မိုက်ခရိုဝေ့သုံးပြီး ပြန်နွှေးမစားသင့်သည့် အစာ (၇)မျိုး
ဒီအစာ(၇)မျိုးကို ဘာကြောင့်နွှေးမစားသင့်တာလဲ?
၁) နို့ဘူး (Breast Milk)
အေးခဲပြီးသိမ်းဆည်းထားသောမိခင်နို့ရည်ကို ကလေးငယ်အားတိုက်ကျွေးရန်အတွက် ပူနွေးအောင်ပြင်ဆင်သည့်အခါ မိုက်ခရိုဝေ့ကို အသုံးမပြုသင့်ပါ။
မိုက်ခရိုဝေ့သည် နို့ဘူးထဲမှ မိခင်နို့ရည်များကို နှံ့စပ်အောင်အပူမပေးနိုင်သည့်အပြင် အပူကြောင့် မိခင်နို့မှာ အပူခဲသေးသေးလေးများ ဖြစ်သွားနိုင်သည့်အတွက် ကလေး၏ ပါးစပ်နှင့်အာခေါင်ကို အပူလောင်စေတတ်ပါသည်။ ထိုကြောင့် အေးခဲထားသောမိခင်နို့ရည်ဘူးကို ပြန်လည် အပူပေးမည်ဆိုပါက နို့ဘူးကို ရေနွေးထဲတွင် စိမ်ထားခြင်းဖြင့် အပူပေးနိုင်ပါသည်။
၂) အရွက်စိမ်းများ (Leafy-greens)
ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက် ကဲ့သို့အစိမ်းရောင်ရှိသော ဟင်းရွက်များကို ပြန်နွှေးသည့်အခါ အရွက်စိမ်းတွင်ပါဝင်သော လူကိုအကျိုးပြုသည့် Nitrate တွေဟာ ကင်ဆာဖြစ်စေသော Nitrosamine အဖြစ်ပြောင်းသွားတတ်ပါသည်။
၃) ကြက်ဥပြုတ် (Hard-boiled eggs)
ကြက်ဥပြုတ် (အကျက်) ကိုမိုက်ခရိုဝေ့ထဲတွင် ပြန်နွှေးသည့်အခါ မိုက်ခရိုဝေ့ မှထွက်သောအပူသည် ရေနွေးငွေ့ဗုံးတစ်လုံးသဖွယ် ကြက်ဥပြုတ်အတွင်းကိန်းအောင်းနေတတ်ပြီး ပေါက်ထွက်တတ်ပါသည်။ ထိုကြောင့် ကြက်ဥပြုတ်ကို စိပ်ပြီးမှ ပြန်နွှေးသင့်ပါသည်။
၄) ကြာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ (Processed Meat)
ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာများတွင်ပါဝင်သောဓာတုပစ္စည်းမျာသည် မိုက်ခရိုဝေ့အပူလှိုင်းနဲ့ထိတွေ့မိသောအခါ ဓာတ်ပြုခြင်းများဖြစ်ပေါ်ကြပြီး နှလုံးသွေးကြောကိုကျဉ်းစေသည့် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်ပေါ်စေပါသည်။
၅) ကြက်သား (Chicken)
မိုက်ခရိုဝေ့၏အပူချိန်သည် ကြက်သား၏အတွင်းပိုင်းအထိနှံ့စပ်အောင်အပူမပေးနိုင်ပါ။ ကြက်သားတွင် ကပ်ငြိနေနိုင်သော Salmonella ဘက်တီးရီးယားပိုးသည် မိုက်ခရိုဝေ့၏ အပူချိန်တွင် မသေနိုင်ပါ။ ထိုကြောင့် ကြက်သားကိုချက်ပြုတ်သည့်အခါ ဘက်တီးရီးယားပိုးများအကုန်သေအောင် သေချာချက်ပြုတ်သင့်ပါသည်။
၆) ထမင်း (Rice)
သုတေသနထုတ်ပြန်ချက်များအရ မိုက်ခရိုဝေ့ဖြင့် ပြန်နွှေးပြီး အခန်းအပူချိန်တွင်ထားသော ထမင်းတွင် အစာအဆိပ်သင့်စေသောဘက်တီးရီးယားများပေါက်ပွားစေတတ်သည့်အတွက် အစာအဆိပ်သင့်ခြင်း(ဝမ်းပျက်ခြင်း၊ အန်ခြင်း)များ ဖြစ်တတ်ပါသည်။
၇) ငရုတ်သီး
ငရုတ်သီးတွင်ပါဝင်သော Capsaicin ဓာတ်သည် လေထဲကိုပျံ့နှံ့သွားပြီး မျက်လုံးနဲ့လည်ချောင်းကို စပ်စေပါသည်။