fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

တုပ်ကွေး မကူးအောင် ဘယ်လို နှာခေါင်းစည်းကို သုံးမလဲ

3
VIEWS
Share on FacebookShare on Twitter
22/06/2019
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

တုပ်ကွေး မကူးအောင် ဘယ်လို နှာခေါင်းစည်းကို သုံးမလဲ

ခုရက်ပိုင်း H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတဲ့နောက်မှာ ရာသီတုပ်ကွေးကာကွယ်ဆေး နဲ့ နှာခေါင်းစည်းတွေဟာ အရောင်းရဆုံး ကုန်ပစ္စည်းတွေဖြစ်လာပါတယ်။

ခုရက်ပိုင်း မြို့ထဲ သွားလာနေတဲ့သူ တွေ ကြည့်လိုက်ရင် အတော်များများကို နှာခေါင်းစည်းလေးတွေတပ်ထားတာကိုတွေ့ရမှာပါ။

တုပ်ကွေးကာကွယ်ဆေးကတော့ အတိုင်းအတာတခုထိဈေးရှိလို့ လူတချို့တဝက်လောက်ပဲ ဝယ်ထိုးနိုင်ပေမယ့် နှာခေါင်းစည်းတွေကိုတော့ လူအတော်များများဝယ်သုံးနိုင်ပါတယ်။ဝယ်လည်းသုံးကြပါတယ်။

ဒါပေမယ့်အဲ့လိုဝယ်သုံးတဲ့အခါ နှာခေါင်းစည်းအမျိုးအစားတွေက အမျိုးမျိုးရှိပြီး ဘယ်လိုနှာခေါင်းစည်းအမျိုးအစားကို သုံးရမလဲဆိုတာ တချို့သူတွေအနေနဲ့ ဇဝေဇဝါ ဝေခွဲမရဖြစ်တာမျိုးရှိပါတယ်။

ဒါကြောင့် ဒီတပတ်မှာ နှာခေါင်းစည်းတွေအကြောင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

နှာခေါင်းစည်းအမျိုးအစားအများကြီးရှိပေမယ့် ကျွန်တော်တို့ဆီမှာ အသိများကြတာကတော့ အဝတ်နှာခေါင်းစည်း၊ဆေးရုံဆေးခန်းသုံး သို့မဟုတ် တခါသုံး နှာခေါင်းစည်း နဲ့ N95 နှာခေါင်းစည်း ၃မျိုးဖြစ်ပါတယ်။

အဝတ်နှာခေါင်းစည်း ဆိုတာကတော့ ဆွဲသားပိတ်စနဲ့ချုပ်ထားတဲ့နှာခေါင်းစည်းဖြစ်ပါတယ်။

အတွင်းသားက အဖြူဖြစ်ပြီး အပြင်ကတော့ အနက်ရောင်၊ရွှေရောင်၊အနီရောင် စသဖြင့် ဒီဇိုင်းကာလာ အမျိုးမျိုးရှိပါတယ်။

ပြန်လျှော်ပြီးသုံးနိုင်ပါတယ်။

သို့ပေမယ့် ဒီ ပိတ်စနှာခေါင်းစည်းအမျိုးအစားက စတိုင်ထုတ်ဖို့အတွက်လောက်သာကောင်းပါတယ်။

ဘာလို့လဲဆိုတော့ လက်ကိုင်ပဝါ သာသာလောက်သာ အစွမ်းရှိပြီး ရောဂါပိုးဝင်ရောက်ကူးစက်မှုကို အနည်းငယ်မဖြစ်စလောက်သာ ကာကွယ်ပေးနိုင်လို့ပါ။

ဒါ့အပြင် တပ်ချင်တဲ့အခါ တပ်လိုက်၊မတပ်တဲ့အခါ အိတ်ထဲ သို့မဟုတ် တနေရာရာပေါ်တင်ထားလိုက် ချိတ်ထားလိုက် လုပ်တဲ့အခါ၊ ပုံမှန်လျှော်ဖွတ်နေပူလှန်းခြင်းမရှိတဲ့အခါတွေမှာ အမှုန်အမွှားတွေ၊မှိုပိုးတွေ၊ဖုန် တွေဟာ နှာခေါင်းစည်းမှာ တွယ်ကပ်နေနိုင်ပြီး ကိုယ့်ရောဂါ ကိုယ်ရှာသလိုလည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင်တော့ အဝတ်နှာခေါင်းစည်းကို မသုံးတာပိုကောင်းပါမယ်။

ဆေးရုံဆေးခန်းသုံး သို့မဟုတ် တခါသုံး နှာခေါင်းစည်း(Disposable surgical mask) ကတော့ ရောဂါပိုးမွှားအမှုန်အမွှားတွေကိုစစ်ပေးနိုင်တဲ့အလွှာလေးပါပြီး စနစ်တကျသုံးရင် ရောဂါပိုးဝင်ရောက်ကူးစက်မှုကို ၇၀ ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ပါတယ်။

