fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းနှင့် ပတ်သက်နေသော လက္ခဏာများ အပိုင်း (၂)

(Zawgyi)

ေက်ာက္ကပ္၊ ဆီးလမ္းေၾကာင္းမွာ တစ္ခုခု  ျဖစ္ေနခဲ့ၿပီဆို လူနာကဆီးမထိန္းႏိုင္တာလည္း ခံစားရတတ္ပါတယ္။ ဒီလကၡဏာက ဆီးလမ္းေၾကာင္းက ပုံမွန္ျဖစ္ေနတဲ့လူေတြမွာ ေတြ႕ရတတ္ပါတယ္။ ပုံမွန္ဆိုေပမယ့္ စိတ္ေဖာက္ျပန္ေနတဲ့လူေတြ၊ အသက္ႀကီးတဲ့လူေတြ၊ နာမက်န္းျဖစ္လို႔ ေဆး႐ုံတက္ေနရတဲ့ လူနာေတြမွာ ျဖစ္တတ္ပါတယ္။ ဆီးေဆးေတြ အရက္၊ ကဖီးဓာတ္ေတြက ပိုဆိုးေစပါတယ္။

လူ႔ခႏၶာကိုယ္မွာ ေက်ာက္ကပ္က စကၠန႔္မလပ္ စစ္ထုတ္ေပးေနပါတယ္။ ဆီးအိမ္ထဲကိုလည္း ဆီးေတြက အၿမဲက်ေနပါတယ္။ ဒါေပမယ့္ ဆီးအိမ္အထြက္နားမွာရွိတဲ့ ႂကြက္သားက တင္းက်ပ္ထားတဲ့အတြက္ ဆီးက မထြက္ပါဘူး။ ဒါေၾကာင့္ ဆီးအိမ္ထဲမွာ ဆီးေတြ စုစုလာပါတယ္။ ပမာဏတစ္ခု ေရာက္လာမွသာ ဆီးအိမ္က ႂကြက္သားကလည္း ညႇစ္၊ ဆီးအိမ္ အထြက္နားက ႂကြက္သားကလည္း ေျဖေလ်ာ့ၿပီး ဆီးေတြ အျပင္ကို ထြက္လာပါတယ္။

ဆီးမထိန္းႏိုင္တာမွာ ပုံစံအမ်ိဳးမ်ိဳး ရွိပါတယ္။ ပထမတစ္ခုက ဖိအားမ်ားေစတဲ့အခါ ဆီးမထိန္းႏိုင္ျခင္းပါ။ ဖိအားဆိုတာက ခႏၶာကိုယ္တြင္း ဖိအားမ်ားေစေသာ ဒါမွမဟုတ္ အားသုံးရတဲ့အခါ ဥပမာ- ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္းေတြမွာ ဆီးမထိန္းႏိုင္တာပါ။ ဒါကို အမ်ိဳးသမီးေတြမွာ ပိုေတြ႕ရပါတယ္။ ဒါဟာ အဓိကက ဆီးအိမ္ထဲက ဖိအားက ဆီးလမ္းေၾကာင္းထဲက ဖိအားထက္ မ်ားေနလို႔ပါ။ ေနာက္ၿပီး ဆီးအိမ္အထြက္က ႂကြက္သားရဲ႕ ညႇစ္ႏိုင္မႈအားကလည္း မေကာင္းလို႔ပါ။ ဒီလို ဆီးမထိန္းႏိုင္တာကို ကေလးေမြးၿပီးတဲ့အခါ ဆီးက်ိတ္ခြဲထားတဲ့ အမ်ိဳးသားေတြမွာ ေတြ႕ရေလ့ရွိပါတယ္။

