fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

to turn your wifes hatred into a smile
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အရွယ်ရောက်ပြီး လူသားတို့ရဲ့ ခန္ဓာဗေဒ အခြေခံလိုအပ်ချက်တွေထဲမှာ လိင်မှုဆိုင်ရာ ဆောင်ရွက်မှုဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိမ်ထောင်သည် ဇနီးမောင်နှံတို့အကြား ချစ်မေတ္တာမပျက် လိင်မှုကိစ္စ စိတ်ပါဝင်စားမှု၊ သက်လုံပြည့်ဝမှု၊ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ဟာ အဓိကကျတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ မိသားစုကိုစောင့်ရှောက် အိမ်ထောင်မှု ထိန်းသိမ်းရသည့်ဖိအား၊ အလုပ်ပင်ပန်းမှု၊ လိင်မှုကိစ္စအပေါ် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုမှု နည်းပါးသောအကြောင်းများကြောင့် အိမ်ထောင်ရေးသုခ ပြည့်ဝမှုမရရှိဘဲ အပြုံးများ ပျောက်ကွယ်ရတဲ့ အဖြစ်အပျက်များ ဖြစ်လေ့ရှိပါတယ်။

ဇနီးသည်ဖြစ်သူများရဲ့အိမ်ထောင်ရေးသုခ လိုအပ်ချက်ပြည့်ဝမှုသည် တစ်ဦးချင်းရဲ့ခန္ဓာကိုယ် ဇီဝကမ္မအခြေအနေ၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဟော်မုန်းပြောင်းလဲမှုများ၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ နေထိုင်မှုပုံစံ၊ အမျိုးသားနှင့် ဆက်ဆံရေး စတဲ့ အခြေအနေ အမျိုးမျိုးတို့ အပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ ရောဂါအခံကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ် ကျန်းမာရေး၊ အလုပ်ပင်ပန်းကာ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် လိင်ကိစ္စတွင် စိတ်ဝင်စားမှုနည်းခြင်း၊ လိင်ဆက်ဆံလိုစိတ် မရှိခြင်းတို့ကို အမျိုးသမီး အများစု ကြုံရလေ့ရှိတတ်ပါတယ်။

ဇနီးသည်ဖြစ်သူရဲ့ စိတ်ဆန္ဒမရှိ မပြည့်ဝတဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင် အောက်ပါအချက်တွေကို သိထားဖို့လိုပါတယ်။

 

(၁) ဇနီးဖြစ်သူရဲ့ ခန္ဓာကိုယ်ကျန်းမာနေဖို့ အစားအသောက် အာဟာရပြည့်ဝအောင် စားဖို့လိုအပ်ပါတယ်။ သကြားဓာတ်နှင့် ပြည့်ဝဆီများကို ရှောင်ပြီး ၊ ဇင့်ဓာတ် ကြွယ်ဝတဲ့ ခရု၊ ကမာ၊ ဆယ်လ်မွန်ကဲ့သို့ ငါးများ၊ သဘာဝအမိုင်နိုအက်ဆစ် carnitine နှင့် L-arginine ဓာတ် ကြွယ်ဝတဲ့ အနီရောင်အသားများ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အစေ့အဆံ၊ ပန်းသီး၊ သကြားမုန်လာ beetroot ကဲ့သို့ အသီးအရွက် တို့ကို မျှတအောင်စားပေးသင့်ပါတယ်။ အထူးသဖြင့် L-arginine ဓာတ်သည် အမျိုးသမီးအင်္ဂါသွေးလည်ပတ်မှုကို ကောင်းစေပြီး လိင်ဆက်ဆံချင်စိတ်ကိုလည်း နှိုးဆွပေးပါတယ်။ လိင်ဆက်ဆံနေချိန်မှာ သာယာစိတ် ခံစားမှုကိုပါကောင်းစေပြီး မိန်းမကိုယ်ကိုပါ လှုံ့ဆော်ပေးပါတယ်။ လိင်စိတ် သာယာပြီးမြောက် ခံစားမှု Orgasm ကို ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။

 

(၂) ရောဂါအခြေအနေ အမျိုးမျိုးကြောင့်လည်း လိင်မှုကိစ္စ စိတ်မဝင်စားခြင်းနှင့် မဆောင်ရွက်နိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာရောဂါ၊ ကျောက်ကပ်နှင့် ဆီးအိမ်စစ်ဆေးခြင်း၊ နှလုံးရောဂါ၊ အာရုံကြောရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု များသောရောဂါ၊ ဆီးလမ်းကြောင်း၊ မိန်းမကိုယ် စသည့် အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးသင့်ပါတယ်။

