မြန်မာနိုင်ငံရဲ့ အဓိကအာဟာရပြဿနာက ပရိုတိန်းချို့တဲ့မှု အိုင်အိုဒင်း ချို့တဲ့မှု၊ ဗီတာမင်အေချို့တဲ့မှု၊ သံဓာတ်ချို့တဲ့မှု သွေးအားနည်းရောဂါနဲ့ ဗီတာမင် ဘီဝမ်းချို့တဲ့မှုတို့ ဖြစ်ကြသည်။
(၁) ပရိုတိန်းချို့တဲ့မှုရောဂါ
ပရိုတိန်းချို့တဲ့မှုရောဂါဟာ ကယ်လိုရီအင်အားဓာတ်ချို့တဲ့လို့ ဖြစ်ပွားတဲ့ ရောဂါဖြစ်တယ်။ အာဟာရချို့တဲ့ ရောဂါအသက်အုပ်စုမှာ (၁)ငါးနှစ်အောက် (၂) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၃) သက်ကြီးရွယ်အို (၄) မွေးရာပါ ရောဂါရှိသူ များမှာ တွေ့ရတယ်။ တွေ့ရတဲ့ အကြောင်းအရင်းမှာ စီးပွားရေးကြပ်တည်းလို့ စားဝတ် နေရေး မပြေလည်ခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တို့ ပညာနည်းပါးလို့ မိရိုးဖလာ အယူအဆများ မှားယွင်းတဲ့ဓလေ့များ၊ လက်ခံယုံကြည်လို့ ကူးစက်ရောဂါ များ မကြာခဏဖြစ်ပွားလို့ဆိုပြီး တွေ့ရတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မိသားစု ကျန်းမာရေးအပေါ် မူတည်နေတယ်။ ငွေကြေးချို့တဲ့မှုကို နားလည်ပေမယ့် အာဟာရ ဖြစ်စေတဲ့ အစားအစာများ ဖန်တီး ထုတ်လုပ်တတ်ရမယ်။ ကြိုတင်ကာကွယ်ခြင်း အနေဖြင့် မိခင်လောင်းနှင့် နို့တိုက်မိခင်အာဟာရ စောင့်ရှောက်မှုပေးရမယ်။ လူထု အာဟာရ ဖြည့်တင်းရေးဌာန ဖွင့်လှစ်ပြီး အာဟာရ ဖွင့်လှစ်စောင့်ရှောက်ရမယ်။ လူထု အခြေပြုကျေးရွာအာဟာရဓာတ်များလုပ်ပြီး အာဟာရဓာတ် စောင့်ရှောက်မှု ပေးရမယ်။
(၂) သွေးအားနည်းရောဂါ
သွေးအားနည်းရောဂါဟာ သံဓာတ်နှင့်ဖောလစ်အက်ဆစ်ချို့တဲ့လို့ ဖြစ်ရ တယ်။ ဗီတာမင်ဆီများစတဲ့ အာဟာရ ဓာတ်များချို့တဲ့မှုကြောင့် ဖြစ်တယ်။ သွေးအား ကောင်းတယ်ဆိုတာ သွေးအရောင်နီခြင်းက သွေးနီဥများခြင်း၊ သံဓာတ် အာဟာရဟာ သွေးနီဥတည်ဆောက်ဖို့ မရှိမဖြစ်လိုအပ်တယ်။ မွေးစကလေးနဲ့ မိခင်ထဲက ရရှိတဲ့ သံဓာတ်ဟာ အသည်း၊ ရိုးတွင်းချဉ်ဆီစတဲ့ အင်္ဂါအစိတ်အပိုင်းမှာ သိုလှောင်ထား ရှိတယ်။
သွေးအားနည်းရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်သံဓာတ်ရရှိမှုနည်းခြင်း၊ ခန္ဓာကိုယ် သံဓာတ်ထုတ်ယူမှုများခြင်း၊ ခန္ဓာကိုယ်သံဓာတ်လိုအပ်ချက်များခြင်းဖြစ်ပြီး သွေးအားနည်းရောဂါမှာဖြူဖျော့ပြီး အလိုလိုမောပန်းနွမ်းနယ်တဲ့ ရောဂါဖြစ်တယ်။ ကလေးများနဲ့လူကြီးများ တစ်နှစ်ကိုနှစ်ကြိမ်နှင့် မိုးနှောင်းမှာသန်ချဆေး တိုက်ကျွေး သင့်ပါတယ်။
