ခါျဖစ္ႏိုင္ပါတယ္။
အျပင္မွာ ျဖစ္ရင္လည္း ေဆး႐ုံကိုအျမန္သြားဖို႔ လိုပါ တယ္။ အသိေမ့တဲ့အခါ ဆီးေသြးစစ္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း စသျဖင့္ လိုအပ္တာေတြေတာ့ လုပ္ဖို႔လိုပါတယ္။ ဘာေၾကာင့္ျဖစ္လဲ သိဖို႔ပါ နဂိုေရာဂါအခံရွိတဲ့ သူေတြမွာလည္း ဒီေရာဂါရဲ႕ ေနာက္ဆက္တြဲလား၊ အျခားတစ္ခု ထပ္ျဖစ္တာလား ဆိုတာသိဖို႔လိုပါတယ္။
ျဖစ္တဲ့အေၾကာင္းအရင္းကို ရွာၿပီးကုရတာပါ။ ကုတဲ့အခါ လူနာကို စိတ္ဖိစီးမႈအနည္းဆုံး ျဖစ္ေအာင္ထားဖို႔လိုပါ တယ္။ တိတ္ဆိတ္ၿငိမ္သက္တဲ့ အခန္းမွာထားၿပီး အေႏွာင့္အယွက္အနည္းဆုံး ျဖစ္ဖို႔လိုပါတယ္။
တစ္ခုသတိထားရမွာက အသက္ႀကီးပိုင္းေတြမွာ ေရာဂါတစ္ခုခု ခံစားၿပီး ေတာ္ေတာ္ၾကာတဲ့အထိ အသိ ေမ့တတ္တာ ျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ႀကီးပိုင္းေတြမွာ တစ္ခုခုခံစားရၿပီး တစ္လႏွစ္လၾကာတိုင္း ျပန္စစ္ေဆးဖို႔လိုအပ္ပါမယ္။
AUTHOR – Dr. CST
(Unicode)
အသိမေ့တယ်ဆိုတာ သတိမေ့တာနဲ့ မတူပါဘူး။ အသိမေ့တာက နေ့ချင်းညချင်း အကောင်းကြီးကနေ ရုတ်တ ရက်ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ အသိမေ့စေတဲ့ အကြောင်းအရာတွေ အများ ကြီးရှိပါတယ်။
ရောဂါပိုးများဝင်ခြင်း (ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ် အအေးမိခြင်း၊ ငှက်ဖျား၊ သွေးအဆိပ်တက်ခြင်း)
ရောဂါများ (အတက်ရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အသည်း ရောဂါ၊ သွေးအားနည်းခြင်း)
အာဟာရချို့တဲ့ခြင်း (ဗီတာမင် B1 ၊ B12 အားနည်းခြင်း၊ အငံဓာတ်များလွန်း နည်းလွန်းခြင်း၊ သကြား ဓာတ်များလွန်း နည်းလွန်းခြင်း)
ခေါင်းထိခိုက်ထားခြင်း
အောက်ဆီဂျင်လုံလောက်စွာမရရှိခြင်း
ရုတ်တရက် အရက်ဖြတ်ခြင်းဖြင့် စတာတွေဖြစ်နိုင်ပါတယ်။
အသိမေ့တဲ့အခါမှာ အလိုလိုဒေါသထွက်ခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ အိပ်ချိန်မူမ မှန်ခြင်း၊ စိတ်ကျခြင်း၊ မရှိတာတွေမြင်နေကြားနေခြင်း၊ ကိုယ့်ကိုယ်ကို မမှတ်မိခြင်း စတာတွေဖြစ်တတ်ပါတယ်။ ပိုဆိုးလာတာနဲ့အမျှ မှိန်းလာခြင်း၊ သတိလစ်ခြင်းတွေကိုပါ ခံစားရပါတယ်။
ဒီလက္ခဏာတွေအပြင် ဖြစ်စေတဲ့ ရောဂါအစရဲ့ လက္ခဏာတွေကိုလည်း တွေ့ရတတ်ပါတယ်။
အသိမေ့ခြင်းက စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့လည်း မှားနိုင်ပါတယ်။ အများအားဖြင့် ဘာရောဂါအခံရှိလဲ။ အရင် ကဒီလိုဖြစ်ဖူးလား။ အခုကအသိစိတ်ရောရှိနေလား ဆိုတာကိုပြန်ကြည့်ရပါမယ်။ အသိမေ့ခြင်းက ဆေးရုံတက် နေရတဲ့လူနာတွေမှာလည်း ကောက်ခါငင်ခါဖြစ်နိုင်ပါတယ်။
အပြင်မှာ ဖြစ်ရင်လည်း ဆေးရုံကိုအမြန်သွားဖို့ လိုပါ တယ်။ အသိမေ့တဲ့အခါ ဆီးသွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသဖြင့် လိုအပ်တာတွေတော့ လုပ်ဖို့လိုပါတယ်။ ဘာကြောင့်ဖြစ်လဲ သိဖို့ပါ နဂိုရောဂါအခံရှိတဲ့ သူတွေမှာလည်း ဒီရောဂါရဲ့ နောက်ဆက်တွဲလား၊ အခြားတစ်ခု ထပ်ဖြစ်တာလား ဆိုတာသိဖို့လိုပါတယ်။
ဖြစ်တဲ့အကြောင်းအရင်းကို ရှာပြီးကုရတာပါ။ ကုတဲ့အခါ လူနာကို စိတ်ဖိစီးမှုအနည်းဆုံး ဖြစ်အောင်ထားဖို့လိုပါ တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းမှာထားပြီး အနှောင့်အယှက်အနည်းဆုံး ဖြစ်ဖို့လိုပါတယ်။
တစ်ခုသတိထားရမှာက အသက်ကြီးပိုင်းတွေမှာ ရောဂါတစ်ခုခု ခံစားပြီး တော်တော်ကြာတဲ့အထိ အသိ မေ့တတ်တာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးပိုင်းတွေမှာ တစ်ခုခုခံစားရပြီး တစ်လနှစ်လကြာတိုင်း ပြန်စစ်ဆေးဖို့လိုအပ်ပါမယ်။
AUTHOR – Dr. CST