(Zawgyi)
သည္အပတ္ မဂၤလာေမာင္မယ္စကားဝိုင္းမွာ လည္ပင္းက်ီးေပါင္းတက္ ေခါင္းမူးျခင္းအေၾကာင္း ေဆြးေႏြးထားပါတယ္။
ေမာင္ – လူေတာ္ေတာ္မ်ားမ်ားက မူးေဝတတ္တယ္ဆရာ။ ဘာေၾကာင့္ ျဖစ္ရတာလဲ။
ေဒါက္တာမဂၤလာ – လူမ်ားပင္ပင္ပန္းပန္း လုပ္ေဆာင္ရရင္ေခါင္းမူးတယ္။ အခ်ိဳ႕ကားစီးမ်ားလို႔ ေလယာဥ္စီးမ်ားလို႔ လႈိင္းမူး၊ ေလမူး လို႔ ေအာ့အန္တဲ့အထိ ျဖစ္တယ္။ အခ်ိဳ႕ေသြးတိုးတတ္ရင္ ဆီးခ်ိဳတတ္ရင္ မူးတယ္။
မယ္ – အ႐ိုးက်ီးေပါင္းတက္ရင္ ဘာျဖစ္လို႔မူးတာလည္းဆရာ။
ေဒါက္တာမဂၤလာ – အသက္ႀကီးရင္ က်ီးေပါင္းတက္၊ လည္ဆစ္႐ိုးနာဟာ မူးတိုင္း က်ီးေပါင္းတက္တယ္။ အ႐ိုးဆစ္နာ မဟုတ္ေပမယ့္ တၿငိမ့္ၿငိမ့္ မူးတဲ့ဒဏ္ခံရတယ္။
ေမာင္ – လႈိင္းမူး၊ ေလမူး နဲ႔ မတူဘူးလားဆရာ။
ေဒါက္တာမဂၤလာ – မတူဘူး။ က်ီးေပါင္းသမားက စာၾကည့္ရင္မူး၊ ထိုင္လိုက္ထလိုက္ရင္ မူးတာ၊ ကားမူး၊ လႈိင္းမူးတာက ကားစီးတုန္း သေဘၤာစီးတုန္း မူးတာ အန္လည္းအန္တယ္။ က်ီးေပါင္းတက္လို႔မူးတာကို အေဝးေျပးကားသမားမ်ား၊ အေလးမသူမ်ား အျဖစ္မ်ားတယ္။
မယ္ – ငယ္႐ြယ္သူေတြ အျဖစ္နည္းမွာေပါ့ ဆရာ။
ေဒါက္တာမဂၤလာ – ဟုတ္ပါတယ္။ အသက္ ၄၀ ႏွစ္မွာ ၂၀ရာခိုင္ႏႈန္း ျဖစ္ပြားေလ့ရွိတယ္။ အသက္ႀကီးလာတာနဲ႔ ျမင့္လာတတ္တယ္။
ေမာင္ – က်ီးေပါင္းတက္ျခင္းဟာ ဘာကိုေခၚတာလည္းဆရာ။
ေဒါက္တာမဂၤလာ – က်ီးေပါင္းတက္ျခင္းဆိုတာ ဦးေခါင္းကို ပင့္ထားတဲ့ လည္ပင္း႐ိုးဆစ္က အဆစ္ေပါင္း ခုႏွစ္ဆင့္နဲ႔ ဖြဲ႕စည္းထားတယ္။ လည္ပင္း႐ိုးနဲ႔ အာ႐ုံေၾကာဟာ ဦးေခါင္းငုံ႔ျခင္း၊ ေမာ့ျခင္း၊
ေဘးၾကည့္ျခင္း၊ စတဲ့ လုပ္ငန္းကို လုပ္တယ္။ ယင္းအ႐ိုးအဆစ္မ်ားက တိုက္႐ိုက္ဆက္သြယ္ထားျခင္း
မဟုတ္ဘဲ အ႐ိုးအဆစ္ႏွစ္ခုၾကားမွာ ဝါရွာသဖြယ္ အျပားေလးနဲ႔ ခံထားတယ္။ ခႏၶာကိုယ္ လႈပ္ရွားမႈမ်ားလာရင္ အ႐ိုးႏုျပား စားသြားလို႔ အ႐ိုးႏွစ္ခု ထိေတြ႕မႈကေန နာက်င္မႈေဝဒနာ ျဖစ္လာတယ္။ ယင္းအ႐ိုးမ်ား အက္လာတယ္။ အက္သြားတဲ့ အ႐ိုးမ်ားျပန္ဆက္ဖို႔ အ႐ိုးအဆစ္မ်ား ထပ္မံတက္လာရတယ္။ အ႐ိုး သို႔မဟုတ္ ကယ္လဆီယမ္အသစ္မ်ား ျဖစ္လာတာကို က်ီးေပါင္းတက္ျခင္း ေခၚတယ္။
