သင်၏ မျက်လုံးများက ပြောသော သင့်ရောဂါများအကြောင်းသင်သိပါရဲ့လား???
(၁) ရုတ်တရက်မျက်လုံးများပြာခြင်း
သင်၏ အမြင်အာရုံ ရုတ်တရက် ခေတ္တခဏပျောက်ခဲ့လျှင် သင်၏ ဦးနှောက် သို့မဟုတ် မျက်လုံးသို့ သွေးစီးဆင်းမူတွင် ပြသာနာတစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့လျှင် ချက်ချင်း ဆေးဝါးကုသမှုခံယူပါ။ မဟုတ်လျှင် ပိုမိုပြင်းထန်သေ ာဝေဒနာခံစားရနိုင်သည်။ ချက်ချင်း အမြင်အာရုံ ပြန်ရနိုင်စေကာမူ လေဖြတ်နိုင်ခြင်းအစ ခေါင်းခဲဝေဒနာ အစဟု မှတ်ယူနိုင်ပါသည်။
(၂) မျက်လုံးပြူးလာခြင်း
မျက်လုံးပြူးထွက်လာခြင်းသည် သိုင်းရွိုက်ဟော်မုန်း ပိုမိုထွက်သောရောဂါ (Grave ‘s disease) ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းသည် ဝမ်းလျောခြင်း၊ ပိန်ခြင်း၊ လက်တုန်ခြင်းစသည့်တို့ပါ ဖြစ်နိုင်သည်။ ဆေးဝါးဖြင့်ကုသခြင်း (ဝါ) ခွဲစိတ်မူခံယူခြင်းဖြင့် ဟော်မုန်းများခြင်းကို ထိန်းချုပ် ကုသနိုင်ပါသည်။
(၃) မျက်လုံးဝါးခြင်း/ မှုန်ခြင်း
မျက်လုံးဝါးခြင်း/ မှုန်ခြင်းသည် ဆီးချိုရောဂါ၏ လက္ခဏာဖြစ်ပါတယ်။ အမြင်အာရုံထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။ လေဆာဖြင့် ကုသလို့ရပါတယ်။
(၄) မျက်ကြည်လွှာဘေး အကွင်းပေါ်ခြင်း
မျက်ကြည်လွှာအပြင်ဘေးစွန်းတွင် အဆီများစုပုံလာသောကြောင့် အညိုရောင်အတန်းပေါ်လာခြင်း ဖြစ်ပါသည်။ အများအားဖြင့်သက်ကြီးရွယ်အိုများတွင်တွေ့ရတတ်သော်လည်းအသက်၄၀အောက်လူငယ်များတွင်တွေ့ရှိပါက ကိုလက်စရော အလွန်များသော အန္တရာယ်ရှိသော လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။
(၅) မျက်ခွံတွဲကျခြင်း
မျက်ခွံတွဲကျခြင်းသည် အာရုံကြောကြွက်သားနှင့်ဆိုင်သော ရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းရောဂါသည် ကိုယ်ခံစွမ်းအားကို ထိခိုက်စေပြီး ကြွက်သားများအားနည်းစေပါသည်။ ဆေးဝါးကုသခြင်း (ဝါ) သိုင်းမတ်ဂလင်းထုတ်ခြင် းစသည်ဖြင့် ကုသနိုင်ပါသည်။
(၆) မျက်လုံးဝါခြင်း
မျက်လုံးဝါခြင်းသည် အသည်းရောဂါများ၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ဘီလီရူပင်မြှင့်တက်ခြင်းကြောင်း အသည်းရောင်၊ အသည်းပျက်စီးကာ မျက်လုံးဝါခြင်းဖြစ်သည်။ အစာမဆင်ခြင်ခြင်း၊ ပိုးဝင်ခြင်းနှင့် အရက်သောက်လျှင် အသည်းကို ပိုမိုပျက်ဆီးစေပါတယ်။ ကုသနည်းများမှာ လူနေထိုင်မူဘဝပြောင်းလဲခြင်းမှအစ အသည်းအစားထိုးခြင်းထိ ကုသနည်းမျိုးစုံရှိပါတယ်။
(၇) အမြင်အာရုံမှောင်မဲမႈ
သက်ကြီးရွယ်အိုများတွင် မျက်မှန်အကူလိုခြင်း၊ တိမ်ဖြစ်ခြင်းကြောင့် အလင်းရောင်အားနည်းချိန်တွင် အမြင်အာရုံချို့တဲ့သည်မှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတတ်သည်။ အသက်ငယ်ရွယ်သူများတွင် ဖြစ်ပါက ဗီတာမင် အေဓာတ်ချို့တဲ့မႈကြောင့် ဖြစ်နိုင်ပါတယ်။ ကန်စွန်းဥ၊ အမဲအသည်း၊ မုန်လာဥနီ၊ ရွှေဖရုံသီးများစားခြင်းဖြင့် ဗီတာမင် အေ ရရှိနိုင်ပါတယ်။
(၈) မျက်ခမ်းစပ်လှုပ်ခြင်း
မျက်ခမ်းစပ်လှုပ်ခြင်းသည် အများအားဖြင့် အန္တရာယ်မရှိပါ။ ဆေးလိပ်၊ ကော်ဖီ၊ အရက်သောက်သုံးခြင်းနှင့်လည်း သက်ဆိုင်ပါတယ်။ အာရုံကြောရောဂါကြောင့်ဖြစ်ခဲ့သော် အခြားသော လမ်းမလျှောက်နိုင်ခြင်း၊ စကားပြောခက်ခဲခြင်းစသည်ဖြင့် ရှိပါတယ်။
Dr. ပြည့်ရှင်း