fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီပန်းပွင့်မနွမ်းစေချင်

2
VIEWS
Share on FacebookShare on Twitter
05/12/2016
in အမျိုးသမီး ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

(Zawgyi)

ဆရာဝန္သက္တမ္းတစ္ေလွ်ာက္ ေဆးခန္းထိုင္စဥ္အတြင္း အမ်ိဳးသမီးတစ္ခ်ိဳ႕ လာေရာက္ျပသေဆြးေႏြးၾကတဲ့ ကိစၥေတြထဲမွာ မလိုခ်င္ဘဲရလာတဲ့ ကိုယ္ဝန္ကိစၥ (Unwanted Pregnancy) ေတြလည္းပါပါတယ္။ တခ်ိဳ႕က်ေတာ့ ကိုယ္ဝန္မရေအာင္ ဘယ္လိုတားဆီး၊ ေနထိုင္ရမလဲဆိုတာကို သိရွိနားလည္ၿပီး      လိုက္နာက်င့္သုံးလို႔ လာေဆြးေႏြးၾကတာျဖစ္ပါတယ္။

က်ေနာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ကလည္း မိဘအုပ္ထိန္းမႈေအာက္က ကင္းလြတ္တဲ့ အမ်ိဳးသမီးငယ္တခ်ိဳ႕ဟာ မလြန္ဆန္ႏိုင္တဲ့ အေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အသစ္အဆန္းကို စမ္းသပ္ခ်င္တာေၾကာင့္   ပဲျဖစ္ျဖစ္၊ ကိုရီးယားဇာတ္လမ္းေတြထဲက မင္းသား၊ မင္းသမီးေတြကို အားက်မိတဲ့ Korea Syndrome ကူးစက္ခံရလို႔ပဲျဖစ္ျဖစ္ မ်ိဳးဆက္ပြား က်န္းမာေရးအသိမရွိဘဲ အိမ္ေထာင္မက်မီ လြန္က်ဴးမိတတ္တာေတြ အမ်ားႀကီး ရွိေနပါတယ္။ လြန္က်ဴးၿပီး ကိုယ္ေလးလက္ဝန္ရွိလာခဲ့ေတာ့မွ ေၾကာက္လန႔္ၿပီး ကိုယ္ဝန္ဖ်က္ခ်ဖို႔ ႀကံစည္ႀကိဳးစားလာၾကပါေတာ့တယ္။အဲ့ဒီအခါ နီးစပ္ရာ ေဆးခန္းေတြမွာ ကိုယ္ဝန္ပ်က္ႏိုးႏိုးနဲ႔ တားေဆးထိုးတာမ်ိဳး၊ ကိုယ္ဝန္ ဖ်က္ေပးသူ ( Abortionist) ဆီမွာ ဖ်က္ခ်တာမ်ိဳး၊ ေသြးပုပ္ခ်ေဆး ဆိုးတာမ်ိဳးေတြ မွီဝဲေသာက္သုံးတာမ်ိဳး၊ ကိုယ္လက္လႈပ္ရွားမႈ ျပင္း     ျပင္းထန္ထန္လုပ္တာမ်ိဳး စသည္ျဖင့္ စိတ္ကူတည့္ရာ ေလွ်ာက္လုပ္ၾကပါေတာ့တယ္။

ဒီအခါမွာ သႏၶသားေရာ၊ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေရာ အသက္အႏၲရာယ္ျဖစ္တဲ့အထိ ဒုကၡေတြ႕သြားတာမ်ိဳးေတြ ျဖစ္သြားတတ္ၾကပါတယ္။ က်ေနာ့္ဆီကို လာေဆြးေႏြးၾကတဲ့အခါ သႏၶေအာင္ၿပီးသူေတြကိုေတာ့ သူတို႔ဘယ္လိုပဲေျပာေျပာ လုပ္မေပးႏိုင္ဘူးလို႔ ရင္နာနာနဲ႔ ျငင္းလႊတ္ခဲ့ရတာခ်ည္းပါပဲ။ က်ေနာ္တို႔ ဆရာဝန္ေတြဟာ လူ႔အသက္ကယ္ဖို႔ သစၥာဆိုထားၾကသူေတြပါ။ လူ႔အသက္သတ္လို႔ လုံးဝမရပါဘူး။ ခြၽင္းခ်က္အေနနဲ႔ ေရာဂါတစ္ခုခုေၾကာင့္ မိခင္ေရာ ကေလးပါဒုကၡေရာက္ႏိုင္၊ အသက္အႏၲရာယ္ ႀကဳံရႏိုင္တဲ့ အေျခအေနတခ်ိဳ႕မွာေတာ့ သေႏၶသားပ်က္က်ေအာင္ တမင္ဖ်က္ခ်ေပးရတဲ့ Therapeutic Abortion ကိုလုပ္ေပးရတာေတြေတာ့ ရွိပါတယ္။ မိခင္ေရာ၊ ကေလးေရာ ရွင္သန္ႏိုင္တဲ့ အေျခအေနမွာ၊ ဘာမွမျဖစ္ႏိုင္တဲ့သူေတြမွာ ဒီ Therapeutic Abortion ကိုမလုပ္ရပါဘူး။ လက္ရွိဘဝေရာ၊ သံသရာအတြက္ပါ အျပစ္ျဖစ္ပါတယ္။ အခ်ိဳ႕မိန္းကေလးေတြဟာ အိမ္ေထာင္မက်မီ လြန္က်ဴးမိၾကလို႔ ကိုယ္ ဝန္ရွိလာတဲ့အခါ ေနာက္ဆက္တြဲ လူမႈေရးျပႆနာေတြ၊ ဓေလ့ထုံးတမ္း အစဥ္အလာေတြၾကားမွာ အရွက္ကို ဖုံးဖိဖို႔ ႀကိဳးစားၾကရင္း အသက္ပါ ပါသြားရတဲ့အျဖစ္ေတြကို မၾကာခဏ ၾကားသိေနရပါတယ္။

