(Unicode)
ထုံနာ၊ ကျဉ်နာဖြစ်လျှင် အနာကြီးရောဂါကြောင့် ဖြစ်မှာ ထိတ်လန့်စိုးရွံ့တတ်ကြသည်။ ထုံခြင်း၊ ကျဉ်ခြင်းသည် အနာကြီးရောဂါကြောင့်သာမက အခြားသောအကြောင်းအရင်း ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ ထုံနာ၊ ကျဉ်နာသည် ရောဂါမဟုတ်ပါ။ ရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ထုံခြင်း၊ ကျဉ်ခြင်းသည် အာရုံကြောအဖွဲ့အစည်း၊ အရေပြားအောက်ရှိ အာရုံကြောငယ်များ ထိခိုက်ခံရခြင်း၊ အားနည်းလာခြင်းကြောင့်ဖြစ်သည်။
အနာကြီးရောဂါ၊ ဆီးချိုရောဂါ၊ ဗီတာမင်ဘီဝမ်းချို့တဲ့ရောဂါ (ဆုံနာစို၊ ဆုံနာခြောက်၊ ဘယ်ရီဘယ်ရီတို့မှာ ထုံနာကျဉ်နာအဖြစ်များသည်။ ခန္ဓာကိုယ်အတွင်း အခြားသော ဗီတာမင်ဘီ (၆)၊ ဘီ (၁၂)ဓါတ်၊ ထုံးဓာတ်နှင့် ဒိုင်ယာဗင်ဓာတ်စသော အာဟာရဓာတ်များ ချို့တဲ့ခြင်း၊ အရက်စွဲလွန်းခြင်း၊ သွေးအတွင်း ယူရိယာဓာတ်များခြင်း တို့တွင်လည်း ထုံနာကျဉ်နာ ဖြစ်လာတတ်သည်။ ခဲ၊ ပြဒါးနှင့် စိန်ဖြူစသော ဓါတ်သတ္တုများ၊ ခန္ဓာကိုယ်တွင်းများပြား၍ အဆိပ်သင့်ခြင်းနှင့် အချို့သောဆေးများ (အဆုတ်တီဘီကုသဆေး မှီဝဲသုံးစွဲမှု လွန်ကဲခြင်းတို့တွင် ထုံခြင်း၊ နာကျဉ်ခြင်း ဖြစ်လေ့ရှိသည်။ ယင်းပြင် ဆုံဆို့နာရောဂါ၊ မေးခိုင်ရောဂါ၊ အဆုတ်ကင်ဆာ၊ အစာအဆိပ်သင့်ခြင်းတို့ကြောင့် ထုံကျဉ်တတ်သည်။
အာရုံကြောတစ်ခုကို ထိခိုက်မိသောအခါ ဖိမိသောအခါ ယင်းအာရုံကြောနှင့် သက်ဆိုင်သည့် နေရာတစ်ဝိုက်တွင် ထုံကျဉ်နေလေ့ရှိသည်။ အချို့တွင် အကြောင်းမဲ့ အလိုလိုထုံကျဉ်လာတတ်သလို အချို့တွင် စိတ်က မိမိခန္ဓာကိုယ် အမြဲထုံကျဉ်နေသည်ဟု ထင်တတ်သည်။ စိတ်ကြောင့်ဖြစ်တာ အလွန်ထင်ရှားပါသည်။ အနာကြီးရောဂါ မြန်မာနိုင်ငံတွင် အနာကြီးရောဂါခံစားနေရသူ များပြားသည်။ တစ်သိန်းကျော်ရှိပြီး အနာကြီးရောဂါဖြစ်ပွားသူ အများဆုံး(၆)နိုင်ငံတွင် ပါဝင်သည်။ အချို့တွင် စိတ်က မိမိခန္ဓာကိုယ် အမြဲထုံကျဉ်နေသည်ဟု ထင်တတ်သည်။ စိတ်ကြောင့်ဖြစ်တာ အလွန်ထင်ရှားပါသည်။
