fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပူပြင်းသောနွေရာသီမှာ ချောင်းဆိုးတဲ့အခါ

when-coughing in hot summer
261
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/04/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အေးတဲ့ရာသီ မိုးရာသီတွေမှာအအေးမိ၊ တုပ်ကွေးဖျားနာ ချောင်းဆိုးဖြစ်ကြသလို ပူပြင်းတဲ့နွေရာသီမှာလည်း ရာသီဥတုအပြောင်းအလဲနှင့် အခြားအကြောင်းအရာများကြောင့် ချောင်းဆိုးတတ်ပါတယ်။ နွေရာသီမှာ ခရီးသွားလာမှုများခြင်းကြောင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကဲ့သို့ ဓါတ်ငွေ့များပိုများပြီး လေထုညစ်ညမ်းမှုများသောကြောင့် ချောင်းဆိုးခြင်း ပိုဖြစ်နိုင်သည်။ ပူပြင်းသော နွေဥတုအချိန်တွင် လေအေးပေးစက်များ အသုံးပြုခြင်းသည် အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့စေပြီး ချောင်းဆိုး စေနိုင်သည်။ ရေခဲရေကဲ့သို့ အေးခဲသော အစားအသောက်များ သောက်သုံးခြင်းကလည်း ချောင်းဆိုးခြင်းကို ပိုဆိုးစေနိုင်သည်။

ရင်ကြပ်ရောဂါကဲ့သို့ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများသည် သာမာန်လူများထက် နွေရာသီတွင် ချောင်းဆိုးခြင်းကို ပိုခံစားရတတ်သည်။ ၂၀၁၃ ခုနှစ်၊ ဂျွန်ဟော့ကင်း တက္ကသိုလ် Johns Hopkins University ၏ သုတေသနလေ့လာချက်များအရ အသက်၆၅နှစ်နှင့် အထက်များတွင် အပူချိန် မြင့်တက်လာသည်နှင့် နာတာရှည် လေပြွန်ကျဉ်းပန်းနာနှင့် အသက်ရှုလမ်းကြောင်း ကူးစက်ပိုးဝင်ခြင်းကြောင့် အရေးပေါ်ဆေးရုံတက် ကုသရမှုများ မြင့်တက်လာသည်ကို တွေ့ရသည်။ ဖြစ်ရသော အကြောင်းရင်းကို အတိအကျ မသိရသော်လည်း ပူနွေးစိုစွတ်သောသောလေကို ရှူသွင်းရာမှ လေပြွန်ကျဉ်းပြီး ချောင်းဆိုးခြင်းကို ဖြစ်စေသည်ဟု ယူဆကြပါသည်။

နွေရာသီတွင် ပွင့်သောရာသီပေါ်ပန်းများ၊ ဝတ်မှုန်ဝတ်ဆံများကို ရှုရှိုက်မိခြင်းကြောင့်လည်း ဓါတ်မတည့် ယားယံခြင်းဖြစ်ကာ ချောင်းဆိုးနိုင်ပါသည်။ တိရစ္ဆာန်အမွှေးအမျှင်များ၊ ဖုန်မှုန့်သဲမှုန့်များကြောင့်လည်း အသက်ရှုလမ်းကြောင်း ယားယံကာ ချောင်းဆိုးတတ်ပါသည်။ နွေရာသီတွင် ကူးစက်တတ်သော enterovirus ဗိုင်းရပ်စပိုးကြောင့်လည်း ဖျားနာချောင်းဆိုးခြင်းကို ရက်အတော်ကြာ ခံစားရနိုင်ပါသည်။

နွေရာသီတွင် ရေဓါတ်ခမ်းခြောက်ခြင်း မရှိအောင် ရေဓါတ်လုံလောက်စွာ ဖြည့်ပေးခြင်းဖြင့် ချွဲသလိပါများပျော်စေပြီး ချောင်းဆိုးသက်သာစေနိုင်သည်။ ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင်ပြီး၊ အအေးမိတုပ်ကွေးဖျားနာ ကူးစက်မခံရအောင် သတိပြုရပါမည်။ တုပ်ကွေးရောဂါ ကူးစက်ဖျားနာဖြစ်နေသူ၊ အသက်ရှူလမ်းကြောင်းရောဂါဖြစ်နေသူများနှင့် ထိတွေ့မှုမရှိအောင်နေခြင်း၊ လူထူထပ်သည့်နေရာများရှောင်ခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း mask သေချာတပ်ခြင်း၊ လက်ကို ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်တို့ဖြင့် မကြာခဏ ဆေးခြင်း ပြုလုပ်ပေးသင့်သည်။

မျက်နှာကို လက်မဆေးပဲ ထိကိုင်ခြင်း မပြုမိအောင်ဂရုပြုခြင်း၊ မိမိထိတွေ့ကိုင်တွယ်သည့် ပစ္စည်းအသုံးအဆောင်များကို အရက်ပြန်ဖြင့် မကြာခနဆေးကြောခြင်း၊ ဓာတ်မတည့် ဖြစ်စေတတ်သော ပစ္စည်း၊ တိရိစ္ဆာန်အမွေး၊ ပန်းဝတ်မှုန်၊ ဖုန်မှုန့်များနှင့် ထိတွေ့မှုမရှိအောင် သတိပြုပါ။ လေအေးပေးစက်ကို ဖုန်ကင်းစက်အောင် ပုံမှန်သန့်ရှင်းပေးခြင်း၊ အသုံးပြုလျှင် အသက်ရှူလမ်းကြောင်း မခြောက်သွေ့အောင် အစိုဓါတ်ထိန်း လေသန့်စင်စက် humidifier ပါ အသုံးပြုပေးပါ။

ပူပြင်းတဲ့နွေရာသီမှာ ချောင်းဆိုးတဲ့အခါ ရေများများသောက်ခြင်း၊ ချောင်းဆိုးသက်သာစေရန်နှင့် ချွဲပျော်စေရန် bromhexine, dextromethorphan ပါသော ချောင်းဆိုးပျောက်ဆေးများ နှင့် ဓါတ်မတည့် ယောင်ရမ်းမှုကို တားဆီးပေးသည့် antihistamine ဆေးများကို အသုံးပြုခြင်းဖြင့် ကုသနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်းသည် ပဋိဇီဝပိုးသတ်ဆေးများ မလိုအပ်သဖြင့် ချောင်းဆိုးပျောက်ဆေးနှင့် အထက်ပါနည်းလမ်းများဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

Previous Post

အဆုတ်အား​ကောင်းဖို့

Next Post

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

6 days ago
65

အသည်းလေးရဲ့ ကျန်းမာရေး

2 weeks ago
81

Multi Vitamins ဆိုတာဘာလဲ?

3 months ago
379

အရပ်အမောင်းနှင့် ကျန်းမာရေး

3 months ago
576

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

3 months ago
476

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

3 months ago
273

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

Teen Skin Care Tips

ဆယ်ကျော်သက်အရွယ် အသားရေထိန်းသိမ်းမှု နည်းလမ်းများ

Scars and Vitamin B3

အမာရွတ်နှင့် Vitamin B3

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.