fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

why do you want to sleep after taking cough medicine
812
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ချောင်းဆိုးနေတဲ့အခါ လည်ပင်းအရမ်းယားပြီး ခံရခက်ပါတယ်။ ချောင်းဆိုးစေတဲ့အကြောင်းအရာများထဲမှာ အတွေ့အများဆုံးက ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ပါတယ်။ အများစုအတွက် ဆေးမလိုဘဲ သူ့အလိုလို သက်သာလာနိုင်ပေမယ့် ချောင်းအလွန်ဆိုးပြီး နေရခက်တဲ့အခါ ချောင်းဆိုးပျောက်ဆေးတွေကို သောက်သုံးရပါတော့တယ်။ ဒါပေမယ့် လူအများစုဟာ ဆေးသောက်ဖို့အတွက် ဝန်လေးနေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ချောင်းဆိုးပျောက်ဆေးသောက်ပြီးတဲ့အခါ အိပ်ငိုက်လာတာကြောင့်ပါပဲ။ ဒါပေမယ့် ချောင်းဆိုးပျောက်ဆေးတိုင်း အိပ်ချင်လာတတ်တာ မဟုတ်ပါဘူး။ ချောင်းဆိုးပျောက်တာခြင်း အတူတူကို ပါဝင်တဲ့ အမျိုးအမယ်တွေပေါ်မူတည်ပြီး ဆေးတစ်မျိုးနဲ့တစ်မျိုး အာနိသင်ကွာနိုင်ပါတယ်။

ချောင်းဆိုးပျောက်ဆေး အမျိုးအစားများအနေနဲ့

  • ချွဲ‌ ပျော်ဆေး (Expectorants)
  • ချောင်းဆိုးရပ်ဆေး (Antitussives) ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။

ချွဲပျော်ဆေးတွေဟာ လည်ချောင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ‌မြန်မြန်ပျော်စေပြီး ချောင်းဆိုး သက်သာအောင်ပြုလုပ်ပေးပါတယ်။ Guaifenesin / Acetyl cysteine တို့ဟာ ချွဲပျော်ဆေး အများစုမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။

ချောင်းဆိုးရပ်ဆေးများဟာ ချောင်းဆိုးခြင်းကိုဖြစ်ပေါ်စေတဲ့ ဦးနှောက်ကတုံ့ပြန့်မှုဖြစ်သော cough reflex ကို ဟန့်တားခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ Dextromethorphan ဟာ အတွေ့ရအများဆုံး ချောင်းဆိုးပျောက်ဆေး ဖြစ်ပါတယ်။

ချောင်းဆိုးပျောက်ဆေးများဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ဒွန်တွဲနေပြန်ပါတယ်။ ချွဲပျော်ဆေးများဆိုရင် ချွဲပျော်အောင် ပြုလုပ်ပေးတဲ့အတွက် ဒီလိုချွဲပျော်ဖို့အတွက်ဆိုရင် လည်ချောင်းကချွဲတွေကိုရှင်းထုတ်ရတဲ့အတွက် ချောင်းပိုဆိုးလာသလို ခံစားရစေပါတယ်။ ဒါပေမယ့် ချောင်းများများဆိုးလာပြီး ချွဲသလိပ်တွေ ပျော်ပြီး လည်ချောင်းအပြင် ထွက်လာတဲ့အခါ ချောင်းဆိုးတာ သက်သာလာနိုင်ပါတယ်။

ချောင်းဆိုးရပ်ဆေးများ (Antitussives) ဟာလည်း ဆိုးကျိုးရှိပါတယ်။ ဆေးသောက်ပြီး အရမ်းအိပ်ငိုက်တာဟာ ချောင်းဆိုးရပ်ဆေးများကြောင့်ဖြစ်ပါတယ်။ Antitussives များမှာ အတွေ့ရအများဆုံး ဒြပ်ပေါင်းဖြစ်တဲ့ Dextromethorphan ဟာ opioids (တားမြစ်ထိန်းချုပ်ဆေးဝါး) ဆေးအမျိုးအစားတွေထဲမှာ ဆရာဝန်လက်မှတ်မပါဘဲ ဆေးဆိုင်ကဝယ်လို့ရတဲ့ (over the counter) ဆေးအနည်းငယ်ထဲက တစ်မျိုးဖြစ်ပါတယ်။ ဆေးတောင့်၊ ဆေးရည် (cough syrup)၊ ငုံဆေး (lozenges) စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ကြပါတယ်။

Dextromethorphan ဟာ ပင်မဦးနှောက်နဲ့ အာရုံကြောစနစ် (central nervous system) မှာရှိတဲ့ အာရုံကြောဓာတ်‌ တွေကို သွားပိတ်ပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီလိုပိတ်လိုက်တဲ့အတွက် ဦးနှောက်က ကောင်းစွာအလုပ်မလုပ်နိုင်တော့ပဲ အရမ်း အိပ်ငိုက်လာပါတယ်။ ဆေးအရှိန်ပြယ်သွားတဲ့အခါမှာတော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ချွဲအရမ်းထွက်နိုင်တဲ့ ချောင်းဆိုးခြင်းတွေဖြစ်တဲ့ နာတာရှည်လေပြွန်ရောင်ရမ်းခြင်းနဲ့ ပန်းနာရင်ကြပ်ရောဂါ‌တွေမှာတော့ ဒီဆေးကို မသောက်သင့်ပါဘူး။ ချောင်းကောင်းကောင်းမဆိုးနိုင်တော့ပဲ လေပြွန်မှာ ချွဲတွေပိတ်မိနိုင်လို့ပါ။

ပင်မအာရုံကြောစနစ်ကို ပိတ်ပင်ပြီး ချောင်းဆိုးခြင်းကိုသက်သာစေတဲ့ ဆေးတစ်မျိုးရှိပါသေးတယ်။ ဘာမီတွန်လို့ လူသိများတဲ့ chlorpheniramine (Antihistamines) ပဲဖြစ်ပါတယ်။ ချောင်းဆိုးတာရပ်စေတဲ့အပြင် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ နှာစေးခြင်း (allergic rhinitis) ကိုပါ သက်သာစေပါတယ်။ ဆိုးကျိုးကတော့ Dextromethorphan ကဲ့သို့ အိပ်ငိုက်စေတာပါပဲ။

ချောင်းဆိုးပျောက်ဆေးများဟာ တစ်ခုနဲ့တစ်ခု အာနိသင် မတူတာကြောင့် တချို့သောဆေးများဟာ ချွဲပျော်ဆေးရော ချောင်းဆိုးရပ်ဆေးပါ တွဲပြီး ပါဝင်တာတွေရှိပါတယ်။ ဒါကတော့ မိမိသဘောနဲ့မိမိ ရွေးချယ်ပြီး သောက်သုံးလို့ရပါတယ်။

ရောဂါအခံရှိသူများ အထူးသဖြင့် အသည်းရောဂါသမားများ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ ကလေးငယ်များကတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးသင့်ပါတယ်။ နှစ်နှစ်အောက် ကလေးငယ်များအတွက်တော့ သောက်သုံးရန် မသင့်တော်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချောင်းဆိုးပျောက်ဆေးတွေဟာ ကောင်းကျိုးရောဆိုးကျိုးပါရှိတာကြောင့် လူတိုင်း လူတိုင်း သတိနဲ့ယှဉ်ကာ သုံးစွဲသင့်ပါတယ်။

 

Author: Dr. Aye Myat Mon

Previous Post

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

Next Post

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
844
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
to turn your wifes hatred into a smile

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

what causes dark spots on the face

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

rain and scab

မိုးတွင်းနဲ့ဝဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.