fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အိပ်နေရင်း ခန္ဓာကိုယ်ကဆတ်ခနဲလှုပ်တာ ရောဂါလား

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူသားတို့၏ ဇီဝကမ္မလိုအပ်ချက်အရ အနားယူအိပ်စက်ခြင်းသည် လူတစ်ယောက်၏စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် အလှအပရေးရာဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ထိုသို့အိပ်စက်အနားယူခြင်းကို ညဘက်အိပ်မက်ဆိုးများမက်ခြင်း၊ အိပ်နေရင်း လှုပ်မရခြင်း သို့မဟုတ် ဘီလူးစီးခြင်း Sleep Paralysis၊ အိပ်နေရင်း ရုတ်တရက်အသက်ရှူရပ်ခြင်း Sleep Apnoea၊ အိပ်နေရင်းလမ်းလျှောက်ခြင်း Sleep Walking၊ အိပ်နေရင်း ခန္ဓာကိုယ်ကဆတ်ခနဲလှုပ်ခြင်း Sleep Myoclonus စသည့် ပုံမမှန်ဖြစ်စဉ်များက ထိခိုက်စေနိုင်ပါသည်။

အိပ်နေရင်း ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ခြင်း Sleep Myoclonus ကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ရေးမဝခြင်းဖြစ်ကာ နေ့ဘက်တွင် အားကုန်ပင်ပန်းသကဲ့သို့ ခံစားရနိုင်သည်။ Sleep Myoclonus သည် အသက်အရွယ်မရွေး မကြာခဏဆိုသလို ကြုံတွေ့ခံစားဖူးမည့် အခြေအနေဖြစ်ပါသည်။ အထူးသဖြင့် မွေးကင်းစ တစ်ပတ်အတွင်း၊ လသားအရွယ်များနှင့် ကလေးတွေမှာ ပိုပြီးတွေ့ရတတ်ပါသည်။ ကလေးများအသက်တစ်နှစ်ကျော်လာလျှင် ကုသမှုမလိုပဲ အလိုအလျောက် သက်သာပျောက်ကင်းသွားတတ်ပါသည်။

အိပ်နေရင်းကြွက်သားများ ဆတ်ခနဲလှုပ်ခြင်းနှင့်ပတ်သက်ပြီး ဦးနှောက်လှိုင်းများ စစ်ဆေးခြင်း EEG တွင် ပုံမမှန်လှိုင်းများ မတွေ့ရှိရသဖြင့် ဦးနှောက်၏ဆောင်ရွက်မှုနှင့် ပတ်သက်သော ရောဂါတစ်ခုအဖြစ် မသတ်မှတ်နိုင်ပါ။ ခြေထောက်၊ လက်၊ ခြေချောင်းလက်ချောင်းများကဲ့သို့ ကြွက်သားအစိတ်အပိုင်း သို့ ကြွက်သားအုပ်စုတစ်ခုတွင် အလိုအလျောက် ကျုံ့ဆန့်လှုပ်ရှားရာမှ ရုတ်တရက် ဖြစ်ပေါ်လာသော လက္ခဏာတစ်ခု ဖြစ်ပါသည်၊၊ ဝမ်းဗိုက်အတွင်းရှိ ရင်ဝမ်းခြားကြွက်သား ကျုံ့ဆန့်လှုပ်ရှားရမှ ဖြစ်ပေါ်လာသော ကြို့ခြင်းလက္ခဏာ Hiccups နှင့် အလားတူပါသည်။

