(Zawgyi)
(၁) စွပ်ပြုတ်အေး
(၂)ဖရဲသီး
(၃)စတော်ဘယ်ရီသီး
(၄)ကိုက်လန်
(၇) ပင်လယ်စာအကင်များ
(၈)သခွားသီး
(၉)ခရမ်းချဉ်သီး
(၁၀)ထောပတ်သီး
(၁၁)ရက်စ်ဘယ်ရီသီး
(၁၂)ငရုတ်ဆီအစပ်
(၁၃)နာနတ်သီး
Author; Dr.ပြည့်ရှင်း
(Unicode)
သင်သည် အမှန်တကယ် ကိုယ်အလေးချိန်လျော့ချရန် ဆန္ဒရှိပါလျှင် အစာအစားရွေးချယ်စားသုံးခြင်းဖြင့် စတင်လိုက်ပါ။အဆိုပါအစားအစာများသည် ဘယ်လောက်စားစား ဝိတ်တက်မည်ကို မစိုးရိမ်ရပါ။အစာအစားများရွေးချယ်စားသုံးခြင်းဖြင့် နွေရာသီမှာ ဝိတ်ချကြပါစို့။ဝိတ်ကျစေသောအစာအစားများကတော့
(၁) စွပ်ပြုတ်အေး
ဟင်းသီးဟင်းရွက်များသာ အဓိကပါသောစွပ်ပြုတ်တစ်ခွက် သောက်လိုက်ပါ။ထိုအထဲတွင် အမျှင်ဓာတ်လုံလောက်စွာ ပါဝင်ပြီး အစာစားချင်စိတ်လျော့မယ်။ကိုယ်ခန္ဓာအတွက်လုံလောက်သော ကယ်လိုရီ ပါဝင်ပါတယ်။
(၂)ဖရဲသီး
နွေရာသီမှာအဓိက အစားချင်ဆုံး ဖရဲသီးတွင်ကိုယ်တွင်းအဆီများစုပ်ယူနိုင်သော အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ရေဓာတ်အပြည့်အဝပါသောကြောင့် ကိုယ်တွင်းကယ်လိုရီလောင်ကျွမ်းမူကို အားပေးပါတယ်။
(၃)စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးတွင်လည်း အမျှင်ဓာတ်ကောင်းစွာပါဝင်ပါတယ်။ကယ်လိုရီအနည်းဆုံးပါဝင်လို့ ဘယ်လောက်စားစား ဝိတ်တက်စရာမပူရပါ။
(၄)ကိုက်လန်
ကိုက်လန်သည် အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်။
(၄)ဟင်းသီးဟင်းရွက်ကင်များ
အကင်ဆိုင်သွားလျှင် အခြားသောအသားကင်များထက် ဟင်းသီဟင်းရွက်အကင်များ ပိုစားပါ။ကယ်လိုရီအနည်းဆုံးပါဝင်လို့ ဝိတ်တက်မှာမပူရပါ။
(၇) ပင်လယ်စာအကင်များ
ငါးကင်သည် အခြားသောအသားကင်များကဲ့သို့ အသားဓာတ်ပြည့်ဝသည့်အပြင် အိုမီဂါ ၃ ပါဝင်၍ ဝမ်းဗိုက်အဆီများ လျော့ကျစေပါတယ်။
(၈)သခွားသီး
သခွားသီးတွင်လည်း ရေဓာတ်ပြည့်ဝစွာပါဝင်လို့ ရေဓာတ်ခမ်းခြောက်မူ ကာကွယ်ပါတယ်။ရေဓာတ်လျော့လျှင် အစာစားချင်စိတ်ပိုပါတယ်။
(၉)ခရမ်းချဉ်သီး
ခရမ်းချဉ်သီးစားခြင်းသည်လည်း ရေဓာတ်အပြည့်အဝပါဝင်သောကြောင့်အသားအရေစိုပြည်သည့်အပြင် ဝိတ်ကျစေပါတယ်။
(၁၀)ထောပတ်သီး
ထောပတ်သီးသည် အချိုဓာတ်နည်းသောအသီးဖြစ်ပြီး ကျန်းမာရေးနဲ့သင့်တော်သောအဆီဓာတ်နှင့်အမျှင်ဓာတ်များပေါင်းစပ်ပါဝင်သောကြောင့်အစာစားချင်စိတ်လျော့နည်းစေပါတယ်။
(၁၁)ရက်စ်ဘယ်ရီသီး
ရက်စ်ဘယ်ရီသီး တစ်ခွက်သည် အခြားဘယ်ရီသီးများထက်အချိုဓာတ်နည်းသည်။ထို့ကြောင့်အစာစားချင်စိတ်လျော့ချပေးပါသည်။
(၁၂)ငရုတ်ဆီအစပ်
ပန်းငရုတ်သီးတွင်ပါဝင်သော ဓာတ်တမျိုးသည် အစာစားခြင်းလျော့နည်းစေနိုင်ပြီးဝမ်းဗိုက်အဆီလျော့ချပေးပါတယ်။
(၁၃)နာနတ်သီး
နာနတ်သီးတွင်ပါဝင်သောအင်ဇိုင်းများသည်အစာဖြိုခွဲမူကိုအားပေးပါသည်။အဆီများထိရောက်စွာ လောင်ကျွမ်းပါသည်။
အထက်ပါအစာအစားများရွေးချယ်စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်လျော့ချကြပါစို့။
Author; Dr.ပြည့်ရှင်း