မယ္ – ဘယ္လို လကၡဏာေတြ ခံစားရႏိူင္သလဲဆရာ။
ေဒါက္တာမဂၤလာ – အဆစ္မ်ား မေခ်ာေမြ႕ေတာ့တဲ့အတြက္ ထုံက်င္ကိုက္ခဲျခင္း၊ မူးေဝျခင္း၊ ေဝဒနာမ်ား ခံစားၾကရတယ္။ ဦးေႏွာက္ပို႔တဲ့ ေသြးေၾကာမႀကီးကို သြားၿပီးဖိလိုက္တဲ့အခါ ဦးေႏွာက္တစ္ျခမ္းမွာ ေသြးမေရာက္ဘဲ မူးေဝျခင္း ျဖစ္လာတယ္။ ရက္ရွည္လမ်ား မူးေဝႏိူင္တယ္။
ေမာင္ – အသက္ႀကီးသူမ်ား က်ီးေပါင္းတက္ရင္ေရာ ဆရာ။
ေဒါက္တာမဂၤလာ – ခႏၶာကိုယ္ရဲ႕ အ႐ိုးဟာ အသက္ႀကီးရင့္လာတာနဲ႔အမွ် နဂိုေလာက္ ႀကံ့ခိုင္မႈမရွိဘဲ အ႐ိုးပါးလာျခင္း၊ ႏွစ္ေပါင္းၾကာရွည္ လႈပ္ရွားရလြန္းလို႔ အ႐ိုးႏုျပား ပြန္းလာျခင္း၊ အ႐ိုးႏုျပား ပြန္းလာလို႔ ျပန္ေဖာင္းရမယ့္အစား မေကာင္းေတာ့ဘဲ အ႐ိုးႏုျပား ပြန္းလာျခင္း၊ ကပ္သြားျခင္း တို႔ေတြ႕ရပါတယ္။
မယ္ – လူငယ္မ်ားျဖစ္ရင္ေရာ ဆရာ။
ေဒါက္တာမဂၤလာ – လူငယ္မ်ားမွာ လည္႐ိုးဆစ္ေပၚ သက္ေရာက္မႈအားကို ပုံမွန္ထိန္းမထားႏိူင္ျခင္း၊ လူငယ္က ဆြဲအား လမ္းေၾကာင္းေပၚ တည့္တည့္မတ္မတ္ မက်ဘဲ ခါးကုန္းသူ၊ ခါးေကာ့သူ ျဖစ္ရင္ က်ီးေပါင္းတက္ျပန္တယ္။
ေမာင္ – တျခားျဖစ္ႏိူင္ေျခမ်ားက ဘာေတြရွိႏိူင္ေသးလဲ ဆရာ။
ေဒါက္တာမဂၤလာ – မွားယြင္းတဲ့ အေလးခ်ိန္မ်ား၊ မႏိူင္ဝန္ထမ္းျခင္း၊ အေလးမျခင္း၊ တာေဝးအေျပးေလ့က်င့္ျခင္း၊ လည္ဆစ္႐ိုး တစ္ေနရာ မေတာ္တဆ ထိခိုက္ဒဏ္ရာရသူမ်ား၊ ကုန္ထမ္းသမားမ်ား၊ အိမ္ေဆာက္အဖြဲ႕မ်ား၊ ကြၽမ္းဘား အားကစားမ်ား၊ အျဖစ္မ်ားပါတယ္။
မယ္ – လည္ဆစ္႐ိုး က်ီးေပါင္းအတြက္ ကုသခ်က္မ်ားကေရာ ဆရာ။
ေဒါက္တာမဂၤလာ – လည္ဆစ္႐ိုးက်ီးေပါင္းတက္ေရာဂါ ရွိမရွိ ဓာတ္မွန္႐ိုက္ၿပီး စမ္းသပ္စစ္ေဆးရမယ္။ ေရာဂါရွိေၾကာင္းေတြ႕ရရင္ ဆရာဝန္နဲ႔ သုံးလအတြင္း ျပရမယ္။ လည္ဆစ္႐ိုးနာျခင္း သက္သာေစဖို႔ လည္ပင္းေကာ္လံပတ္ထားျခင္းက ႐ုတ္တရက္ ငုံ႔ျခင္း၊ ေမာ့ျခင္း မျပဳဖို႔ တားဆီးျခင္း ျဖစ္တယ္။
ေမာင္ – အေလးနဲ႔ ကုသျခင္းအေၾကာင္း ရွင္းျပပါ ဆရာ။