အနာကြီးရောဂါကို မြန်မာနိုင်ငံ တွင် ပြည်သူလူထုအများစုက ဝဋ်နာကံနာ၊ မျိုးရိုးလိုက်ရောဂါ၊ အပျော်အပါးလိုက်စားမှု လွန်ကဲ၍ ဖြစ်သည်စသဖြင့် လွဲမှားစွာထင်မြင်တတ်ကြသည်။ အနာကြီးရောဂါသည် မျိုးရိုးမလိုက်ပါ။ ဝဋ်နာကံနာမဟုတ်ပါ။ ပျောက်ကင်းအောင် ကုသ၍ ရသည်။ ရေရှည်ဇွဲရှိရှိ ကုသရန် လိုသည်။ အနာကြီးရောဂါဖြစ်လျှင် ပတ်ဝန်းကျင်က အထင်အမြင်သေး၊ ဝိုင်းပယ်မည်စိုး၍ လူမှုရေးဒုက္ခအပေါင်းကြောင့် စောစီးစွာရောဂါကို ပြသစစ်ဆေးခြင်းမပြုကြ၍ ရောဂါမရင့်သင့်ဘဲ ရင့်လာလေသည်။ အနာကြီးရောဂါသည် အနာကြီးပိုးကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ပြီး နှစ်ပေါင်းများစွာကြာမှ ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ လူတစ်ဦးမှတစ်ဦး ကြာရှည်ထိ တွေ့ခြင်းမှ ကူးသည်။
အနာကြီးရောဂါသည် ခန္ဓာကိုယ်အတွင်း အရေပြားနှင့် အာရုံကြောကိုသာ အဓိက ဒုက္ခ ပေးသည်။ အရေပြားပေါ်တွင် အရောင်ဖျော့အကွက်များ ပေါ်လာခြင်း၊ အဖြူကွက်၊ အနီကွက် ဖြစ်ခြင်း၊ ထုံလာခြင်း၊ ကျဉ်လာခြင်း၊ ခြေလက်လေးလံခြင်း၊ အာရုံကြောများတောင့်၍ နာလာခြင်း၊ ယင်းအာရုံကြောနှင့် စပ်ဆိုင်သော ကြွက်သားများ အားနည်း၍ သေးသိမ်လာခြင်း၊ အဖု အပိတ်များထွက်ခြင်း၊ မျက်ခုံးမွေး၊ နှုတ်ခမ်းမွေးများ ကျွတ်ခြင်းတို့် ဖြစ်တတ်သည်။
၎င်းအပြင် အနာကြီးရောဂါပိုးသည် အရိုးနုကို ပျက်စီးလာစေ၍ နှာခေါင်းချိုင့်နေသူ၊ လက်ချောင်း၊ ခြေချောင်းများ တိုနေသူဖြစ်လာစေသည်။ အနာကြီးရောဂါအကွက်တွင် အာရုံခံစားမှုမှာ အခြားနေရာများနှင့် မတူပေ။ အများအားဖြင့် ထုံထိုင်းတတ်၍ ပူရမှန်း၊ အေးရမှန်းပင် မသိအောင်ဖြစ်သည်။
ထုံနာစုံ၊ ထုံနာခြောက်ရောဂါ လူတို့ခန္ဓာကိုယ်တွင် ဗီတာမင်ဘီဝမ်းဓာတ်သည် ခံတွင်းကောင်းခြင်း၊ အစာကြေခြင်း၊ အင်အားဓာတ်များ ရရှိစေခြင်း၊ နှလုံးအားကောင်းမွန်စေခြင်း၊ အာရုံကြောသန်စွမ်းစေခြင်း စသည်တို့ဖြစ်သည်။ ကစီဓာတ်ကို စွမ်းအင်အဖြစ် ခြေဖျက်ရာတွင် ပါဝင်ကူညီသည်။ ဗီတာမင်ဘီဝမ်းအာဟာရဓာတ်ချို့တဲ့မှုကြောင့် ကစီဓာတ်ကို ဆုံးခန်းတိုင် ပြည့်စုံစွာ မခြေဖျက် နိုင်သဖြင့် ကစီဓာတ်မှ အဆိပ်အတောက်များ ကျန်ရှိစုပုံနေရာ အာရုံကြောနှင့် နှလုံးသားကို ထိခိုက်လာ၍ ထုံနာစို၊ ထုံနာခြောက်ဖြစ်လာရသည်။
