fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ခန္ဓာကိုယ်အနှံ့ ကျောက်တည်နိုင်တဲ့ နေရာတွေအကြောင်း

ခန္ဓာကိုယ်အနှံ့ ကျောက်တည်နိုင်တဲ့ နေရာတွေအကြောင်း

ဆီးလမ်းကြောင်းထဲမှာ သတ္ထု ဓာတ်တွေများပြားလာတဲ့အခါ (အထူးသဖြင့် ကယ်လ်ဆီယမ်) ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ကျောက်တွေဟာ ရှုးရှုးလုံးဝမထွက်နိုင်အောင် ဒါမှမဟုတ် လွယ်လွယ်နဲ့မသွားနိုင်လောက်အောင် ပိတ်ဆို့တဲ့အထိ အရွယ်အစားကြီးလာပြီဆိုရင် ခါးအောက်ပိုင်းက အလွန်တရာနာကျင်ခံခက်ဖြစ်တတ်ပါတယ်။

တခါတခါများဆိုရင် ရှုရှုးထဲမှာ သွေးပါတာ ဒါမှမဟုတ် ကျောက်စကျောက်နလေးတွေပါတာအထိ ဖြစ်နိုင်သတဲ့။ ကျောက်ကလေးတွေ အရွယ်အစားသေးတယ်ဆိုရင် သူ့ဟာသူ ဆီးထဲမှာပါသွားတတ်ပေမဲ့ အရွယ်အစားကြီးတယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှားဖို့ လိုကောင်းလိုလာနိုင်ပါသတဲ့။

အခု ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်တည်နိုင်တဲ့နေရာတွေ တခုချင်းအကြောင်းပြောပြပေးသွားပါမယ်။

၁။ လည်ချောင်း

လည်ချောင်းရဲ့အနောက်မှာ ရောဂါပိုးမွှားတွေကို ဖယ်ထုတ်စစ်ထုတ်ပေးတဲ့ အာသီးလို့ခေါ်တဲ့ တစ်သျှူး အလုံးလေးနှစ်ခုရှိပါတယ်။ အစားအစာတွေ အရေပြားအသေတွေနဲ့ အခြားအမှိုက်သရိုက်တွေ ဒီနေရာမှာစုပေါင်းမိပြီး မာကျောသွားတဲ့အခါ tonsilloliths လို့ခေါ်တဲ့ ကျောက်ကလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာ လည်ချောင်းနာတာ ခံတွင်းနံ့ဆိုးတာနဲ့ အာသီးရောင်ပြီးအဖြူ ကွက်လေးတွေပေါ်နေတာတွေ ရှိနေနိုင်တယ်။ သွားတိုက်တံ ဒါမှမဟုတ် ဂွမ်းဖတ်နဲ့ ဖြေးဖြေးလေး ဒီကျောက်မာမာလေးတွေကို ဖယ်ထုတ်ပစ်လို့ရပါတယ်။ ဆားငံရေနဲ့ ပလုတ်ကျင်းပစ်လို့လည်း ရပါတယ်။ တကယ်လို့ ဘယ်နည်းနဲ့မှ မရဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ လိုပါလိမ့်မယ်။

၂။ သည်းခြေအိတ်

ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းမှာရှိတဲ့ အိတ်သေးသေးလေးတခုဖြစ်တဲ့ သည်းခြေအိတ်ထဲမှာ အစာချေရည်တမျိုးဖြစ်တဲ့ သည်းခြေရည်တွေ သိုလှောင်ထားပါတယ်။ ကိုလက်စထရောနဲ့ ဘီလီရူဘင်ဆိုတဲ့ ဓာတ်တမျိုးပေါင်းစပ်တဲ့အခါ သည်းခြေကျောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် သေးသေးမွှားမွှားပဲဖြစ်ပြီး နာလည်းမနာ ဆေးကုဖို့လည်းမလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကျောက်တွေကြောင့် နာကျင်မှုဝေဒနာကို အလူးအလဲခံစားရပြီဆိုရင်တော့ သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားမှု ခံကောင်းခံရနိုင်ပါတယ်။

၃။ ဆီးဂလင်း (Prostate)

အမျိုးသားတွေမှာတာ့ ဒါဟာ ဆီးအိတ်အနီးက သေးငယ်တဲ့ ဂလင်းလေးတခုဖြစ်ပြီး သုက်ကောင်တွေကို ကာကွယ်ပေးမဲ့ အရည်တွေထုတ်ပေးပါတယ်။ ဒီနေရာမှာ တည်တဲ့ကျောက်တွေဟာ ဘိန်းစေ့အရွယ်လောက်ရှိပြီး သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အတွေ့ရပိုများပါတယ်။ များသောအားဖြင့် ဆေးကုသမှုခံယူဖို့ လိုအပ်လေ့မရှိပါဘူး။ ဒါပေမဲ့ အဆိုပါနေရာကို ပိုးဝင်ရောက်မှုဖြစ်ရင်တော့ ဆီးကျိတ်ရောင်ရမ်းမှုဖြစ်ပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာအချို့ ဖြစ်နိုင်ပါတယ်။ ဒီအခါကျရင်တော့ ပဋိဇီဝဆေးတွေနဲ့ဖြစ်ဖြစ် အခြားနည်းလမ်းနဲ့ဖြစ်ဖြစ် ကုသမှုခံယူဖို့ လိုလာနိုင်ပါတယ်။

