fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

why do i get a headache when i play games for a long time
166
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယနေ့ခေတ်မှာ အင်တာနက်၊ မိုဘိုင်းဖုန်း သုံးစွဲမှုများလာတာနဲ့အမျှ ဖုန်း၊ ကွန်ပြူတာ အသုံးပြုပြီးဆော့ရတဲ့ ဂိမ်းတွေဟာလည်း လူတိုင်းနဲ့မကင်းနိုင်တဲ့ ဖျော်ဖြေရေးကစားနည်းတစ်ခု ဖြစ်လာပါတယ်။ Esport ကစားခြင်းနဲ့ Game streaming တိုက်ရိုက်ထုတ်လွှင့်ခြင်းတွေဟာ လူငယ်တွေကြားမှာ အလွန်ရေပန်းစားလာတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ဂိမ်းတွေကိုအကြာကြီး ဆော့ကြတဲ့အတွက် ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာမှာ ဂိမ်းဆော့ခြင်းကြောင့် သက်ရောက်မှုတွေ ရှိလာတာတွေ့ရပါတယ်။ ဂိမ်းအကြာကြီးဆော့တတ်သူတွေ ကြုံတွေ့ရတဲ့ ခန္ဓာကိုယ်လက္ခဏာတစ်ခုကတော့ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ ဆိုတဲ့အကြောင်းရင်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးပါမယ်။

ဂိမ်းအကြာကြီးဆော့တဲ့အခါ screen မျက်နှာပြင်မှ ထွက်သောအလင်းတန်းများနဲ့ ဂိမ်းကစားခြင်းကို တောက်လျှောက် မျက်စိအာရုံစိုက်ရတဲ့အတွက် မျက်လုံးညောင်းညာ eyestrain ရပြီး ခေါင်းကိုက်တတ်ပါတယ်။ ဂိမ်းဆော့တဲ့အခါ သတိမမူမိဘဲ မေးရိုးကြွက်သားတွေကို (TMJ disorder) တင်းထားမိရာမှတဆင့် လည်ပင်းနှင့်ဦးခေါင်းရှိ ကြွက်သားများသို့ ပျံ့နှံ့ပြီး ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။ အမေရိကန်လူမျိုး (၁၀)သန်းခန့်ဟာ TMJ headache မေးရိုးပြဿနာကြောင့် ခေါင်းကိုက်ခြင်းကို ခံစားနေရလျက်ရှိကြောင်း စစ်တမ်းများက ဖော်ပြထားပါတယ်။

ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုမရှိဘဲ အချိန်ကြာကြာ ဂိမ်းဆော့ခြင်းကြောင့်လည်း ကြွက်သားများတောင့်တင်းပြီး ညောင်းညာခြင်းခံစားရကာ ခေါင်းကိုက်တတ်ပါတယ်။ ဂိမ်းဆော့တဲ့အခါ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းဟာ ဂိမ်းဆော့သည့် မျက်နှာပြင်ဘက်ကို ငိုက်ပြီး ကိုယ်နေဟန်ထား မမှန်တဲ့အတွက် Upper crossed syndrome ခေါ် လည်ပင်း၊ ကျောနှင့် ပုခုံးကြွက်သားများ ဒဏ်ဖြစ်ရာမှ ဦးခေါင်းကြွက်သားများ တောင့်တင်းပြီး Tension headache ခေါင်းကိုက်ခြင်း ခံစားရနိုင်ပါတယ်။ ဂိမ်းကို အချိန်အကြာကြီး တောက်လျှောက်ဆော့တဲ့အခါ ရေဓာတ်ဖြည့်တင်းဖို့ မေ့လျော့တတ်တဲ့အတွက် ရေဓာတ်ခမ်းခြောက်လို့လည်း ခေါင်းကိုက်တတ်ပါတယ်။

