fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လိင်ဆက်ဆံပြီးနောက် ဘာကြောင့်သွေးဆင်းတာလဲ?

Why do you bleed after sex?
1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/10/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်း မိန်းမကိုယ်မှ သွေးဆင်းတာကို Post coital bleeding လို့ဆေးပညာအရခေါ်ပါတယ်။ သွေးဆင်းတာနှင့်အတူ နာကျင်မှုကိုပါ တွဲခံစားရတာမျိုးလည်း ရှိတတ်ပါတယ်။ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်းဟာ အမျိုးသမီးအတော်များများ ကြုံတွေ့ရနိုင်တဲ့ ကိစ္စတခုဖြစ်ပါတယ်။

လေ့လာမှုတစ်ခုအရ သွေးဆုံးပြီးအမျိုးသမီးတွေရဲ့ ၆၃ ရာခိုင်နှုန်းခန့် နဲ့ သွေးမဆုံးသေးတဲ့အမျိုးသမီးတွေရဲ့ ၉ ရာခိုင်နှုန်းခန့်ဟာ လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်းကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှသွေးဆင်းခြင်းဟာ သွေးမဆုံးသေးတဲ့အမျိုးသမီးတွေမှာဆိုရင် သားအိမ်ခေါင်းနေရာကနေ ဖြစ်နိုင်ခြေများပြီး သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာဆိုရင်တော့ သားအိမ်ခေါင်းနေရာအပြင် သားအိမ်၊ မိန်းမကိုယ်နဲ့ မိန်းမကိုယ်အနီးတဝိုက်ရှိ အင်္ဂါအစိတ်ပိုင်း တစ်ရှုးတွေ နေရာက ဖြစ်နိုင်ခြေများပါတယ်။

လိင်ဆက်ဆံပြီး မိန်းမကိုယ်က သွေးဆင်းတိုင်း ရောဂါတခုခုရှိနေပြီလို့ပြောရမလွယ်ပါ။ လိင်ဆက်ဆံပြီး မိန်းမကိုယ်ကသွေးဆင်းခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ အကြမ်းအားဖြင့်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

 

၁။ ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်း

ပုံမှန်အားဖြင့်လည်း အမျိုးသမီးတချို့မှာ ပထမဆုံးအကြိမ် လိင်ဆက်ဆံတာခံရတဲ့အခါ မိန်းမကိုယ်ကနေ ရက်အနည်းငယ်ကြာအောင် သွေးထွက်နေတတ်ပြီး နာကျင်မှုကိုပါ ခံစားရနိုင်ပါတယ်။

 

၂။ မိန်းမကိုယ်ခြောက်သွေ့ခြင်း

ပုံမှန်မှာဆိုရင် မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေက အစိုဓါတ်ကိုထုတ်ပေးပြီး မိန်းမကိုယ်နံရံကို စိုစွတ်မှုအလွှာပါးလေးနဲ့ လွှမ်းခြုံထားပါတယ်။ ဒီစိုစွတ်မှုအလွှာပါးလေးရှိခြင်းကြောင့် လိင်ဆက်ဆံရာမှာ ပွတ်တိုက်မှုအားကို လျှော့ချပေးပြီး သက်တောင့်သက်သာခံစားမှုကို ရစေပါတယ်။

အကြောင်းတခုခုကြောင့် အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတဲ့အခါမှာ မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေကလည်း အစိုဓါတ်ထုတ်ပေးနိုင်ခြေနည်းလာပြီး စိုစွတ်မှုအလွှာပါးလေးလည်း ပျက်စီးလာပါတယ်။ အဲ့အခါမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်း ဖြစ်လာပါတယ်။ အများအားဖြင့်တော့ အသက်ကြီးလာတဲ့အခါမှာ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာ အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတတ်ပါတယ်။

အသက်ကြီးလို့ အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တာအပြင်

  • ကလေးမွေးတာ
  • ကလေးနို့တိုက်နေတာ
  • ဆေးလိပ်သောက်တာ
  • စိတ်ဖိစီးစရာများတာ
  • စိတ်ဓါတ်ကျဝေဒနာခံစားနေရတာ
  • ခန္ဓာကိုယ်ပင်ပန်းမှုများတာ
  • ကင်ဆာရောဂါအတွက် ဟော်မုန်းဆေးတွေသောက်နေရတာ၊ ကင်ဆာဆေးသွင်း ကုသနေရတာ၊ ဓါတ်ရောင်ခြည်နဲ့ ကုသနေရတာ
  • ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါတခုခုဖြစ်နေတာ (ဥပမာ Sjogren’s Syndrome)
  • သားဥအိမ်ကို ဖြတ်ထုတ်လိုက်ရတာတွေကြောင့်လည်း အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တတ်ပါတယ်။

ဒါ့အပြင် မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေနဲ့ဆေးတာ၊ သန့်စင်ရည်တွေအလွန်အကျွံသုံးဆေးတာ၊ အမွှေးနံ့သာ Lotion တွေ၊ Cream တွေလိမ်းတာ တွေကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တဲ့အခါ မိန်းမကိုယ်မှာ ပူစပ်ပူလောင်ဖြစ်တာ