ခြေလက်များ ချည့်နဲ့၊ ပိန်လှီ၍ ထုံကျဉ်နေခြင်း၊ ဖောရောင်လာခြင်းနှင့် နှလုံးအားနည်း ခြင်းတို့သည် ယင်းရောဂါ၏ အဓိကကျသော ရောဂါလက္ခဏာဖြစ်သည်။ အသက်နှစ်လမှ လေးလအရွယ်ကလေးငယ်များတွင် ဖြစ်တတ်သော ထုံနာကျဉ်နာစို၊ ထုံနာခြောက်ရောဂါတစ်မျိုး မှာ ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့သော မိခင်၏ နို့ရည်ကိုသာ မှီဝဲနေရသော ကလေးများတွင် ဖျားနားခြင်းမရှိဘဲ ရုတ်တရက် အော့အန်ပြီး ဖောရောင်လာခြင်း၊ အသံဝင်လာခြင်း။ နှလုံးအား နည်းလာခြင်း၊ တက်ခြင်းတို့ဖြစ်တတ်သည်။
ဗီတာမင်ဘီဝမ်းသည် ဆန်၏ အပေါ်ယံအလွှာတွင် အဓိကပါဝင်လေရာ ဆန်ဖြူအစားများပြီး ထမင်းရေခန်းချက်၍ စားလေ့စားထမရှိသော မြန်မာနိုင်ငံတွင် ယင်းရောဂါအဖြစ်များသည်။
ဆီးချိုရောဂါ – ဆီးချိုရောဂါသည် ကိုယ်တွင်းရှိ ဓာတ်သဘာဝပျက်၍ ဖြစ်ရသော ရောဂါများတွင် အဖြစ် အများဆုံးရောဂါဖြစ်၏။ ခန္ဓာကိုယ်ရှိ ပန်ကရိယအကျိတ်အတွင်းရှိ ဆဲလ်အချို့တွင် ချွတ်ယွင်း ပျက်စီး၍ အင်ဆူလင်ခေါ် ဟော်မုန်းဓာတ်ချို့တဲ့သောကြောင့် ဖြစ်ရလေသည်။
ဆီးချိုသည် မျိုးရိုးလိုက်တတ်၏။ ကလေးများတွင် ရောဂါပြင်းထန်၏။ လူကြီးများတွင် နာတာရှည်ရောဂါတစ်ရပ်ဖြစ်နေတတ်သည်။ ဆီးချိုရောဂါလုံးဝပျောက်ကင်းရန် မလွယ်သော်လည်း ထိရောက်သော ကုသမှုခံယူ၍ အစားအသောက်ဂရုစိုက်ပါက ရောဂါသက်သာစေနိုင်သည်။
ဆီးချိုရောဂါရှင်တို့တွင် ဆီးခဏခဏသွားခြင်း၊ ရေခဏခဏသောက်ခြင်း၊ ထိခိုက်အနာ တရဖြစ်ကာ အနာများမကျက်လွယ်ခြင်း၊ ဆီးနှင့် ချွေးကို ပုရွက်ဆိတ်တက်ခြင်းစသည့် လက္ခဏာများဖြစ်တတ်ကြပြီး ဆက်လက်၍ ခြေလက်များ ထုံကျဉ်နေခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အနာမကြာခဏ ပေါက်လာခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါတို့တွင် ဝင်လာခြင်း စသည်တို့ ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါရှိပါက ကလေးမှာ အလွန်ဝနေပြီး မွေးရခက်ခဲသည်။
