fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကိုယ်လက်တွေကိုက်ခဲပြီး ဖျားနာချင်လာပြီဆိုရင်

167
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/01/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရာသီအကူးအပြောင်းနဲ့ အေးတဲ့ရာသီတွေမှာ တစ်ကိုယ်လုံးညောင်းညာပြီး ဟိုနားကကိုက်၊ ဒီနားကကိုက်နဲ့ ချမ်းသလိုလို တုန်သလိုလို ကိုယ်လက်မအီမသာ ဖြစ်ဖူးကြမှာပါ။ ဒီလိုလက္ခဏာ ခံစားရခြင်းဟာ တုပ်ကွေး flu လို့ အတိုကောက်ခေါ်ကြတဲ့ influranza ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါမှာ တွေ့ရတတ်ပါတယ်။ ရာသီတုပ်ကွေးတွေဟာ သာမန်အားဖြင့် မစိုးရိမ်ရဘူးဆိုပေမယ့် H1N1, H5N1 လို ပြင်းထန်တဲ့ရောဂါတွေဟာလည်း influenza ဗိုင်းရပ်စ်အမျိုးအစားတွေမို့ မပေါ့ဆသင့်ပါဘူး။
အားလုံးသတိပြုနေရတဲ့ covid-19 ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းရဲ့လက္ခဏာအချို့ကလည်း တုပ်ကွေးရောဂါလက္ခဏာတွေနဲ့ ဆင်တူတာမို့ သတိထားသင့်ပါတယ်။

ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရတတ်လဲ?

– ရုတ်တရက် ကိုယ်တွေပူ၊ အဖျားတွေ တက်လာတာ
– ကိုယ်တွေလက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေတာ
– ခေါင်းကိုက်တာ
– ချောင်းခြောက်ဆိုးတာ
– လည်ပင်းနာတာ
– အစာစားချင်စိတ်မရှိတာ
– အိပ်မပျော်တာ
– မောပန်းအားကုန်နေတာ
– ဝမ်းဗိုက်နာပြီး ဝမ်းလျောတာ စတဲ့လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။

ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင် အရေးအကြီးဆုံးက အနားယူဖို့ပါပဲ။
အနားယူပြီး အိပ်ရေးဝအောင် အိပ်ပါ။ ပါရာစီတမောParacetamol နဲ့ ibuprofen လို အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ နှာစေးနှာပိတ်ရင် antihistamine အုပ်စုဝင် နှာစေးနှာပိတ် သက်သာတဲ့ ဆေးမျိုးသောက်တာ၊ နှာခေါင်းကို saline နဲ့ ဆေးတာမျိုး လုပ်နိုင်ပါတယ်။

– နွေးနွေးထွေးထွေးနေပါ။
– ရေများများသောက်ပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်လို့ရသလို ဝမ်းလျှောရင် ဓာတ်ဆားရည် သောက်နိုင်ပါတယ်။
– ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားတွေကိုသာ ကုသနိုင်တာမို့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ တုပ်ကွေးမှာ အများအားဖြင့် သောက်ဖို့မလိုအပ်ပါဘူး။ (ရောဂါပြင်းထန်ကာ ဘက်တီးရီးယားပိုးဝင်ရောက်ပြီး နမိုးနီးယားအဆုတ်ယောင်ရောဂါ ဖြစ်လာရင်တော့ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသော ပိုးသတ်ဆေးများ လိုအပ်နိုင်ပါတယ်)။

အကယ်၍ အသက် ၆၅ နှစ်ကျော်တဲ့ လူကြီးဖြစ်ရင်၊ ကလေးငယ်တွေမှာ ဖြစ်ရင်ကိုယ်ဝန်ဆောင်ဆိုရင်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကဲ့သို့ရောဂါအခံတွေရှိရင်၊ကိုယ်ခံအားနည်းတဲ့သူဆိုရင် (ဥပမာ…HIV ရှိသူတွေ၊ ကင်ဆာဆေးသွင်းနေရသူတွေ)တစ်ပတ်ကျော်တဲ့ထိ ရောဂါလက္ခဏာတွေ မသက်သာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ ချောင်းဆိုးတာနဲ့ နှာချေရာမှတဆင့် တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်သလို လက်နဲ့ အရာဝတ္ထုတွေပေါ်မှာ ၂၄ နာရီအထိ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဖို့ဆိုရင် လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ။ ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို လုံအောင် အုပ်ထားပါ။ တစ်ရှူးအသုံးပြုပြီး သန့်ရှင်းရေး သေချာလုပ်ပါ။ တုပ်ကွေးဖြစ်နေရင် လူကြားထဲမသွားဘဲ အိမ်မှာပဲ အနားယူပါ။ ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်မှန်မှန်ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

သေချာမကုသရင် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဘက်တီးရီးယားအဆုတ်ယောင် နမိုးနီးယားရောဂါ၊ နားပိုးဝင်ခြင်း၊ ထိပ်ကပ်နာဖြစ်ပြီး sinus ထဲ ရောဂါပိုးဝင်ခြင်း၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ဆီးချိုရောဂါအခံရှိသူတွေမှာ အခြေအနေ ပိုမိုဆိုးရွားသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။

တုပ်ကွေးကို သေးသေးမွှားမွှား ရောဂါဆိုပြီး မပေါ့ဆကြဘဲ ကိုယ်လက်ကိုက်ခဲ ဖျားနာချင်တာနဲ့ အာဟာရပြည့်ဝ အားရှိအောင်စားပြီး ကောင်းမွန်စွာအနားယူကာ ကိုယ်ခံအားတက်အောင် ဂရုစိုက်ပြီး
လိုအပ်ရင် ဆရာဝန်နဲ့ ပြသဖို့ သတိပြုသင့်ပါတယ်။

Author: Dr.Yee Mon

 

Previous Post

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

Next Post

ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြောင်းအရင်းများ

2 weeks ago
296
About the health benefits of curry leaves

ဟင်းနုနွယ်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်း

3 months ago
496
Do you go to bed late at night and have a lot of sleepless nights?

ညဖက်တွေမှာ အိပ်ယာဝင်နောက်ကျပြီး အိပ်ရေးပျက်တဲ့ရက်တွေ များနေပြီလား?

3 months ago
683
Side effects of anal sex

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

3 months ago
2.8k
Why is HMB important for adults

လူကြီးတွေအတွက် HMB ဟာ ဘာကြောင့်အရေးပါလဲ

3 months ago
213
The importance of protein for adults

လူကြီးများအတွက် ပရိုတင်း၏ အရေးပါမှု

3 months ago
178

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.