fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေး မကြာခဏဖျားရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

669
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/02/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေမှာ တစ်ခါတရံ ဖျားနာကြတာဟာ ပုံမှန်ဖြစ်ပေမဲ့ မိမိကလေးမကြာခဏဖျားနေတဲ့အခါမှာ စိုးရိမ်စိတ်တော့ ဝင်ကြမှာ အမှန်ပါပဲ။ ဒီလို မကြာခဏ ဖျားနေတဲ့အခါ ယခင်ကလို အိမ်မှာပဲ အဖျားပျောက်အောင် ပြုစုလိုက်ရုံနဲ့ မလုံလောက်နိုင်တော့ပါဘူး။ မကြာခဏဖျားရတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်မှသာ မိမိကလေးအတွက် စိတ်ချနိုင်မှာဖြစ်ပါတယ်။

ကလေးတွေ ဘာကြောင့် မကြာခဏဖျားရတာလဲ

ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုရောဂါ ဘယ်ရောဂါပိုး မဆို ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ ဖျားနာစေပါတယ်။ ကလေးတွေမှာ မကြာခဏဖျား‌စေတဲ့  အကြောင်းရင်း​တွေက​တော့ –

၁။ Periodic Fever Syndrome

Periodic Fever Syndrome ဆိုတာဟာ မျိုးရိုးလိုက်ပြီးဖြစ်တတ်တဲ့ ဖျားနားခြင်းမျိုးဖြစ်ပါတယ်။ ပိုးဝင်ခြင်း​တွေ​ကြောင်း ဖျားနာတာမျိုး မဟုတ်ပါဘူး။ Periodic Fever Syndrome မှာ ခံစားရတာ​တွေက​တော့ မကြာခဏဖျားခြင်း၊ ဗိုက်နာခြင်း၊ အဆစ်နာခြင်းနဲ့ ရင်ဘတ်​အောင့်ခြင်းတို့ဖြစ်ပါတယ်။

၂။ Borrelia Burgdorferi

Borrelia Burgdorferi ဆိုတာ ​ခွေးသန်း၊ ​ကြောင်သန်းစတဲ့ အင်းဆက်ပိုးမွှား​တွေ အကိုက်ခံရတဲ့အခါ ဖြစ်တတ်တဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီ​ရောဂါဖြစ်တဲ့အခါ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားနာခြင်း၊ ​ပျို့ခြင်းနဲ့ ညဘက်​ချွေးထွက်ခြင်းစတဲ့ လက္ခဏာ​တွေကို ခံစားရတတ်ပါတယ်။

၃။ Cyclic neutropenia

Neutrophils လို့​ခေါ်တဲ့ ​သွေးဖြူဥဆဲလ်​လေး​တွေဟာ ခန္ဓာကိုယ်တွင်းသို့ ဝင်​ရောက်လာတဲ့ ဗက်တီးရီးယား​ရောဂါပိုးမွှား​တွေကို ခုခံတိုက်ခိုက်​ပေးတဲ့ ဆဲလ်​လေး​တွေဖြစ်ပါတယ်။ Neutropenia ဆိုတာ ​သွေးဖြူဥ​တွေ​လျော့နည်း​နေခြင်းဖြစ်ပါတယ်။ ဒီလို​သွေးဖြူဥ​လေး​တွေ ​လျော့နည်း​နေတဲ့အချိန်ဆိုရင် ​ရောဂါပိုးမွှား​တွေကို မတိုက်ထုတ်နိုင်​တော့ဘဲ မကြာခဏဖျားနာခြင်းကို ခံစားရနိုင်ပါတယ်။

၄။ သွားပြည်တည်နာဖြစ်ခြင်း

က​လေးငယ်​တွေမှာ သွားပိုးစားခြင်းကို အတွေ့များရ​လေ့ရှိပါတယ်။ သွားပိုးစားခြင်းဟာ ပြင်းထန်ပြီး ပြည်တည်နာ​တွေဖြစ်လာပြီဆိုရင်​​တော့ သွားပိုး​တွေဟာ ​သွေးတွင်းသို့ ပျံ့နှံ့သွားပြီး မကြာခဏဖျားနာခြင်းကို ဖြစ်​စေနိုင်ပါတယ်။ သွားပိုးစားခြင်းနဲ့အတူ သွားနာခြင်း၊ ကိုယ်ပူခြင်း၊ ပါးစပ်နံခြင်း၊ မျက်နှာ​ရောင်ရမ်းခြင်း စတာ​တွေပါခံစားရ​နိုင်ပါတယ်။

၅။ Leukaemia or Lymphoma

က​လေး​တွေ မကြာခဏဖျား​နေပြီဆိုရင် မ​​မေ့သင့်တာက​တော့ Leukaemia ဆိုတဲ့ ​သွေးကင်ဆာပဲဖြစ်ပါတယ်။ Leukaemia  ဖြစ်​နေပြီဆိုရင် ​သွေးဖြူဥဆဲလ်​တွေ ​လျော့နည်း​နေတာ​​ကြောင့် ​မကြာခဏ​ရောဂါပိုး​တွေဝင်​ရောက်ပြီး ဖျားနာတတ်ပါတယ်။ မကြာခဏဖျားခြင်းအပြင် ခန္ဓာကိုယ်မှာ အညိုအမဲအကွက်​တွေဖြစ်ခြင်း၊ ​သွေးအားနည်းခြင်း၊ ​အသည်းကြီးခြင်း၊ ကိုယ်အ​လေးချိန်​လျော့ကျခြင်းနဲ့ ​​မောပန်းခြင်းစတာ​​တွေပါ ခံစား​နေရရင်​တော့ ​သွေးကင်ဆာကို သံသယရှိသင့်ပါတယ်။

