fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လူကြီးတွေအတွက် HMB ဟာ ဘာကြောင့်အရေးပါလဲ

Why is HMB important for adults
1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/10/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူ့ခန္ဓာကိုယ်အတွင်းမှာ ကြွက်သားပရိုတင်းတည်ဆောက်ခြင်းနဲ့ ဖြိုခွဲခံရခြင်းတို့ဟာ နေ့စဥ်ပုံမှန်ဖြစ်ပေါ်နေလေ့ရှိပါတယ်။ ကြွက်သားဖြိုခွဲခံရခြင်းက တည်ဆောက်ခြင်းထက် ပိုမို မြန်ဆန်များပြားလာပြီဆိုရင် ကြွက်သားဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ ကြွက်သားဆုံးရှုံးမှုပမာဏ ပိုမိုမြန်ဆန်များပြားလာပါတယ်။ ရလဒ်အနေနဲ့ ကောင်းစွာမလှုပ်ရှားနိုင်တာ၊ မောပန်းတာ၊ ခွန်အားမရှိတာတွေခံစားလာကြရပါတယ်။ ကြွက်သားတွေ ကျန်းမာကြံ့ခိုင်ဖို့အတွက် ပရိုတင်းဓာတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ လူတိုင်းသိပြီးကြမှာပါ။ ထို့အပြင် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့အတွက် HMB ကလည်း ဘယ်လောက်အရေးပါတယ်ဆိုတာကို လူတိုင်းသိထားသင့်ပါတယ်။

▪ HMB ဆိုတာဘာလဲ?

နေ့စဉ်စားသောက်နေကျအစားအသောက်တွေဖြစ်တဲ့ အသား၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ နွားနို့ စတာတွေကနေ ပရိုတင်းဓာတ်ကို ရရှိပါတယ်။ ပရိုတင်းဟာ လူ့ခန္ဓာကိုယ်အတွင်းကိုရောက်ရှိတဲ့အခါ ဇီဝကမ္မဖြစ်ပျက်မှုတွေအရ အဆင့်ဆင့်ဖြိုခွဲခံရပြီး အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ leucine သို့ပြောင်းလဲပြီး နောက်ဆုံးမှာ ကြွက်သားကျန်းမာရေးအတွက်အရေးပါတဲ့ HMB ဆိုတဲ့ ဓာတ်တစ်မျိုးအဖြစ်ပြောင်းလဲရရှိပါတယ်။ HMB ရဲ့အရှည်ကောက်ဟာ beta-hydroxy beta-metylbutyrate ဖြစ်ပါတယ်။

▪ HMB ကကြွက်သားကျန်းမာရေးအတွက် ဘယ်လို အလုပ်လုပ်သလဲ?

HMB ဟာ ခန္ဓာကိုယ်တွင်း ပရိုတင်းဖြိုခွဲမှုကို လျော့ချပေးခြင်းအားဖြင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ ကြွက်သားကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ HMB ကခန္ဓာကိုယ်တွင်း အဆီတွေဖြိုခွဲရာမှာလည်း အရေးပါကြောင်း တွေ့ရှိရပါတယ်။

▪ HMB ကို အစားအသောက်တွေကနေရနိုင်လား?

ပရိုတင်းပါဝင်တဲ့ အစားအသောက်တွေဖြစ်တဲ့ အသား၊ ကြက်ဥနဲ့ ပဲအမျိုးမျိုးတို့ကနေ HMB ရရှိနိုင်ပါတယ်။ ဒါ့အပြင် HMB ဟာ leucine ကိုဖြိုခွဲခြင်းမှရရှိလာတဲ့ အတွက် leucine ပါဝင်တဲ့ စပျစ်သီး၊ ငါးခူစတဲ့ အစားအသောက်တွေကို စားသုံးပေးနိုင်ပါတယ်။ သို့သော် စားသုံးခြင်းမှရရှိတဲ့ leucine ပမာဏထဲမှ အနည်းငယ်ကသာ HMB အဖြစ်သို့ ပြောင်းလဲနိုင်တာဖြစ်တဲ့ အတွက် HMB ကို အစားအသောက်ကနေ လုံလောက်စွာရရှိနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့ HMB ပါဝင်တဲ့ ဖြည့်စွက်စာတွေကို သင့်တော်တဲ့ ပမာဏအတိုင်း သောက်သုံးပေးနိုင်ပါတယ်။

▪ တစ်နေ့ကို HMB ပမာဏ ဘယ်လောက်ရရှိဖို့လိုလဲ?

ပျမ်းမျှအားဖြင့် လူကြီးတစ်ယောက်ဟာ တစ်နေ့ကို HMB ၃ဂရမ်လောက် ရရှိဖို့လိုအပ်ပါတယ်။ တစ်နေ့ကြက်ဥအလုံး ၅၀ လောက်စားသုံးမှသာ HMB ၁.၅ဂရမ်ပမာဏကို ရရှိနိုင်မှာပါ။ ဒါကြောင့် HMB ပမာဏလုံလောက်စွာပါဝင်တဲ့ ဖြည့်စွက်စာ သောက်သုံးခြင်းက ကြွက်သားဆုံးရှုံးမှုကိုလျော့ချဖို့အတွက် ပိုမိုလွယ်ကူထိရောက်စေမှာဖြစ်ပါတယ်။

▪ HMB ကတခြားဘာကောင်းကျိုးတွေပေးသေးလဲ?

HMB ကကြွက်သားဆုံးရှုံးမှုကို ကာကွယ်ရုံသာမက သွေးတွင်းအဆီဓာတ်လျော့ကျစေခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်းစတဲ့ ကောင်းကျိုးများစွာရရှိနိုင်ပါတယ်။

Previous Post

လူကြီးများအတွက် ပရိုတင်း၏ အရေးပါမှု

Next Post

တင်းတိပ်က မျိုးရိုးလိုက် တတ်လား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Are freckles hereditary?

တင်းတိပ်က မျိုးရိုးလိုက် တတ်လား?

To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

Sugar and cancer

သကြားနှင့် ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.