fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

Are Choline and Inositol really important to the body?
303
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကိုလင်း (Choline) နှင့် အင်နိုစီတော (Inositol) တို့သည် ခန္ဓာကိုယ်အတွက် အရေးပါသည့် အာဟာရဓာတ်များဖြစ်ပြီး  အစားအစာနှင့် ဖြည့်စွက်စာများမှ ရရှိနိုင်ပါသည်။ ကိုလင်း (Choline) သည် ရေတွင်ပျော်ဝင်နိုင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး အင်နိုစီတော (Inositol) သည် ဗီတာမင်ဘီအုပ်စုဝင် ဓာတ်ပေါင်းတစ်ခုဖြစ်သည်။  အင်နိုစီတော (Inositol) ကို ဗီတာမင်ဘီ (Vitamin B8) ဟု ခေါ်ဆိုကြပြီး အသီး၊ ပဲ၊ အစေ့အဆံ၊ တိရိစ္ဆာန်အသားများမှ ရရှိနိုင်ပါသည်။ အစားအစာမှရရှိသော ကာဗိုဟိုက်ဒရိုက်ကို အသုံးပြုပြီး ခန္ဓာကိုယ်မှ အင်နိုစီတော (Inositol) ကို ထုတ်လုပ်နိုင်ပါသည်။ ကိုလင်း (Choline)  နှင့် အင်နိုစီတော (Inositol) အတွဲသည် ခန္ဓာကိုယ်အတွက် အကျိုးရှိသည့် တွဲစပ်မှုအာဟာရ ဖြစ်ပါသည်။

 

Choline နှင့် Inositol သည် ခန္ဓာကိုယ်ရှိ ဆဲလ်အမြှေးပါးနံ့ရံ ဖွဲ့စည်းရာတွင် ပါဝင်ခြင်းဖြင့် ဆဲလ်၏လုပ်ငန်းဆောင်ရွက်မှုကို ထိန်းညှိပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သုတေသနစမ်းသပ် လေ့လာချက်များအရ တိရစ္ဆာန်များတွင် ကိုလင်း (Choline)  နှင့် အင်နိုစီတော (Inositol) သည် အသည်းတွင် ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်ကဲ့သို့ မကောင်းသော အဆီများ ပုံမမှန်စုပုံခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ကိုလင်း (Choline) သည် အသည်းနှင့်ကြွက်သားများ ကျန်းမာကြံ့ခိုင်မှုအတွက် အရေးပါသောဓာတ်ဖြစ်ပြီး နေ့စဉ်မှီဝဲပေးခြင်းဖြင့် အသည်းရောဂါ ဖြစ်နိုင်ခြေနှင့် အသည်းအဆီဖုံးခြင်းတို့ကို  လျော့နည်းစေသည်ကို လေ့လာတွေ့ရှိရသည်။

အာရုံကြောအဖွဲ့အစည်း၏ အချက်ပြမှုစနစ်တွင် ကြားခံသယ်ယူပို့ပေးသည့် “second messenger” အဖြစ် ဆောင်ရွက်ခြင်းဖြင့် ဦးနှောက်ရှိ အာရုံကြောဓာတ်ပစ္စည်း လုပ်ဆောင်မှုကို ကောင်းမွန်စေသည်။ ကိုလင်း (Choline)  နှင့် အင်နိုစီတော (Inositol) ကို တွဲဖက်အသုံးပြုပေးလျှင် ဦးနှောက်အာရုံကြော အဖွဲ့အစည်း လုပ်ဆောင်မှုများကို အားပေးသည့် အစွမ်းသတ္တိရရှိပါသည်။ အက်ဆီတိုင်းကိုလင်း (Acetylcholine) ခေါ် အာရုံကြောအတွက် လိုအပ်သည့်ဓာတ်ပစ္စည်းကို ထုတ်လုပ်ရန် ကိုလင်း (Choline) လိုအပ်ပါသည်။  အက်ဆီတိုင်းကိုလင်း (Acetylcholine) သည် ဦးနှောက်၏မှတ်ဉာဏ်၊ စိတ်ခံစားမှု အခြေအနေနှင့် ဉာဏ်ရည်ဉာဏ်သွေး စသည်တို့အတွက် အရေးပါပါသည်။

အင်နိုစီတော (Inositol) ဓာတ်ပေါင်းသည် ဦးနှောက်ရှိ ဒိုဘာမင်း (dopamine) နှင့် ဆီရိုတိုနင် (serotonin) ဟော်မုန်း ပမာဏကို ထိန်းညှိပေးခြင်းဖြင့် ဦးနှောက်၏ လုပ်ဆောင်မှုကို အားကောင်းစေပြီး ခံစားမှု၊ တွေးတောမှုများ ကောင်းစွာလုပ်နိုင်အောင် ပြုလုပ်ပေးပါသည်။ တစ်နေ့လျှင် inositol 20 mg နေ့စဉ်မှီဝဲပေးခြင်းဖြင့် အချို့သူများတွင် စိတ်ကျရောဂါလက္ခဏာ သက်သာစေကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ကိုလင်း (Choline)  နှင့် အင်နိုစီတော (Inositol) သည် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများသော လက္ခဏာ anxiety symptoms၊ စိုးရိမ်ပူပန်ကြောက်လန့်မှု လွန်ကဲသောရောဂါ panic disorder၊ ထပ်တလဲလဲ တွေးတောပြုလုပ်သည့် အစွဲအလမ်းလွန် စိတ်ဝေဒနာ Obsessive Compulsive Disorder- OCD ရောဂါ လက္ခဏာတို့အတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

 

ခန္ဓာကိုယ်မှ သကြားဓာတ်ထိန်းဟော်မုန်း အင်ဆူလင် (insulin) အသုံးပြုမှု စွမ်းရည် တိုးတက်စေရန် ကူညီပေးပြီး ခန္ဓာကိုယ်ရှိ ဇီဝဖြစ်စဉ်ကြောင့်ရသည့် ဖိစီးမှုများကို သက်သာစေနိုင်သည်။ အင်နိုစီတော (Inositol) သည် ခန္ဓာကိုယ်ရှိ မကောင်းသော ကိုလက်စထရော အဆီဓာတ်များကို လျော့စေပြီး အကျိုးပြုအဆီဓာတ်များကို ထောက်ပံ့ပေးပြီး အစာစားချင်စိတ်ကိုလည်း ထိန်းပေးနိုင်သည်။ ထို့ကြောင့် အင်နိုစီတော (Inositol) ကို  metabolic syndrome ကုသမှုများတွင်လည်း အသုံးပြုကြပါသည်။

အင်နိုစီတော (Inositol) သည် အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် polycystic ovary syndrome (PCOS) ရောဂါရှိသူများတွင် ဟော်မုန်းညီမျှအောင် ထိန်းညှိပေးခြင်း၊ သားဥအိမ်လုပ်ဆောင်မှု ကောင်းစေခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေခြင်း၊ မျိုးဥစွမ်းရည်ကို ကောင်းစေခြင်းဖြင့် ကလေးရနိုင်အောင် ကူညီပေးသည်။ အမျိုးသမီးများ လစဉ် ရာသီမလာခင်နှင့် ရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အတက်အကျဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း Premenstrual symptoms and PMDD Premenstrual Dysphoric Disorder လက္ခဏာများကိုလည်း သက်သာစေနိုင်သည့် ကောင်းကျိုးများရှိပါသည်။

 

Author: Dr. Yee Mon

Previous Post

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

Next Post

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
844
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

to turn your wifes hatred into a smile

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

what causes dark spots on the face

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.