fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အ၀လွန်လျှင် ဒီပြဿနာတွေရှိလို့ သတိပြုပါ

446
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/02/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

“၀မှ လှတယ်” ဆိုတဲ့စကားရှိတယ်။ ဒါဟာ တစ်ကယ်တော့ မှားယွင်းတဲ့ အယူအဆတစ်ခုပါ။ အကြောင်းကတော့ ၀တိုင်းလည်း မလှပါဘူး။ ဒါ့ပြင် အ၀လွန်ခြင်းကြောင့် ခံစားရမယ့် ကျန်းမာရေး နောက်ဆက်တွဲပြသာနာတွေကလည်း တကယ့်ကိုအများကြီးပါ။

၁။ သွေးတိုးနှင့် ဆီးချိုရောဂါ

အ၀လွန်ခြင်းနဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေက အမြဲတမ်းဆက်စပ်နေပါတယ်။ ကိုယ်ခန္ဓာမှာ အ၀လွန်လာတာနဲ့အမျှ သူ့ရဲ့သွေးကြောနံရံတွေမှာ မလိုလားအပ်တဲ့ အဆီတွေစုပုံလာတတ်ပါတယ်။ အဲဒါရဲ့နောက်ဆက်တွဲအနေနဲ့ သွေးကြောနံရံထူလာပီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့သွေးပမာဏကို နှလုံးကပုံမှန်ထက် ညှစ်ထုတ်ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ သွေးတိုးလာပါမယ်။ အ၀လွန်လာတာနဲ့အမျှ သွေးထဲမှာ (Glucose)သကြားဓာတ်တွေ လိုတာထက်ပိုများလာပီးတော့ ဆီးချိုဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကလည်း တဖြည်းဖြည်း မြင့်တက်လာပါတယ်။

၂။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ

အ၀လွန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေထဲမှာ နှလုံးရောဂါကလည်း ထိပ်ဆုံးကပါ၀င်နေပါတယ်။ နှလုံးအဆီဖုံးခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးရဲ့ ကြွက်သားနံရံများထူလာခြင်း စတဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ပြင် သွေးကြောဆိုင်ရာ ပြဿနာတွေအနေနဲ့ကတော့ ရုတ်တရက် လေဖြတ်ခြင်း၊ သတိမေ့ခြင်းနဲ့ အာရုံကြောဆိုင်ရာပြဿနာတွေ ခံစားရနိုင်ပါတယ်။

၃။ ကင်ဆာရောဂါအမျိုးမျိုး

လေ့လာတွေ့ရှိချက်တွေအရ အ၀လွန်နေတဲ့လူတွေမှာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းက သာမန်လူတွေထက် မြင့်မားပါတယ်။အဖြစ်များတဲ့ ကင်ဆာတွေကတော့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်နဲ့ ဆီး‌ကျိတ်ကင်ဆာ တို့ပဲဖြစ်ပါတယ်။

၄။ မျိုးပွားခြင်းဆိုင်ရာ ပြဿနာများ

အ၀လွန်တဲ့အမျိုးသားအများစုမှာ လိင်တံသေးငယ်ခြင်း ၊ လိင်တံတောင့်တင်းမှုမရှိခြင်း၊ တောင့်တင်းချိန် မကြာခြင်းနဲ့ သုက်လွှတ်စောတာတွေ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ကတော့ ရာသီပုံမှန်မလာခြင်း၊ ကလေးလွယ်လွယ်ကူကူမရနိုင်ခြင်း၊ သားပျက်သားလျှောဖြစ်နိုင်တဲ့ ရာခိုင်နှုန်းမြင့်မားခြင်းနဲ့ အ၀လွန်လာတဲ့အတွက် မိမိရဲ့ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်စွမ်း လျော့နည်းလာပါတယ်။

၅။ အရိုးအဆစ်ဆိုင်ရာ ပြဿနာများ

အဝလွန်လာတဲ့အခါမှာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်နဲ့ဖိအားတွေကို ခါး၊ ပေါင် နဲ့ ဒူးဆစ်တွေက များစွာခံစားရပါတယ်။ အဲဒီနေရာတွေမှာရှိတဲ့ အရိုး၊ အဆစ်တွေက နေ့စဉ်နဲ့အမျှ ဝန်ပိလာပြီးတော့ အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုဝေဒနာကိုစတင်ခံစားလာရပါတယ်။ အဲဒီလိုပဲ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အရိုးကျိုးလွယ်ခြင်းစတဲ့ နောက်ဆက်တွဲပြသနာများကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

၆။ ခြေသလုံးသွေးပြန်ကြောများထုံးခြင်း

အဝလွန်သူတွေရဲ့ ခြေသလုံးတွေမှာ သွေးပြန်ကြောတွေထုံးနေတတ်တာကို တွေ့ဖူးကြမှာပါ။ သွေးပြန်ကြောထုံးခြင်းကြောင့် လမ်းကြာကြာမလျှောက်နိုင်ခြင်း၊ ကြာကြာမတ်တတ်မရပ်နိုင်ခြင်းနဲ့ နာကျင်ခြင်းဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အလှအပဆိုင်ရာရှုထောင့်ကကြည့်မယ်ဆိုရင်လည်း သာမန်ထက်ကြည့်ရဆိုးတာတော့ အမှန်ပါပဲ။

၇။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ

ဝမ်းဗိုက်မှာ အဆီပိုတွေစုလာတဲ့အခါမှာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ခြားနားထားတဲ့ ကြွက်သားရဲ့ အထက်အောက်ရွှေ့လျားမှုကို အဟန့်အတားဖြစ်စေပါတယ်။ ပြီးတော့ ရင်ခေါင်းမှာ အဆီပိုတွေစုလာတဲ့အခါ အဆုတ်က လိုသလိုမပြန့်ကားပေးနိုင်တော့ပါဘူး။ ဒါကြောင့် အဝလွန်တဲ့လူတွေမှာ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ခြင်းနဲ့ အိပ်ပျော်နေစဉ် ရုတ်တရက်အသက်ရှူရပ်ခြင်းစတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

Author: Dr. KTZ

Previous Post

သင့်အသားအရေကို ထိခိုက်ပျက်စီးစေတတ်တဲ့နေ့စဥ်အမူအကျင့်များ

Next Post

သင့်ကလေး မကြာခဏဖျားရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကလေး မကြာခဏဖျားရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.