(Zawgyi)
ေသြးေလးဖက္နာေရာဂါဆိုတာ လူသိနည္းတဲ့ ေလးဖက္နာေရာဂါအမ်ိဳးအစားေတြထဲက တစ္ခုျဖစ္ပါတယ္။ မကုဘဲထားတဲ့အခါမွာ အဆစ္ေတြေကြးေကာက္သြားၿပီး ပုံပန္းသ႑န္ပ်က္ယြင္းသြားတတ္ပါတယ္။ ဒီေရာဂါဟာ အရမ္းရွားလွတဲ့ ေရာဂါေတာ့မဟုတ္ပါဘူး။အခုဆိုရင္ တစ္ကမာၻလုံးရွိ လူဦးေရရဲ႕ ၁ % ေလာက္ဟာ ဒီေရာဂါကို ခံစားေနရပါတယ္။ ကိုယ္ခံအားစနစ္ မွားယြင္းမႈေၾကာင့္ျဖစ္ပြားတတ္တဲ့ ေရာဂါမ်ားထဲမွာေတာ့ အျခား အေရျပားေလးဖက္နာ၊ တုံ႔ျပန္ေလးဖက္နာ တို႔နဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ဒီေရာဂါဟာအျဖစ္အမ်ားဆုံးပါပဲ။
ဘာေၾကာင့္ျဖစ္တာလဲ အေသးစိတ္ ေသခ်ာမေျပာႏိုင္ေပမယ့္ ဒီေရာဂါဟာ အသက္ ၃၀ က ၅၀ ၾကား အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ မိဘမ်ိဳး႐ိုးထဲမွာ ဒီေရာဂါရွိသူေတြ၊ ေဆးလိပ္ေသာက္သုံးသူေတြမွာ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ အဝလြန္ေရာဂါရွိသူေတြမွာလည္း ပိုျဖစ္တတ္ပါတယ္။ ဒီေရာဂါခံစားရၿပီဆို ဘယ္လိုလကၡဏာေတြ ေတြ႕ႏိုင္မလဲဆိုရင္ အဆစ္ေတြနာမယ္။ နာတဲ့အဆစ္ေတြဟာ ပူၿပီးေရာင္ရမ္းေနမယ္။
မနက္ႏိုးႏိုးခ်င္းမွာ အဆစ္ေတြေကြးလို႔မရဘဲ ေတာင့္ေတာင့္ႀကီးျဖစ္ေနတတ္တယ္။ မိနစ္ ၃၀ ေလာက္ကေန တစ္နာရီ ႏွစ္နာရီေလာက္ေနမွ ေနလို႔ေကာင္းသြားတာမ်ိဳးေတြရွိတတ္တယ္။ လက္ေတြဆိုလည္း ႏိုးႏိုးခ်င္းေကြးရဆန႔္ရ အဆင္မေျပတာေတြ ျဖစ္တတ္တယ္။ ဒီေရာဂါဟာ စစျဖစ္ခ်င္းမွာ ေျခဆစ္လက္ဆစ္ေတြ အဓိကနာတတ္ၿပီး ၾကာလာတာနဲ႔အမွ် အဆစ္ႀကီးေတြျဖစ္တဲ့ လက္ေကာက္ဝတ္ေတြ ၊ဒူးေတြ ၊လက္ေမာင္းေတြ ၊တံေတာင္ဆစ္ေတြပါ နာလာတတ္တယ္။ ဘယ္ညာၿပိဳင္နာတာမ်ိဳးျဖစ္တတ္ပါတယ္။
ဒါ့အျပင္ လူတစ္ရာမွာ ၄၀ ေလာက္ဟာ အဆစ္နာျခင္း ေရာင္ျခင္းေတြ မျဖစ္ဘဲ ပင္ပန္းႏြမ္းနယ္တာ၊ ဖ်ားတာ ၊ အစားအေသာက္ပ်က္တာေတြလည္း ျဖစ္တတ္ပါတယ္။ လက္ေမာင္းနဲ႔ လက္ဖ်ံနားေလးေတြမွာ အဖုအႀကီးေတြ ထြက္လာတတ္ပါတယ္။ အဲ့အဖုေလးေတြဟာ ဖိလိုက္ရင္ နာတတ္ပါတယ္။ ဒီေရာဂါဟာ ေတာက္ေလွ်ာက္နာက်င္ေနတတ္တဲ့ ေရာဂါမ်ိဳးမဟုတ္ပါဘူး။ ျဖစ္လိုက္ေပ်ာက္လိုက္နဲ႔ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္လည္း လူေတာ္ေတာ္မ်ားမ်ားက အရမ္းဂ႐ုစိုက္ေလ့မရွိဘဲ ေရာဂါကြၽမ္းသြားတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒါေပမဲ့ ဒီေရာဂါဟာ အရမ္းေၾကာက္စရာေကာင္းပါတယ္။ အခ်ိန္ေတြ ၾကာလာတဲ့အခါမွာ အဆစ္ေတြပုံပ်က္ၿပီး ေကြးေကာက္သြားတတ္ပါတယ္။ အဲ့ဒီအခ်ိန္ေရာက္မွဆို ပုံမွန္ပုံသ႑န္အတိုင္းျပန္ရႏိုင္ဖို႔အတြက္ အႀကိမ္ႀကိမ္ခြဲစိတ္မႈ ခံယူၿပီး ကုသရင္ေတာင္ မေသခ်ာပါဘူး။
ဒါဆို ေသြးေလးဖက္နာခံစားေနရလားသိေအာင္ ဘယ္လိုေတြလုပ္ႏိုင္လဲ ။ ေသြးစစ္ၾကည့္တာေတြ ၊ဓာတ္မွန္႐ိုက္တာေတြ လုပ္ၾကည့္လို႔ရပါတယ္။ ဒီေရာဂါကို အရွင္းေပ်ာက္ေအာင္ ကုသလို႔ေတာ့ မရေသးပါဘူး။ ဒါေပမဲ့ အဆစ္နာတာေတြ သက္သာေအာင္ ၊ ေန႔စဥ္ပုံမွန္လႈပ္ရွားသြားလာႏိုင္ေအာင္ နဲ႔ အဆစ္ေတြေကြးေကာက္ၿပီး ပုံပ်က္ပန္းပ်က္မျဖစ္သြားေအာင္ ကာကြယ္လို႔ရပါတယ္။ ေသာက္ရတဲ့ေဆးေတြကေတာ့ ေဘးထြက္ဆိုးက်ိဳးမ်ားလွတာေၾကာင့္ တတ္ကြၽမ္းနားလည္တဲ့ ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္းသာ ေသာက္သင့္ပါတယ္။ ဒီေရာဂါခံစားေနရတဲ့ သူေတြဟာ အေၾကာအဆစ္ေတြ ေတာင့္တင္းေနတတ္ပါတယ္။
ေတာင့္တင္းနာက်င္မႈေတြ သက္သာေစဖို႔ လမ္းေလွ်ာက္တာမ်ိဳးလို ျပင္းျပင္းထန္ထန္မဟုတ္တဲ့ ေလ့က်င့္ခန္းအေပ်ာ့စားေလးေတြလည္း လုပ္ေပးသင့္ပါတယ္။ ကိုယ့္မွာနာတာရွည္ေရာဂါႀကီးျဖစ္ေနလို႔ဆိုၿပီး စိတ္ဓာတ္က်မေနဘဲ ပုံမွန္ေလ့က်င့္ခန္းေလးလုပ္ရင္း ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသင့္ပါတယ္။
ကူးစက္ေရာဂါမဟုတ္တဲ့အတြက္ အိမ္ေထာင္ျပဳလို႔လည္း ရပါတယ္။ ဒါေပမယ့္ ကေလးယူမယ္ဆိုရင္ေတာ့ အလ်င္စလိုမယူသင့္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေရာဂါအတြက္ ေသာက္ရတဲ့ေဆးေတြက သေႏၶသားကို ထိခိုက္ေစႏိုင္တဲ့အတြက္ျဖစ္ပါတယ္။ ကေလးယူမယ္ဆိုရင္ သားဖြားမီးယပ္ဆရာဝန္နဲ႔ေရာ ဒီေရာဂါကို ကုသေပးေနတဲ့ဆရာဝန္နဲ႔ေရာ ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီးမွသာ ယူသင့္ပါတယ္။ ဤေဆာင္းပါးေလးကို ဖတ္ျခင္းျဖင့္ ေသြးေလးဖက္နာေရာဂါအေၾကာင္း တစ္ေစ့တစ္ေစာင္း သိရွိနားလည္ႏိုင္ရန္ ေမွ်ာ္လင့္ရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။
Author . Dr.ေမ (Ondr)
(Unicode)