ထုံနာကျဉ်နာဖြစ်နေလျှင် – ခန္ဓာကိုယ်တစ်နေရာတွင် ထုံခြင်း၊ ကျဉ်ခြင်း ဖြစ်ပါက မကြာခဏ ဖြစ်တတ်ခြင်း ရှိ၊ မရှိ ဖြစ်ပေါ်ခံစားနေရသော နေရာတစ်နေရာတည်း ကွက်၍ ဖြစ်၊ မဖြစ်နှင့် အခြားလက္ခဏာများ ပေါ်ပေါက်လာခြင်းရှိ၊ မရှိစသည့် အချက်များပေါ်တွင် မူတည်၍ ဆင်ခြင်စဉ်းစားပြီး ရောဂါ ကြောင့် ဟုတ်မဟုတ် ခွဲခြားသင့်သည်။ ဖြစ်နိုင်သော ရောဂါအခြေအနေကို လိုက်၍ ဆရာဝန်နှင့် လိုအပ်သလို ဆွေးနွေးပါ။
အနာကြီးရောဂါဖြစ်ပါက စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ရေရှည်မှန်မှန် ဆေးကုသမှုခံခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ ထုံနာစို၊ ထုံနာခြောက်ရောဂါတွင် လိုအပ်သော အားဆေး၊ ဘီဝမ်း မှီဝဲခြင်းအပြင် အာဟာရဓာတ် မချို့တဲ့စေရန် ဆင်ခြင်စားသုံးသင့်သည်။ ဆန်ဖြူအစား မောင်းထောင်းဆန် စားရမည်။ ထမင်းကို ရေခန်းချက်စားသင့်သည်။ ထမင်းရည်သောက်သင့်သည်။ ဆီးချိုတွင် အချိုလျော့စားရမည်။
ထုံနာကျဉ်နာမဖြစ်စေရန် – ထုံနာကျဉ်နာမဖြစ်စေရန် ထုံကျဉ်စေသည့် ရောဂါများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာသင့်သည်။
ဆီးချိုရောဂါသည် မျိုးရိုးလိုက်သဖြင့် ဆီးချိုရောဂါရှိသူအချင်းချင်း အိမ်ထောင်မပြုသင့်ပါ။ အနာကြီးရောဂါဝေဒနာရှင်များကို လူနေမှုအသိုင်းအဝိုင်းမှ ဝိုင်းပယ်ထားသလို မဖြစ်စေသင့်ပါ။ အလုပ်အကိုင်ပေးသင့်ပြီး အသက်မွေးဝမ်းကျောင်း ပညာသင်ပေးသင့်သည်။
ဗီတာမင်ဘီဝမ်းနှင့် ထုံးဓာတ်မချို့တဲ့ရန် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့တို့ကို မျှမျှတတစားသင့်သည်၊ ထမင်းချက်ရာတွင် အထပ်ထပ် ဆေးကြောခြင်း ရှောင်ပြီး ရေခန်းချက်စားသင့်သည်။ ထမင်းရည်မှန်မှန် သောက်ပေးသင့်သည်။ အရက်စွဲခြင်းရှောင်ရမယ်။ မည်သည့်ဆေးမဆို တန်ဆေးလွန်ဘေး သတိရှိသင့်သည်။ ယင်းကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူတိုင်း ထုံခြင်း၊ ကျဉ်ခြင်း ဝေဒနာတို့မှ ကင်းဝေးနိုင်ကြမည်ဖြစ်သည်။
Author: Dr. လွင်သန့်; Healthcare Journal, vol 8, no 13