 

(၃) သွေးဆုံးပြီး အမဟော်မုန်းပမာဏ နည်းသွားခြင်းက အမျိုးသမီးအင်္ဂါတစ်ရှူးများ ပြောင်းလဲစေပြီး သွေးထောက်ပံ့မှုနည်းကာ စိတ်ဆန္ဒမရှိခြင်း၊ လိင်အင်္ဂါ အာရုံခံနိုင်စွမ်း ကျဆင်းခြင်း၊ မိန်းမကိုယ်လမ်းကြောင်းခြောက်သွေ့ခြင်း၊ အတူနေချိန်မှာ နာကျင်ခြင်းတို့ ကြုံရနိုင်ပါတယ်။ ချောဆီသုံးပေးခြင်း၊ ဆရာဝန်နှင့်ပြသပြီး ဟော်မုန်းဖြည့်စွက်ကုသမှု ခံယူခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

 

(၄) အလုပ်ပင်ပန်း စိတ်ဖိစီးမှုများခြင်းကြောင့် အိပ်ယာပေါ်ရှိကိစ္စများကို အာရုံမထားနိုင်ခြင်း ဖြစ်လေ့ရှိကြပါတယ်။ နေ့စဉ်ဘ၀ ဖိစီးမှုများလျော့စေမယ့် နေထိုင်မှုပုံစံကို ပြောင်းပြီး အနားယူအပန်းဖြေချိန်၊ အိပ်ယာဝင်ချစ်တင်းနှောချိန် သတ်မှတ်ထားပေးသင့်ပါတယ်။ မိမိခန္ဓာကိုယ် လိုအပ်ချက်၊ ပြဿနာများကို အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆို ညှိယူသင့်ပါတယ်။

 

(၅) အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးများ သုံးစွဲခြင်းကိုလည်း ရှောင်ကျဉ်စေသင့်ပါတယ်။ ၂၀၁၉ ခုနှစ်ရှိ သုတေသနလေ့လာချက် တစ်ခုတွင် ဝိုင်နီကို သင့်တင့်သောပမာဏ သောက်သုံးလေ့ရှိသူများတွင် စိတ်ဆန္ဒလှုံ့ဆော်ပေးကာ မိန်းမကိုယ်လမ်းကြောင်း ချောဆီထွက်စေပြီး အိပ်ထောင်ရေးသုခပြည့်ဝစေရန် ထောက်ကူပေးကြောင်း တွေ့ရှိရပါတယ်။

(၆) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်လုပ်စေခြင်းဖြင့် တက်ကြွလန်းဆန်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပါတယ်။

 

(၇) ကျန်းမာတဲ့အိမ်ထောင်မှုဘဝ ဖြစ်စေဖို့ လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်တွေများစွာ ပါဝင်တဲ့ GNC Women’s ArginMax ကဲ့သို့ ဖြည့်စွက်အားဆေးများကိုလည်း ပုံမှန်မှီဝဲသင့်ပါတယ်။

 

မိမိအိမ်ထောင်ဖက်ရဲ့ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးကို အထက်ပါအတိုင်း ဂရုစိုက်ပေးပြီး အိမ်ထောင်ရေးသုခ ပြည့်စုံအောင် ချစ်ခြင်းမေတ္တာ နားလည်မှုအပြည့်ဖြင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသင့်ပါတယ်။ လိုအပ်ပါက လိင်မှုကိစ္စနှင့် အိမ်ထောင်မှု ဆက်ဆံရေးဆိုင်ရာ အခက်အခဲ ပြဿနာများကို မိသားစု ဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးသူများနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာပြီး ဇနီးဖြစ်သူရဲ့ အမုန်းတွေကို အပြုံးတွေ ပြောင်းလဲပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

Author – Dr. Yee Mon

Previous Post

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

Next Post

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

2 months ago
375
women and knee pain

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

3 months ago
459
ways to naturally regulate female hormones

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

3 months ago
857
anemia after childbirth

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

3 months ago
215

မကြာခဏ နှာချေရခြင်းအကြောင်းရင်း

4 months ago
653

ခေါင်းကိုက်သက်သာစေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံးများ

4 months ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
what causes dark spots on the face

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

rain and scab

မိုးတွင်းနဲ့ဝဲ

how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.