သွေးလေးဖက်နာရောဂါဆိုတာ လူသိနည်းတဲ့ လေးဖက်နာရောဂါအမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုဘဲထားတဲ့အခါမှာ အဆစ်တွေကွေးကောက်သွားပြီး ပုံပန်းသဏ္ဍန်ပျက်ယွင်းသွားတတ်ပါတယ်။ ဒီရောဂါဟာ အရမ်းရှားလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။အခုဆိုရင် တစ်ကမ္ဘာလုံးရှိ လူဦးရေရဲ့ ၁ % လောက်ဟာ ဒီရောဂါကို ခံစားနေရပါတယ်။ ကိုယ်ခံအားစနစ် မှားယွင်းမှုကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါများထဲမှာတော့ အခြား အရေပြားလေးဖက်နာ၊ တုံ့ပြန်လေးဖက်နာ တို့နဲ့ နှိုင်းယှဉ်ရင်တော့ ဒီရောဂါဟာအဖြစ်အများဆုံးပါပဲ။
ဘာကြောင့်ဖြစ်တာလဲ အသေးစိတ် သေချာမပြောနိုင်ပေမယ့် ဒီရောဂါဟာ အသက် ၃၀ က ၅၀ ကြား အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဒီရောဂါရှိသူတွေ၊ ဆေးလိပ်သောက်သုံးသူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ အဝလွန်ရောဂါရှိသူတွေမှာလည်း ပိုဖြစ်တတ်ပါတယ်။ ဒီရောဂါခံစားရပြီဆို ဘယ်လိုလက္ခဏာတွေ တွေ့နိုင်မလဲဆိုရင် အဆစ်တွေနာမယ်။ နာတဲ့အဆစ်တွေဟာ ပူပြီးရောင်ရမ်းနေမယ်။
မနက်နိုးနိုးချင်းမှာ အဆစ်တွေကွေးလို့မရဘဲ တောင့်တောင့်ကြီးဖြစ်နေတတ်တယ်။ မိနစ် ၃၀ လောက်ကနေ တစ်နာရီ နှစ်နာရီလောက်နေမှ နေလို့ကောင်းသွားတာမျိုးတွေရှိတတ်တယ်။ လက်တွေဆိုလည်း နိုးနိုးချင်းကွေးရဆန့်ရ အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ ဒီရောဂါဟာ စစဖြစ်ချင်းမှာ ခြေဆစ်လက်ဆစ်တွေ အဓိကနာတတ်ပြီး ကြာလာတာနဲ့အမျှ အဆစ်ကြီးတွေဖြစ်တဲ့ လက်ကောက်ဝတ်တွေ ၊ဒူးတွေ ၊လက်မောင်းတွေ ၊တံတောင်ဆစ်တွေပါ နာလာတတ်တယ်။ ဘယ်ညာပြိုင်နာတာမျိုးဖြစ်တတ်ပါတယ်။
ဒါ့အပြင် လူတစ်ရာမှာ ၄၀ လောက်ဟာ အဆစ်နာခြင်း ရောင်ခြင်းတွေ မဖြစ်ဘဲ ပင်ပန်းနွမ်းနယ်တာ၊ ဖျားတာ ၊ အစားအသောက်ပျက်တာတွေလည်း ဖြစ်တတ်ပါတယ်။ လက်မောင်းနဲ့ လက်ဖျံနားလေးတွေမှာ အဖုအကြီးတွေ ထွက်လာတတ်ပါတယ်။ အဲ့အဖုလေးတွေဟာ ဖိလိုက်ရင် နာတတ်ပါတယ်။ ဒီရောဂါဟာ တောက်လျှောက်နာကျင်နေတတ်တဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ ဖြစ်လိုက်ပျောက်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက အရမ်းဂရုစိုက်လေ့မရှိဘဲ ရောဂါကျွမ်းသွားတာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အချိန်တွေ ကြာလာတဲ့အခါမှာ အဆစ်တွေပုံပျက်ပြီး ကွေးကောက်သွားတတ်ပါတယ်။ အဲ့ဒီအချိန်ရောက်မှဆို ပုံမှန်ပုံသဏ္ဍန်အတိုင်းပြန်ရနိုင်ဖို့အတွက် အကြိမ်ကြိမ်ခွဲစိတ်မှု ခံယူပြီး ကုသရင်တောင် မသေချာပါဘူး။
ဒါဆို သွေးလေးဖက်နာခံစားနေရလားသိအောင် ဘယ်လိုတွေလုပ်နိုင်လဲ ။ သွေးစစ်ကြည့်တာတွေ ၊ဓာတ်မှန်ရိုက်တာတွေ လုပ်ကြည့်လို့ရပါတယ်။ ဒီရောဂါကို အရှင်းပျောက်အောင် ကုသလို့တော့ မရသေးပါဘူး။ ဒါပေမဲ့ အဆစ်နာတာတွေ သက်သာအောင် ၊ နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနိုင်အောင် နဲ့ အဆစ်တွေကွေးကောက်ပြီး ပုံပျက်ပန်းပျက်မဖြစ်သွားအောင် ကာကွယ်လို့ရပါတယ်။ သောက်ရတဲ့ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးများလှတာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ သောက်သင့်ပါတယ်။ ဒီရောဂါခံစားနေရတဲ့ သူတွေဟာ အကြောအဆစ်တွေ တောင့်တင်းနေတတ်ပါတယ်။
တောင့်တင်းနာကျင်မှုတွေ သက်သာစေဖို့ လမ်းလျှောက်တာမျိုးလို ပြင်းပြင်းထန်ထန်မဟုတ်တဲ့ လေ့ကျင့်ခန်းအပျော့စားလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ ကိုယ့်မှာနာတာရှည်ရောဂါကြီးဖြစ်နေလို့ဆိုပြီး စိတ်ဓာတ်ကျမနေဘဲ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။
ကူးစက်ရောဂါမဟုတ်တဲ့အတွက် အိမ်ထောင်ပြုလို့လည်း ရပါတယ်။ ဒါပေမယ့် ကလေးယူမယ်ဆိုရင်တော့ အလျင်စလိုမယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါအတွက် သောက်ရတဲ့ဆေးတွေက သန္ဓေသားကို ထိခိုက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ကလေးယူမယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ရော ဒီရောဂါကို ကုသပေးနေတဲ့ဆရာဝန်နဲ့ရော သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ယူသင့်ပါတယ်။ ဤဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် သွေးလေးဖက်နာရောဂါအကြောင်း တစ်စေ့တစ်စောင်း သိရှိနားလည်နိုင်ရန် မျှော်လင့်ရင်း နိဂုံးချုပ်အပ်ပါတယ်။
Author . Dr.မေ (Ondr)