ေနာက္တစ္မ်ိဳးက လႈံေဆာ္မႈေၾကာင့္ ဆီးမထိန္းႏိုင္ျခင္းပါ။ လႈံ႕ေဆာ္မႈေတြကေတာ့ ဆီးလမ္းေၾကာင္းက ပိုးေတြ၊ ဆီးအိမ္ ေက်ာက္တည္ျခင္းေတြပါ။ ဒါကို တစ္ခါတစ္ေလ အာ႐ုံေၾကာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ အသက္ ၆၅ ႏွစ္ အထက္မွာ ျဖစ္ေလ့ရွိပါတယ္။ ေနာက္တစ္မ်ိဳးက ေတာက္ေလ်ာက္ဆီးထြက္ေနျခင္းပါ။ ဒါဟာ ဆီးအိမ္ကေန ဒိုးယိုေပါက္ ရွိေနလို႔ပါ။ ဥပမာ- ဆီးအိမ္နဲ႔ မိန္းမကိုယ္လမ္းေၾကာင္း ဆီးႁပြန္နဲ႔ မိန္းမကိုယ္လမ္းေၾကာင္း ဆက္ေနတဲ့ ပိုက္လိုင္း ရွိရလို႔ပါ။ ဒါကို မ်ားေသာအားျဖင့္ မီးယပ္ခြဲစိတ္မႈေတြမွာ ေတြ႕ရတတ္သလို မီးယပ္ဆိုင္ရာ ဓာတ္ေရာင္ျခည္ျဖင့္ ကုသၿပီး ေနာက္ပိုင္းမွာ ျဖစ္ေလ့ရွိတတ္ပါသည္။

ေနာက္ထပ္တစ္မ်ိဳးက စီးဆင္းမႈ မ်ားေန၍ ဆီးမထိန္းႏိုင္ၾကပါ။ ဆီးအိမ္က နာတာရွည္ တင္းေနတဲ့အခါ ျဖစ္တတ္သလို လတ္တေလာ ေက်ာက္ကပ္ထိခိုက္မႈ ေရာဂါမွာလည္း ရတတ္ပါတယ္။ ဒါကို မ်ားေသာအားျဖင့္ ဆီးက်ိတ္ႀကီးေနေသာ အမ်ိဳးသားေတြ၊ ဆီးအိမ္  အထြက္က်ဥ္းေနတဲ့ လူေတြမွာ ေတြ႕ေလ့ရွိပါတယ္။ ေနာက္ဆုံးတစ္မ်ိဳးက ဆီးမထိန္းႏိုင္ေတာ့တာ မဟုတ္ဘူး။ ဆီးေပါက္လို႔ ကုန္သြားၿပီဆို ဆီးက တစ္စက္တစ္စက္နဲ႔ ဆက္က်ေနတုန္းပါပဲ။ ဒါက အမ်ိဳးသားေတြမွာ ေတြ႕ရပါတယ္။ ဒါဟာ ဆီးေတြက ဆီးႁပြန္တစ္ေနရာမွာ ဆီးစုေနရလို႔ပါ။ လူနာက လႈပ္လိုက္တဲ့အခါ ထြက္က်လာတတ္ပါတယ္။

ဒီလို ဆီးမထိန္းႏိုင္တဲ့ လူေတြကို ဆီးစစ္ေဆးျခင္းနဲ႔ ပိုးေမြးျခင္း ျပဳလုပ္သင့္ပါတယ္။ ဘယ္လိုမ်ိဳး ဆီးမထိန္းႏိုင္တာလည္း သိဖို႔အတြက္ Cystometrography နည္းျဖင့္ သိႏိုင္ပါတယ္။ လိုအပ္လွ်င္ အာထရာေဆာင္း၊ သံလိုက္ဓာတ္မွန္၊ ဆီးလမ္းေၾကာင္းဓာတ္မွန္ ႐ိုက္သင့္ပါတယ္။

ဖိအားမ်ားလို႔ ဆီးမထိန္းႏိုင္တဲ့ အမ်ိဳးသမီးေတြကိုေတာ့ ေလ့က်င့္ခန္းကုထုံးနဲ႔ သက္သာပါတယ္။ အဓိကက ဆီးအိမ္ကို ျပန္ေလ့က်င့္ေပးတာပါ။ ဆီးကို မိမိ၏စိတ္ျဖင့္ ထိန္းခ်ဳပ္ခိုင္းတာပါ။ ထို႔ျပင္ ေဆးဝါးအကူပါ သုံးေလ့ရွိပါတယ္။ ဆီးမထိန္းႏိုင္တာ ပိုဆိုးေနရင္ေတာ့ ခြဲစိတ္ရတတ္ပါတယ္။ ဆီးလမ္းေၾကာင္း ဒိုးယိုေပါက္ျဖစ္ေနတာကေတာ့ လုံးဝခြဲစိတ္မွ ရမွာပါ။

