fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ညအိပ်မပျော်ရခြင်း အကြောင်းအရင်းများ

Reasons for not sleeping well at night
345
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ညဘက်အိပ်မပျော်ခြင်းဟာ ကမ္ဘာနှင့်အဝန်း လူပေါင်းသန်းနှင့်ချီ ခံစားနေရသော ဝေဒနာတစ်ရပ်ဖြစ်ပါတယ်။ အဆိုပါ အိပ်မပျော်ခြင်းမှာ ကာလကြာရှည်လာတဲ့အခါ လူ့ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ညအိပ်မပျော်ခြင်းကြောင့် နေ့ခင်းပိုင်းတွင်အိပ်ငိုက်ခြင်း၊ နုံးခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်ဆတ်ခြင်းနှင့် စိုးရိမ်ကြီးခြင်းအစရှိသည်တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်မပျော်ခြင်း အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။

 

ဘာလို့ညအိပ်မပျော်တာလဲ?

ညအိပ်မပျော်ခြင်း မှာ စိတ်အခြေအနေတစ်ခုခုကြောင့် ဖြစ်စေ၊ ကိုယ်အခြေအနေတစ်ခုခုကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ်။ တချို့သော အခြေအနေများတွင် နာတာရှည် ညအိပ်မပျော်ခြင်းမှာ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်နိုင်ပြီး ယာယီညအိပ်မပျော်ခြင်းမှာ လက်ရှိအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကို အများဆုံးဖြစ်စေတဲ့

အကြောင်းအရာတွေကတော့

ဇီဝနာရီမမှန်ခြင်း

ဥပမာ – နိုင်ငံရပ်ခြားခရီးသွားသောအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန်မတူမှုကြောင့် ဇီဝနာရီလွဲသွားခြင်း၊ အလုပ်ချိန်ပြောင်းခြင်း၊ တောင်ပေါ်ဒေသတွင်နေထိုင်ခြင်း၊ ပတ်ဝန်းကျင်ဆူညံခြင်း နှင့် အပူလွန်ခြင်း၊ အအေးလွန်ခြင်းကြောင့် ဇီဝနာရီမမှန်ဖြစ်ခြင်း

စိတ်ဝေဒနာများ

စိတ်ကျရောဂါ၊ စိုးရိမ်လွန်ခြင်းရောဂါ နှင့် အခြားသော စိတ်ဝေဒနာများ

ရောဂါများ

နာတာရှည်နာကျင်မှု၊ နာတာရှည်မောပန်းလွယ်ခြင်းရောဂါ၊ နှလုံးရောဂါ အစရှိသော နာတာရှည်ရောဂါသည်များ

ဟော်မုန်းပြောင်းလဲမှုများ

အီစရိုဂျင်၊ ဓမ္မတာလာစဉ် ဟော်မုန်းပြောင်းလဲမှု နှင့်ကြုံရသောအခါ

အခြားသော အရာများ

အိပ်နေစဉ်ဟောက်သောသူနှင့် အတူအိပ်ရလျှင်၊ သန်ထိုးလျှင်၊ ကိုယ်ဝန်ဆောင်နေချိန် အစရှိသော အခြေအနေများတွင် အိပ်မပျော်ခြင်းဖြစ်တတ်ပါတယ်။

ထို့အပြင် အိပ်ခန်းထဲတွင် တီဗီဖွင့်ထားခြင်း နှင့် ကုတင်အနီးတွင် မိုဘိုင်းဖုန်းထားခြင်းက ကလေးငယ်များရဲ့ အိပ်ချိန်ကိုပြောင်းလဲစေနိုင်ပါတယ်။

ထိုမျှသာမက

  • corticosteroids
  • statins
  • alpha blockers
  • beta blockers
  • SSRI antidepressants
  • ACE inhibitors
  • ARBs
  • cholinesterase inhibitors
  • glucosamine/chondroitin အစရှိသောဆေးများ ကြောင့်လည်းအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

 

ဘယ်လိုလူတွေမှာပိုဖြစ်တတ်လဲ?

၁) ခရီးမကြာခဏသွားသူများ

၂) အလုပ်ချိန်မမှန်သူများ

၃) သက်ကြီးရွယ်အိုများ

၄) မူးယစ်ဆေးသုံးစွဲသူများ

၅) စိတ်ဝေဒနာရှင်များ

၆) ကိုယ်ဝန်ဆောင်များ

၇) သွေးဆုံးကိုင်သူများ နှင့်

၈) စိတ်ဝေဒနာရှင်များ အနေနှင့် အိပ်မပျော်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။

 

ညအိပ်မပျော်ခြင်း ဘယ်နှမျိုးရှိလဲ?

ညအိပ်မပျော်ခြင်းကို ယေဘူယျအားဖြင့် ၃ မျိုးခွဲထားပါတယ်။

  • ယာယီအိပ်မပျော်ခြင်း – ၃ ညအထိအိပ်မပျော်ခြင်းကိုခေါ်ပါတယ်။
  • ရေတိုအိပ်မပျော်ခြင်း – ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိအိပ်မပျော်ခြင်း ကိုဆိုလိုပါတယ်။
  • ရေရှည်အိပ်မပျော်ခြင်း – လနှင့်ချီ သို့မဟုတ် နှစ်နှင့်ချီ ကြာသည့် အခြေအနေမျိုးပဲဖြစ်ပါတယ်။

 

ဘယ်လိုကုလဲ?

အချို့သော ညအိပ်မပျော်ခြင်းများမှ အိပ်မပျော်စေသောအကြောင်းကို ပြင်ဆင်ကုသလျှင်ရနိုင်ပါတယ်။ ထို့အပြင် ဆေးဝါးများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်လည်း ကုသပေးနိုင်ပါတယ်။

အိပ်မပျော်ခြင်းအတွက် ကုသတဲ့ဆေးဝါးတွေကတော့-

  • ဆရာဝန်မှ ညွှန်ကြားပေးသောအိပ်ဆေးများ
  • antidepressants
  • antihistamines
  • melatonin
  • ramelteon အစရှိသော ဆေးများဖြစ်ပြီး ဆရာဝန်ညွှန်ကြားမှုဖြင့်သာ သောက်သင့်ပါတယ်။

အိမ်တွင်းကုထုံးများအနေနဲ့မူ –

၁) အိပ်ချိန်မှန်အောင်ကျင့်ပေးခြင်း

၂) စိတ်ကိုဖြေလျော့ခြင်း -ဥပမာ-တရားမှတ်ခြင်း

၃) အိပ်ခါနီး တီဗီကြည့်ခြင်း၊ ဖုန်းသုံးခြင်းတို့ကို လျှော့ချခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

 

Author: Dr.Z

Previous Post

လိင်ဆက်ဆံပြီးနောက် ဘာကြောင့်သွေးဆင်းတာလဲ?

Next Post

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

Men's Skincare

အမျိုးသားတို့ Skincare ဖို့

To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.