ဒါေတြဘာေၾကာင့္ ျဖစ္လဲဆိုေတာ့ မ်ိဳးဆက္ပြားက်န္းမာေရး အသိမရွိၾကလို႔ပဲ ျဖစ္ပါတယ္။ မ်ိဳးဆက္ပြားက်န္းမာေရးလို႔ ဆိုလိုက္ရင္ အရမ္းက်ယ္ျပန႔္တာမို႔ အခုက်ေနာ့္ ေဆာင္းပါးမွာေတာ့သိသင့္သိထိုက္ သေလာက္ဘဲ မွတ္သားရလြယ္ေအာင္ ေရးသားေပးပါမယ္။ ဒါဟာ မ်ိဳးဆက္ပြား က်န္းမာေရးအသိပညာေပး   ေဆာင္းပါး တစ္ပုဒ္ဆိုေပမယ့္ ပဋိသေႏၶတားဆီးႏိုင္ဖို႔ အတြက္ေလာက္ကိုပဲ ဦးတည္ေရးသြားမွာပါ။ က်န္တဲ့အပိုင္းေတြ အမ်ားႀကီးရွိပါလိမ့္မယ္။ ဒီလိုေရးရတဲ့ ရည္႐ြယ္ခ်က္ကလည္း ပဋိသေႏၶရၿပီးမွ ဖ်က္ခ်ၾကတာထက္ ပဋိသေႏၶမရခင္က စနစ္တက် ႀကိဳတင္ကာကြယ္တတ္ေစဖို႔အတြက္ကို ပိုရည္႐ြယ္တာျဖစ္ပါတယ္။ အဓိကေတာ့ လိင္ဆက္ဆံတာေတြကို တားဆီးမရႏိုင္တဲ့ အတူတူကိုယ္ဝန္ရၿပီးမွ ကေလးဖ်က္ခ်တာထက္ မရခင္က ႀကိဳကာကြယ္တတ္ရင္ ကေလးအသက္၊ လူႀကီးအရွက္ကို မထိခိုက္ေစလိုရင္း ရည္႐ြယ္ခ်က္ပါ။ မူလ မ်ိဳးဆက္ပြားက်န္းမာေရးရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္ေျပာတာထက္ အမ်ားႀကီး  ေလးနက္တဲ့အျပင္ အမ်ားႀကီး အဓိပၸါယ္ျပည့္ဝပါတယ္။

ဘယ္ကစေျပာရမလဲဆိုရင္ ကိုယ္ဝန္ဘာေၾကာင့္ရသလဲဆိုတာကေန စေျပာရမယ္ထင္ပါတယ္။ ကိုယ္ဝန္ဘာေၾကာင့္ရသလဲဆိုရင္ ေယာက်ာၤးရဲ႕လိင္ဆႏၵ   ျပည့္ဝတဲ့အခ်ိန္မွာ ထုတ္လႊတ္တဲ့ သုတ္ပိုးနဲ႔ မိန္းမရဲ႕မ်ိဳးဥေႂကြခ်ိန္မွာ သားဥႁပႊန္ထဲဆင္းလာတဲ့ မမ်ိဳးဥတို႔ ေပါင္းစပ္မိရာကေန ပဋိသေႏၶတည္၊ ကိုယ္ဝန္ စရေစပါတယ္။ ဒီလိုကိုယ္ဝန္ရႏိုင္ဖို႔အတြက္ ေယာက်ာၤးျဖစ္သူရဲ႕သုတ္ပိုးဟာ က်န္းမာသန္စြမ္းတဲ့ ပုံမွန္သုတ္ပိုးျဖစ္ရမွာ ျဖစ္သလို မိန္းမရဲ႕ မ်ိဳးဥဟာလည္း ပုံ မွန္သားဥႁပြန္ထဲမွာ အသင့္ေစာင့္ေနရမွာ ျဖစ္ပါတယ္။

မိန္းမေတြဟာ အသက္ ၉ ႏွစ္ေလာက္ကစၿပီး လစဥ္ဓမၼတာေသြးေပၚတတ္ပါတယ္။ ဒါဟာ ဦးေဏွာက္ထဲက Hypothalmus လို႔ေခၚတဲ့ အစိတ္အပိုင္းကေန GnRH ( Gonadotrophin Re-leasing Hormone) လို႔ေခၚတဲ့ အခ်က္ျပေဟာ္မုန္းထုတ္ေပးၿပီး အဲ့ေဟာ္မုန္းက Anterior Pituitary လို႔ေခၚတဲ့ အက်ိတ္ဂ လင္းကို လႈံ႕ေဆာ္ေပးတဲ့အခါ Gn( Gonadotrophin) ဆိုတဲ့ အခ်က္ျပေဟာ္မုန္းထြက္လာၿပီး မ်ိဳးပြားအဂၤါေတြကို ထပ္ဆင့္လႈံ႕ေဆာ္ေပးရာကေန စျဖစ္လာတာပါ။ ေသြးေပၚတဲ့အခါမွာ ၂၈ ရက္ျခားတစ္ခါျဖစ္ျဖစ္၊ တစ္လတစ္ခါျဖစ္ျဖစ္ ေသြးမဆုံးခင္အခ်ိန္ထိ ပုံမွန္ေပၚရပါတယ္။ တစ္ခါေပၚရင္ ၃ ရက္ကေန ၅ ရက္ထိ ေပၚတတ္ပါတယ္။

