fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကတွင် ပြုလုပ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဧပြီ ၂၄ ရက်က ကင်ညာ၊ ဂါနာနှင့် မာလာဝီနိုင်ငံတို့တွင် ငှက်ဖျားရောဂါကာကွယ်ဆေးသစ် တစ်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ထိုစမ်းသပ်မှုကာလဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကြာမြင့်မှာဖြစ်ပြီး ကလေးသူငယ်ပေါင်း သုံးသိန်းခြောက်သောင်း ပါဝင်လိမ့်မည်ဟု သိရပါတယ်။ အဆိုပါ အာဖရိကသုံးနိုင်ငံမှာ ရှေ့ပြေးစမ်းသပ်မယ့် ၁၇ လ တာကာလအတွင်း အသက် ငါးနှစ်အောက် ကလေးသူငယ်တွေကို စမ်းသပ် ကြမှာဖြစ်ပါတယ်။

RTS,S ဆေးဝါးဟာ ဖော်စပ်ဖူးခဲ့တဲ့အထဲ အစွမ်း ထက်ဆုံး ငှက်ဖျားကာကွယ်ဆေး ဖြစ်လာနိုင်မှာ ဖြစ်ပေမယ့် ငှက်ဖျားကို အပြည့်အ၀ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ RTS,S ကာကွယ်ဆေးကို ထိုးခြင်းဖြင့် ၂၀၁၅ ခုနှစ်က လူပေါင်း ၄၂၉,၀၀၀ ကို သေစေခဲ့တဲ့ ငှက်ဖျားရောဂါအန္တရာယ်ကနေ အတိုင်းအတာတစ်ခုအထိ အကာအကွယ် ရရှိမှာ ဖြစ်ပါ တယ်။ ထို ၄၂၉,၀၀၀ အနက် ၉၂ ရာခိုင်နှုန်းမှာ အာဖရိကကဖြစ်ပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံမှာ အသက် ငါးနှစ်အောက် ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။

ယခုကာကွယ်ဆေးနဲ့အတူ အခြားသော ခြင်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ခြင်ထောင်၊ အင်းဆက်နှိမ်နင်းရေးဆေး၊ ငှက်ဖျား နှိမ်နင်းရေးဆေးတွေနဲ့ တွဲဖက်သုံးသင့်တယ်လို့ WHO က ဆိုထားပါတယ်။အဆိုပါစမ်းသပ်မှုကို ကင်ညာ၊ ဂါနာ၊ မာလာဝီနိုင်ငံ တွေကို ရွေးချယ်ရတဲ့အကြောင်းရင်းကတော့ ထိုနိုင်ငံတွေဟာ ငှက်ဖျားဖြစ်ပွားနှုန်းမှာ မြင့်မားပြီး ခြင်ထောင်နဲ့ အခြားသော ခြင်ကာကွယ်ရေး ပစ္စည်းတွေကို အသုံးပြုခဲ့တဲ့ ရှည်လျားသော သမိုင်းကြောင်းလည်း ရှိတာကြောင့် ဖြစ်တယ်။ Mosquirix လို့ လည်း သိကြတဲ့ ထိုကာကွယ်ဆေးကို ဗြိတိန်ဆေးထုတ်လုပ်ရေး လုပ်ငန်း Glaxo Smith Kline (GSK) က PATH ငှက်ဖျား ကာကွယ်ဆေးလုပ်ငန်းနဲ့အတူ ပူးတွဲထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: AFP