ကလေးဘဝကာကွယ်ဆေးဆိုတာ ကလေးအရွယ်ခုခံအား မပြည့်စုံသေးတဲ့နုနယ်နေစဉ် ပုံမှန်ထိုးနေကျ ကာကွယ်ဆေးတွေဆိုလိုရင်းဖြစ်တယ်။ ယခင်က ဆေးသုံးမျိုးပါကာကွယ်ဆေးသုံးခဲ့ပါတယ်။ ကြက်ညှာ၊ ဆုံဆို့ နှင့်မေးခိုင်ကာကွယ်ဆေးသုံးမျိုးဖြစ်တယ်။ အသည်းရောင်ဘီကာကွယ်ဆေးအပြင် ပိုလီယိုအစက်ချဆေးပါးစပ်မှ တိုက်ပါတယ်။ ကလေးအသက်တစ်လခွဲ၊ နှစ်လခွဲအချိန်တွေမှာ ထိုးနှံပေးတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်ကစလို့ ဆေးငါးမျိုးပါကာကွယ်ဆေး ပင်တာဗဲလိက်ကိုအသက် နှစ်လ၊ လေးလနှင့် ခြောက်လအရွယ်တွေမှာ ထိုးပေးပြီးပါးစပ်မှပိုလီယိုအစက်ချပေးတယ်။ အသက်နှစ်လမှာ အဆုတ်တီဘီကာ ကွယ်ဆေးဘီစီဂျီထိုးနှံစေတယ်။ အသက်ကိုးလနဲ့ တစ်နှစ်ခွဲအရွယ်တွေမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးပါ တယ်။ ပင်တာဗဲလိက်ကာကွယ်ဆေးငါးမျိုးမှာ ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေး ရောင်ရောဂါငါးမျိုးကာကွယ်ဆေးဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာအသက်ကိုးလမှ အသက်၁၅နှစ်အထိ ကလေး၊ လူငယ်တွေဝက်သက်နှင့် ဂျိုင့်သိုးရောဂါ ကာကွယ်ဆေးများထိုးနှံပေးတယ်။ Measles and Rubella Vaccine ထိုးနှံပေးခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ရပ်ရွာအခြေပြုနဲ့စာသင်ကျောင်းအခြေပြုဆေးထိုးဆေးတိုက်လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတာတွေ့ရ တယ်။
၂၀၁၆ ခုနှစ်ဇူလိုင်၊ သြဂုတ်လက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်နှင့်လေရှီးမြို့နယ်တွေမှာ အာဟာရချို့တဲ့ခြင်းနှင့်ဝက်သက်ပေါက်ခြင်းတို့ကြောင့် အသက် ၈၉ နှစ်အရွယ်အဖိုးအိုတစ်ဦးမှစကာ ကလေး သူငယ် ၆၈ ဦးသေဆုံးခဲ့ရတယ်။ နာဂဒေသမှာကျန်းမာရေးလုပ်သားတွေဟာ ခန့်အပ်ထားတာထက် ၄၀ ရာခိုင် နှုန်းသာသွားရောက်အမှုထမ်းနေလို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေ၊ အလျှင်မပြတ်မလုပ်နိုင်တာ၊ သွား လာရေးခက်ခဲလို့ကာကွယ်ဆေးထိုးလုပ်ငန်း မလုပ်နိုင်တာတွေတွေ့ရပါတယ်။
နာဂဒေသအိမ်များ ဆောက်လုပ်မှုကလည်း အိမ်ရှေ့တစ်ပေါက်ထဲဖွင့်ထားတဲ့ အလုံပိတ်နေအိမ်မျိုးဖြစ် ရာ၊ လေကောင်းလေသန့်ရရှိနိုင်ရေး၊ ပြတင်းပေါက်များအလင်းပေါက်များများ ဖွင့်လှစ်ထားတဲ့ နေအိမ်ပုံစံပြောင်း ဆောက်လုပ်စေခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများအားလုံး လွှမ်းခြုံနိုင်ဖို့အထူးကာကွယ်ဆေး ဝက်သက်နှင့်ဦး နှောက်ရောင်ကာကွယ်ဆေးတွေပါတဲ့ (၇)မျိုးကာကွယ်ဆေးထိုးနှံစေပါတယ်။
ဦးနှောက်အမြှေးရောင်ရောဂါဟာ မန်နဂိုကော့ကပ် (Meningococcus) ကြောင့်ဖြစ်ကာသေဆုံးမှုမြင့် တယ်။ အသည်းရောင်ဘီက အသည်းကင်ဆာဖြစ်နှုန်းမြင့်တက်စေလို့ ကလေးဘဝကတည်းကထိုးရတယ်။ ဝက်သက်ရောဂါဟာ Measles Virus ကြောင့်ဖြစ်ပြီး ဝက်သက်တစ်ခါပေါက်ဖူးရင် နောက်မဖြစ်တော့ပါ။ အ ဆုတ်တီဘီရောဂါ ဘီစီဂျီကာကွယ်ဆေးကအသင့်အတင့်ကာကွယ်နိုင်တယ်။ မေးခိုင်ရောဂါဟာတက်တက်နက် ပိုးကြောင့်ဖြစ်ပြီး ရှရာ၊ ခြစ်ရာ၊ သံစူးခြင်း၊ စိုက်ခြင်းတို့ကနေ ဖိနပ်မဝတ်တဲ့ခြေထောက်တွေမှာ အဖြစ်များတယ်။ မိခင်လောင်းတွေမှာလည်းကာကွယ်ဆေး ထိုးပေးတယ်။
ဆုံဆို့ရောဂါမှာ Diptheria ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကြက်ညှာရောဂါမှာ Pertussive ဘက်တီးရီး ယားကြောင့်ဖြစ်ပေါ်ပြီး သာမန်လူတစ်ယောက်ခံနိုင်ရည်ရှိပေမယ့် မွေးကင်းစကလေးငယ်တွေမှာ ဖြစ်နိုင်ချေများ ပါတယ်။ ပိုလီယိုမှာ Polio Virus ကြောင့်ဖြစ်ပြီးပါးစပ်မှအစက်ချကာ ပိုလီယိုအရိုင်းပိုးသွင်းခြင်းဖြင့် ကာကွယ်စေ ပါတယ်။
Author: Dr.လွင်သန့် Vol-8 / No-9 Healthcare Journal