၆။ Crohn’s Disease 

Chron’s disease ဆိုတာ အူမကြီးနဲ့ အူလမ်း​ကြောင်းတစ်​လျှောက် ​ရောင်ရမ်းခြင်းဖြစ်တဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။ ​ရောဂါပြင်းထန်လာ​လေ ကုသရခက်ခဲ​လေဖြစ်တဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဖျားနာခြင်းအပြင် ​သွေးဝမ်းသွားခြင်း၊ အစာအာဟာရချို့တဲ့ခြင်းတို့ပါခံစား​နေရမယ်ဆိုရင်​တော့ Crohn’s Disease ဖြစ်နိုင်​ခြေများပါတယ်။

၇။ Juvenile Idiopathic Arthritis

က​လေး​တွေမှာ​တွေ့ရတဲ့ အဆစ်​ရောင်​ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ ခံစားရတတ်ပြီး မကြာခဏဖျားနာခြင်း၊ နုံးခြင်း၊ ဒူး၊ လက်​ကောက်ဝတ်နဲ့ ​ခြေကျင်းဝတ်အဆစ်တွေရောင်ရမ်းနာကျင်ခြင်း စတာ​တွေပါခံစားရနိုင်ပါတယ်။

 

ဖျားနာ​နေတဲ့က​လေး​တွေကို ဘယ်လိုကုသ​ပေးရမလဲ

၁။ အရည်များများတိုက်​ပေးပါ

ဖျားနာခြင်းဟာ ​ရေဓာတ်ဆုံးရှုံး​စေနိုင်တာ​ကြောင့် အရည်များများပြန်တိုက်​ပေးဖို့ အလွန်အ​ရေးကြီးပါတယ်။ ဆုံးရှုံးသွားတဲ့ ​ရေဓာတ်အပြင် Electrolytes ​တွေပါပြန်လည်ဖြည့်တင်းနိုင်အောင် ဓာတ်ဆားတိုက်​ပေးတာက အ​ကောင်းဆုံးဖြစ်ပါတယ်။

၂။ ​ရေပတ်တိုက်ခြင်း

က​လေးကိုယ်ပူမြန်မြန်ကျဖို့အတွက်ဆိုရင် ​ရေပတ်တိုက်​ပေးခြင်းဟာလည်း အ​ကောင်းဆုံးနည်းလမ်း​တွေထဲကတစ်ခုဖြစ်ပါတယ်။

၃။ က​လေးကို ​စောင်အထူကြီး​တွေနဲ့ထုပ်ထားခြင်းမျိုးကို ​ရှောင်ပါ

က​လေးဖျားရင် ​စောင်အထူကြီး​တွေနဲ့ ခြုံတာဟာအယူအဆအမှားပဲ ဖြစ်ပါတယ်။ ကိုယ်ပူ​နေချိန်မှာ အထူကြီးခြုံထားခြင်းဟာ အပူ​တွေ​လှောင်ထားသလိုဖြစ်ပြီး ပိုဆိုးလာ​စေနိုင်ပါတယ်။ က​လေးချမ်း​နေပြီဆိုရင် ​ချည်သား​စောင် ဒါမှမဟုတ် က​လေးသက်​တောင့်သက်သာဖြစ်​စေမယ့် ​စောင်မျိုးကိုသာ ခြုံပေးထားသင့်ပါတယ်။

၄။ ဆရာဝန်နဲ့ပြသပါ

က​လေးဖျားတာ ၂ ရက်ထက်​ကျော်​နေပြီဆိုရင်​တော့ ဆရာဝန်နဲ့ဆိုင်ပင်ပြသသင့်ပါတယ်။ အိမ်တွင်းအဖျားကျ​အောင် ကုသ​ပေးလို့ရနိုင်​ပေမဲ့ ဆရာဝန်နဲ့ပြသမှသာ က​လေးမကြာခဏဖျားနာရခြင်းအ​ကြောင်းအရင်းကို စမ်းသပ်​ပေးနိုင်မှာဖြစ်ပါတယ်။

မေ​မေ​ဖေ​ဖေတို့အ​နေနဲ့ က​လေး​တွေဖျားနာရင် စိုးရိမ်ပူပန်တတ်ကြတာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ က​လေးငယ်​တွေဟာ မိမိကိုယ်ကို မ​စောင့်​ရှောက်နိုင်သေးတာ​ကြောင့် က​လေးတွေရဲ့ကျန်းမာရေးဟာ မိဘ​တွေအ​ပေါ်မှာ အလုံးစုံမူတည်​နေမှာဖြစ်ပါတယ်။ ဒါ​ကြောင့် ​မေ​မေ​ဖေ​ဖေတို့ဟာ က​လေးမကြာခဏဖျားနာရတဲ့အ​ကြောင်းအရင်း​တွေကို ​သေချာနားလည်သိရှိပြီး က​လေးဖျားနာတဲ့အချိန် မှန်ကန်တဲ့နည်းလမ်း​တွေစနစ်တကျ ကျင့်သုံးနိုင်ဖို့ အလွန်​အ​ရေးကြီးပါတယ်။

Author: Dr. Aye Myat

Previous Post

အ၀လွန်လျှင် ဒီပြဿနာတွေရှိလို့ သတိပြုပါ

Next Post

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 months ago
121

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 months ago
371
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

7 months ago
358
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

9 months ago
292
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

9 months ago
696
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

10 months ago
240

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.