fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးချိုရောဂါနှင့်အလွဲများ

266
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/04/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သည်တစ်ပတ် မင်္ဂလာမောင်မယ်ကျန်းမာရေး စကားဝိုင်းမှာ ဆီးချိုရောဂါနှင့်အလွဲများအကြောင်း ဆွေး နွေးထားပါတယ်။

မောင် – ဆီးချိုရောဂါနေ့က ဘယ်နေ့လဲဆရာ။ ကမ္ဘာမှာဆီးချိုရောဂါရှင် ဘယ်လောက်ရှိသလဲဆရာ။
ဒေါက်တာမင်္ဂလာ – ကမ္ဘာ့ဆီးချိုနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက်ဆောင်ပုဒ်ကဆီးချိုနဲ့ မျက်စိ (Eye on diabetes) ဖြစ်တယ်။ ကမ္ဘာပေါ်မှာဆီးချိုရောဂါရှင် သန်း၄၀၀ကျော်ရှိပြီး ဆီးချိုအမျိုးအစား(၂) ရောဂါအဓိကဖြစ်ပွားကာ ၂၀၄၀ ခုနှစ်မှာ လူဦးရေသန်း ၆၄၀ခန့် ဆီးချိုရောဂါခံစားကြရလိမ့်မယ်ဆိုတယ်။

မယ် – ဆီးချိုဖြစ်ရင် သကြားလုံးမစားသင့်ဘူးလးဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုရှိရင် သကြားစားလိုရင်စားနိုင်ပါတယ်။ အလွန်အကျွံမဟုတ်၊ အနည်းငယ်ထည့်စားလို့ ရပါတယ်။ အချို့ ဆီးချိုစားသောက်ပြီးရင် အချိုဓာတ်နည်းသွားလို့သကြား၊ သကြားလုံးဆောင်ထားရတာ၊ စားရ တာတွေရှိတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်လုံးဝမထည့်စားသင့်ပါ။ ပါဝါအားဖြည့်အချိုရည်များ၊ ဘီယာ၊ အရက် များရှောင်ရပါမယ်။

မောင် – ဆီးချိုကိုပေါ့ပေါ့ဆဆနဲ့ ဆီးချိုလေးနည်းနည်းဖြစ်တာပါ လုပ်နေလို့မသင့်ဘူး ဆိုတာကရော။
ဒေါက်တာမင်္ဂလာ – ဆီးချိုလေးနည်းနည်းပါးပါးဆိုခြင်းဟာ ကိုယ်ဝန်လေးနည်းနည်းရှိတာပါလို့ ပြောတာနဲ့အ သွင်တူတယ်။ နည်းနည်းရှိခြင်းဟာ နောင်တစ်ချိန်များများရှိမယ့်သဘောဖြစ်တယ်။ ကနဦးအစကတည်းကနိုင် နိုင်နင်းနင်းကုသနိုင်တယ်။
မယ် – “နေကောင်းနေတာပဲ၊ ဆီးချိုပူစရာမလိုပါဘူး” ဆိုတာကရောဆရာ၊ အချို့ကဆီးချိုကဝမ်းချုပ်သလိုထင် တာ။
ဒေါက်တာမင်္ဂလာ – သွေးအတွင်းသကြားဓာတ်များပြားခြင်း၊ နည်းပါးခြင်းတို့ကြောင့် အခါခပ်သိမ်းသိသာတဲ့ လက္ခဏာပြမှာမဟုတ်ဘူး။ လက္ခဏာမပေါ်တဲ့၊ ဆီးချိုပြဿနာက ရှိနေမယ်။ ဆီးချိုသည်လူနာအနေနဲ့နေ ကောင်းနေတဲ့တိုင် ပေါ့ပေါ့လျော့လျော့နေလို့မရဘူး။ အမြဲမပြတ်ဆီးချိုတိုင်းလို့၊ ဆီးချိုဆေးမှီဝဲသင့်ပါတယ်။

မောင် – “ကိုယ့်ဘာသာဆီးချိုစစ်လဲပြီးတာပဲ၊ ဆရာဝန်သွားပြစရာမလိုဘူး လို့ဆင်ခြင်ပေးတာကရော ဆရာ။”
ဒေါက်တာမင်္ဂလာ – ဆေးပညာနယ်ပယ်မှာ ဆီးချိုနှင့်ပတ်သက်ပြီးအသစ်အသစ်တွေ အမြဲရှိတယ်။ ဆီးချိုကိုအ ကောင်းဆုံးရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေမကြာမကြာ ထွက်ပေါ်နေမယ်။ ဆေးခန်းသွားပြီး ကျွမ်းကျင်ဆရာဝန် ထံပုံမှန်စစ်ဆေးမှုခံယူခြင်းဟာ မိမိမမြင်သာတဲ့ ပြဿနာများတွေ့ရှိလာနိုင်သလို၊ ပိုကောင်းတဲ့ကုသနည်း၊ နေ ထိုင်နည်းများကိုဆရာဝန်ထံ အကြံဉာဏ်ရရှိနိုင်လို့ မှန်မှန်သွားပြသသင့်ပါတယ်။