ေနာက္လကၡဏာတစ္ခုကေတာ့ ဆီးထဲေသြးပါျခင္းပါ။ ဆီးထဲ ေသြးပါတာကို မ်က္စိနဲ႔ျမင္ႏိုင္သလို၊ မျမင္ႏိုင္တာလည္း ရွိပါတယ္။ ဆီးထဲ ေသြးပါလာရင္ေတာ့ ဆီးလမ္းေၾကာင္း တစ္ေနရာကေန ေသြးထြက္ေနလို႔ အရင္ဆုံးေသခ်ာေအာင္ ဆီးကို အႏုၾကည့္မွန္ေျပာင္းနဲ႔ စစ္ေဆးသင့္ပါတယ္။ ဘာလို႔လဲဆို တစ္ခါတစ္ေလ ဆီးကနီတာတို႔က တျခားအေၾကာင္းေၾကာင့္လည္း နီတတ္ပါတယ္။ ဆီးစစ္တံနဲ႔ စစ္လို႔ ဆီးထဲေသြးစပါေနလွ်င္ ဆီးကို အႏုၾကည့္မွန္ေျပာင္းနဲ႔ ၾကည့္၍ ေတြ႕ရွိခ်က္ေပၚ မူတည္၍ ေရာဂါပိုး၊ ကင္ဆာ၊ ေက်ာက္ကပ္မွ ေသြးထြက္တာ ျဖစ္ႏိုင္ပါတယ္။

တကယ္လို႔ ဆီးစစ္တံနဲ႔ စစ္လို႔ ေသြးမပါဘူး။ ဒါေပမယ့္ ေသြးက ညိဳေနတယ္။ နီေနတယ္ဆိုရင္ ထိုးေဆးေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဆီးက ပန္းေရာင္ျဖစ္ေနတာေတာ့ Phenolphthalein ေဆးေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ လိေမၼာ္ေရာင္ ျဖစ္ေနရင္ေတာ့ BT ေဆးဝါးတစ္မ်ိဳး ျဖစ္တဲ့ Rifampicin တို႔၊ ဝမ္းေပ်ာ့ေဆးျဖစ္တဲ့ Senna တို႔ ေဆးေတြ ေသာက္ရင္ ျဖစ္တတ္ပါတယ္။ ဆီးကို ႁပြန္ေခ်ာင္းထဲ ထည့္ေထာင္ထားလိုက္လို႔ ေမွာင္ေမွာင္မိုက္မိုက္ျဖစ္လာရင္ Lerodopa ေဆးေတြေၾကာင့္ ျဖစ္လာတတ္ပါတယ္။

ဆီးထဲ ေသြးတကယ္ပါရတဲ့ အေၾကာင္းေတြကေတာ့ ေသြးေၾကာထဲ ေသြးခဲမႈစနစ္ ခ်ိဳ႕ယြင္းေနျခင္း၊ ေက်ာက္ကပ္သို႔ ပို႔ေပးေသာ ေသြးေၾကာေရာင္ျခင္း၊ ပုပ္ျခင္း၊ ေက်ာက္ကပ္တြင္ အိတ္တည္ျခင္း၊ ကင္ဆာ၊ ဆီးအိမ္ေရာင္ျခင္း၊ ဆီးအိမ္ကင္ဆာ၊ ဆီးက်ိတ္ႀကီးျခင္း၊ ဆီးက်ိတ္ကင္ဆာ၊ ဆီးႁပြန္ေရာင္ျခင္း၊ ဆီးႁပြန္ထိခိုက္မိျခင္းေတြေၾကာင့္ ဆီးထဲ ေသြးပါႏိုင္ပါတယ္။ ကုသဖို႔ကေတာ့ အဓိကျဖစ္ရတဲ့ အေၾကာင္းကို ကုသမွသာ ဆီးထဲ ေသြးမပါေတာ့မွာပါ။