ေဒါက္တာမဂၤလာ – သည္အေလးဆြဲ ကုသနည္းဟာ ေဆး႐ုံမွ တစ္ပတ္မွာ ႏွစ္ႀကိမ္ကုသျခင္းမ်ိဳး ျဖစ္ပါတယ္။ ေရာဂါအႏုအရင့္ မူတည္ၿပီး ႏွစ္လမွ သုံးလ ကုသရမယ္။ အ႐ိုးႏုရဲ႕အစြမ္းသတၱိ က်ဆင္းသြားလို႔ ထိုစြမ္းအား ျပန္လည္ျဖည့္ဆည္းဖို႔ အ႐ိုးႏုမ်ားတဲ့ ငါးေသးေသးေလးမ်ား တစ္ပတ္မွာ သုံးရက္ခန႔္ စားသုံးသင့္ပါတယ္။
မယ္ – ေနာက္ဆုံးေပၚ အားျဖည့္ေဆးဝါးေတြ အေၾကာင္းေျပာျပေပးပါဦး ဆရာ။
ေဒါက္တာမဂၤလာ – ေနာက္ဆုံးေပၚ အားျဖည့္ေဆးမွာ ငါးမန္းေတာင္နဲ႔ တိရစာၦန္မ်ားရဲ႕ အ႐ိုးႏုမွ ထုတ္လုပ္တယ္။ ဂလူးကိုဆမင္း၊ ခြန္ထရက္တင္ ဓာတ္ႏွစ္မ်ိဳးပါတဲ့ေဆး ျဖစ္တယ္။ ေဈးကြက္ထဲမွာ န်ဴဖရန္နဲ႔ အေမရိကန္ထုတ္ ေဘာ့ပလက္တို႔ ပါဝင္တယ္။
ေမာင္ – ႀကိဳတင္ကာကြယ္ျခင္းအေၾကာင္း ရွင္းျပပါဆရာ။
ေဒါက္တာမဂၤလာ – အဝလြန္သူမ်ားဟာ က်ီးေပါင္းတက္ဖို႔ ရာခိုင္ႏႈန္းမ်ားတယ္။ အဝလြန္သူဟာ မိမိရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ ထိန္းထားဖို႔ ႐ိုး႐ိုးလူေတြထက္ အ႐ိုးႏု ပြန္းစားလြယ္မယ္။ တတ္ႏိူင္သေလာက္ ဝိတ္ခ်ရမယ္။
မယ္ – ဘယ္လိုအေနအထားမ်ိဳး ပိုမိုသတိရွိသင့္လည္းဆရာ။
ေဒါက္တာမဂၤလာ – မတ္တပ္ရပ္တဲ့အခါ၊ စာေရးစာၾကည့္တဲ့အခါ TV ၾကည့္ရင္ ဦးေခါင္းကို လည္ပင္းေပၚတည့္တည့္ထားရမယ္။ ဦးေခါင္း ေရွ႕လွန္ျခင္း၊ ေနာက္လွန္ျခင္း အၾကာႀကီးမေနသင့္ဘူး။
အားကစားလုပ္တဲ့အခါ မ်က္ႏွာျပင္ မာေက်ာတဲ့ ဖိနပ္မ်ိဳးနဲ႔ အားကစားမလုပ္သင့္ဘူး။ အားကစား
ဖိနပ္စီးၿပီး အားကစားလုပ္ရမယ္။ အေလးအပင္မ်ား ေခါင္းေပၚမ႐ြက္သင့္ဘူး။ အေလးခ်ိန္မ်ားရင္
လည္ဆစ္႐ိုး က်ီးေပါင္းတက္ တတ္တယ္။
ေမာင္ – အစားအေသာက္အေၾကာင္း ေျပာျပပါဦးဆရာ။
ေဒါက္တာမဂၤလာ – အ႐ိုးပါတဲ့ ငါးေသးေသးေလးမ်ား တစ္ပတ္မွာ သုံးရက္စားရမယ္။ ငါးမန္းေတာင္နဲ႔ တိရစာၦန္အ႐ိုးႏုေလးမ်ား စားရမယ္။ ဗီတာမင္ စီ ႂကြယ္ဝတဲ့ ေပါင္မုန႔္ၾကမ္း၊ ဆန္လုံးညိဳ၊ အင္တီေအာက္ဆီဒင့္ ႏွင့္ ဆန႔္က်င္ပစၥည္းမ်ားျဖစ္တဲ့ ဗီတာမင္စီဓာတ္ ပါတဲ့ သစ္သီးမ်ား- လိေမၼာ္သီး၊ သံပုရာသီး၊ ေရွာက္သီး၊ ဆီးျဖဴသီး၊ ခ်ယ္ရီသီး၊ နာနတ္သီး စားရမယ္။ အ႐ိုးက်ီးေပါင္းေရာဂါမ်ားမွာ သြပ္ဓာတ္ပါတဲ့ ကိုကိုး၊ ေ႐ႊဖ႐ုံေစ့၊ သီဟိုဠ္ေစ့၊ ဗာဒံေစ့၊ သစ္ၾကားသီး၊ အယ္မြန္ေစ့၊ အမွ်င္ပါတဲ့ အစားအစာ စားရမယ္။ သံလြင္ဆီ၊ ေနၾကာဆီ၊ ႏွမ္းဆီ စတဲ့ မျပည့္ဝဆီ သုံးရမယ္။ ဆယ္လမြန္၊ ဆာဒင္း၊ တူနာငါးတို႔ တစ္ပတ္ သုံးရက္စားရမယ္။ ဗီတာမင္ဘီ အုပ္စုထဲက ဘီဝမ္း၊ ဘီကြန္းပလက္၊ ဗီတာမင္စီနဲ႔ ငါးႀကီးဆီ စားရမယ္။
မယ္ – ေလ့က်င့္ခန္းမ်ားအေၾကာင္း ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – မျပင္းထန္တဲ့ ဦးေခါင္းေလ့က်င့္ခန္းတစ္ခု ယူရမယ္။ မနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ တစ္ေန႔မွာ ည နာရီဝက္မွ တစ္နာရီ လမ္းေလွ်ာက္ ႐ြ႐ြေျပး၊ စက္ဘီးစီး၊ ေရကူး လုပ္ေပးသင့္ပါတယ္။
Author: ေဒါက္တာမဂၤလာ , Healthcare Journal,(19.5.17)vol 8,no 18
(Unicode)
သည်အပတ် မင်္ဂလာမောင်မယ်စကားဝိုင်းမှာ လည်ပင်းကျီးပေါင်းတက် ခေါင်းမူးခြင်းအကြောင်း ဆွေးနွေးထားပါတယ်။
မောင် – လူတော်တော်များများက မူးဝေတတ်တယ်ဆရာ။ ဘာကြောင့် ဖြစ်ရတာလဲ။
ဒေါက်တာမင်္ဂလာ – လူများပင်ပင်ပန်းပန်း လုပ်ဆောင်ရရင်ခေါင်းမူးတယ်။ အချို့ကားစီးများလို့ လေယာဉ်စီးများလို့ လှိုင်းမူး၊ လေမူး လို့ အော့အန်တဲ့အထိ ဖြစ်တယ်။ အချို့သွေးတိုးတတ်ရင် ဆီးချိုတတ်ရင် မူးတယ်။
မယ် – အရိုးကျီးပေါင်းတက်ရင် ဘာဖြစ်လို့မူးတာလည်းဆရာ။
ဒေါက်တာမင်္ဂလာ – အသက်ကြီးရင် ကျီးပေါင်းတက်၊ လည်ဆစ်ရိုးနာဟာ မူးတိုင်း ကျီးပေါင်းတက်တယ်။ အရိုးဆစ်နာ မဟုတ်ပေမယ့် တငြိမ့်ငြိမ့် မူးတဲ့ဒဏ်ခံရတယ်။
မောင် – လှိုင်းမူး၊ လေမူး နဲ့ မတူဘူးလားဆရာ။
ဒေါက်တာမင်္ဂလာ – မတူဘူး။ ကျီးပေါင်းသမားက စာကြည့်ရင်မူး၊ ထိုင်လိုက်ထလိုက်ရင် မူးတာ၊ ကားမူး၊ လှိုင်းမူးတာက ကားစီးတုန်း သင်္ဘောစီးတုန်း မူးတာ အန်လည်းအန်တယ်။ ကျီးပေါင်းတက်လို့မူးတာကို အဝေးပြေးကားသမားများ၊ အလေးမသူများ အဖြစ်များတယ်။
မယ် – ငယ်ရွယ်သူတွေ အဖြစ်နည်းမှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ အသက် ၄၀ နှစ်မှာ ၂၀ရာခိုင်နှုန်း ဖြစ်ပွားလေ့ရှိတယ်။ အသက်ကြီးလာတာနဲ့ မြင့်လာတတ်တယ်။