ရောဂါအခံမရှိသော သာမန်ကျန်းမာသည့် လူများတွင်လည်း ဤလက္ခဏာကို တွေ့ရတတ်ပါသည်။
အိပ်နေရင်းနှင့် ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ခြင်းသည် မျိုးရိုးလိုက်နိုင်သော အမျိုးအစား(Hereditary Autosomal Dominant) နှင့် မျိုးရိုးဗီဇနှင့်မသပ်ဆိုင်ဘဲဖြစ်ပွားတတ်သော အမျိုးအစား(Non-inherited Sporadic) ဟု၍ နှစ်မျိုးရှိပါသည်။ ဖြစ်ပေါ်ရသော အကြောင်းအရင်းများမှာ အသက်အရွက်ကိုလိုက်၍ ကွာခြားပါသည်။ ဦးနှောက်အတွင်းရှိ ဒိုဘာမင်း Dopamine ဟော်မုန်း မညီမျှမှု၊ Levodopa ကဲ့သို့ သောက်ဆေးများ၊ စိတ်ကျရောဂါကုသဆေး၊ အစာအိမ်ရောဂါအတွက် အသုံးပြုသည့် Bismuth Salt ပါဝင်သောဆေး၊ Levodopa ကဲ့သို့ သောက်ဆေးများကြောင့် ဖြစ်နိုင်သည်ဟု တွေ့ရှိချက်များက ဖော်ပြကြသည်။

ဦးနှောက်နှင့်အာရုံကြောမကြီး ဆက်စပ်သည့်ရောဂါများ၊ အတက်ရောဂါရှိသူများ၊ အိပ်စက်ခြင်း ပုံမမှန်သည့်ရောဂါရှိသူများ၊ ခြေထောက်ဂနာမငြိမ်လှုပ်ရှားနေသောရောဂါ၊ အိပ်နေစဉ် ခြေလက်များလှုပ်ရှားနေသောရောဂါ ၊ အသက်အရွယ်ကြီးသူများတွင် ဖြစ်ပွါးသည့် သူငယ်ပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါ ခေါ် အယ်ဇိုင်းမားရောဂါ A၊ ပါကင်ဆန်ရောဂါ ခေါ် ကြွက်သားများတောင့်တင်းသည့်ရောဂါ ၊ ဦးခေါင်းနှင့်ကျောရိုးဒဏ်ရာရရှိခြင်း၊ ဦးနှောက်တွင်းရှိ အလုံးအကြိတ်များ၊ လေဖြတ်ခြင်း တို့တွင် ခန္ဓာကိုယ်ကြွက်သား ဆတ်ခနဲ လှုပ်ရှားမှုများကို တွဲတွေ့ရတတ်ပါသည်။

အိပ်နေရင်းနှင့် ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ခြင်းသည် မိမိအိပ်စက်အနားယူမှုကို ထိခိုက်မှုရှိလာလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး ဖြစ်ရသည့်အကြောင်းရင်းကို ရှာဖွေကုသမှုခံယူရန်လိုအပ်ပါသည်။ Phenytoin, Levetiracetam ကဲ့သို့ အတက်ကျဆေးများ၊ ဒိုင်ယာဇီပန်အုပ်စုဝင်ဆေးများ၊ Xenazine ကဲ့သို့ ပုံမမှန်ကြွက်သားလှုပ်ရှားမှုအတွက် ဆေးများ၊ Barbituratesအိပ်ဆေးများကဲ့သို့ ဆရာဝန်ညွှန်ကြားချက်လိုသည့်ဆေးများအသုံးပြု၍ ကုသနိုင်ပါသည်။ ကြွက်သားနှင့်အကြောများ ဆန့်ထုတ်သည့်လေ့ကျင့်ခန်းများ၊ ယောဂကစားခြင်းနှင့် ကြွက်သားများကို နှိပ်နယ်ပေးခြင်းဖြင့် အိပ်စက်ရင်း ခန္ဓာကိုယ်ကြွက်သားများ ဆတ်ခနဲလှုပ်ခြင်းကို သက်သာစေနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းမယ်

Next Post

ပိုးထိရင် အရေးပေါ်ဘယ်လိုကုသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပိုးထိရင် အရေးပေါ်ဘယ်လိုကုသလဲ

မျက်လုံးတစ်၀ိုက် အရေးကြောင်းတွေကင်းချင်လျှင်

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် ...

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.