fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဗီတာမင် C က ခန္ဓာကိုယ်၏ ကျန်းမာရေးကို အကျိုးပြုပုံ

2
VIEWS
Share on FacebookShare on Twitter
25/11/2020
in ကျန်းမာစေသော အစားအစာ, အထွေထွေရောဂါများအကြောင်း
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ဗီတာမင် C ကို ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်သော်လည်း ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ရေတွင် ပျော်ဝင်နိုင်သော ဗီတာမင် တစ်မျိုးဖြစ်ပါသည်။

၎င်းကို လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ငရုတ်ပွသီး၊ ဘရိုကိုလီ၊ ကညွတ်၊ ဟင်းနုနွယ် စသည့် ဟင်းသီးဟင်းရွက်အများအပြားတွင် တွေ့ရှိရပါသည်။

နေ့စဉ် ဗီတာမင် C လိုအပ်ချက်မှာ အမျိုးသမီးများအတွက် ၇၅ မီလီဂရမ် ခန့်ဖြစ်ပြီး အမျိုးသားများအတွက် ၉၀ မီလီဂရမ် ခန့်ဖြစ်ပါသည်။

အောက်ပါအချက်များသည် ဗီတာမင် C က ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနိုင်သည်ကို သိပ္ပံနည်းကျ သက်သေပြထားသည့် အချက်များ ဖြစ်ကြပါသည်။

 

၁။ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း

ဗီတာမင် C သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တောင့်တင်းခိုင်မာစေသည့် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေသည့်အပြင် Free Radical ဟုခေါ်သည့် အန္တရာယ်ရှိသည့် မော်လီကျူးများ၏ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါသည်။

ထိုသို့ Free Radical များ စုဝေးလာခြင်းသည် ဓာတ်တိုးဖိစီးမှု (Oxidative Stress) အခြေအနေကို ဖြစ်ပေါ်လာစေ၍ နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်းတွေ့ရှိရပါသည်။

၂။ သွေးပေါင်ချိန်မြင့်မားနေခြင်းများကို ထိန်းသိမ်းပေးခြင်း

သွေးပေါင်ချိန်မြင့်မားနေခြင်းသည် တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအများဆုံး အကြောင်းရင်းတွေထဲမှ တစ်ခုဖြစ်သည့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

လေ့လာတွေ့ရှိချက်များအရ ဗီတာမင် C သည် သွေးတိုးရောဂါရှိသူများတွင်သာမက သွေးတိုးရောဂါ မရှိသူများတွင်ပါ သွေးပေါင်ချိန်ကိုလျော့နည်းစေရန် ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

သို့ရာတွင် သွေးတိုးရောဂါရှိသူများ အနေနှင့် ဗီတာမင် C တစ်ခုတည်းဖြင့် သွေးတိုးရောဂါကုသခြင်း မပြုလုပ်သင့်ပါ။


၃။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း

နှလုံးရောဂါသည် တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအများဆုံးရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။

သွေးပေါင်ချိန်မြင့်တက်နေခြင်း၊ သွေးအတွင်း မကောင်းသည့် ကိုလက်စထရောများဖြစ်သည့် Triglycerides နှင့် LDL များမြင့်တက်နေခြင်း၊ ကောင်းသော ကိုလက်စထရောများဖြစ်သည့် HDL များ နည်းပါးနေခြင်း စသည်တို့သည် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အကြောင်းရင်းများ ဖြစ်ကြပါသည်။

ဗီတာမင် C သည် ထိုသို့ဖြစ်ပွားနိုင်ခြေမြင့်တက်စေသော အကြောင်းရင်းများကို လျော့ကျစေရန် ကူညီပေးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားမှုကိုလည်းလျော့နည်းလာစေပါသည်။

 