(Zawgyi)
ထုံနာ၊ က်ဥ္နာျဖစ္လွ်င္ အနာႀကီးေရာဂါေၾကာင့္ ျဖစ္မွာ ထိတ္လန႔္စိုး႐ြံ႕တတ္ၾကသည္။ ထုံျခင္း၊ က်ဥ္ျခင္းသည္ အနာႀကီးေရာဂါေၾကာင့္သာမက အျခားေသာအေၾကာင္းအရင္း ေၾကာင့္လည္း ျဖစ္ေပၚႏိုင္ပါသည္။ ထုံနာ၊ က်ဥ္နာသည္ ေရာဂါမဟုတ္ပါ။ ေရာဂါ၏ လကၡဏာတစ္ရပ္ျဖစ္သည္။ ထုံျခင္း၊ က်ဥ္ျခင္းသည္ အာ႐ုံေၾကာအဖြဲ႕အစည္း၊ အေရျပားေအာက္ရွိ အာ႐ုံေၾကာငယ္မ်ား ထိခိုက္ခံရျခင္း၊ အားနည္းလာျခင္းေၾကာင့္ျဖစ္သည္။
အနာႀကီးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ဗီတာမင္ဘီဝမ္းခ်ိဳ႕တဲ့ေရာဂါ (ဆုံနာစို၊ ဆုံနာေျခာက္၊ ဘယ္ရီဘယ္ရီတို႔မွာ ထုံနာက်ဥ္နာအျဖစ္မ်ားသည္။ ခႏၶာကိုယ္အတြင္း အျခားေသာ ဗီတာမင္ဘီ (၆)၊ ဘီ (၁၂)ဓါတ္၊ ထုံးဓာတ္ႏွင့္ ဒိုင္ယာဗင္ဓာတ္စေသာ အာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့ျခင္း၊ အရက္စြဲလြန္းျခင္း၊ ေသြးအတြင္း ယူရိယာဓာတ္မ်ားျခင္း တို႔တြင္လည္း ထုံနာက်ဥ္နာ ျဖစ္လာတတ္သည္။ ခဲ၊ ျပဒါးႏွင့္ စိန္ျဖဴစေသာ ဓါတ္သတၱဳမ်ား၊ ခႏၶာကိုယ္တြင္းမ်ားျပား၍ အဆိပ္သင့္ျခင္းႏွင့္ အခ်ိဳ႕ေသာေဆးမ်ား (အဆုတ္တီဘီကုသေဆး မွီဝဲသုံးစြဲမႈ လြန္ကဲျခင္းတို႔တြင္ ထုံျခင္း၊ နာက်ဥ္ျခင္း ျဖစ္ေလ့ရွိသည္။ ယင္းျပင္ ဆုံဆို႔နာေရာဂါ၊ ေမးခိုင္ေရာဂါ၊ အဆုတ္ကင္ဆာ၊ အစာအဆိပ္သင့္ျခင္းတို႔ေၾကာင့္ ထုံက်ဥ္တတ္သည္။
အာ႐ုံေၾကာတစ္ခုကို ထိခိုက္မိေသာအခါ ဖိမိေသာအခါ ယင္းအာ႐ုံေၾကာႏွင့္ သက္ဆိုင္သည့္ ေနရာတစ္ဝိုက္တြင္ ထုံက်ဥ္ေနေလ့ရွိသည္။ အခ်ိဳ႕တြင္ အေၾကာင္းမဲ့ အလိုလိုထုံက်ဥ္လာတတ္သလို အခ်ိဳ႕တြင္ စိတ္က မိမိခႏၶာကိုယ္ အၿမဲထုံက်ဥ္ေနသည္ဟု ထင္တတ္သည္။ စိတ္ေၾကာင့္ျဖစ္တာ အလြန္ထင္ရွားပါသည္။ အနာႀကီးေရာဂါ ျမန္မာႏိုင္ငံတြင္ အနာႀကီးေရာဂါခံစားေနရသူ မ်ားျပားသည္။ တစ္သိန္းေက်ာ္ရွိၿပီး အနာႀကီးေရာဂါျဖစ္ပြားသူ အမ်ားဆုံး(၆)ႏိုင္ငံတြင္ ပါဝင္သည္။ အခ်ိဳ႕တြင္ စိတ္က မိမိခႏၶာကိုယ္ အၿမဲထုံက်ဥ္ေနသည္ဟု ထင္တတ္သည္။ စိတ္ေၾကာင့္ျဖစ္တာ အလြန္ထင္ရွားပါသည္။
