fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မိုးတွင်းနဲ့ဝဲ

rain and scab
313
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မိုးရာသီ ရောက်လာတာက တခြားရာသီဥတုတွေထက်စာရင် ဝဲရောဂါ ပိုဖြစ်လွယ်တယ်။ ရိုးရိုးဝဲရော သဲဝဲစားတာရော ဖြစ်နိုင်တယ်။ မိုးတွင်းရောက်ပြီဆိုရင် လမ်းပေါ်မြေကြီးပေါ်တွေမှာ ရေအိုင်တတ်တယ်။ အဲလိုအခါ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့သူတွေဆို လမ်းပေါ်ကရေအိုင်တွေ ဗွက်အရောင်ထနေလည်း ရှောင်သွားဖို့စိတ်မကူးဘဲ ခြေဝင်ဆေးလိုက်တာပဲ။ ကလေးတွေလည်း မိုးရေထဲကစားနေရင်း ဗွက်အိုင်ထဲမှာ ခြေဆေးတတ်ကြတယ်။

ဗွက်အိုင်မှာ ခြေမဆေးလည်း မိုးတွင်းမှာ မိုးရေတွေ စိုစိစိတွေနဲ့ ဘတ်စ်ကားစီးတဲ့အခါပဲဖြစ်ဖြစ် မိုးရေထဲ လမ်းလျှောက်ရတာဖြစ်ဖြစ် ခြေထောက်တွေ အရမ်းညစ်ပတ်လွယ်ပါတယ်။ ညစ်ပတ်ပြီး ချက်ချင်းရေပြန်ဆေးဖို့ မဖြစ်နိုင်တဲ့အခါတွေမှာ ဝဲ တွေဖြစ်လွယ်ပါတယ်။

တချို့တွေကျတော့လည်း နေပူမိုးရွာမရှောင် တစ်နေကုန်အလုပ်လုပ်ရတယ်။ အဲလိုအခါတွေမှာ ဖိနပ်တွေ ရေစိုလည်း ဒါပဲစီးရတယ်။ ရွေးချယ်ခွင့်မရှိဘူး။ ပြန်ဆေးလို့မလွယ်ဘူး။ ဖိနပ်ညစ်ပတ်တာတွေကတဆင့်လည်း ဝဲ တွေ ဖြစ်လွယ်တယ်။ ခြေထောက်မှာ သဲဝဲစားတာလည်းဖြစ်လွယ်တယ်။

ဝဲ ကဘယ်လိုပုံစံလဲ

ဝဲ ဖြစ်ပြီဆိုရင် အရေပြားမှာ အထူးသဖြင့် ခြေချောင်းကြားနဲ့ လက်ချောင်းကြားတွေမှာ အရည်ကြည်ဖုသေးသေးလေးတွေ ဖြစ်ပါတယ်။ များလည်းများနိုင်တယ်။ တစ်ခါတစ်ခါ ဆို လက်တွေခြေတွေကြားမှာ အမြောင်းလေးတွေတောင် တွေ့ရပါသေးတယ်။ အရမ်းလည်းယားတတ်တယ်။ တစ်နေကုန်ယားတယ် ဆိုပေမယ့် ညပိုင်းတွေကပိုသိသာပါတယ်။ အိပ်လို့မရအောင် ယားတယ်။ ကုတ်နေရင်းနဲ့ အရှိန်ပါလာတတ်ပြီး အနာတွေအထိဖြစ်နိုင်တယ်။ အနာတွေပိုးဝင်လာတယ်ဆိုရင် ပြည်တည်နာအထိဖြစ်လာနိုင်ပါတယ်။