၄။ ခံတွင်း

ဘာကြောင့်ရယ်မှန်း အတိအကျမသိရသေးပေမဲ့ ပါးစပ်ထဲမှာလည်း ကျောက်တည်တတ်ပါသတဲ့။ အဲဒီအခါမှာတော့ ရောင်ရမ်းကိုက်ခဲမှုတွေ ရှိပါတယ်။ အစားစားတဲ့အခါ တံတွေးထွက်စေမဲ့ပြွန်တွေကို ကျောက်တွေက ပိတ်ဆို့နေတတ်ပါတယ်။ သူလည်း အရမ်းကြီး မစိုးရိမ်ရပါဘူး။ ရေများများသောက်တာ ကျောက်ကိုရွေ့အောင် အပြင်ကနေနှိပ်တာ အချဉ်တခုခုစုပ်နေတာစသဖြင့် သက်သာစေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုမှ မသက်သာရင်တော့ ဆေးခန်းသွားပြီး အလွယ်တကူဖယ်ပစ်လိုက်လို့ရပါတယ်။

၅။ ပန်ကရိယ

မုန့်ချိုအိတ်လို့လည်း ခေါ်ကြသေးတဲ့ ဒီအင်္ဂါက ဗိုက်ရဲ့အလယ်နားမှာရှိပြီး အစာချေရည်အချို့ထုတ်ပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ သည်းခြေအိတ်ကလာတဲ့ကျောက်တွေဟာ ပန်ကရိယကိုရောက်လာပြီး ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ ဒီအခါ ဖျားနာတာ ပျို့အန်ချင်တာ သွေးခုန်နှုန်းမြန်တာ စတာတွေဖြစ်တတ်ပါတယ်။ အစားစားပြီးရင် ပိုခံရခက်လေ့ရှိတဲ့ ဗိုက်အောင့်တာမျိုးလည်း ကြုံ ရနိုင်ပြီး နာကျင်မှုဟာ ကေဘက်အထိ ပျံ့နှံ့နိုင်ပါတယ်။ ကျောက်က သူ့အလိုလိုမထွက်သွားဘူးဆိုရင်တော့ ဆေးကုသမှုခံယူပြီး ဖယ်ထုတ်ပစ်ဖို့ လိုပါလိမ့်မယ်။

၆။ နှာခေါင်း

ထူးထူးဆန်းဆန်း နှာခေါင်းထဲမှာလည်း ကျောက်တည်တတ်ပါသတဲ့။ ရှားတော့ ရှားတာပေါ့လေ။ ငယ်ငယ်လေးကတည်းက နှာခေါင်းထဲဝင်ထားပြီး ပြန်မထွက်သေးတဲ့အရာတခုခု ( ဥပမာ ခဲဖျက် သစ်စေ့ ကြယ်သီး သစ်သားစ စသဖြင့်) ဟာ နှစ်တွေကြာတဲ့အခါ နှာခေါင်းထဲဝင်လာတဲ့ သတ္တု ဓာတ်တွေကို ဆွဲယူပြီး တဖြေးဖြေးကြီးလာတတ်ပါတယ်။ တချိန်မှာတော့ နှာခေါင်းအရမ်းနာတာ ဒါမှမဟုတ် အနံ့ဆိုးတဲ့အရည်အချွဲတွေ နှာခေါင်းပေါက်တဖက်တည်းက ထွက်တာစသဖြင့် ခံစားရပါတော့တယ်။ ဒါကို ဆရာဝန်တွေအနေနဲ့ နှာခေါင်းထဲကြည့်တဲ့ ကိရိယာသုံးပြီး တွေ့နိုင်ပြီး ခွဲစိတ်မှုလုပ်ကာ ဖယ်ထုတ်နိုင်ပါတယ်။

၇။ သွေးပြန်ကြော

သွေးပြန်ကြောတွေဟာ ပုံမှန်အတိုင်း မဖွံ့ဖြိုး လာခဲ့ရင် ပြဿနာအချို့ ရှိလာနိုင်ပါတယ်။ အသားရောင် ဖြူ ဖတ်ဖြူ ရော် ဖြစ်တာ နာကျင်ကိုက်ခဲတာတွေကို ပါးစပ် နှုတ်ခမ်း ပါး ခေါင်း နဲ့ လည်ပင်းတဝိုက်မှာ ပိုမိုခံစားရလေ့ရှိနိုင်ပါတယ်။ ဘာကြောင့် သွေးပြန်ကြောတွေမှာ ကျောက်တည်နိုင်ရသလဲဆိုရင် ဒီနေရာတွေမှာ သွေးစီးဆင်းမှုဟာ အလွန်နှေးကွေးပြီး သွေးခဲတွေဖြစ်သွားနိုင်ကာ ကျောက်တွေဖြစ်တဲ့အထိ မာသွားနိုင်ပါတယ်။ ဒါမျိုးကတော့ ဆေးခန်းသွား ဆရာဝန်ပြဖို့လိုပြီး နောက်ခံအကြောင်းရင်းကို ရှာဖွေရပါမယ်။

၈။ ဝမ်းဗိုက်

တကယ်တမ်း ကျောက်တွေ ဒီလိုနေရာမှာ တည်တာ အတော်လေးရှားပါတယ်။ အချို့ဝမ်းဗိုက်ရောင်တဲ့ ရောဂါတွေကတော့ ကျောက်တည်ဖို့ကို အားပေးပါတယ်။ အစာအိမ်နှင့်အူတွေထဲမှာ ရောဂါကြောင့် မျိုးရိုးဗီဇကြောင့် အရင်ခွဲစိတ်မှုတွေကြောင့် ကျောက်တည်ဖို့ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ခွဲစိတ်မှုတွေနဲ့ ဖယ်ရှားနိုင်ပေမဲ့ ထပ်ကာထပ်ကာ ပြန်မဖြစ်ဖို့ကတော့ ဇစ်မြစ်အကြောင်းရင်းကို ရှာဖို့လိုပါလိမ့်မယ်။

ဒေါက်တာကောင်း