အနာႀကီးေရာဂါကို ျမန္မာႏိုင္ငံ တြင္ ျပည္သူလူထုအမ်ားစုက ဝဋ္နာကံနာ၊ မ်ိဳး႐ိုးလိုက္ေရာဂါ၊ အေပ်ာ္အပါးလိုက္စားမႈ လြန္ကဲ၍ ျဖစ္သည္စသျဖင့္ လြဲမွားစြာထင္ျမင္တတ္ၾကသည္။ အနာႀကီးေရာဂါသည္ မ်ိဳး႐ိုးမလိုက္ပါ။ ဝဋ္နာကံနာမဟုတ္ပါ။ ေပ်ာက္ကင္းေအာင္ ကုသ၍ ရသည္။ ေရရွည္ဇြဲရွိရွိ ကုသရန္ လိုသည္။ အနာႀကီးေရာဂါျဖစ္လွ်င္ ပတ္ဝန္းက်င္က အထင္အျမင္ေသး၊ ဝိုင္းပယ္မည္စိုး၍ လူမႈေရးဒုကၡအေပါင္းေၾကာင့္ ေစာစီးစြာေရာဂါကို ျပသစစ္ေဆးျခင္းမျပဳၾက၍ ေရာဂါမရင့္သင့္ဘဲ ရင့္လာေလသည္။ အနာႀကီးေရာဂါသည္ အနာႀကီးပိုးေၾကာင့္ျဖစ္ၿပီး ခႏၶာကိုယ္အတြင္း ေရာဂါပိုးဝင္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာမွ ေရာဂါလကၡဏာမ်ား ေပၚလာတတ္သည္။ လူတစ္ဦးမွတစ္ဦး ၾကာရွည္ထိ ေတြ႕ျခင္းမွ ကူးသည္။
အနာႀကီးေရာဂါသည္ ခႏၶာကိုယ္အတြင္း အေရျပားႏွင့္ အာ႐ုံေၾကာကိုသာ အဓိက ဒုကၡ ေပးသည္။ အေရျပားေပၚတြင္ အေရာင္ေဖ်ာ့အကြက္မ်ား ေပၚလာျခင္း၊ အျဖဴကြက္၊ အနီကြက္ ျဖစ္ျခင္း၊ ထုံလာျခင္း၊ က်ဥ္လာျခင္း၊ ေျခလက္ေလးလံျခင္း၊ အာ႐ုံေၾကာမ်ားေတာင့္၍ နာလာျခင္း၊ ယင္းအာ႐ုံေၾကာႏွင့္ စပ္ဆိုင္ေသာ ႂကြက္သားမ်ား အားနည္း၍ ေသးသိမ္လာျခင္း၊ အဖု အပိတ္မ်ားထြက္ျခင္း၊ မ်က္ခုံးေမြး၊ ႏႈတ္ခမ္းေမြးမ်ား ကြၽတ္ျခင္းတို႔္ ျဖစ္တတ္သည္။
၎အျပင္ အနာႀကီးေရာဂါပိုးသည္ အ႐ိုးႏုကို ပ်က္စီးလာေစ၍ ႏွာေခါင္းခ်ိဳင့္ေနသူ၊ လက္ေခ်ာင္း၊ ေျခေခ်ာင္းမ်ား တိုေနသူျဖစ္လာေစသည္။ အနာႀကီးေရာဂါအကြက္တြင္ အာ႐ုံခံစားမႈမွာ အျခားေနရာမ်ားႏွင့္ မတူေပ။ အမ်ားအားျဖင့္ ထုံထိုင္းတတ္၍ ပူရမွန္း၊ ေအးရမွန္းပင္ မသိေအာင္ျဖစ္သည္။ ထုံနာစုံ၊ ထုံနာေျခာက္ေရာဂါ လူတို႔ခႏၶာကိုယ္တြင္ ဗီတာမင္ဘီဝမ္းဓာတ္သည္ ခံတြင္းေကာင္းျခင္း၊ အစာေၾကျခင္း၊ အင္အားဓာတ္မ်ား ရရွိေစျခင္း၊ ႏွလုံးအားေကာင္းမြန္ေစျခင္း၊ အာ႐ုံေၾကာသန္စြမ္းေစျခင္း စသည္တို႔ျဖစ္သည္။ ကစီဓာတ္ကို စြမ္းအင္အျဖစ္ ေျခဖ်က္ရာတြင္ ပါဝင္ကူညီသည္။ ဗီတာမင္ဘီဝမ္းအာဟာရဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္ ကစီဓာတ္ကို ဆုံးခန္းတိုင္ ျပည့္စုံစြာ မေျခဖ်က္ ႏိုင္သျဖင့္ ကစီဓာတ္မွ အဆိပ္အေတာက္မ်ား က်န္ရွိစုပုံေနရာ အာ႐ုံေၾကာႏွင့္ ႏွလုံးသားကို ထိခိုက္လာ၍ ထုံနာစို၊ ထုံနာေျခာက္ျဖစ္လာရသည္။
ေျခလက္မ်ား ခ်ည့္နဲ႔၊ ပိန္လွီ၍ ထုံက်ဥ္ေနျခင္း၊ ေဖာေရာင္လာျခင္းႏွင့္ ႏွလုံးအားနည္း ျခင္းတို႔သည္ ယင္းေရာဂါ၏ အဓိကက်ေသာ ေရာဂါလကၡဏာျဖစ္သည္။ အသက္ႏွစ္လမွ ေလးလအ႐ြယ္ကေလးငယ္မ်ားတြင္ ျဖစ္တတ္ေသာ ထုံနာက်ဥ္နာစို၊ ထုံနာေျခာက္ေရာဂါတစ္မ်ိဳး မွာ ဗီတာမင္ဘီဝမ္းဓာတ္ခ်ိဳ႕တဲ့ေသာ မိခင္၏ ႏို႔ရည္ကိုသာ မွီဝဲေနရေသာ ကေလးမ်ားတြင္ ဖ်ားနားျခင္းမရွိဘဲ ႐ုတ္တရက္ ေအာ့အန္ၿပီး ေဖာေရာင္လာျခင္း၊ အသံဝင္လာျခင္း။ ႏွလုံးအား နည္းလာျခင္း၊ တက္ျခင္းတို႔ျဖစ္တတ္သည္။
ဗီတာမင္ဘီဝမ္းသည္ ဆန္၏ အေပၚယံအလႊာတြင္ အဓိကပါဝင္ေလရာ ဆန္ျဖဴအစားမ်ားၿပီး ထမင္းေရခန္းခ်က္၍ စားေလ့စားထမရွိေသာ ျမန္မာႏိုင္ငံတြင္ ယင္းေရာဂါအျဖစ္မ်ားသည္။
ဆီးခ်ိဳေရာဂါ – ဆီးခ်ိဳေရာဂါသည္ ကိုယ္တြင္းရွိ ဓာတ္သဘာဝပ်က္၍ ျဖစ္ရေသာ ေရာဂါမ်ားတြင္ အျဖစ္ အမ်ားဆုံးေရာဂါျဖစ္၏။ ခႏၶာကိုယ္ရွိ ပန္ကရိယအက်ိတ္အတြင္းရွိ ဆဲလ္အခ်ိဳ႕တြင္ ခြၽတ္ယြင္း ပ်က္စီး၍ အင္ဆူလင္ေခၚ ေဟာ္မုန္းဓာတ္ခ်ိဳ႕တဲ့ေသာေၾကာင့္ ျဖစ္ရေလသည္။ ဆီးခ်ိဳသည္ မ်ိဳး႐ိုးလိုက္တတ္၏။ ကေလးမ်ားတြင္ ေရာဂါျပင္းထန္၏။ လူႀကီးမ်ားတြင္ နာတာရွည္ေရာဂါတစ္ရပ္ျဖစ္ေနတတ္သည္။ ဆီးခ်ိဳေရာဂါလုံးဝေပ်ာက္ကင္းရန္ မလြယ္ေသာ္လည္း ထိေရာက္ေသာ ကုသမႈခံယူ၍ အစားအေသာက္ဂ႐ုစိုက္ပါက ေရာဂါသက္သာေစႏိုင္သည္။
ဆီးခ်ိဳေရာဂါရွင္တို႔တြင္ ဆီးခဏခဏသြားျခင္း၊ ေရခဏခဏေသာက္ျခင္း၊ ထိခိုက္အနာ တရျဖစ္ကာ အနာမ်ားမက်က္လြယ္ျခင္း၊ ဆီးႏွင့္ ေခြၽးကို ပု႐ြက္ဆိတ္တက္ျခင္းစသည့္ လကၡဏာမ်ားျဖစ္တတ္ၾကၿပီး ဆက္လက္၍ ေျခလက္မ်ား ထုံက်ဥ္ေနျခင္း၊ မ်က္စိတိမ္စြဲျခင္း၊ အနာမၾကာခဏ ေပါက္လာျခင္း၊ ေက်ာက္ကပ္ေရာဂါ၊ ေသြးတိုးေရာဂါတို႔တြင္ ဝင္လာျခင္း စသည္တို႔ ျဖစ္တတ္သည္။ ကိုယ္ဝန္ေဆာင္မိခင္တြင္ ဆီးခ်ိဳေရာဂါရွိပါက ကေလးမွာ အလြန္ဝေနၿပီး ေမြးရခက္ခဲသည္။
