fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ငါးမှ​ပေးတဲ့ အာဟာရဓါတ်

Nutrients provided by fish
361
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/04/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ငါးစားခြင်းဟာ ခန္ဓါကိုယ်ကျန်းမာ​ရေးအတွက် ​ကောင်းကျိုးများစွာရှိ​စေတာကို လူအများသိရှိပြီးဖြစ်ကြမှာပါ။ သို့​သော်လည်း ငါးမှာပါဝင်တဲ့ အာဟာရဓါတ်​တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်​တွေအ​ကြောင်းကို​တော့ စုံစုံလင်လင်သိရှိသူနည်းပါတယ်။ ငါး​တွေမှာ အသားဓါတ်(ပရိုတင်းဓါတ်​)​တွေ ပါဝင်တဲ့အပြင် omega 3 fatty acids လို့​ခေါ်တဲ့ ငါးကြီးဆီဓါတ်​တွေလည်း အပြည့်အဝပါဝင်​နေတာ​ကြောင့် ကျန်းမာ​​ရေးအတွက် ​အကျိုး​​ကျေးဇူးများစွာ ရရှိ​စေမှာဖြစ်ပါတယ်။ ငါးမှ​ပေးတဲ့ အာဟာရဓါတ်၊ ဗီတာမင်နဲ့သတ္တုဓါတ်​တွေက​တော့

(၁) omega 3 fatty acids ​ခေါ်ငါးကြီးဆီ
ငါးကြီးဆီဟာ ငါးသ​လောက်၊ ဆယ်လမွန်နဲ့ တူနာငါးစတဲ့ ငါး​တွေမှာ အဓိကပါဝင်​နေပါတယ်။ ငါးကြီးဆီဟာ နှလုံး​သွေး​ကြောကျန်းမာ​ရေးအတွက် အထူး​ကောင်းမွန်ပါတယ်။ ငါးကြီးဆီဟာ နှလုံး​သွေး​ကြောကျဥ်းခြင်းနဲ့ နှလုံး​​ရောဂါဖြစ်​ပေါ်နိုင်​ခြေကို ​လျှော့ချ​ပေးနိုင်ခြင်း၊ ​သွေးတွင်းမ​ကောင်းတဲ့အဆီ​တွေကို ဖယ်ရှား​ပေးနိုင်ပြီး ​ကောင်းတဲ့အဆီဓါတ်ကို များပြားလာ​စေခြင်း၊ ​သွေး​ပေါင်ခြင်းထိန်း​ပေးနိုင်ခြင်း စတဲ့​ကျန်းမာ​ရေး​ကောင်းကျိုး​တွေကို ရရှိ​စေနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ ဦး​နှောက်ကျန်းမာ​ရေးအတွက်လည်း များစွာအ​ထောက်အကူဖြစ်​စေပါတယ်။

(၂) ဗီတာမင် A
အဆီများတဲ့ငါး​တွေ များများစား​ပေးမယ်ဆိုရင် ဗီတာမင် A ကို ရရှိ​စေနိုင်ပါတယ်။ ဗီတာမင် A ဟာ အမြင်အာရုံ​ကောင်းမွန်​စေခြင်း၊ မျက်စိ​ရောဂါ​တွေဖြစ်လာနိုင်​ခြေကို ​လျှော့ချ​ပေးနိုင်ခြင်း၊ အရိုးနဲ့သွား​တွေ ကြီးထွားသန်မာလာ​စေခြင်း စတဲ့ အကျိုး​ကျေးဇူးများစွာကို ရရှိလာ​စေမှာဖြစ်ပါတယ်။

(၃) ဗီတာမင် B-complex
ငါး​တွေမှာ ​နောက်ထပ်ပါဝင်တဲ့ ဗီတာမင်ဓါတ်​တွေက​တော့ ဗီတာမင် B1, B2, B6, B12 စတာ​တွေဘဲဖြစ်ပါတယ်။ ဗီတာမင် B-complex ဟာဆိုရင် ဦး​နှောက်နဲ့အာရုံ​ကြောစနစ်​ကောင်းမွန်​စေဖို့အတွက် အ​ထောက်အကူဖြစ်​စေပါတယ်။