၄။ သွေးအတွင်း ယူရစ်အက်ဆစ်ပမာဏကို လျော့နည်းစေ၍ ဂေါက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ဂေါက်ရောဂါသည် အဆစ်အမြစ်များ အထူးသဖြင့် ခြေချောင်းလက်ချောင်းများရှိ အဆစ်အမြစ်များ နာကျင်ရောင်ရမ်းသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။

ဂေါက်ရောဂါဖြစ်ပွားသော သူများသည် ရောင်ရမ်းခြင်းနှင့် ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်းများကို ခံစားရလေ့ရှိပါသည်။

ဂေါက်ရောဂါသည် သွေးအတွင်း ယူရစ်အက်ဆစ်ပမာဏ အလွန်အမင်းများပြားနေသည့်အခါတွင် ဖြစ်ပေါ်လာတတ်ပါသည်။

ယူရစ်အက်ဆစ်သည် ခန္ဓာကိုယ်အတွင်းမှ ထုတ်လုပ်သော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ပမာဏများပြားလာသည့်အခါ ပုံဆောင်ခဲများအဖြစ် အဆစ်အမြစ်များတွင် စုဝေးလာတတ်ပါသည်။

ဗီတာမင် C သည် သွေးအတွင်းမှ ယူရစ်အက်ဆစ်ပမာဏကို နည်းပါးစေသောကြောင့် ဂေါက်ရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

 

၅။ သံဓာတ်ချို့တဲ့မှုကို ကာကွယ်ပေးခြင်း

သံဓာတ်သည် ခန္ဓာကိုယ်အတွင်းမှ သွေးနီဥများ ထုတ်လုပ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်စီဂျင်များ ပို့ဆောင်ခြင်း စသည့် ခန္ဓာကိုယ်၏ လုပ်ငန်းလုပ်ဆောင်တာများတွင် မရှိမဖြစ် အရေးပါသည့် အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

ဗီတာမင် C သည် သံဓာတ်ကို အူလမ်းကြောင်းမှ စုပ်ယူရာတွင် များစွာအကူအညီပေးပါသည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါသည်။

 

၆။ ကိုယ်ခံစွမ်းအားကို မြင့်မားလာစေခြင်း

ဗီတာမင် C သည် ခုခံအားစနစ်၏ များစွာသော အစိတ်အပိုင်းများတွင် ပါဝင်သည့်အတွက်ကြောင့် ဗီတာမင် C ကို ခုခံအားစနစ်တိုးမြင့်စေရန်အတွက်လည်း စားသုံးလေ့ရှိကြပါသည်။

ဗီတာမင် C သည် ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်သည့် သွေးဖြူဥ အချို့ထုတ်လုပ်ခြင်းကို အားပေးကူညီပေးပါသည်။

ထို့အပြင် ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် သွေးဖြူဥများ၏ လုပ်ငန်းဆောင်တာများကိုလည်း ပိုမိုထိရောက်စေရန်အတွက် အကူအညီပေးနိုင်ပါသည်။

ထို့အပြင် ဗီတာမင် C သည် အရေပြား၏ ခုခံကာကွယ်ရေးစနစ်တွင်လည်း မရှိမဖြစ် အရေးပါပါသည်။

အရေပြားပေါ်တွင် ဗီတာမင် C သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အဖြစ်လုပ်ဆောင်ပေးသကဲ့သို့ အရေပြား၏ တောင့်တင်းခိုင်မာမှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။ ထို့အပြင် ဗီတာမင် C သည် အနာကျက်ခြင်းကိုလည်း လျင်မြန်စေကြောင်းတွေ့ရှိရပါသည်။

အထက်ပါအချက်များသည် ဗီတာမင် C က ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများ ဖြစ်ကြပါသည်။

Author : Dr. မွန်

 

Previous Post

ခွဲစိတ်ထားသော အနာအကျက်မြန်စေရန် အားပေးသော အစားအစာများ။

Next Post

ASEAN Think Tanks Network Virtual Summit

2
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

11 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

12 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

13 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

ASEAN Think Tanks Network Virtual Summit

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!