၂၈ ရက္တစ္ခါ ေသြးေပတယ္ပဲ ဆိုၾကပါစို႔။ ပုံမွန္အားျဖင့္ ေသြးေပၚၿပီး ၁၄ ရက္အၾကာမွာ မ်ိဳးဥစေႂကြပါတယ္။ မ်ိဳးဥေႂကြတယ္ဆိုတာ မ်ိဳးဥအိမ္ (Ovary) ထဲက မမ်ိဳးဥ (Ovum) က သားဥႁပြန္ (fallopian tube) ထဲကို ဆင္းလာတာကို ေခၚတာျဖစ္ပါတယ္။ ရာသီေသြးဆင္းတာကို မ်ိဳးဥေႂကြတယ္ (ဝါ) သားဥ   ေၾကြတယ္ လို႔ အမွတ္မွာေန ၾကတဲ့သူေတြရွိလို႔ ေျပာတာပါ။ ဓမၼတာလာတဲ့အခ်ိန္က မ်ိဳးဥေႂကြခ်ိန္လို႔  အမွတ္မွားၿပီး ဓမၼတာလာတဲ့အခ်ိန္ကို ကေလးရမွာစိုးလို႔ ေရွာက္ၾကတဲ့သူေတြ တကယ္ပဲရွိပါတယ္။ တကယ္ေတာ့ ဓမၼတာရာသီေသြးေပၚတာက မ်ိဳးဥေႂကြတာ မဟုတ္ပါဘူး။    က်ားသုတ္ပိုးနဲ႔ မေပါင္းစပ္ရတဲ့အတြက္ မမ်ိဳးဥက ပ်က္စီးသြားၿပီး သားအိမ္အတြင္းနံရေတြ ၿပိဳဆင္တာျဖစ္လို႔ အဲဒီ့အခ်ိန္မွာ လိင္ဆက္ဆံရင္ ဘယ္လိုမွ ကေလးမရႏိုင္ပါဘူး။
ရာသီေသြးေပၚၿပီး ၁၄ ရက္အၾကာမွာမွ မ်ိဳးဥစေႂကြပါတယ္။မ်ိဳးဥေႂကြတဲ့အခါ အမ်ိဳးသမီးေတြမွာကိုယ္အပူခ်ိန္အနည္းငယ္ျမင့္တက္တာ၊ ဆီးခုံတစ္ဝိုက္က    ေအာင့္တာ( Ovulation pain) လိင္ စိတ္ႏိုးႂကြတာမ်ိဳးေတြ ရွိပါတယ္။ စစ္တမ္းတစ္ခုအရ အမ်ိဳးသမီးအမ်ားစုဟာ အဲ့ဒီမ်ိဳးဥေႂကြခါနီးအခ်ိန္နဲ႔  မ်ိဳးဥေႂကြခ်ိန္မွာ သူတို႔ရဲ႕မ်က္ႏွာကို ပုံမွန္ထက္ပိုၿပီး စြဲေဆာင္မႈရွိေအာင္ ဖီးလိမ္းျပင္ဆင္ ထားတတ္ၾကပါသတဲ့။ အဲ့ဒီမ်ိဳးဥေႂကြၿပီး ၇ ရက္အတြင္းမွာ အကာအကြယ္မဲ့ လိင္ ဆက္ဆံခဲ့ရင္၊ တားေဆးမသုံးထားဘူး၊ တျခားခ်ိဳ႕ယြင္းခ်က္ေတြလည္း မရွိဘူးဆိုရင္ ေသခ်ာေပါက္ ကေလးရပါလိမ့္မယ္။

ေယာက်ာ္းတစ္ေယာက္ရဲ႕ လိင္ဆႏၵျပည့္ဝလို႔ တစ္ခါလႊတ္တဲ့သုတ္ရည္ထဲမွာ သုတ္ပိုးအေရအတြက္ ပ်မ္းမွ်သန္း ၃၀၀ (ျမန္မာတစ္ႏိုင္ငံလုံးလူဦးေရေတာင္မွ သန္း ၅၀ ပဲရွိတယ္) ေလာက္ပါပါတယ္။ အဲ့ဒီ သန္း ၃၀၀ ေလာက္ထဲကမွ က်န္းမာသန္စြမ္းတဲ့ သုတ္ပိုး ၃၀ ေလာက္သာ မိန္းမေမြးလမ္းေၾကာင္းအဂၤါ (Vagina tract)၊ သားအိမ္၀ (Cervix)၊ သားအိမ္ (Uterus) ကို ျဖတ္ၿပီး သားဥႁပြန္ (Fallopian tube) ထဲမွာရွိတဲ့ မမ်ိဳးဥဆီကို အေရာက္လွမ္းႏိုင္ပါတယ္။ အဲဒီ ဆန္ကာတင္ ၃၀ ထဲကမွ အသန္မာဆုံးသုတ္ပိုးတစ္ေကာင္ကသာ မမ်ိဳးဥနဲ႔ ေပါင္းစပ္ႏိုင္တာျဖစ္ၿပီး သေႏၶေအာင္တာ ျဖစ္ပါတယ္။ ဒီေနရာမွာ စကား စပ္လို႔ ေျပာခ်င္တာက အမႊာဆိုတဲ့ အေၾကာင္းပါ။ ပုံမွန္အားျဖင့္ မ်ိဳးဥကတစ္လမွ တစ္ဥသာ ပုံမွန္ဆင္းတတ္ၾကေပမယ့္ တခ်ိဳ႕မ်ိဳးဥေႂကြေဆးေၾကာင့္ပဲျဖစ္ျဖစ္၊     မ်ိဳး႐ိုးေၾကာင့္ပဲျဖစ္ျဖစ္ မမ်ိဳးဥ ႏွစ္ဥနဲ႔ အထက္ဆင္းလာတဲ့အခါမွာ အဲ့ဒီမမိ်ိဳးဥတစ္ခုစီကို အခုနက သုတ္ပိုး တစ္ေကာင္စီဝင္ၿပီး အမႊာသေႏၶ (Twin pregnancy, Multiple pregnancy) ေတြ ျဖစ္တတ္ပါတယ္။