မောင် – ကျီးပေါင်းတက်ခြင်းဟာ ဘာကိုခေါ်တာလည်းဆရာ။
ဒေါက်တာမင်္ဂလာ – ကျီးပေါင်းတက်ခြင်းဆိုတာ ဦးခေါင်းကို ပင့်ထားတဲ့ လည်ပင်းရိုးဆစ်က အဆစ်ပေါင်း ခုနှစ်ဆင့်နဲ့ ဖွဲ့စည်းထားတယ်။ လည်ပင်းရိုးနဲ့ အာရုံကြောဟာ ဦးခေါင်းငုံ့ခြင်း၊ မော့ခြင်း၊
ဘေးကြည့်ခြင်း၊ စတဲ့ လုပ်ငန်းကို လုပ်တယ်။ ယင်းအရိုးအဆစ်များက တိုက်ရိုက်ဆက်သွယ်ထားခြင်း
မဟုတ်ဘဲ အရိုးအဆစ်နှစ်ခုကြားမှာ ဝါရှာသဖွယ် အပြားလေးနဲ့ ခံထားတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှုများလာရင် အရိုးနုပြား စားသွားလို့ အရိုးနှစ်ခု ထိတွေ့မှုကနေ နာကျင်မှုဝေဒနာ ဖြစ်လာတယ်။ ယင်းအရိုးများ အက်လာတယ်။ အက်သွားတဲ့ အရိုးများပြန်ဆက်ဖို့ အရိုးအဆစ်များ ထပ်မံတက်လာရတယ်။ အရိုး သို့မဟုတ် ကယ်လဆီယမ်အသစ်များ ဖြစ်လာတာကို ကျီးပေါင်းတက်ခြင်း ခေါ်တယ်။
မယ် – ဘယ်လို လက္ခဏာတွေ ခံစားရနိူင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – အဆစ်များ မချောမွေ့တော့တဲ့အတွက် ထုံကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ဝေဒနာများ ခံစားကြရတယ်။ ဦးနှောက်ပို့တဲ့ သွေးကြောမကြီးကို သွားပြီးဖိလိုက်တဲ့အခါ ဦးနှောက်တစ်ခြမ်းမှာ သွေးမရောက်ဘဲ မူးဝေခြင်း ဖြစ်လာတယ်။ ရက်ရှည်လများ မူးဝေနိူင်တယ်။
မောင် – အသက်ကြီးသူများ ကျီးပေါင်းတက်ရင်ရော ဆရာ။
ဒေါက်တာမင်္ဂလာ – ခန္ဓာကိုယ်ရဲ့ အရိုးဟာ အသက်ကြီးရင့်လာတာနဲ့အမျှ နဂိုလောက် ကြံ့ခိုင်မှုမရှိဘဲ အရိုးပါးလာခြင်း၊ နှစ်ပေါင်းကြာရှည် လှုပ်ရှားရလွန်းလို့ အရိုးနုပြား ပွန်းလာခြင်း၊ အရိုးနုပြား ပွန်းလာလို့ ပြန်ဖောင်းရမယ့်အစား မကောင်းတော့ဘဲ အရိုးနုပြား ပွန်းလာခြင်း၊ ကပ်သွားခြင်း တို့တွေ့ရပါတယ်။
မယ် – လူငယ်များဖြစ်ရင်ရော ဆရာ။
ဒေါက်တာမင်္ဂလာ – လူငယ်များမှာ လည်ရိုးဆစ်ပေါ် သက်ရောက်မှုအားကို ပုံမှန်ထိန်းမထားနိူင်ခြင်း၊ လူငယ်က ဆွဲအား လမ်းကြောင်းပေါ် တည့်တည့်မတ်မတ် မကျဘဲ ခါးကုန်းသူ၊ ခါးကော့သူ ဖြစ်ရင် ကျီးပေါင်းတက်ပြန်တယ်။