မယ် – အချို့ကလဲ အင်ဆူလင်ဆေးတွေမသုံးရတဲ့အဆင့်မှာ ဆီးချိုစိုးရိမ်စရာမရှိဘူးဆိုတာ မှန်သလားဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုဟာ အမြဲတစေသတိထားရမယ့် ရန်သူမျိုးဖြစ်တယ်။ ပေါ့ပေါ့တွက်လို့မရပါဘူး။ လေ့ ကျင့်ခန်းမှန်မှန်နေ့စဉ်နာရီဝက် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးလုပ်ပေးသင့်ပါတယ်။ သွေးအတွင်းသကြား ဓာတ်ဟာလက်ခံနိုင်တဲ့ ကျန်းမာတဲ့ဘောင်အတွင်းမှာ ရှိနေတာမှန်ပေမယ့် ကိုယ်တိုင်ကစနစ်တကျ နေထိုင်ခြင်း မရှိတာနဲ့ သွေးအတွင်းသကြားဓာတ်ဟာကျန်းမာရေးဘောင်အတွင်းမှ ကျော်ထွက်သွားနိုင်ပါတယ်။

မောင် – ဆီးချိုလူနာရှင်တွေဟာ ပုံမှန်လူတွေလို သက်တမ်းစေ့မနေနိုင်ဘူးလို့ ဆိုထားသလားဆရာ။
ဒေါက်တာမင်္ဂလာ – မဆိုထားပါဘူး။ သာမန်လူတွေကို သက်တမ်းစေ့နေနိုင်ပါတယ်။ အချို့အသက် ၉၀ ကျော် ဆီးချိုဆေးသောက်နေရတာပဲ နှစ် ၆၀ကျော်ဆေးသောက်ရင်း အစားအသောက်ဆင်ခြင်ရင်း နေထိုင်သွားကြပါ တယ်။ ဆီးချိုမှတ်ဟာ သာမန် ၇၅ မှ ၁၇၅ မီလီဂရမ်ရာနှုန်းအတွင်းရှိနေဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်။

စမတ်ကျကျနေထိုင်စားသောက်ဖို့ လိုတယ်။ ဆီးချိုရှိတယ်ဆိုတိုင်း မိမိကြိုက်တဲ့အစားအစာအားလုံး စွန့်လွှတ်ဖို့ မလိုပါ။ မိမိကြိုက်တာတွေ အကန့်အသတ်နဲ့စားသောက်နိုင်ပါတယ်။ သွေးအတွင်းသကြားဓာတ်ပုံမှန်အတိုင်းအ တာအတွင်းဝင်အောင် ထိန်းထားနိုင်မယ့် သမမျှတတဲ့ စားသောက်မှုပုံစံမျိုးဖြစ်ဖို့ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဘယ်အစားအစာကိုမျှ အလွန်အကျွံမစားသင့်ပါဘူး။ မိမိသွေးအတွင်း သကြားဓာတ်ဘယ်လောက်အထောက် အကူရှိတာကိုမှတ်သားပြီး အဆင်ပြေအောင်ထိန်းညှိစားသုံးဖို့လိုပါတယ်။ အစားတွေအကုန်ရှောင်စားစရာမလို အပ်ပါဘူး။

မယ် – ဆီးချိုမျိုးရိုးရှိရင် ဂရုစိုက်စရာမလိုပါဘူးဆိုတာကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုဟာမျိုးရိုးလိုက်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ အဖေမှာဆီးချိုရှိရင် သားများမှာရှိတတ် တယ် (သို့) သမီးကမွေးတဲ့သားယောကျ်ားတစ်ဝက်မှာ ရှိတတ်တယ်။ အမေမှာရှိရင် သမီးတစ်ဝက်နဲ့သားတစ် ဝက်တွေမှာ (သို့) မြေးမိန်းကလေးတစ်ဝက်မှာ ဆီးချိုရှိနိုင်ပါတယ်။ မိဘနှစ်ပါးမှာ ဆီးချိုရှိရင်တော့သားသမီးမှာ ရှိဖို့အခွင့်အရေးများသွားတယ်။