အဲ့လို မမ်ိဳးဥအမ်ားႀကီးဆင္းတာမဟုတ္ဘဲ တစ္ဥထဲမွာကို သုတ္ပိုးႏွစ္ေကာင္နဲ႔အထက္ ဝင္မိရင္လည္း အမႊာျဖစ္တတ္ပါေသးတယ္။ ဒါေပမဲ့ အဲ့လိုတစ္ဥထဲမွာျဖစ္တဲ့ အမႊာက ႏွစ္ေယာက္လုံးရွင္တာ ရွိတယ္ဆိုေပမယ့္ႏွစ္ေယာက္လုံးမရွင္ဘဲ ပိုအားေကာင္းတဲ့ေကာင္ကမိခင္ဆီကေသြးပိုစုပ္ယူၿပီး မစုပ္ယူႏိုင္တဲ့   ေကာင္ကပိန္လွီေျခာက္ကပ္ၿပီး ေသသြားတတ္တာမ်ိဳးလည္း ရွိပါတယ္။အဲ့လို ပိန္လွီေျခာက္ကပ္ၿပီး ေသသြားတဲ့ကေလးကိုေတာ့ အရပ္အေခၚနဲ႔ လူေျခာက္ လို႔ေခၚၾကပါတယ္။ ဒါက ဗဟုသုတပါ။ အခုနက ျဖစ္စဥ္ကိုဆက္ရရင္ သားဥႁပြန္ထဲမွာ သေႏၶေအာင္တဲ့သားဥဟာ အဲ့ဒီႁပႊန္ထဲမွာရွိတဲ့ အေမႊးအျမႇင္ေတြရဲ႕ တြန္းပို႔မႈ၊ ႁပြန္ရဲ႕လႈပ္ခါမႈေတြေၾကာင့္ ႁပြန္ထဲကေန သားအိမ္ဆီကို ေ႐ြ႕လ်ားသြားၾကပါတယ္။ အဲ့လို မေ႐ြ႕လ်ားဘဲ ႁပႊန္ထဲမွာပဲ ဆက္သေႏၶတည္ေနရင္ဘဲျဖစ္   ျဖစ္ သားအိမ္ဘက္ကို သြားရမယ့္အစား ႁပႊန္အျပင္ဘက္ကို ေရာက္သြားၿပီး ဝမ္းဗိုက္ထဲကို ေရာက္သြားရင္ပဲျဖစ္ျဖစ္၊ ေနရာမွားၿပီး သေႏၶတည္တဲ့ Ectiopic pregnancy ဆိုတာ ျဖစ္လာပါတယ္။ ဒါဟာ အခ်ိန္မီမသိရွိရင္၊  သိေပမယ့္ အခ်ိန္မီ မခြဲစိတ္ႏိုင္ရင္ မိခင္အသက္ဆုံးရႈံးႏိုင္တဲ့ သားဖြားမီးယပ္ဆိုင္ရာအေရး   ေပၚအေျခအေနတစ္ခုပါ။

အခုနက သားဥႁပြန္ဆီကေန ဆင္းလာတဲ့ သေႏၶေအာင္သားဥဟာ သားအိမ္မွာရွိတဲ့ သေႏၶတည္မယ့္ေနရာ အေရာက္မွာ ရပ္တန႔္သြားၿပီး အသင့္ကာရံၿပီး  ခင္းထားတဲ့ သားအိမ္အတြင္း နံရံ (Endometrium) ထူထူမွာ အခ်င္း (Placenta) စတြယ္ပါတယ္။ ဒီအခ်င္းကေန HCG (Human Chorionic Gonadot- rophin) လို႔ေခၚတဲ့ ေဟာ္မုန္း ကိုထုတ္ေပးပါတယ္။ အဲ့ဒီေဟာ္မုန္းဟာ အခ်င္းကတစ္ဆင့္ မိခင္ရဲ႕ ဆီးထဲကို ေရာက္သြားပါတယ္။ ကိုယ္ဝန္ရွိ၊ မရွိ ဆီးစစ္ တယ္ဆိုတာ အခုနက့HCG ေဟာ္မုန္းဓာတ္ကို စစ္တာပါ။ကိုယ္ဝန္ရႏိုင္တဲ့အေၾကာင္းမရွိဘဲ ဆီးထဲမွာ HCG ေတြ႕ရင္ ေဟာ္မုန္းဆိုင္ရာ တျခားေရာဂါေတြ ရွိေနႏိုင္ပါတယ္။

အခုနကလို မ်ိဳးဥေလးေစာင့္ဆိုင္းေနတဲ့ တစ္ပတ္အတြင္းမွာ သေႏၶမေအာင္ခဲ့ရင္ မ်ိဳးဥေလးဟာ ပိန္ေျခာက္သြားၿပီး ပ်က္စီးသြားပါတယ္။ အဲ့လိုပ်က္စီးသြား   ၿပီး ဒီတစ္လအတြက္ သေႏၶေအာင္ဖို႔မရွိေတာ့ဘူးဆိုရင္ သေႏၶေအာင္ခဲ့ရင္ ေနရေအာင္ဆိုၿပီး ခင္းက်င္းထားတဲ့ ပန္းေမြ႕ယာေ႐ႊေကာေဇာ သားအိမ္အတြင္း နံရံဟာလည္း မ်ိဳးဥအေသေလးနဲ႔အတူ မိန္းမကိုယ္ကတဆင့္ ၿပိဳဆင္းသြားရပါေတာ့တယ္။ ဒါကို ရာသီေသြးေပၚတယ္၊ ဓမၼတာလာတယ္လို႔ ဆိုၾကတာပါ။ ရာသီေသြးေပၚၿပီး ေနာက္မ်ိဳးဥမေႂကြခင္အထိ သားအိမ္နံရံဟာ ေနာက္မ်ိဳးဥ သေႏၶေအာင္ခဲ့ရင္ အဆင္သင့္ အျမစ္တြယ္ ႀကီးထြားႏိုင္  ေအာင္ တျဖည္းျဖည္း ျပန္ထူလာခဲ့ပါတယ္။ အဲ့လိုမထူခဲ့ရင္ သေႏၶေအာင္ရင္ေတာင္မွ သေႏၶေအာင္တဲ့သားဥက သားအိမ္နံရံကို အခ်င္းနဲ႔ၿမဲၿမဲ မကုပ္တြယ္ႏိုင္ေတာ့တာမို႔ ကိုယ္ဝန္ပ်က္က်ၿပီး ကေလးမရႏိုင္ျဖစ္တတ္ပါတယ္။ အဲ့လိုပဲ မ်ိဳးဥက ေႂကြသားအိမ္နံရံကထူ၊ သေႏၶမေအာင္ရင္ မ်ိဳးဥေသ၊ သားအိမ္နံရံေႂကြဆင္းနဲ႔ ေသြးမဆုံးခင္အထိ သံသရာလည္ေနပါတယ္။ဒါေၾကာင့္ကေလးလိုခ်င္တယ္ဆိုရင္ မ်ိဳးဥေႂကြတဲ့အခ်ိန္မွာ အကာအကြယ္မဲ့ လိင္ဆက္ဆံရမွာျဖစ္ၿပီး ကေလးမလိုခ်င္ရင္   ေတာ့ မ်ိဳးဥေႂကြတဲ့အခ်ိန္မွာ အကာအကြယ္မဲ့ လိင္ဆက္ဆံတာကို ေရွာင္ရမွာျဖစ္ပါတယ္။ ဒီမ်ိဳးဥေႂကြတဲ့၊  သေႏၶ    ေအာင္တဲ့ ျဖစ္စဥ္ကို အေျခခံၿပီး ကိုယ္ဝန္မရေအာင္ ကာကြယ္တားဆီးႏိုင္တဲ့နည္းစနစ္ေတြ ေပၚလာရပါတယ္။