မောင် – တခြားဖြစ်နိူင်ခြေများက ဘာတွေရှိနိူင်သေးလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – မှားယွင်းတဲ့ အလေးချိန်များ၊ မနိူင်ဝန်ထမ်းခြင်း၊ အလေးမခြင်း၊ တာဝေးအပြေးလေ့ကျင့်ခြင်း၊ လည်ဆစ်ရိုး တစ်နေရာ မတော်တဆ ထိခိုက်ဒဏ်ရာရသူများ၊ ကုန်ထမ်းသမားများ၊ အိမ်ဆောက်အဖွဲ့များ၊ ကျွမ်းဘား အားကစားများ၊ အဖြစ်များပါတယ်။
မယ် – လည်ဆစ်ရိုး ကျီးပေါင်းအတွက် ကုသချက်များကရော ဆရာ။
ဒေါက်တာမင်္ဂလာ – လည်ဆစ်ရိုးကျီးပေါင်းတက်ရောဂါ ရှိမရှိ ဓာတ်မှန်ရိုက်ပြီး စမ်းသပ်စစ်ဆေးရမယ်။ ရောဂါရှိကြောင်းတွေ့ရရင် ဆရာဝန်နဲ့ သုံးလအတွင်း ပြရမယ်။ လည်ဆစ်ရိုးနာခြင်း သက်သာစေဖို့ လည်ပင်းကော်လံပတ်ထားခြင်းက ရုတ်တရက် ငုံ့ခြင်း၊ မော့ခြင်း မပြုဖို့ တားဆီးခြင်း ဖြစ်တယ်။
မောင် – အလေးနဲ့ ကုသခြင်းအကြောင်း ရှင်းပြပါ ဆရာ။
ဒေါက်တာမင်္ဂလာ – သည်အလေးဆွဲ ကုသနည်းဟာ ဆေးရုံမှ တစ်ပတ်မှာ နှစ်ကြိမ်ကုသခြင်းမျိုး ဖြစ်ပါတယ်။ ရောဂါအနုအရင့် မူတည်ပြီး နှစ်လမှ သုံးလ ကုသရမယ်။ အရိုးနုရဲ့အစွမ်းသတ္တိ ကျဆင်းသွားလို့ ထိုစွမ်းအား ပြန်လည်ဖြည့်ဆည်းဖို့ အရိုးနုများတဲ့ ငါးသေးသေးလေးများ တစ်ပတ်မှာ သုံးရက်ခန့် စားသုံးသင့်ပါတယ်။
မယ် – နောက်ဆုံးပေါ် အားဖြည့်ဆေးဝါးတွေ အကြောင်းပြောပြပေးပါဦး ဆရာ။
ဒေါက်တာမင်္ဂလာ – နောက်ဆုံးပေါ် အားဖြည့်ဆေးမှာ ငါးမန်းတောင်နဲ့ တိရစ္ဆာန်များရဲ့ အရိုးနုမှ ထုတ်လုပ်တယ်။ ဂလူးကိုဆမင်း၊ ခွန်ထရက်တင် ဓာတ်နှစ်မျိုးပါတဲ့ဆေး ဖြစ်တယ်။ ဈေးကွက်ထဲမှာ နျူဖရန်နဲ့ အမေရိကန်ထုတ် ဘော့ပလက်တို့ ပါဝင်တယ်။
မောင် – ကြိုတင်ကာကွယ်ခြင်းအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အဝလွန်သူများဟာ ကျီးပေါင်းတက်ဖို့ ရာခိုင်နှုန်းများတယ်။ အဝလွန်သူဟာ မိမိရဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းထားဖို့ ရိုးရိုးလူတွေထက် အရိုးနု ပွန်းစားလွယ်မယ်။ တတ်နိူင်သလောက် ဝိတ်ချရမယ်။