မောင် – အားကစားနဲ့ ဆီးချိုအကြောင်းရှင်းပြပါဦးဆရာ။ အချို့ကဒဏ်ရာမရအောင် အားကစားမလုပ်ရဘူးဆို။
ဒေါက်တာမင်္ဂလာ – အားကစားလုပ်သင့်တယ်။ ဒဏ်ရာ၊ အနာတရဖြစ်အောင်မလုပ်သင့်ဘူး။ ခန္ဓာကိုယ်ကြွက် သားနှလုံးနှင့် သွေးကြောအဖွဲ့၊ အမြဲတက်ကြွလန်းဆန်းနေဖို့ အလုပ်ပေးထားရမယ်။ ပိုလျှံတဲ့ ကယ်လိုရီတွေက အဝလွန်ခြင်းဘဝမှ ကင်းဝေးစေဖို့။ နေ့စဉ်နာရီဝက်အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာဆီးချိုသမားအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းပဲဖြစ်တယ်။

မယ် – ဆီးချိုဖြစ်ရင် ခြေထောက်အနာ၊ ဒဏ်ရာတွေဂရုစိုက်စရာမလိုဘူးဆိုတာ မဟုတ်ဘူးပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုဖြစ်ရင်လက်သည်းညှပ်တာ၊ ခြေသည်းညှပ်တာ ဂရုစိုက်ဖို့အချိန်ပေးညှပ်ဖို့ လိုတယ်။ ခြေထောက်မှာဒဏ်ရာ၊ လက်ဒဏ်ရာ (သို့) ဒဏ်ရာတစ်ခုခုဖြစ်ရင် လျှော့မတွက်သင့်ပါဘူး။ စနစ်တကျအရက်ပျံ တင်ချာနဲ့ဆေးကြောသန့်စင်ပြီး အနာဆေးထည့်ဖို့လိုအပ်သလို ယင်းဒဏ်ရာများနောက်ထပ် ထပ်ပြီးမဖြစ်စေဖို့ လိုအပ်ပါတယ်။

မောင် – ဆီးချိုရှိရင် အနာကျက်တာကြာတယ်လို့ ဆိုတာကရောဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုရှိရင် ပဋ္ဋိဇီဝဆေးအနာကျက်ဆေးများ သတ်မှတ်ညွှန်းအတိုင်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သောက်ပေးဖို့လိုပါတယ်။ ဆီးချိုလူနာဟာ ပိုးမွှားများဘက်တီးရီးယား၊ ဖန်းဂတ်မှိုများ အလွယ်တကူ ပေါက်ပွားနိုင်တဲ့ အခြေအနေ၊ အနာ့ပဆုပ်ဖြစ်ရင်၊ ဆီးချိုကိုထိန်းနိုင်မှ လှီးထုတ်သင့်ပါတယ်။ ဆေးကျွေးရင်း၊ မှန် မှန်ဆေးထည့်ပေးဖို့လိုပါတယ်။ ဆီးချိုသောက်ဆေး မက်ဖော်မင်နေ့စဉ်တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးဖို့ လိုတယ်။

မယ် – ဆီးချိုသည် လူနာတစ်ယောက်၊ လိုက်နာသင့်တာမရှိဘူးဆိုတာ မဟုတ်ဘူးပေ့ါဆရာ။
ဒေါက်တာမင်္ဂလာ – ပစ်စလတ်ခနေရင် အသက်တိုမယ်၊ ဆီးချိုအတွက်ဆန်၊ ဘီစကစ်၊ အချိုရည်၊ အစားအစာရှိ တယ်။ ဆရာဝန် (မိသားစုဆရာဝန်) ထားရှိပြီး သွားရောက်ပြသပြီး ညွှန်ကြားချက်ရယူသင့်တယ်။ လူနာအ တွက်သက်တမ်းစေ့နေနိုင်ကြောင်း နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်ကောင်းလိုအပ်ပါမယ်။

Author: ဒေါက်တာမင်္ဂလာ (Vol-8 / No-6) Healthcare Journal

Previous Post

အမျိုးသမီးတွင်ဖြစ်သောလိင်မှကူးစက်ရောဂါများ

Next Post

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကတွင် ပြုလုပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Nurse Hasehi. S. Pori administers a RTS,S malaria vaccine to Shaffir Saidi,, at the Bagamoyo District Hospital in Tanzania on June 28, 2011. Currently in it’s trial phase RTS,S is the world’s most clinically advanced malaria vaccine candidate, a result of a groundbreaking partnership between leading African research institutions, and Northern academic partners.

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကတွင် ပြုလုပ်

ကလေးများအာဟာရဖွံ့ဖြိုးရေး

ကလေးဘဝကာကွယ်ဆေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.