Health care / vol: 7/ no:38/ pg:21/ ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)

(Unicode)

 

ဆရာဝန်သက်တမ်းတစ်လျှောက် ဆေးခန်းထိုင်စဉ်အတွင်း အမျိုးသမီးတစ်ချို့ လာရောက်ပြသဆွေးနွေးကြတဲ့ ကိစ္စတွေထဲမှာ မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်ကိစ္စ (Unwanted Pregnancy) တွေလည်းပါပါတယ်။ တချို့ကျတော့ ကိုယ်ဝန်မရအောင် ဘယ်လိုတားဆီး၊ နေထိုင်ရမလဲဆိုတာကို သိရှိနားလည်ပြီး      လိုက်နာကျင့်သုံးလို့ လာဆွေးနွေးကြတာဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကလည်း မိဘအုပ်ထိန်းမှုအောက်က ကင်းလွတ်တဲ့ အမျိုးသမီးငယ်တချို့ဟာ မလွန်ဆန်နိုင်တဲ့ အကြောင်းကြောင့်ပဲဖြစ်ဖြစ် အသစ်အဆန်းကို စမ်းသပ်ချင်တာကြောင့်   ပဲဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွေထဲက မင်းသား၊ မင်းသမီးတွေကို အားကျမိတဲ့ Korea Syndrome ကူးစက်ခံရလို့ပဲဖြစ်ဖြစ် မျိုးဆက်ပွား ကျန်းမာရေးအသိမရှိဘဲ အိမ်ထောင်မကျမီ လွန်ကျူးမိတတ်တာတွေ အများကြီး ရှိနေပါတယ်။ လွန်ကျူးပြီး ကိုယ်လေးလက်ဝန်ရှိလာခဲ့တော့မှ ကြောက်လန့်ပြီး ကိုယ်ဝန်ဖျက်ချဖို့ ကြံစည်ကြိုးစားလာကြပါတော့တယ်။အဲ့ဒီအခါ နီးစပ်ရာ ဆေးခန်းတွေမှာ ကိုယ်ဝန်ပျက်နိုးနိုးနဲ့ တားဆေးထိုးတာမျိုး၊ ကိုယ်ဝန် ဖျက်ပေးသူ ( Abortionist) ဆီမှာ ဖျက်ချတာမျိုး၊ သွေးပုပ်ချဆေး ဆိုးတာမျိုးတွေ မှီဝဲသောက်သုံးတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှု ပြင်း     ပြင်းထန်ထန်လုပ်တာမျိုး စသည်ဖြင့် စိတ်ကူတည့်ရာ လျှောက်လုပ်ကြပါတော့တယ်။

ဒီအခါမှာ သန္ဓသားရော၊ ကိုယ်ဝန်ဆောင် အမျိုးသမီးရော အသက်အန္တရာယ်ဖြစ်တဲ့အထိ ဒုက္ခတွေ့သွားတာမျိုးတွေ ဖြစ်သွားတတ်ကြပါတယ်။ ကျနော့်ဆီကို လာဆွေးနွေးကြတဲ့အခါ သန္ဓအောင်ပြီးသူတွေကိုတော့ သူတို့ဘယ်လိုပဲပြောပြော လုပ်မပေးနိုင်ဘူးလို့ ရင်နာနာနဲ့ ငြင်းလွှတ်ခဲ့ရတာချည်းပါပဲ။ ကျနော်တို့ ဆရာဝန်တွေဟာ လူ့အသက်ကယ်ဖို့ သစ္စာဆိုထားကြသူတွေပါ။ လူ့အသက်သတ်လို့ လုံးဝမရပါဘူး။ ချွင်းချက်အနေနဲ့ ရောဂါတစ်ခုခုကြောင့် မိခင်ရော ကလေးပါဒုက္ခရောက်နိုင်၊ အသက်အန္တရာယ် ကြုံရနိုင်တဲ့ အခြေအနေတချို့မှာတော့ သန္ဓေသားပျက်ကျအောင် တမင်ဖျက်ချပေးရတဲ့ Therapeutic Abortion ကိုလုပ်ပေးရတာတွေတော့ ရှိပါတယ်။ မိခင်ရော၊ ကလေးရော ရှင်သန်နိုင်တဲ့ အခြေအနေမှာ၊ ဘာမှမဖြစ်နိုင်တဲ့သူတွေမှာ ဒီ Therapeutic Abortion ကိုမလုပ်ရပါဘူး။ လက်ရှိဘဝရော၊ သံသရာအတွက်ပါ အပြစ်ဖြစ်ပါတယ်။ အချို့မိန်းကလေးတွေဟာ အိမ်ထောင်မကျမီ လွန်ကျူးမိကြလို့ ကိုယ် ဝန်ရှိလာတဲ့အခါ နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကြားမှာ အရှက်ကို ဖုံးဖိဖို့ ကြိုးစားကြရင်း အသက်ပါ ပါသွားရတဲ့အဖြစ်တွေကို မကြာခဏ ကြားသိနေရပါတယ်။