မယ် – ဘယ်လိုအနေအထားမျိုး ပိုမိုသတိရှိသင့်လည်းဆရာ။
ဒေါက်တာမင်္ဂလာ – မတ်တပ်ရပ်တဲ့အခါ၊ စာရေးစာကြည့်တဲ့အခါ TV ကြည့်ရင် ဦးခေါင်းကို လည်ပင်းပေါ်တည့်တည့်ထားရမယ်။ ဦးခေါင်း ရှေ့လှန်ခြင်း၊ နောက်လှန်ခြင်း အကြာကြီးမနေသင့်ဘူး။
အားကစားလုပ်တဲ့အခါ မျက်နှာပြင် မာကျောတဲ့ ဖိနပ်မျိုးနဲ့ အားကစားမလုပ်သင့်ဘူး။ အားကစား
ဖိနပ်စီးပြီး အားကစားလုပ်ရမယ်။ အလေးအပင်များ ခေါင်းပေါ်မရွက်သင့်ဘူး။ အလေးချိန်များရင်
လည်ဆစ်ရိုး ကျီးပေါင်းတက် တတ်တယ်။
မောင် – အစားအသောက်အကြောင်း ပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – အရိုးပါတဲ့ ငါးသေးသေးလေးများ တစ်ပတ်မှာ သုံးရက်စားရမယ်။ ငါးမန်းတောင်နဲ့ တိရစ္ဆာန်အရိုးနုလေးများ စားရမယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ အင်တီအောက်ဆီဒင့် နှင့် ဆန့်ကျင်ပစ္စည်းများဖြစ်တဲ့ ဗီတာမင်စီဓာတ် ပါတဲ့ သစ်သီးများ- လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ ချယ်ရီသီး၊ နာနတ်သီး စားရမယ်။ အရိုးကျီးပေါင်းရောဂါများမှာ သွပ်ဓာတ်ပါတဲ့ ကိုကိုး၊ ရွှေဖရုံစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီး၊ အယ်မွန်စေ့၊ အမျှင်ပါတဲ့ အစားအစာ စားရမယ်။ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်းဆီ စတဲ့ မပြည့်ဝဆီ သုံးရမယ်။ ဆယ်လမွန်၊ ဆာဒင်း၊ တူနာငါးတို့ တစ်ပတ် သုံးရက်စားရမယ်။ ဗီတာမင်ဘီ အုပ်စုထဲက ဘီဝမ်း၊ ဘီကွန်းပလက်၊ ဗီတာမင်စီနဲ့ ငါးကြီးဆီ စားရမယ်။
မယ် – လေ့ကျင့်ခန်းများအကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – မပြင်းထန်တဲ့ ဦးခေါင်းလေ့ကျင့်ခန်းတစ်ခု ယူရမယ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့မှာ ည နာရီဝက်မှ တစ်နာရီ လမ်းလျှောက် ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး လုပ်ပေးသင့်ပါတယ်။
Author: ဒေါက်တာမင်္ဂလာ , Healthcare Journal,(19.5.17)vol 8,no 18