ခန္ဓာကိုယ်အရေပြားဟာ ကျုံနိုင်ဆန့်နိုင်တဲ့ elasticity အစွမ်းရှိပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ထိုသို့အရေပြား၏ ကျုံ့ဆန့်နိုင်အား ပြောင်းလဲမှုကြောင့် အရေပြား၏အလွှာ(၃)လွှာအနက် အလယ်အလွှာ dermis တွင် ပျက်စီးမှုအပိုင်းအစများဖြစ်ပြီး အကြောပြတ်ရာများ ပေါ်လာရပါသည်။ အရေပြားတောင့်တင်းမှုကို ဖြစ်ပေါ်စေသည့် ကော်လဂျင် ပရိုတင်းများ ဆုံးရှုံးရာမှလည်း အကြောပြတ်ခြင်း ဖြစ်ပေါ်တတ်သည်။
အသားအရောင်ပေါ်မူတည်ပြီး အကြောပြတ်ရာများကို ပန်းရောင်၊ ခရမ်းရောင်၊ အညိုရောင်မှ အဖြူရောင်အထိ ကွဲပြားစွာမြင်ရတတ်သည်။ အသားဖြူ၊ အသားလတ်သူများ၊ အသားခြောက်သူများတွင် အကြောပြတ်နှုန်းပိုများပြီး ပိုသိသာထင်ရှားတတ်သည်။ ဝမ်းဗိုက်၊ ပေါင်ရင်း၊ ခြေသလုံး၊ လက်မောင်း၊တင်ပါးနှင့် ရင်သားရှိအရေပြားများတွင် အကြောပြတ်ရာများ ဖြစ်ပေါ်တတ်ပါသည်။ အသားအရည်အမျိုးအစားပေါ် မူတည်ပြီး အချို့ အရေပြားမှာ ကျုံ့ဆန့်နိုင်အားကောင်းသဖြင့် အကြောပြတ်ခြင်းမဖြစ်တတ်ကြပါ။
ခန္ဓာကိုယ် အရွယ်အစားကြီးလာသည့် ကြီးကောင်ဝင်ချိန်၊ ကိုယ်အလေးချိန် သိသိသာသာပြောင်းလဲခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ခန္ဓာကိုယ် ရေဓါတ်နည်းပြီး အသားခြောက်ခြင်း၊ နေရောင်ခြည်၊ အပူဒါဏ်တို့နှင့် ထိတွေ့မှုများပြီး အသားအရေခြောက်သွေ့ခြင်း၊ ကိုယ်ဝန်ဆောင်ကာလ ဟော်မုန်းအပြောင်းအလဲတို့ကြောင့် အရေပြားတောင့်တင်းမှုနှင့် ကျုံ့ဆန့်နိုင်မှုအား ပြောင်းလဲပြီးအကြောပြတ်တတ်သည်။
ကျောက်ကပ်အပေါ်ဖက် ဟော်မုန်းထုတ်အင်္ဂါအစိတ်အပိုင်း adrenal gland မှ ကော်တီဇောဟော်မုန်းပမာဏ ထုတ်လုပ်မှုများခြင်း၊ ဟော်မုန်းလွန်ကဲသော ရောဂါဖြစ်သည့် Cushing Syndrome တို့ကြောင့်လည်း အကြောပြတ်တတ်သည်။ ဗီတာမင်အေ၊ စီ၊ အီး စသည့်ကော်လဂျင်ကို လှုံ့ဆော်ပေးသည့် အရေပြားအားဖြည့် ဗီတာမင်များချို့တဲ့ခြင်း၊ မိမိတို့သုံးစွဲသော ဆေးဝါး၊ ဖြည့်စွက်အာဟာရများတွင် စတီးရွိက်ပါဝင်ခြင်းကြောင့်လည်း အကြောပြတ်ခြင်းကို ဖြစ်စေပါသည်။
အကြောပြတ်ခြင်းကို ကာကွယ်နိုင်သည့်နည်းလမ်း၊ ကုသသည့်နည်းလမ်းဟု၍ အတိအကျမရှိပါ။ သို့သော် အရေပြားကို အစိုဓါတ်ဖြည့် အလှကုန်များ လိမ်းဆေးများ moisturizing cream၊ အဆီ oils၊ အကြောပြတ်သက်သာသည့်လိမ်းဆေး Anti Stretch Mark Cream စသည်တို့လိမ်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။ အကြောပြတ်ရာများမထွက်ခင်က အရေပြားအစိုဓါတ်ဖြင့်၊ အားဖြည့် အဆီတစ်မျိုးမျိုး ပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားအကြောပြတ်ရာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
အရေပြားကို အစိုဓါတ်ပေးပြီး အကြောပြတ်ရာများကို တားဆီးပေးနိုင်သည့် အဆီများမှာ သဘာဝအုန်းဆီ၊ rosehip oil၊ ဗီတာမင်အီး၊ဗီတာမင်အေ စသည့် အာဟာရများကြွယ်ဝသည့် Argan oil၊ အယ်လ်မွန်စေ့အဆီ၊ သံလွင်ဆီ၊ လိမ္မော်ပင်မျိုးနွယ်ဝင် Neroli အဆီများ၊ bio oil တို့အသုံးပြုပေးနိုင်သည်။ အကြောပြတ်ခြင်းသည် မျိုးရိုးလိုက်သဖြင့် မိမိ မိသားစုတွင် အကြောပြတ်ခြင်း ကြုံတွေ့ရလျှင် အဆီ၊ လိမ်းဆေးများ ကြိုတင်လိမ်းပြီး ကာကွယ်သင့်ပါသည်။ မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှစ၍ အရေပြားကို အစိုဓါတ်ဖြည့်အဆီတစ်မျိုး ပုံမှန်လိမ်းပေးပြီး အကြောပြတ်ရာမဖြစ်အောင် ပြုလုပ်နိုင်သည်။
အရေပြားအကြောပြတ်ရာ ဖြစ်ပေါ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦး မျိုးရိုးဗီဇ၊ အသားအရေ၊ နေထိုင်စားသောက်မှု ပုံစံပေါ်မူတည်ပြီး ကွာခြားတတ်ကြပါသည်။ အရေပြားတွင် ပါဝင်ဖွဲ့စည်းသော ကျုံ့ဆန့်မှုအာနိသင်ရှိသည့် elastin၊ ကော်လာဂျင် ပရိုတင်းများကို အားကောင်းစေရန် အာဟာရမျှတအောင်စားခြင်း၊ ရေနှင့်အစိုဓါတ် လုံလောက်အောင်ဖြည့်ခြင်း၊ အရေပြားကို အဆီတစ်မျိုးမျိုး ပုံမှန်အသုံးပြုပြီး နှိပ်နယ်ပေးခြင်းဖြင့် အကြောပြတ်ရာများကို အထိုက်အလျောက် တားဆီးပေးနိုင်မည်ဖြစ်ပါသည်။
အကယ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်မိသားစုအတွင်းမှာဖြစ်စေ ဝမ်းဗိုက်၊ ပေါင်ရင်း၊ ခြေသလုံး၊ လက်မောင်း၊တင်ပါးနှင့် ရင်သားတို့မှာ အကြောပြတ်ရာများရှိခဲ့သော် Vitamin A, E ၊ ပန်းအဆီအနှစ်နဲ့ PurCellin Oil တို့ပါ၀င်ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Bio Oil ကို တစ်နေ့(၂)ကြိမ် မှန်မှန်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Author- Dr. Yee Mon