ဒါတွေဘာကြောင့် ဖြစ်လဲဆိုတော့ မျိုးဆက်ပွားကျန်းမာရေး အသိမရှိကြလို့ပဲ ဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးလို့ ဆိုလိုက်ရင် အရမ်းကျယ်ပြန့်တာမို့ အခုကျနော့် ဆောင်းပါးမှာတော့သိသင့်သိထိုက် သလောက်ဘဲ မှတ်သားရလွယ်အောင် ရေးသားပေးပါမယ်။ ဒါဟာ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေး   ဆောင်းပါး တစ်ပုဒ်ဆိုပေမယ့် ပဋိသန္ဓေတားဆီးနိုင်ဖို့ အတွက်လောက်ကိုပဲ ဦးတည်ရေးသွားမှာပါ။ ကျန်တဲ့အပိုင်းတွေ အများကြီးရှိပါလိမ့်မယ်။ ဒီလိုရေးရတဲ့ ရည်ရွယ်ချက်ကလည်း ပဋိသန္ဓေရပြီးမှ ဖျက်ချကြတာထက် ပဋိသန္ဓေမရခင်က စနစ်တကျ ကြိုတင်ကာကွယ်တတ်စေဖို့အတွက်ကို ပိုရည်ရွယ်တာဖြစ်ပါတယ်။ အဓိကတော့ လိင်ဆက်ဆံတာတွေကို တားဆီးမရနိုင်တဲ့ အတူတူကိုယ်ဝန်ရပြီးမှ ကလေးဖျက်ချတာထက် မရခင်က ကြိုကာကွယ်တတ်ရင် ကလေးအသက်၊ လူကြီးအရှက်ကို မထိခိုက်စေလိုရင်း ရည်ရွယ်ချက်ပါ။ မူလ မျိုးဆက်ပွားကျန်းမာရေးရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်ပြောတာထက် အများကြီး  လေးနက်တဲ့အပြင် အများကြီး အဓိပ္ပါယ်ပြည့်ဝပါတယ်။

ဘယ်ကစပြောရမလဲဆိုရင် ကိုယ်ဝန်ဘာကြောင့်ရသလဲဆိုတာကနေ စပြောရမယ်ထင်ပါတယ်။ ကိုယ်ဝန်ဘာကြောင့်ရသလဲဆိုရင် ယောကျာၤးရဲ့လိင်ဆန္ဒ   ပြည့်ဝတဲ့အချိန်မှာ ထုတ်လွှတ်တဲ့ သုတ်ပိုးနဲ့ မိန်းမရဲ့မျိုးဥကြွေချိန်မှာ သားဥပြွှန်ထဲဆင်းလာတဲ့ မမျိုးဥတို့ ပေါင်းစပ်မိရာကနေ ပဋိသန္ဓေတည်၊ ကိုယ်ဝန် စရစေပါတယ်။ ဒီလိုကိုယ်ဝန်ရနိုင်ဖို့အတွက် ယောကျာၤးဖြစ်သူရဲ့သုတ်ပိုးဟာ ကျန်းမာသန်စွမ်းတဲ့ ပုံမှန်သုတ်ပိုးဖြစ်ရမှာ ဖြစ်သလို မိန်းမရဲ့ မျိုးဥဟာလည်း ပုံ မှန်သားဥပြွန်ထဲမှာ အသင့်စောင့်နေရမှာ ဖြစ်ပါတယ်။

မိန်းမတွေဟာ အသက် ၉ နှစ်လောက်ကစပြီး လစဉ်ဓမ္မတာသွေးပေါ်တတ်ပါတယ်။ ဒါဟာ ဦးဏှောက်ထဲက Hypothalmus လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ GnRH ( Gonadotrophin Re-leasing Hormone) လို့ခေါ်တဲ့ အချက်ပြဟော်မုန်းထုတ်ပေးပြီး အဲ့ဟော်မုန်းက Anterior Pituitary လို့ခေါ်တဲ့ အကျိတ်ဂ လင်းကို လှုံ့ဆော်ပေးတဲ့အခါ Gn( Gonadotrophin) ဆိုတဲ့ အချက်ပြဟော်မုန်းထွက်လာပြီး မျိုးပွားအင်္ဂါတွေကို ထပ်ဆင့်လှုံ့ဆော်ပေးရာကနေ စဖြစ်လာတာပါ။ သွေးပေါ်တဲ့အခါမှာ ၂၈ ရက်ခြားတစ်ခါဖြစ်ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် သွေးမဆုံးခင်အချိန်ထိ ပုံမှန်ပေါ်ရပါတယ်။ တစ်ခါပေါ်ရင် ၃ ရက်ကနေ ၅ ရက်ထိ ပေါ်တတ်ပါတယ်။

