fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အကောင်းဆုံး အကိုက်အခဲပျောက်ဆေးဆိုတာ

164
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/06/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အကောင်းဆုံး အကိုက်အခဲပျောက်ဆေးဆိုတာ

Journal of Neuroscience မှာ ဖော်ပြပါရှိတဲ့ သုတေသနအသစ်တစ်ခုက ခုလို ဆိုပါတယ်။ အိပ်ရေးပျက်ခြင်းဟာ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုမိုဆိုးရွားစေပါသတဲ့။ ဒါဟာ အိပ်ရေးပျက်တဲ့အခါမှာ နာကျင်မှုကို သက်သာအောင် တုန့်ပြန်ပေးတဲ့ ဦးနှောက်ရဲ့စနစ်က ထုံထိုင်းသွားလို့လို့ဆိုပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ပေါ် သက်ရောက်မှု များစွာရှိပါတယ်။ အများစုသိထားတဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းတာ ၊ မှတ်ဉာဏ်ထိခိုက်တာတွေအပြင် အခုနောက်ဆုံးတွေ့ရှိချက်ကတော့ နာကျင်မှုကိုပိုပြီးခံစားရတစေတယ်ဆိုတာပါပဲ။

USA မှာဆိုရင် လူဦးရေရဲ့ ၂၀ % လောက်ဟာ ကာလကြာရှည် နာကျဉ်ကိုက်ခဲမှုကို ခံစားနေရသူများဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနာကျင်မှုတွေ သက်သာစေမဲ့ မူးယစ်စေတတ်တဲ့ဆေးတွေအသုံးလွန်ပြီး သေဆုံးနေရတာက တနေ့ကို အယောက် ၁၃၀ နီးပါးလောက် ရှိပါသတဲ့။

ဒီသုတေသနကို ကာလီဖိုးနီးယားတက္ကသိုလ် အာရုံကြောသိပ္ဗံ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Matthew Walker နဲ့ Doctorate ကျောင်းသားတဦးဖြစ်သူ Adam Krause တို့က ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ ငယ်ရွယ်ပြီး ကျန်းမာတဲ့သူ ၂၄ ဦး ပါဝင်စမ်းသပ်ခံခဲ့ပါတယ်။ သူတို့ရဲ့ ခြေထောက်တွေကို အပူပေးကာ နာကျင်မှုဖြစ်ပေါ်အောင် ပြုလုပ်တာဖြစ်ပြီး ဒီအချိန်မှာ နာကျင်မှုနဲ့သက်ဆိုင်တဲ့ ဦးနှောက်လှိုင်းတွေအပြောင်းအလဲကို လေ့လာကြပါတယ်။

လေ့လာမှုအစပိုင်းမှာတော့ တစ်ဦးတစ်ယောက်မှ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာဖြစ်ဖြစ် နာကျင်မှုဆိုင်ရာ ပြဿနာဖြစ်ဖြစ် မရှိခဲ့ကြပါဘူး။ ပထမဦးစွာ အိပ်ရေးဝဝ အိပ်စက်ထားပြီး နောက်တစ်ရက်မှာ တစ်ယောက်ချင်းစီရဲ့ နာကျင်မှုခံနိုင်စွမ်း (Pain Threshold) ကို မှတ်တမ်းယူပါတယ်။ အရေပြားကို ထိနေတဲ့ အပူပမာဏကို နည်းနည်းချင်းစီ တင်သွားရင်းနဲ့ပေါ့။ နာကျင်မှုခံနိုင်စွမ်းကို တွက်ယူလို့ရသွားပြီးတာနဲ့ ဒီပုံစံအတိုင်း နောက်တစ်ရက် ထပ်စမ်းပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ မစမ်းခင် တစ်ညလုံး ပေးမအိပ်ထားပါဘူး။ ဒီအခါမှာ အစဦးက ခံနိုင်ရည်ရှိတဲ့ အပူပမာဏခပ်ပျော့ပျော့ကိုတောင်မှ ခံနိုင်ရည် မရှိတော့တာ တွေ့ရပါတယ်။ ဒါဟာ အိပ်ရေးဝဝ မအိပ်စက်ထားခဲ့ရင် နာကျင်မှုကို ခံစားရနိုင်စွမ်း ပိုမိုမြင့်မားလာတာကို ပြသနေပါတယ်။