သို့ပေမယ့် အရွယ်အစားကြီးမားတဲ့ အမှုန်အမွှားတွေ ပိုးမွှားတွေဝင်ရောက်ကူးစက်မှုကိုသာကာကွယ်ပေးနိုင်ပြီး အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေ၊ပိုးမွှားတွေ ဝင်ရောက်ကူးစက်မှုကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။

အရွယ်အစားတမျိုးပဲလာပြီး တချို့သူတွေမှာတပ်ရင် အနည်းငယ်လျော့တိလျော့ရဲနိုင်တာမျိုးဖြစ်နိုင်ပါတယ်။၈နာရီကြာအောင်ထိသုံးနိုင်ပြီး ၈နာရီပြည့်သွားရင်တော့ စွန့်ပစ်ဖို့လိုပါမယ်။

N95 နှာခေါင်းစည်းကတော့ အဆင့်မြင့် အထူးနှာခေါင်းစည်းဖြစ်ပါတယ်။N95 Respirator လို့လည်းခေါ်ပါတယ်။

သေးငယ်တဲ့အမှုန်အမွှားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်တားဆီးဖို့သေချာဒီဇိုင်းထုတ်ထားတဲ့ နှာခေါင်းစည်းဖြစ်ပါတယ်။အရွယ်အစား 0.3 micron နဲ့အထက်ရှိတဲ့အရာမှန်သမျှကို ၉၅ရာခိုင်နှုန်းထိ စစ်ထုတ်ကာကွယ်ပေးနိုင်ပါတယ်။

တနေ့ သုံးနာရီလောက်ပဲ သုံးဖြစ်တယ်ဆိုခဲ့ရင်  စည်းပြီး သေချာပြန်သိမ်းပါက နှာခေါင်းစည်းတခုကို နှစ်ပတ် သုံးပတ် လောက်ထိအသုံးခံပါတယ်။

စည်းတဲ့အချိန်ကြာတယ်၊လေထုညစ်ညမ်းမှုကလည်းတအားများတယ်ဆိုရင်တော့ စောစောအသစ်တခုလဲရနိုင်ပါတယ်။

အရွယ်အစားအနေနဲ့ အသေး၊အလတ်၊အကြီး အရွယ်အစား၃မျိုးရှိတဲ့အတွက် စည်းလိုက်ရင် တခါသုံးနှာခေါင်းစည်းတွေလို အနည်းငယ်လျော့တိလျော့ရဲ့ဖြစ်တာမျိုးမရှိဘဲ မျက်နှာပေါ်မှာ ချပ်ချပ်ရပ်ရပ် သေသေသပ်သပ်ကပ်နေပါတယ်။

ဒီလိုချပ်ချပ်ရပ်ရပ်ကပ်ပြီး လုံနေတဲ့အတွက် နှစ်နာရီလောက်ဆိုရင် အသက်ရှုကြပ်လာလေ့ရှိတတ်ပါတယ်။ဒါကြောင့် ၂နာရီ ပြည့်တာနဲ့ ခဏလှပ်ထားပေးဖို့ လိုပါတယ်။

တချို့သော ကလေးငယ်တွေအတွက်ဆိုရင် အဆင်သိပ်မပြေနိုင်ပါ။

ဈေးအနေနဲ့ကလည်း တခါသုံး နှာခေါင်းစည်းတွေနဲ့ယှဉ်ရင် အများကြီးပိုများပါတယ်။

ဒါ့အပြင် တခါတရံ ဝယ်ရခက်တာမျိုးနဲ့လည်းကြုံရနိုင်ပါတယ်။ဆေးဆိုင်တိုင်းမှာ မရတတ်ပါ။

ခုလောလောဆယ်ဖြစ်နေတဲ့ H1N1 ကိုကာကွယ်ဖို့ အထက်မှာဖော်ပြခဲ့တဲ့ နှာခေါင်းစည်း ၃မျိုးထဲက ဘယ်နှာခေါင်းစည်းကို သုံးရမလဲဆိုတာအကြံပေးရရင်တော့

ဆေးရုံဆေးခန်းသုံးနှာခေါင်းစည်း ခေါ် တခါသုံးနှာခေါင်းစည်း ကို သုံးရင်ရပါတယ်လို့ ကျွန်တော့် အနေနဲ့ အကြံပေးလိုပါတယ်။

အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေ၊ပိုးမွှားတွေ ဝင်ရောက်ကူးစက်မှုကိုတော့ ကာကွယ်မပေးနိုင်ဘူးဆိုပေမယ့် ခုဖြစ်နေတဲ့ H1N1 ဗိုင်းရပ်စ်ပိုးအရွယ်အစားက တခါသုံးနှာခေါင်းစည်းက စစ်ထုတ်ကာကွယ်ပေးနိုင်တဲ့အထဲမှာ ပါပါတယ်။

ဈေးအနေနဲ့လည်းပေါသလို ဝယ်ရတာလည်း လွယ်ပါတယ်။ဆေးဆိုင်တိုင်းမှာ ရနိုင်ပါတယ်။

Dr 528

Previous Post

H1N1 ကို ဘယ်လို ကာကွယ်ကြမလဲ

Next Post

တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျစည်းရမလဲ။

3
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

5 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

6 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

7 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျစည်းရမလဲ။

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!