၂၈ ရက်တစ်ခါ သွေးပေတယ်ပဲ ဆိုကြပါစို့။ ပုံမှန်အားဖြင့် သွေးပေါ်ပြီး ၁၄ ရက်အကြာမှာ မျိုးဥစကြွေပါတယ်။ မျိုးဥကြွေတယ်ဆိုတာ မျိုးဥအိမ် (Ovary) ထဲက မမျိုးဥ (Ovum) က သားဥပြွန် (fallopian tube) ထဲကို ဆင်းလာတာကို ခေါ်တာဖြစ်ပါတယ်။ ရာသီသွေးဆင်းတာကို မျိုးဥကြွေတယ် (ဝါ) သားဥ   ကြွေတယ် လို့ အမှတ်မှာနေ ကြတဲ့သူတွေရှိလို့ ပြောတာပါ။ ဓမ္မတာလာတဲ့အချိန်က မျိုးဥကြွေချိန်လို့  အမှတ်မှားပြီး ဓမ္မတာလာတဲ့အချိန်ကို ကလေးရမှာစိုးလို့ ရှောက်ကြတဲ့သူတွေ တကယ်ပဲရှိပါတယ်။ တကယ်တော့ ဓမ္မတာရာသီသွေးပေါ်တာက မျိုးဥကြွေတာ မဟုတ်ပါဘူး။    ကျားသုတ်ပိုးနဲ့ မပေါင်းစပ်ရတဲ့အတွက် မမျိုးဥက ပျက်စီးသွားပြီး သားအိမ်အတွင်းနံရတွေ ပြိုဆင်တာဖြစ်လို့ အဲဒီ့အချိန်မှာ လိင်ဆက်ဆံရင် ဘယ်လိုမှ ကလေးမရနိုင်ပါဘူး။
ရာသီသွေးပေါ်ပြီး ၁၄ ရက်အကြာမှာမှ မျိုးဥစကြွေပါတယ်။မျိုးဥကြွေတဲ့အခါ အမျိုးသမီးတွေမှာကိုယ်အပူချိန်အနည်းငယ်မြင့်တက်တာ၊ ဆီးခုံတစ်ဝိုက်က    အောင့်တာ( Ovulation pain) လိင် စိတ်နိုးကြွတာမျိုးတွေ ရှိပါတယ်။ စစ်တမ်းတစ်ခုအရ အမျိုးသမီးအများစုဟာ အဲ့ဒီမျိုးဥကြွေခါနီးအချိန်နဲ့  မျိုးဥကြွေချိန်မှာ သူတို့ရဲ့မျက်နှာကို ပုံမှန်ထက်ပိုပြီး စွဲဆောင်မှုရှိအောင် ဖီးလိမ်းပြင်ဆင် ထားတတ်ကြပါသတဲ့။ အဲ့ဒီမျိုးဥကြွေပြီး ၇ ရက်အတွင်းမှာ အကာအကွယ်မဲ့ လိင် ဆက်ဆံခဲ့ရင်၊ တားဆေးမသုံးထားဘူး၊ တခြားချို့ယွင်းချက်တွေလည်း မရှိဘူးဆိုရင် သေချာပေါက် ကလေးရပါလိမ့်မယ်။

ယောကျာ်းတစ်ယောက်ရဲ့ လိင်ဆန္ဒပြည့်ဝလို့ တစ်ခါလွှတ်တဲ့သုတ်ရည်ထဲမှာ သုတ်ပိုးအရေအတွက် ပျမ်းမျှသန်း ၃၀၀ (မြန်မာတစ်နိုင်ငံလုံးလူဦးရေတောင်မှ သန်း ၅၀ ပဲရှိတယ်) လောက်ပါပါတယ်။ အဲ့ဒီ သန်း ၃၀၀ လောက်ထဲကမှ ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ၃၀ လောက်သာ မိန်းမမွေးလမ်းကြောင်းအင်္ဂါ (Vagina tract)၊ သားအိမ်၀ (Cervix)၊ သားအိမ် (Uterus) ကို ဖြတ်ပြီး သားဥပြွန် (Fallopian tube) ထဲမှာရှိတဲ့ မမျိုးဥဆီကို အရောက်လှမ်းနိုင်ပါတယ်။ အဲဒီ ဆန်ကာတင် ၃၀ ထဲကမှ အသန်မာဆုံးသုတ်ပိုးတစ်ကောင်ကသာ မမျိုးဥနဲ့ ပေါင်းစပ်နိုင်တာဖြစ်ပြီး သန္ဓေအောင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စကား စပ်လို့ ပြောချင်တာက အမွှာဆိုတဲ့ အကြောင်းပါ။ ပုံမှန်အားဖြင့် မျိုးဥကတစ်လမှ တစ်ဥသာ ပုံမှန်ဆင်းတတ်ကြပေမယ့် တချို့မျိုးဥကြွေဆေးကြောင့်ပဲဖြစ်ဖြစ်၊     မျိုးရိုးကြောင့်ပဲဖြစ်ဖြစ် မမျိုးဥ နှစ်ဥနဲ့ အထက်ဆင်းလာတဲ့အခါမှာ အဲ့ဒီမမျိုးဥတစ်ခုစီကို အခုနက သုတ်ပိုး တစ်ကောင်စီဝင်ပြီး အမွှာသန္ဓေ (Twin pregnancy, Multiple pregnancy) တွေ ဖြစ်တတ်ပါတယ်။

အဲ့လို မမျိုးဥအများကြီးဆင်းတာမဟုတ်ဘဲ တစ်ဥထဲမှာကို သုတ်ပိုးနှစ်ကောင်နဲ့အထက် ဝင်မိရင်လည်း အမွှာဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့ အဲ့လိုတစ်ဥထဲမှာဖြစ်တဲ့ အမွှာက နှစ်ယောက်လုံးရှင်တာ ရှိတယ်ဆိုပေမယ့်နှစ်ယောက်လုံးမရှင်ဘဲ ပိုအားကောင်းတဲ့ကောင်ကမိခင်ဆီကသွေးပိုစုပ်ယူပြီး မစုပ်ယူနိုင်တဲ့   ကောင်ကပိန်လှီခြောက်ကပ်ပြီး သေသွားတတ်တာမျိုးလည်း ရှိပါတယ်။အဲ့လို ပိန်လှီခြောက်ကပ်ပြီး သေသွားတဲ့ကလေးကိုတော့ အရပ်အခေါ်နဲ့ လူခြောက် လို့ခေါ်ကြပါတယ်။ ဒါက ဗဟုသုတပါ။ အခုနက ဖြစ်စဉ်ကိုဆက်ရရင် သားဥပြွန်ထဲမှာ သန္ဓေအောင်တဲ့သားဥဟာ အဲ့ဒီပြွှန်ထဲမှာရှိတဲ့ အမွှေးအမြှင်တွေရဲ့ တွန်းပို့မှု၊ ပြွန်ရဲ့လှုပ်ခါမှုတွေကြောင့် ပြွန်ထဲကနေ သားအိမ်ဆီကို ရွေ့လျားသွားကြပါတယ်။ အဲ့လို မရွေ့လျားဘဲ ပြွှန်ထဲမှာပဲ ဆက်သန္ဓေတည်နေရင်ဘဲဖြစ်   ဖြစ် သားအိမ်ဘက်ကို သွားရမယ့်အစား ပြွှန်အပြင်ဘက်ကို ရောက်သွားပြီး ဝမ်းဗိုက်ထဲကို ရောက်သွားရင်ပဲဖြစ်ဖြစ်၊ နေရာမှားပြီး သန္ဓေတည်တဲ့ Ectiopic pregnancy ဆိုတာ ဖြစ်လာပါတယ်။ ဒါဟာ အချိန်မီမသိရှိရင်၊  သိပေမယ့် အချိန်မီ မခွဲစိတ်နိုင်ရင် မိခင်အသက်ဆုံးရှုံးနိုင်တဲ့ သားဖွားမီးယပ်ဆိုင်ရာအရေး   ပေါ်အခြေအနေတစ်ခုပါ။