(၄) ဗီတာမင် D
ငါး​တွေမှာ အရိုးနဲ့သွားကျန်းမာ​ရေးအတွက် ​ကောင်းမွန်​စေတဲ့ ဗီတာမင် D လည်းများစွာပါဝင်​နေပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်မြင့်တက်​စေဖို့လည်း ကူညီ​ပေးနိုင်ပါတယ်။

(၅) ကယ်လ်စီယမ်
ဗီတာမင် D အပြင် အရိုးကျန်းမာဖွံ့ဖြိုး​ရေးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ဓါတ်ဟာလည်း ငါး​တွေမှာ ပါရှိပါတယ်။

(၆) မဂ္ဂနီဆီယမ်
ငါး​တွေမှာ ပါဝင်တဲ့မဂ္ဂနီဆီယမ်ဓါတ်ဟာ နှလုံးနဲ့ ကြွက်သားကျန်းမာ​ရေးအတွက် အ​ထောက်အပံ့ဖြစ်​စေခြင်း၊ ဆီးချို​ရောဂါဖြစ်​ပေါ်​နိုင်​ခြေကို ​လျှော့ချ​ပေးနိုင်ခြင်းစတဲ့​​ကောင်းကျိုးများစွာကို ရရှိ​စေနိုင်ပါတယ်။

(၇) ဇင့်ဓါတ်
ငါး​တွေမှာ ခန္ဓါကိုယ်တွင်းဆဲလ်​တွေ ကြီးထွားဖွံ့ဖြိုး​စေဖို့နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်​ကောင်းမွန်​စေနိုင်တဲ့ ဇင့်ဓါတ်လည်း ပါရှိပါတယ်။

(၈) သံဓါတ်
​ငါး​​တွေမှာ သံဓါတ်ပါဝင်တာ​ကြောင့် ​သံဓါတ်ချို့တဲ့ပြီး ​သွေးအားနည်းခြင်းကင်း​ဝေး​စေဖို့ ငါးများများစားသုံး​ပေးသင့်ပါတယ်။
ငါးများများစားသုံးခြင်းဖြင့် ဗီတာမင်နဲ့သတ္တုဓါတ်​တွေ ကြွယ်ဝစွာရရှိ​စေနိုင်တာ​ကြောင့် တစ်ပတ်ကိုအနည်းဆုံး ၃ကြိမ်ခန့် ငါးကို စားသုံး​ပေးသင့်ပါတယ်။ မာကျူရီ​တွေလွန်ကဲစွာ ပါဝင်​နေတဲ့ ငါး​တွေမစားမိ​စေဖို့​တော့ သတိပြုရပါမယ်။ ငါး​တွေဟာ အသား​တွေစားသကဲ့သို့ ပရိုတင်းဓါတ်ရရှိ​စေတဲ့အပြင် ငါးကြီးဆီလည်း ပါဝင်​နေတာ​ကြောင့် ကျန်းမာ​ရေးအတွက် ​ကောင်းကျိုးများစွာရရှိ​စေမှာဘဲဖြစ်ပါတယ်။

Author : Dr.Aye Myat Mon

Previous Post

ချောင်းဆိုးပျောက်ဆေး ရွေးချယ်ခြင်းအကြောင်း သိကောင်းစရာ

Next Post

သွေးတွင်းအဆီအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

18 hours ago
27

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

1 week ago
164

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

2 weeks ago
91

ရာသီဥတုကြောင့် နှာစေး၊ ခေါင်းကိုက်ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေကိုသောက်မလဲ?

3 weeks ago
99

အိပ်ရေးပျက်တာများတဲ့အခါ

4 weeks ago
336

အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?

4 weeks ago
279

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Dangers of lipids in the blood

သွေးတွင်းအဆီအန္တရာယ်

To strengthen the lungs

အဆုတ်အား​ကောင်းဖို့

when-coughing in hot summer

ပူပြင်းသောနွေရာသီမှာ ချောင်းဆိုးတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.