fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မပေါ့ဆသင့်သော မျက်စိတိမ်

An eye cloud that should not be neglected
885
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/04/2024
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသက်ကြီးရင် တိမ်စီးတတ်ကြပါတယ်။ မိုးပေါ်က တိမ်မဟုတ်ဘဲ မျက်စိမှာ တိမ်စွဲတာကို ဆိုလိုတာပါ။ မျက်စိတိမ်ရောဂါတွေဟာ အသက်ကြီးသူတွေမှာ ပိုအဖြစ်များပေမယ့် အသက်ငယ်သူတွေမှာလည်း ဖြစ်နိုင်တာမို့ အမြင်အာရုံဆုံးရှုံးရမှာ ကြောက်ရင် သတိထားသင့်ပါတယ်။
အတွင်းတိမ်နဲ့ ရေတိမ်ဆိုပြီး အဖြစ်များတဲ့ မျက်စိတိမ် နှစ်မျိုး ရှိပါတယ်။

အတွင်းတိမ်

အတွင်းတိမ်က မျက်စိထဲက lens လို့ခေါ်တဲ့ မှန်ဘီလူးမှာ ဖြစ်တဲ့ရောဂါပါ။ မှန်ဘီလူးက မျက်စိထဲဝင်လာတဲ့ အလင်းကို မြင်လွှာ (retina) ပေါ်မှာ ဆုံချက်ကျအောင် လုပ်ဆောင်ပေးပါတယ်။
မှန်ဘီလူးမှာ တိမ်စွဲနေတဲ့အခါ မြူနှင်းတွေ ကျနေသလို အမြင်ဝါးတာ၊ အမြင်အာရုံ ကွယ်သွားတာ၊ အလင်းရောင်မှိန်နေရင် ကောင်းကောင်းမမြင်ရတာ၊ အရောင်တွေ မသဲကွဲတာတွေ ဖြစ်နိုင်ပါတယ်။

• အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ UV rays မကြာခဏထိတွေ့တာ
• ဆီးချိုရှိတာ
• ဆေးလိပ်သောက်တာ
• အရက်အလွန်အကျွံ သောက်တာ
• စတီးရွိုက်ဆေးတွေ ကြာရှည်သုံးစွဲတာ
• မိသားစုရာဇဝင်မှာ အတွင်းတိမ်ရှိဖူးသူတွေ
• မျက်စိကို ထိခိုက်ဒဏ်ရာ ရတာ
• ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးတာတွေကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေ များပါတယ်။
အတွင်းတိမ်ဖြစ်ရင် ခွဲစိတ်ကုသပြီး မှန်ဘီလူးကို အစားထိုးတာက အကောင်းဆုံးကုသမှု ဖြစ်ပါတယ်။ အချိန်မီခွဲစိတ်မှုမခံယူနိုင်ရင် အမြင်အာရုံဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တဲ့ ရောဂါပါ။

ရေတိမ်

ရေတိမ်ဟာ ဒုတိယမြောက် အဖြစ်အများဆုံးသော မျက်စိကွယ်စေတဲ့ ရောဂါဖြစ်ပါတယ်။ မျက်စိအတွင်းမှာ ဖိအားတွေများလာပြီး မျက်စိနဲ့ ဦးနှောက်ကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောဖြစ်တဲ့ optic nerve ထိခိုက်ပျက်စီးတာကြောင့် ရေတိမ် ဖြစ်တာပါ။

ရေတိမ်ဖြစ်နိုင်ခြေများသူတွေထဲမှာ…

• အသက် ၅၅ နှစ်အထက် လူကြီးတွေ
• ဆီးချိုရှိသူ၊ သွေးတိုးရှိသူ
• အနီးမှုန်၊ အဝေးမှုန်သူ
• မိသားစုထဲမှာ ရေတိမ်ဖြစ်ဖူးတဲ့ မျိုးရိုးရှိသူ
• မျက်စိထိခိုက်ဒဏ်ရာရဖူးသူ
• စတီးရွိုက်ပါတဲ့ မျက်စဥ်းဆေးကို ရေရှည်သုံးစွဲ နေသူတွေ ပါဝင်ပါတယ်။
• ရုတ်တရက် မျက်စိက အပြင်းအထန် နာကျင်တာ
• အမြင်ဝါးတာ၊ အလင်းရောင်ကို ကြည့်ရင် သက်တန့်ရောင် ကွင်းတွေလို မြင်နေတာ
• မျက်စိတဝိုက်မှာ တင်းနေ၊ နာနေတာ
• မျက်စိနီနေတာ
• ခေါင်းကိုက်တာ
• ပျို့အန်တာတွေက ရေတိမ်ရောဂါရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ရေတိမ်ဟာ အချိန်မီ ကုသမှု မခံယူရင် အမြင်အာရုံ ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ ရေတိမ်ကြောင့် ချို့ယွင်းပြီးသား အမြင်အာရုံက ပြန်မကောင်းနိုင်တော့ပေမယ့် ပိုဆိုးမလာအောင်တော့ ကုသလို့ရပါတယ်။

ရေတိမ်ကုသမှု အနေနဲ့…

*မျက်စိအတွင်းဖိအား လျော့စေတဲ့ မျက်စဥ်းခပ်ခြင်း
*လေဆာနဲ့ ကုသခြင်း
*မျက်ရည်ပြွန် ပိတ်နေတာကို ခွဲစိတ်ပြီး စီးဆင်းမှုကောင်းအောင် လုပ်ခြင်းတွေ လုပ်လေ့ရှိပါတယ်။

မျက်စိတိမ်ရောဂါတွေက အဖြစ်များသလို အမြင်အာရုံ ဆုံးရှုံးနိုင်ခြေလည်း များတာမို့ မပေါ့ဆသင့်ပါဘူး။

Author: Dr.Yee Mon

Previous Post

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

Next Post

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
852
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k
About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

1 year ago
759

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.