fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

Lactose သကြားနှင့် မတည့်သဖြင့် ဝမ်းလျှောသောကလေးငယ်များတွင် ဂရုပြုရမည့်ရောဂါလက္ခဏာများ

0
VIEWS
Share on FacebookShare on Twitter
26/11/2020
in မိခင်နှင့်ကလေးကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ကလေးတစ်ယောက်သည် Ice – cream စားပြီးနောက် သို့မဟုတ် နွားနို့တစ်ခွက်သောက်ပြီးနောက် ဝမ်းဗိုက်မအီမသာဖြစ်ခဲ့လျှင် Lactose သကြားနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ Lactose သကြားကို ခြေဖျက်သည့် သဘာဝ အင်ဇိုင်းတစ်မျိုးဖြစ်သော Lactase အား အစာလမ်းကြောင်းမှ မထုတ်လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။

Lactose သကြားသည် နို့၊ ရေခဲမုန့် နှင့် ချိစ်အပျော့စား စသည့် ကလေးများ နှစ်သက်သည့်အစားအစာ အများအပြားတွင် တွေ့ရှိရသောသကြားတစ်မျိုးဖြစ်ပါသည်။

အချို့သောမုန့်များ၊ သကြားလုံးများ၊ ဆော့စ်များနှင့်  တစ်ခါတစ်ရံ မိမိမထင်မှတ်ထားသော အစားအစာများ၌ပင် Lactose သကြားပါဝင်တတ်ပါသည်။

မိခင်၏နို့ရည်နှင့် ကလေးများသောက်သုံးရန် ထုတ်လုပ်ထားသည့် နို့မှုန့်များတွင်လည်း Lactose သကြား ပါဝင်တတ်ပါသည်။

Lactose သကြားသည် ရိုးရှင်းသည့် သကြားမော်လီကျူး နှစ်မျိုးဖြစ်သည့် Glucose နှင့် Galactose နှစ်ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

ထိုသကြားနှစ်မျိုး၏ ပေါင်းစပ်မှုကို အူလမ်းကြောင်း၏ နံရံများတွင် တွေ့ရှိရသော Lactase ဆိုသည့် အင်ဇိုင်းဖြင့် ဖြိုခွဲ၍ ခန္ဓာကိုယ်မှ စုပ်ယူခြင်းဖြစ်ပါသည်။

သို့ရာတွင် Lactose သကြားနှင့် မတည့်ခြင်း ဖြစ်ပွားနေသော ကလေးများတွင် Lactase အင်ဇိုင်း၏ စွမ်းဆောင်ရည်များ ကျဆင်း၍ အကျိုးမရှိဖြစ်လာကာ Lactose သကြားကို အူသိမ်အတွင်းတွင် ခြေဖျက်၍ စုပ်ယူရန် မတတ်နိုင်တော့ပါ။

ထိုအခါ Lactose သကြားများသည် အူသိမ်မှ အူမကြီးအတွင်းသို့ရောက်ရှိသွားပြီး ထို အူမကြီးအတွင်းတွင် ဘက်တီးရီးယားများ၏ ကစော်ဖောက်ခြေဖျက်ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်များနှင့် ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော အခြားဘေးထွက်ပစ္စည်းများ ထွက်ပေါ်လာကြပါသည်။

လက္ခဏာရပ်များ

Lactose သကြားနှင့် မတည့်သော ကလေးငယ်များသည် Lactose သကြားပါဝင်သော အစားအစာများ ပိုမိုစားသုံးလေလေ ရောဂါလက္ခဏာရပ်များ ပိုမိုပေါ်ပေါက်လေလေဖြစ်ပါသည်။

အောက်ပါတို့သည် Lactose သကြားမတည့်ခြင်းနှင့် ပတ်သက်၍ ပေါ်ပေါက်တတ်သည့် ရောဂါလက္ခဏာများဖြစ်ကြပါသည်။

အထူးသဖြင့် နို့ထွက်ပစ္စည်းများ စားသုံးပြီးသောအခါ ဝမ်းသွားခြင်း၊ ဝမ်းလျှောခြင်း၊ လေပွခြင်း၊ အရည်ဝမ်း သွားခြင်း၊ လေဝမ်းမကွဲသော ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ပေါ်လာခြင်း၊ မကြာခဏ ခြေလက်အေးစက်ခြင်း စသည်တို့ ဖြစ်ကြပါသည်။

တစ်ခါတစ်ရံ Lactose သကြားနှင့် မတည့်ခြင်းပြဿနာကို  နို့နှင့်ဓာတ်မတည့်ခြင်းပြဿနာနှင့် ရောထွေးမှားယွင်းတတ်ပါသည်။

ထိုပြဿနာနှစ်ခုလုံးတွင် တွေ့ရသည့် ရောဂါလက္ခဏာများမှာ ဆင်တူလေ့ရှိသော်လည်း ၎င်းတို့နှစ်ခုသည် မတူညီသည့် အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

နို့နှင့် ဓာတ်မတည့်ခြင်းသည် ကလေးအသက် တစ်နှစ်အတွင်း ဖြစ်ပွားလေ့ရှိသော ပြင်းထန်သည့် ခုခံအားစနစ်ဆိုင်ရာ တုံ့ပြန်မှုတစ်ခုဖြစ်ပါသည်။

Lactose သကြားနှင့် မတည့်ခြင်းသည် မွေးကင်းစကလေးများနှင့် လမ်းလျှောက်တတ်စကလေးများတွင် ဖြစ်ပွားလေ့မရှိပေ။

Lactose သကြားနှင့် မတည့်သည့် လက္ခဏာရပ်များသည် အသက်ကြီးသောကလေးများနှင့် မြီးကောင်ပေါက်အချိန်တွင် စတင် ပေါ်ပေါက်တတ်ပြီး အရွယ်ရောက်ပြီးအချိန်တွင် ပိုမိုသိသာထင်ရှားလာပါသည်။

ရောဂါလက္ခဏာရပ်များကြောင့် နေရထိုင်ရ မအီမသာ ဖြစ်နိုင်သော်လည်း Lactose သကြားနှင့် မတည့်ခြင်းသည် ရေရှည်ဖြစ်ပွားခြင်းမရှိသည့် ကြီးစွာစိုးရိမ်ရန်မလိုအပ်သော ပြဿနာတစ်ခု ဖြစ်ပါသည်။

Lactose သကြားပါဝင်သော အချို့သော အစားအစာများကို ရှောင်ရှားခြင်းအားဖြင့် ရောဂါလက္ခဏာများကို မဖြစ်ပွားစေရန် တားဆီးနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Author : Dr. မွန်

Previous Post

သွားဖုံးနှင့် သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

Next Post

ဆီးချိုကြောင့်ဖြစ်သော အမြင်လွှာပျက်စီးမှုရောဂါ

0
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

11 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

12 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

13 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

ဆီးချိုကြောင့်ဖြစ်သော အမြင်လွှာပျက်စီးမှုရောဂါ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!