(၃) အိုင်အိုဒင်းချို့တဲ့မှု
အိုင်အိုဒင်းချို့တဲ့မှုဟာ ဦးနှောက်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှု၊ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီး လုပ်ငန်းများ ပုံမှန်လုပ်ဆောင်မှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုအာဟာရဓာတ်ဖြစ်တယ်။
အိုင်အိုဒင်းချို့တဲ့ရခြင်းအကြောင်းအရင်း
မြေထု၊ ရေထု အိုင်အိုဒင်းနည်း လာခြင်း၊ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ အိုင်အိုဒင်းနည်း လာခြင်း၊ အသား၊ ငါး၊ ဥတို့မှာ အိုင်အိုဒင်းနည်းခြင်းနဲ့ လူတိုင်းအိုင်အိုဒင်းချို့တဲ့ခြင်း တို့ ဖြစ်တယ်။
အန္တရာယ်များ
သားပျက်သားလျောခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်မပြည့်၊ လမစေ့ မွေးခြင်း၊ ဉာဏ်ရည်နိမ့်ကလေး မွေးခြင်း။
(၄) ဗီတာမင်အေချို့တဲ့ခြင်း
ဗီတာမင်အေချို့တဲ့ရင် မျက်စိမှာ အစိမ်းရောင် (သို့) အမြင်ရောထွေးမြင်ပြီး မျက်စိရောဂါများဖြစ်စေတယ်။ ဗီတာမင်အေချို့တဲ့ရောဂါကို (၅)နှစ်အောက် ကလေး တွေမှာ တွေ့ရတယ်။ အချို့ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့မှာ ဗီတာမင်အေ ချို့တဲ့လို့ အလင်းရောင်နည်းချိန် မျက်စိမမြင်ရခြင်း၊ ကြက်မြက်သင့်ခြင်းဖြစ်တာ တွေ့ရတယ်။
ကလေးများ အသက်(၆)လမှ (၁)နှစ်အတွင်း ဗီတာမင်အေ ယူနစ်တစ်သိန်း အား တစ်ကြိမ် အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ဗီတာမင်အေယူနစ် (၂)သိန်းအား တစ်ကြိမ်တိုက်ကျွေးရမယ်။
(၅) ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း
နေ့စဉ်စားသုံးတဲ့ အစားအစာမှာ ဗီနာမင်ဘီဝမ်း ပမာဏ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ထက် နည်းနေခြင်း၊ ဖြူဖွေးနေအောင် ကျိတ်ထားတဲ့ ဆန်ဖြူစားသုံးခြင်း၊ ဆန်ကိုရေအထပ်ထပ်ဆေးခြင်း၊ ဗီတာမင်ဘီပေါကြွယ်တဲ့ အသား၊ ပဲတို့ လုံလောက် အောင် မစားခြင်း၊ နို့တိုက်မိခင်များ အစားရှောင်ခြင်းတို့ကြောင့် ဖြစ်ပွားတယ်။ အစားအစာ။ ။ ပဲအမျိုးမျိုး၊ ပဲပုပ်၊ ပဲနို့၊ ပဲစင်းငုံ၊ ဂျုံဆန်စတဲ့ ကောက်နှံများ၊ သစ်ဥ၊ သစ်ဖုအမျိုးမျိုး၊ ဟင်းရွက်အမျိုးမျိုးနဲ့ သစ်သီးမျိုးစုံတို့ ဖြစ်ကြတယ်။
Author: Dr. လွင်သန့်