fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

တင်းတိပ်က မျိုးရိုးလိုက် တတ်လား?

Are freckles hereditary?
607
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/10/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

တင်းတိပ်ဟာ ကျား၊မ မရွေးဖြစ်နိုင်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ နွေရာသီနဲ့ ဆောင်းရာသီမှာ ပိုဖြစ်တတ်ပြီးတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ 50% ပိုဖြစ်နိုင်ပါတယ်။ တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကို မသိကြသေးပေမယ့် အရေပြားက ရောင်ခြယ်ပစ္စည်းထုတ်ပေးတဲ့ melanocytes ဆဲလ်တွေကနေ melanin ရောင်ခြယ်ပစ္စည်းတွေကို အလွန်အကျွံ ထုတ်ပေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ဟော်မုန်းအပြောင်းအလဲတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ သန္ဓေတားဆေး သောက်သုံးနေသူတွေ၊ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတဲ့ရောဂါရှိသူတွေ၊ အတက်ကျဆေးသောက်နေရသူတွေမှာ တင်းတိပ်ပိုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် UV rays တွေကလဲ melanin ပိုထွက်အောင် အားပေးလှုံ့ဆော်တဲ့အတွက်နေရောင်ခြည် ထိတွေ့တာများတဲ့နေရာတွေမှာ တင်းတိပ်ကိုပိုဆိုးစေပါတယ်။

GNC LAC taut White

တင်းတိပ်ဟာ မျိုးရိုးလိုက်တတ်လားဆိုရင်တော့ မျိုးရိုးနဲ့လဲ သက်ဆိုင်ပါတယ်။ တစ်ဝမ်းကွဲတော်စပ်တဲ့ ဆွေမျိုးတွေ၊ အမွှာတွေမှာ တင်းတိပ်ဖြစ်ရင် မိမိမှာလဲ တင်းတိပ်ဖြစ်နိုင်ခြေ ၄၁-၆၁ % ရှိပါတယ်။ နေရာဒေသပေါ် မူတည်ပြီး လေ့လာချက်များအရ အရှေ့အလယ်ပိုင်းက အာရှသားတွေ၊ အင်ဒီးယန်းတွေ၊ အာဖရိကန်-အမေရိကန်တွေ၊ လက်တင်အမေရိက လူမျိုးတွေမှာ တင်းတိပ်ပို အဖြစ်များလေ့ရှိပါတယ်။ မျက်နှာမှာပဲ တင်းတိပ်ပိုအဖြစ်များတာကတော့ ဘရားဇီးလူမျိုး အမျိုးသမီးတွေနဲ့ အာဖရိကန်မျိုးနွယ်နဲ့ ဆက်နွယ်သူတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့ တင်းတိပ်ကတော့ ကလေးမွေးဖွားပြီးနောက် အလိုလိုပျောက်သွားလေ့ရှိပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ရင် ပြန်ပေါ်လာနိုင်ပါတယ်။

တင်းတိတ်ကြောင့် စိတ်ပူပင် စိတ်ညစ်နေရပြီလား?

တင်းတိပ်လုံးဝပျောက်ကင်းအောင် ကုသနည်းမရှိသေးပေမယ့် မှိန်ဖျော့ပြီး ပါးသွားအောင်လုပ်လို့ရပါတယ်။

GNC LAC taut White

(၁) အစွမ်းထက်သော antioxidant များ ဖြစ်ပြီး အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးကာ အရောင်အဆင်းတောက်ပလင်းလက် စိုပြေစေရုံသာမက တင်းတိပ်ကဲ့သို့ အစက်အပြောက်များမှိန်ဖျော့ပြီး ငယ်ရွယ်နုပျိုကျန်းမာသော အရေပြားအဖြစ် ပြန်လည်မွေးဖွားပေးမဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသော အစားအစာများ စားပေးခြင်း

(၂) ကော်လဂျင်ထုတ်လုပ်ရာမှာ အဓိကပါဝင်ပြီးတော့ အရေပြားတင်းတင်းရင်းရင်းဖြစ်စေတဲ့ အမျှင်များကို မပျက်စီးအောင် ကာကွယ်ပေးတဲ့ Vitamin C လုံလောက်အောင် မှီဝဲပေးခြင်း နဲ့

(၃) ကိုယ်ခန္ဓာရှိ ဆဲလ်တွေရဲ့ သဘာဝ လုပ်ငန်းဆောင်တာအဖြစ် အစက်အပျောက်များ ပေါ်ထွက်လာခြင်းကို တားဆီးပေးနိုင်တဲ့အပြင် အရေပြားအရောင်အဆင်းကို ဝင်းလက်စိုပြေနေစေမှာဖြစ်တဲ့ Alpha Lipoic Acid ပါဝင်သော ဖြည့်စွက်ဆေး၊ အလှကုန် အသုံးပြုပေးနိုင်ပါတယ်။ Hydroquinone၊ Tretinoin၊ စတီးရွိုက် corticosteroids ပါဝင်သော လိမ်းဆေးများ၊ Azelaic or kojic acid ပါလိမ်းဆေး/ အလှကုန်များကို ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုပေးနိုင်ပါတယ်။

(၄) အရေပြားဆိုင်ရာ ကုသနည်းများဖြစ်တဲ့ microdermabrasion၊ အရေပြားအပေါ်ယံလွှာ ခွါချကုသနည်း chemical peel၊ အလင်းနှင့်လေဆာကုထုံးများ light therapy & laser treatment ၊ dermabrasion စသည့် အရေပြားအထူးကု ဆရာဝန်ညွှန်ကြားသည့်ကုထုံးများဖြင့် သက်သာနိုင်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

လူကြီးတွေအတွက် HMB ဟာ ဘာကြောင့်အရေးပါလဲ

Next Post

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
989

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

Sugar and cancer

သကြားနှင့် ကင်ဆာ

Side effects of anal sex

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.