အခုနက သားဥပြွန်ဆီကနေ ဆင်းလာတဲ့ သန္ဓေအောင်သားဥဟာ သားအိမ်မှာရှိတဲ့ သန္ဓေတည်မယ့်နေရာ အရောက်မှာ ရပ်တန့်သွားပြီး အသင့်ကာရံပြီး  ခင်းထားတဲ့ သားအိမ်အတွင်း နံရံ (Endometrium) ထူထူမှာ အချင်း (Placenta) စတွယ်ပါတယ်။ ဒီအချင်းကနေ HCG (Human Chorionic Gonadot- rophin) လို့ခေါ်တဲ့ ဟော်မုန်း ကိုထုတ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းဟာ အချင်းကတစ်ဆင့် မိခင်ရဲ့ ဆီးထဲကို ရောက်သွားပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ် တယ်ဆိုတာ အခုနက့HCG ဟော်မုန်းဓာတ်ကို စစ်တာပါ။ကိုယ်ဝန်ရနိုင်တဲ့အကြောင်းမရှိဘဲ ဆီးထဲမှာ HCG တွေ့ရင် ဟော်မုန်းဆိုင်ရာ တခြားရောဂါတွေ ရှိနေနိုင်ပါတယ်။

အခုနကလို မျိုးဥလေးစောင့်ဆိုင်းနေတဲ့ တစ်ပတ်အတွင်းမှာ သန္ဓေမအောင်ခဲ့ရင် မျိုးဥလေးဟာ ပိန်ခြောက်သွားပြီး ပျက်စီးသွားပါတယ်။ အဲ့လိုပျက်စီးသွား   ပြီး ဒီတစ်လအတွက် သန္ဓေအောင်ဖို့မရှိတော့ဘူးဆိုရင် သန္ဓေအောင်ခဲ့ရင် နေရအောင်ဆိုပြီး ခင်းကျင်းထားတဲ့ ပန်းမွေ့ယာရွှေကောဇော သားအိမ်အတွင်း နံရံဟာလည်း မျိုးဥအသေလေးနဲ့အတူ မိန်းမကိုယ်ကတဆင့် ပြိုဆင်းသွားရပါတော့တယ်။ ဒါကို ရာသီသွေးပေါ်တယ်၊ ဓမ္မတာလာတယ်လို့ ဆိုကြတာပါ။ ရာသီသွေးပေါ်ပြီး နောက်မျိုးဥမကြွေခင်အထိ သားအိမ်နံရံဟာ နောက်မျိုးဥ သန္ဓေအောင်ခဲ့ရင် အဆင်သင့် အမြစ်တွယ် ကြီးထွားနိုင်  အောင် တဖြည်းဖြည်း ပြန်ထူလာခဲ့ပါတယ်။ အဲ့လိုမထူခဲ့ရင် သန္ဓေအောင်ရင်တောင်မှ သန္ဓေအောင်တဲ့သားဥက သားအိမ်နံရံကို အချင်းနဲ့မြဲမြဲ မကုပ်တွယ်နိုင်တော့တာမို့ ကိုယ်ဝန်ပျက်ကျပြီး ကလေးမရနိုင်ဖြစ်တတ်ပါတယ်။ အဲ့လိုပဲ မျိုးဥက ကြွေသားအိမ်နံရံကထူ၊ သန္ဓေမအောင်ရင် မျိုးဥသေ၊ သားအိမ်နံရံကြွေဆင်းနဲ့ သွေးမဆုံးခင်အထိ သံသရာလည်နေပါတယ်။ဒါကြောင့်ကလေးလိုချင်တယ်ဆိုရင် မျိုးဥကြွေတဲ့အချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံရမှာဖြစ်ပြီး ကလေးမလိုချင်ရင်   တော့ မျိုးဥကြွေတဲ့အချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကို ရှောင်ရမှာဖြစ်ပါတယ်။ ဒီမျိုးဥကြွေတဲ့၊  သန္ဓေ    အောင်တဲ့ ဖြစ်စဉ်ကို အခြေခံပြီး ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးနိုင်တဲ့နည်းစနစ်တွေ ပေါ်လာရပါတယ်။

Health care / vol: 7/ no:38/ pg:21/ ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Previous Post

သင်တို့ဘယ်လိုဆက်ဆံသင့်ပါသလဲ

Next Post

ကတိတစ်ခု ဆင်ခြင်ပြု

2
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း

18 hours ago

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

19 hours ago

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

22 hours ago

ကလေးများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအာဟာရဓာတ်များ။

23 hours ago

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

2 days ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

2 days ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
Next Post

ကတိတစ်ခု ဆင်ခြင်ပြု

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!