လိင်ဆက်ဆံချင်စိတ်လျော့နည်းလာတာ၊ အတူနေလိင်ဆက်ဆံတဲ့အခါမှာ နာကျင်မှုကိုခံစားရတာ၊ အတူနေဆက်ဆံပြီးနောက်မှာ သွေးအနည်းငယ်ဆင်းတာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊ ဆီးပိုးခဏခဏဝင်တာ၊ မိန်းမကိုယ်ယားတာ တွေကို ခံစားရနိုင်ပါတယ်။

 

၃။ မိန်းမကိုယ် စုတ်ပြဲဒဏ်ရာရခြင်း

လိင်ဆက်ဆံတဲ့အခါမှာဖြစ်ဖြစ် တကိုယ်ရည်အာသာဖြေတဲ့အခါမှာဖြစ်ဖြစ် မတော်တဆအားသုံးမိရင် မိန်းမကိုယ်နံရံတွေမှာ စုတ်ပြဲဒဏ်ရာရနိုင်ပါတယ်။ အဲ့အခါမှာ မိန်းမကိုယ်ကနေ သွေးထွက်နိုင်ပါတယ်။

 

၄။ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များရှိခြင်း

သားအိမ် သို့မဟုတ် သားအိမ်ခေါင်းနေရာမှာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေရှိနေရင်လည်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းဖြစ်နိုင်ပါတယ်။

 

၅။ ပိုးဝင်ခြင်း

ဂနို၊ ဆစ်ဖလစ်လို လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်တဲ့ရောဂါပိုးတွေဝင်ပြီး

  • သားအိမ်ခေါင်းရောင်ရမ်းတာ
  • မိန်းမကိုယ်ရောင်ရမ်းတာ
  • တင်ပဆုံကွင်းရောင်ရမ်းတာ စတဲ့အခြေအနေတွေဖြစ်တာတွေကလည်း လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်က သွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

၆။ ကင်ဆာရောဂါဖြစ်တာ

သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ မိန်းမကိုယ်ကင်ဆာရောဂါတွေဖြစ်နေရင်လည်း လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်က သွေးထွက်တာ၊ အချိန်အခါမဟုတ်သွေးဆင်းတာ မျိုးတွေဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်က သွေးထွက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေပါ။

မိန်းမကိုယ်ကသွေးထွက်ခြင်းဖြစ်တဲ့အခါ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေက မတူနိုင်ပါဘူး။

သင်ဟာ သွေးဆုံးပြီးတဲ့အရွယ်လည်းမဟုတ်၊ မိန်းမကိုယ်ကသွေးထွက်တာကလည်း အနည်းငယ်ပဲထွက်တယ်၊ ရက်အနည်းငယ်ကြာမှာ သူ့ဘာသာသူပျောက်သွားတယ်၊ လိင်ဆက်ဆံဖော်များတာ မျိုးလည်းမရှိဘူးဆိုရင် ဆေးခန်းပြစရာမလိုနိုင်ပါ။ သွေးဆုံးပြီးတဲ့အရွယ်မှာ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်က သွေးထွက်တာမျိုးဖြစ်တာဆိုရင်တော့ ဆေးခန်းပြဖို့လိုပါတယ်။

သွေးဆုံးပြီးတဲ့ အရွယ်ဖြစ်စေ၊ သွေးမဆုံးမီအရွယ်ဖြစ်စေ မိန်းမကိုယ်ကသွေးဆင်းတာနှင့်အတူ

  • မိန်းမကိုယ်ယားတာ၊ ပူစပ်ပူလောင်ခံစားရတာ
  • ဆီးသွားတဲ့အခါ အောင့်တာ၊ နာတာ၊ ပူတာကျင်တာ ဖြစ်တာ
  • လိင်ဆက်ဆံတဲ့အခါ နာကျင်တာ
  • သွေးဆင်းတာတအားများတာ
  • ဗိုက်တအားအောင့်တာ
  • ခါးတအားနာတာ
  • မူမမှန်အဖြူတွေဆင်းတာ
  • ပျို့အန်တာ၊ ဖျားတာတွေပါ တွဲဖြစ်ပါက ချက်ချင်းဆေးခန်းပြဖို့လိုပါတယ်။

 

Author: Dr .528

Previous Post

ဆီးချိုအတွက်ကောင်းတဲ့ ရေညှိအကြောင်း

Next Post

ညအိပ်မပျော်ရခြင်း အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

6 days ago
65

အသည်းလေးရဲ့ ကျန်းမာရေး

2 weeks ago
81

Multi Vitamins ဆိုတာဘာလဲ?

3 months ago
379

အရပ်အမောင်းနှင့် ကျန်းမာရေး

3 months ago
576

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

3 months ago
476

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

3 months ago
273

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Reasons for not sleeping well at night

ညအိပ်မပျော်ရခြင်း အကြောင်းအရင်းများ

The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

Men's Skincare

အမျိုးသားတို့ Skincare ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.