သဲဝဲစားတာတွေကျတော့ ရေစိုစိုတွေနဲ့ ကြာကြာထိတွေ့ရတဲ့နေရာတွေမှာ အဓိကဖြစ်တတ်ပါတယ်။ ခြေချောင်းလေးတွေရဲ့ အရင်းနေရာ ခြေဖဝါးဘက်အခြမ်းမှာ ပိုဖြစ်နိုင်ပါတယ်။ လက်မှာလည်း ဖြစ်နိုင်တယ်။ လက်ချောင်းအရင်းပိုင်းတွေလောက်မှာပါ။ သဲဝဲစားတာက အရည်ကြည်ဖုလိုမျိုးမဖြစ်တတ်ပါဘူး။ ခြေလက်အခြေနေရာတွေမှာ အရေပြားပွန်းပဲ့နေပြီး ရေကြာကြာစိုထားတဲ့ အရေပြားလို အရေပြားက နူးအိနေတတ်တယ်။ အဲ့အထဲမှာမှ ပေါက်ပြဲနေတဲ့အရေပြားကိုတွေကိုပါ တွေ့နိုင်ပါတယ်။ သဲဝဲစားတာက အရမ်းမယားတတ်ပါဘူး။ နာတတ်ပါတယ်။ ဒီလိုဖြစ်တာထက်ပိုဆိုးလာတဲ့အခါ နာတာတင်မကပဲ ရောင်ရမ်းတာတွေပါ ဖြစ်လာနိုင်ပါတယ်။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တာတွေထိ ဖြစ်နိုင်ပါတယ်။

ဝဲပဲဖြစ်ဖြစ်၊ သဲဝဲစားတာပဲဖြစ်ဖြစ် မဖြစ်ပွားဖို့ ကြိုတင်သတိထားပြီး လုပ်ဆောင်ကြဖို့လိုပါတယ်။
ဘာကြောင့်လဲဆိုရင် တစ်ယောက်မှာ ဖြစ်ပြီဆိုတာနဲ့ တစ်အိမ်လုံးကူးနိုင်တာကြောင့်ပါ။

ဘယ်လိုကာကွယ်မလဲ ?

မိုးရေဖြစ်ဖြစ်ဗွက်ရေဖြစ်ဖြစ် စိုလာပြီဆိုရင် အိမ်ပြန်ရောက်တာနဲ့ ရေအသန့် နဲ့သေချာဆေးပါ။
ဆပ်ပြာတိုက်ပါ။ အဝတ်သန့်နဲ့ အခြောက်ပြန်သုတ်ပါ။ ဖိနပ်တွေ စိုနေရင် သေချာခြောက်အောင်လှမ်းပြီးမှ ပြန်ဝတ်ပါ။
ဖိနပ်အစိုကြီးကိုပဲ ထပ်မစီးပါနဲ့။ တခြားဖိနပ်ရှိတယ်ဆို အလဲအလှယ်လုပ်ပြီးစီးပါ။
အကောင်းဆုံးကတော့ မိုးတွင်းထဲမှာဆိုရင် ဂျပန်ဖိနပ်လို မိုးတွင်းစီးဖိနပ်လိုမျိုးတွေ စီးပါ။
ဒါမှ ဖိနပ်မှာ ရေစိမ့်မဝင်ဘဲ မြန်မြန်ပြန်ပြီး ခြောက်နိုင်တာပါ။

အရေးကြီးဆုံးအချက်ကတော့ ဝဲဖြစ်စေ၊ သဲဝဲဖြစ်စေ ဖြစ်လာတဲ့အခါ မိမိစိတ်ကူးပေါက်ရာ သို့မဟုတ် သူများညွှန်ရာဆေးတွေ လျှောက်လိမ်းတာမျိုးထက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ ပြသတိုင်ပင်ပြီးမှ စနစ်တကျ ကုသဖို့ပဲဖြစ်ပါတယ်။

Author: Dr. CST

Previous Post

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

Next Post

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

6 days ago
65

အသည်းလေးရဲ့ ကျန်းမာရေး

2 weeks ago
81

Multi Vitamins ဆိုတာဘာလဲ?

3 months ago
379

အရပ်အမောင်းနှင့် ကျန်းမာရေး

3 months ago
576

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

3 months ago
476

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

3 months ago
273

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

about pediatric tb

ကလေးတီဘီရောဂါအကြောင်း

why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.