တချို့ဂိမ်းအမျိုးအစားများက မြင်ကွင်းရှူထောင့် ရုတ်ချည်းပြောင်းလဲမှုများ ဆက်တိုက်ဖြစ်သည့် ဂိမ်းများဖြစ်ပြီး ဂိမ်းကစားသူ၏ ခန္ဓာကိုယ်လှုပ်ရှားမှု မပြုပဲ မျက်လုံးရွေ့လျားမှုဖြင့် လှုပ်ရှားနေရသကဲ့သို့ ဖြစ်စေပါတယ်။ ဒီလိုဂိမ်းများကို အကြာကြီးဆော့ရင် ကားမူးသကဲ့သို့ လှုပ်ရှားမှုကြောင့် မူးဝေခြင်း motion sickness ဖြစ်ကာ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။

ဂိမ်းကို ညဖက်အချိန်ကြာကြာ ဆော့တတ်သူတွေဟာ ညအိပ်ယာဝင်ချိန် နောက်ကျတာ၊ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာစတဲ့ အိပ်စက်အနားယူခြင်းကို ထိခိုက်မှုဖြစ်စေပြီး ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။ ဂိမ်းအချို့တွင် ပါဝင်သော ဂရပ်ဖစ်ဒီဇိုင်း အလင်းရောင်များက အတက်ရောဂါရှိသူများအတွက် အလင်းလှုံ့ဆော်မှုကဲ့သို့ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အတက်ရောဂါ ရာဇဝင်ရှိသူများအနေနဲ့ ဂိမ်းကြာကြာဆော့ခြင်းကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ကနဦးခံစားရပြီးနောက် တက်တတ်သည်ကို သတိပြုသင့်ပါတယ်။

ခေါင်းတခြမ်းကိုက်ရောဂါ Migraines ခံစားရလေ့ရှိသူများတွင် ဂိမ်းအကြာကြီးဆော့ခြင်းကြောင့် light sensitivity အလင်းရောင်လှုံ့ဆော်မှု ပိုများစေသဖြင့် ခေါင်းပိုကိုက်တတ်ပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရင်းများဟာ ဂိမ်းကို အချိန်ကြာကြာဆော့တဲ့အခါ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်သော အကြောင်းရင်းများဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းဆော့ခြင်းကို အချိန်ကန့်သတ်ပြီး၊ မိနစ် ၂၀-၃၀ ခြားတစ်ခါ မျက်လုံးအနားပေးပြီး အစိမ်းရောင်ရှိသော အရာဝတ္ထုများကို ကြည့်ပေးခြင်း၊ ရေဓာတ်ပြည့်ဝအောင်သောက်ခြင်း၊ ကိုယ်နေဟန်ထားမှန်အောင် ဂရုစိုက်ပေးခြင်း၊ ကွန်ပြူတာ၊ ဖုန်းမျက်နှာပြင်များကို အလင်းမဖောက်သည့် အကာအရံ screenguard နှင့် blue light ကာကွယ်ပေးသည့် မျက်မှန်များ အသုံးပြုပေးခြင်းတို့ဖြင့် ခေါင်းကိုက်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

Author: Dr. Yee Mon

Previous Post

အဆုတ်ကို ထိခိုက်စေသော အရာများ

Next Post

လူတွေလတ်တလော စိုးရိမ်နေကြတဲ့ Monkeypox (မျောက်ကျောက်ရောဂါ)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

What are the barriers to iron absorption?

သံဓာတ်စုပ်ယူမှုကို ဘယ်လိုအရာတွေက အဟန့်အတားဖြစ်စေလဲ?

4 weeks ago
81
Frequent phone calls

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

4 weeks ago
191
When it rains and my joints ache

မိုးမိပြီး အရိုးအဆစ်တွေ ကိုက်ခဲတဲ့အခါ

1 month ago
155
About laxatives

ချွဲပျော်ဆေးတွေအကြောင်း

1 month ago
162
why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

1 month ago
135
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

2 months ago
117

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
Next Post
monkeypox that people are currently worried about

လူတွေလတ်တလော စိုးရိမ်နေကြတဲ့ Monkeypox (မျောက်ကျောက်ရောဂါ)

why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

illnesses common in children during the rainy season

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.