fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သကြားနှင့် ကင်ဆာ

Sugar and cancer
255
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/10/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

လူတော်တော်များများ သိထားကြတာကတော့ “ သကြားအစားများရင်၊ သကြားပါတဲ့အအေးတို့ အချိုမုန့် တွေစားတာများရင် ဆီးချိုဖြစ်မယ် ဝလာမယ်” ဒီလောက်ပဲ သိထားကြတာများပါတယ်။ ဒါပေမယ့် ဒီထက်ကြောက်ဖို့ကောင်းတဲ့ ရောဂါတွေဖြစ်လာနိုင်သေးတာကို သတိမထားမိပါဘူး။ အဲ့ဒါကတော့ ကင်ဆာရောဂါတွေ ဖြစ်ပွားနှုန်း တက်လာစေပါတယ်။

ဒါဆို ကင်ဆာ အကုန် ဖြစ်စေတာလား?

အဲ့ဒီလိုလဲ မဟုတ်ပါဘူး။ သကြားစားတာများရင် အဓိကဖြစ်စေတဲ့ ကင်ဆာတွေကတော့

  1. esophageal cancer (အစာမျိုပြွန် ကင်ဆာ)
  2. Small Intestinal Cancer (အူသိမ် ကင်ဆာများ)
  3. အဆုတ်ကင်ဆာ
  4. သားဥအိမ်ကင်ဆာ (Ovarian Cancer) စတဲ့ ကင်ဆာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

 

ဘယ်လို သကြားတွေက ကင်ဆာ ဖြစ်စေသလဲ?

  1. Sucrose (စူးဂရို့စ်)
  2. Fructose (ဖရပ်တို့စ်) စတဲ့ သကြားဓါတ်တွေ က ကင်ဆာ ဖြစ်စေပါတယ်။

 

Sucrose ဆိုတာ ဘာလဲ?

သူကတော့ ကျွန်တော်တို့သုံးနေကျ အိမ်သုံးသကြားပါ။ ဒါကြောင့် အဲ့ဒီအိမ်သုံးသကြားတွေ ထည့်လုပ်ထားတဲ့မုန့်များကို ထိန်းထိန်းသိမ်းသိမ်းစားသင့်ပါတယ်။
ဥပမာ- ကိတ်မုန့်၊ ကွတ်ကီး၊ brownie၊ ဒိုးနတ်နှင့် အခြားသောကိတ်မျိုးစုံမှာ sucrose ပါ ပါတယ်။

ဒီလိုပြောလို့ လုံးဝမစားရဘူးလည်း မဆိုလိုပါဘူး။ စားတဲ့အကြိမ်အရေအတွက်နဲ့ ပမာဏကို ထိန်းပေးဖို့ပဲလိုတာပါ။
ဥပမာ – တစ်ပါတ်တစ်ခါစားမယ့်အစား နှစ်ပါတ်မှတစ်ခါ စားတာမျိုး၊ တစ်လနေမှ တစ်ခါစားတာမျိုး လုပ်ပေးပါ။

 

ဒါဆိုရင် အိမ်သုံးသကြားကို တစ်နေ့ဘယ်လောက် စားလို့ရလဲ ?

American Heart Association (AHA) ကထုတ်ထားတဲ့ Guideline အရ ဆိုရင်တော့ အမျိုးသမီးတစ်ဦးအနေနဲ့ သကြားကို တစ်နေ့လက်ဖက်ရည်ဇွန်း ၆ ဇွန်းထက် မပိုသင့်သလို အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၉ ဇွန်းထက် မပိုသင့်ပါ။

ဒီလိုပြောလိုက်လို့လည်း တစ်နေ့ကို သကြား ၆ ဇွန်းနဲ့ ၉ ဇွန်း မပြည့် ပြည့်အောင် ထိုင်စားရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ sucrose အိမ်သုံးသကြားကို သီးသန့်မစားပဲနေရင်ကို sucrose တွေက ခန္ဓာကိုယ်ထဲဝင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ တချို့အစားအစာတွေမှာ ကျွန်တော်တို့ မျက်စိနဲ့ မမြင်ရပေမယ့် သကြားတွေ အများကြီးပါနေတတ်ပါတယ်။