ဒဏ်ရာပမာဏက အတူတူ ဖြစ်ပေမဲ့ အိပ်ရေးမဝတဲ့အခါ ဦးနှောက်ရဲ့ တုန့်ပြန်မှုက မတူတာကို တွေ့မြင်နိုင်ပါတယ်။ ဦးနှောက်ရဲ့ နာကျင်တာကို သိနိုင်တဲ့အစိတ်အပိုင်းဖြစ်တဲ့ somatosensory cortex ဟာ အိပ်ရေးပျက်ထားရင် ပိုပြီးတော့ အလုပ်လုပ်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ခြင်းဟာ နာကျင်မှုကိုသိရှိဆောင်ရွက်တဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

နောက်ထပ်တွေ့ရှိတဲ့ အံ့သြဖွယ်ရာတချက်က အိပ်ရေးပျက်ပြီးတဲ့နောက်တရက်မှာ ဦးနှောက်ထဲက nucleus accumbens ဆိုတဲ့ အစိတ်အပိုင်းဟာ ပုံမှန်ထက် လုပ်ဆောင်မှုနှေးကွေးသွားတယ်ဆိုတာပါပဲ။ဒီအစိတ်အပိုင်းကနေ Dopamine ဆိုတဲ့ Neurotransmitter တစ်ခုထုတ်ပေးပါတယ်။ အဆိုပါ Dopamine က နာကျင်မှုတွေကို သက်သာစေပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။

ဒါကြောင့် Prof.Walker က ‘’အိပ်ရေးပျက်ခြင်းဟာ နာကျင်မှုတွေကို ပိုမိုခံစားတတ်စေယုံသာမက သဘာဝအတိုင်းနာကျင်မှုသက်သာအောင်လုပ်ပေးတဲ့စနစ်ကိုပါ ပိတ်ဆို့သွားစေတယ်လို့ “ ပြောခဲ့ပါတယ်။

နောက်ဆုံးထပ်တွေ့ရတာကတော့ Insula လို့ ခေါ်တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုအကြောင်းပါ။ ဒီအစိတ်အပိုင်းကနေ နာကျင်မှုသင်္ကေတတွေကို ဖတ်ပေးပြီး ခန္ဓာကိုယ်ကနေ အကောင်းဆုံးတုန့်ပြန်နိုင်အောင် ပြင်ဆင်ပေးပါတယ်။ ဒါပေမယ့် အိပ်ရေးပျက်ထားရင်တော့ အဆိုပါ Insula ဟာလည်း အလုပ်ပုံမှန် မလုပ်ပါဘူးတဲ့။

Krause ရဲ့ အပြောအရ ဒီ Insula ဟာ နာကျင်မှုတွေကို အမျိုးအစားခွဲခြားပေးပြီး အကိုက်အခဲသက်သာစေမယ့် ကိုယ်တွင်းပစ္စည်းတွေကို နာကျင်မှုဖြစ်ရာနေရာကို ပို့ပေးတဲ့ အရေးကြီးနေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေပိုမိုခိုင်မာစေဖို့ Amazon ရဲ့ ဝန်ထမ်း ၂၃၀ ကျော်နဲ့ ထပ်မံစမ်းသပ်ခဲ့ပါတယ်။ ပါဝင်သူတွေဟာ သူတို့ရဲ့ အိပ်စက်မှုပုံစံတွေနဲ့ နာကျင်မှုကိုခံစားရပုံတွေကို ပုံမှန်သတင်းပို့ပေးကြပါတယ်။ ဒီအခါမှာ အိပ်စက်တဲ့ပုံစံ နဲနဲလေးအပြောင်းအလဲဖြစ်တာတောင်မှ နာကျင်မှုကိုခံစားရတဲ့ပမာဏပါ အပြောင်းအလဲလိုက်ဖြစ်တာကိုတွေ့ရှိရပါတယ်။

ဒါကြောင့် ပရော်ဖက်ဆာ Walker က ခုလို မှတ်ချက်ချခဲ့ပါတယ်။

“ အိပ်စက်ခြင်းဟာ နာကျင်မှုဝေဒနာကို သက်သာလျော့ပါးစေတဲ့ သဘာဝကပေးတဲ့ အကိုက်အခဲပျောက်ဆေး တစ်ခုပါပဲ “

Dr.KG

Ref: https://www.medicalnewstoday.com/articles/324316.php

Previous Post

အရောင်တွေနဲ့ ဝိတ်ချကြမယ်

Next Post

H1N1 ကို ဘယ်လို ကာကွယ်ကြမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
840
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

H1N1 ကို ဘယ်လို ကာကွယ်ကြမလဲ

တုပ်ကွေး မကူးအောင် ဘယ်လို နှာခေါင်းစည်းကို သုံးမလဲ

တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျစည်းရမလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.