ထုံနာက်ဥ္နာျဖစ္ေနလွ်င္ – ခႏၶာကိုယ္တစ္ေနရာတြင္ ထုံျခင္း၊ က်ဥ္ျခင္း ျဖစ္ပါက မၾကာခဏ ျဖစ္တတ္ျခင္း ရွိ၊ မရွိ ျဖစ္ေပၚခံစားေနရေသာ ေနရာတစ္ေနရာတည္း ကြက္၍ ျဖစ္၊ မျဖစ္ႏွင့္ အျခားလကၡဏာမ်ား ေပၚေပါက္လာျခင္းရွိ၊ မရွိစသည့္ အခ်က္မ်ားေပၚတြင္ မူတည္၍ ဆင္ျခင္စဥ္းစားၿပီး ေရာဂါ ေၾကာင့္ ဟုတ္မဟုတ္ ခြဲျခားသင့္သည္။ ျဖစ္ႏိုင္ေသာ ေရာဂါအေျခအေနကို လိုက္၍ ဆရာဝန္ႏွင့္ လိုအပ္သလို ေဆြးေႏြးပါ။
အနာႀကီးေရာဂါျဖစ္ပါက စိတ္ပ်က္အားေလ်ာ့ျခင္းမရွိဘဲ ေရရွည္မွန္မွန္ ေဆးကုသမႈခံျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္သည္။ ထုံနာစို၊ ထုံနာေျခာက္ေရာဂါတြင္ လိုအပ္ေသာ အားေဆး၊ ဘီဝမ္း မွီဝဲျခင္းအျပင္ အာဟာရဓာတ္ မခ်ိဳ႕တဲ့ေစရန္ ဆင္ျခင္စားသုံးသင့္သည္။ ဆန္ျဖဴအစား ေမာင္းေထာင္းဆန္ စားရမည္။ ထမင္းကို ေရခန္းခ်က္စားသင့္သည္။ ထမင္းရည္ေသာက္သင့္သည္။ ဆီးခ်ိဳတြင္ အခ်ိဳေလ်ာ့စားရမည္။
ထုံနာက်ဥ္နာမျဖစ္ေစရန္ – ထုံနာက်ဥ္နာမျဖစ္ေစရန္ ထုံက်ဥ္ေစသည့္ ေရာဂါမ်ားကို ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ေအာက္ပါတို႔ကို သတိျပဳလိုက္နာသင့္သည္။
ဆီးခ်ိဳေရာဂါသည္ မ်ိဳး႐ိုးလိုက္သျဖင့္ ဆီးခ်ိဳေရာဂါရွိသူအခ်င္းခ်င္း အိမ္ေထာင္မျပဳသင့္ပါ။ အနာႀကီးေရာဂါေဝဒနာရွင္မ်ားကို လူေနမႈအသိုင္းအဝိုင္းမွ ဝိုင္းပယ္ထားသလို မျဖစ္ေစသင့္ပါ။ အလုပ္အကိုင္ေပးသင့္ၿပီး အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေပးသင့္သည္။
ဗီတာမင္ဘီဝမ္းႏွင့္ ထုံးဓာတ္မခ်ိဳ႕တဲ့ရန္ လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္မ်ား၊ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ ႏို႔တို႔ကို မွ်မွ်တတစားသင့္သည္၊ ထမင္းခ်က္ရာတြင္ အထပ္ထပ္ ေဆးေၾကာျခင္း ေရွာင္ၿပီး ေရခန္းခ်က္စားသင့္သည္။ ထမင္းရည္မွန္မွန္ ေသာက္ေပးသင့္သည္။ အရက္စြဲျခင္းေရွာင္ရမယ္။ မည္သည့္ေဆးမဆို တန္ေဆးလြန္ေဘး သတိရွိသင့္သည္။ ယင္းကဲ့သို႔ က်င့္ႀကံေနထိုင္ျခင္းျဖင့္ လူတိုင္း ထုံျခင္း၊ က်ဥ္ျခင္း ေဝဒနာတို႔မွ ကင္းေဝးႏိုင္ၾကမည္ျဖစ္သည္။
Author: Dr. လြင္သန႔္; Healthcare Journal, vol 8, no 13