ဥပမာ – ဒိုးနတ်မုန့်ပေါ် မှာ သကြားဖြူးထားရင် လူတိုင်းက ဒီမုန့်မှာ သကြားအများကြီးပါတယ်လို့ သတိထားမိပေမယ့် ကွတ်ကီးတစ်ချပ်ဆိုရင်တော့ အပေါ် မှာ သကြားမဖြူးထားတဲ့ အတွက် သကြားများ လိမ့်မယ်လို့ သတိမထားမိကြပါဘူး။ တကယ်တော့ ကွတ်ကီးတစ်ချပ်ဖြစ်ဖို့အတွက် သကြားအများကြီးသုံးထားရပါတယ်။ ထို့အတူပါပဲ ကော်ဖီဖျော်ရင် သကြားနည်းနည်းပဲ ထည့်ကြတယ်ဆိုပေမယ့် နို့ဆီတွေ၊နို့စိမ်းတွေ ထည့်လိုက်တော့ နို့ဆီနဲ့ နို့စိမ်းတွေမှာပါဝင်တဲ့ များစွာသောသကြားတွေက ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။

ဒါကြောင့် သကြားကို လက်ဖက်ဇွန်း ၆-၉ ဇွန်း အထိ စားလို့ရတယ်ဆိုပြီး မပြည့်မချင်း သကြားတွေ ထပ်ထည့်စားတာမျိုးမလုပ်သင့်ပါဘူး။

 

ဒါဆို fructose ကကော ဘာလဲ?

သူကတော့ စားသောက်ကုန် လုပ်ငန်းတွေမှာသုံးတဲ့ သကြားတစ်မျိုးပါ။ အရမ်းချိုတယ်။ ဒါကြောင့် အချိုရည်လုပ်ငန်းတွေ၊ လေဖောင်းမုန့်တွေ၊ သကြားလုံး၊ တခြားသော အကြီးစား ထုတ်လုပ်တဲ့ မုန့်အချိုတွေ၊ ရယ်ဒီမိတ်ကွတ်ကီးတွေ၊ ဘီစကွတ်တွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ သူ့ကိုတော့ တတ်နိုင်သမျှရှောင်တာ အကောင်းဆုံးပါ။ သူ့ကိုရှောင်ဖို့ အတွက် အကောင်းဆုံးကတော့ ရယ်ဒီမိတ်အချိုရည်တွေကို ရှောင်လိုက်ရင်တော့ တော်တော်လေး ရှောင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော် အခုပြောတားတာက ကင်ဆာမဖြစ်အောင် သကြားကို ထိန်းကွပ်စားပေးဖို့ပါ။ သို့သော်ကင်ဆာဖြစ်ပြီး သားလူနာတွေမှာတော့ ဟိုဟာမကျွေး၊ ဒီဟာမကျွေး ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ မလုပ်သင့်ပါ။ ကင်ဆာဝေဒနာရှင်တွေက နဂိုတည်းက အစားအသောက်ပျက်နေတဲ့အချိန်မှာ သူတို့စားချင်တာလေးကို ကျွေးပေးဖို့လိုပါတယ်။ သူတို့လည်း အလွန်အကျွံ မစားနိုင်ပါ။ ဒါကြောင့် ကင်ဆာဝေဒနာရှင်တွေကတော့ ချိုတာလေးစားချင်တယ်ဆိုရင်လည်း ကျွေးပြီး အာဟာရပြည့်အောင် လုပ်ပေးဖို့လိုပါတယ်။

 

Author : ဒေါက်တာ ညီညီကျော်

Previous Post

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

Next Post

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

7 months ago
262
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

7 months ago
162
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

7 months ago
265
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

8 months ago
269
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

8 months ago
237
The secret of pumpkin to lose weight

ဝိတ်ကျစေမယ့် ရွှေဖရုံသီးရဲ့ လျှို့ဝှက်ချက်

9 months ago
155

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Side effects of anal sex

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

How do people over 40 stay healthy?

40 ကျော် အရွယ်တွေ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.