ဆီးစစ္တံနဲ႔ စစ္လို႔ ခဏခဏပါေနရင္ အရင္ဆုံး ဓမၼတာလာမလာ၊ ဆီးပိုးရွိ မရွိ၊ ထိခိုက္ဒဏ္ရာရွိ မရွိ ရွာသင့္ပါတယ္။ မရွိလွ်င္ အာထရာေဆာင္း၊ ကြန္ျပဴတာဓာတ္မွန္၊ ဆီးလမ္းေၾကာင္းဓာတ္မွန္ ႐ိုက္သင့္ပါတယ္။  ႐ိုက္လိုက္လို႔ ခႏၶာေဗဒအရ ခ်ိဳ႕ယြင္းခ်က္ရွိလွ်င္ အဲဒါကို ကုသဖို႔ လိုပါတယ္။ မရွိရင္ေတာ့ တျခားေသြးတိုးမိသားစုထဲ ေက်ာက္ကပ္ေရာဂါ ရွိမရွိ၊ ဆီးပိုးလကၡဏာ ရွိမရွိ၊ ေက်ာက္ကပ္အလုပ္လုပ္တာ ေကာင္းမေကာင္း ရွာလို႔ အဲဒါေတြ ရွိေနရင္ ေက်ာက္ကပ္အနား ယူသင့္ပါတယ္။ မရွိရင္ေတာ့ အားလုံးေကာင္းရင္ ေျခာက္လကေန တစ္ႏွစ္တစ္ခါ ဆီးေသြးေပါင္ ျပန္ျပန္စစ္ေနဖို႔ လိုအပ္ပါတယ္။ တစ္ခုခုေျပာင္းလဲမႈရွိရင္ ျပန္စမ္းစစ္ၾကည့္သင့္ပါတယ္။

Author: ေဒါက္တာ ဇြဲေကာင္းခ်စ္, Healthcare Journal,(5.5.17)vol 8,no 16

(Unicode)

ကျောက်ကပ်၊ ဆီးလမ်းကြောင်းမှာ တစ်ခုခု  ဖြစ်နေခဲ့ပြီဆို လူနာကဆီးမထိန်းနိုင်တာလည်း ခံစားရတတ်ပါတယ်။ ဒီလက္ခဏာက ဆီးလမ်းကြောင်းက ပုံမှန်ဖြစ်နေတဲ့လူတွေမှာ တွေ့ရတတ်ပါတယ်။ ပုံမှန်ဆိုပေမယ့် စိတ်ဖောက်ပြန်နေတဲ့လူတွေ၊ အသက်ကြီးတဲ့လူတွေ၊ နာမကျန်းဖြစ်လို့ ဆေးရုံတက်နေရတဲ့ လူနာတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးဆေးတွေ အရက်၊ ကဖီးဓာတ်တွေက ပိုဆိုးစေပါတယ်။

လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်က စက္ကန့်မလပ် စစ်ထုတ်ပေးနေပါတယ်။ ဆီးအိမ်ထဲကိုလည်း ဆီးတွေက အမြဲကျနေပါတယ်။ ဒါပေမယ့် ဆီးအိမ်အထွက်နားမှာရှိတဲ့ ကြွက်သားက တင်းကျပ်ထားတဲ့အတွက် ဆီးက မထွက်ပါဘူး။ ဒါကြောင့် ဆီးအိမ်ထဲမှာ ဆီးတွေ စုစုလာပါတယ်။ ပမာဏတစ်ခု ရောက်လာမှသာ ဆီးအိမ်က ကြွက်သားကလည်း ညှစ်၊ ဆီးအိမ် အထွက်နားက ကြွက်သားကလည်း ဖြေလျော့ပြီး ဆီးတွေ အပြင်ကို ထွက်လာပါတယ်။

ဆီးမထိန်းနိုင်တာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ပထမတစ်ခုက ဖိအားများစေတဲ့အခါ ဆီးမထိန်းနိုင်ခြင်းပါ။ ဖိအားဆိုတာက ခန္ဓာကိုယ်တွင်း ဖိအားများစေသော ဒါမှမဟုတ် အားသုံးရတဲ့အခါ ဥပမာ- ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေမှာ ဆီးမထိန်းနိုင်တာပါ။ ဒါကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ဒါဟာ အဓိကက ဆီးအိမ်ထဲက ဖိအားက ဆီးလမ်းကြောင်းထဲက ဖိအားထက် များနေလို့ပါ။ နောက်ပြီး ဆီးအိမ်အထွက်က ကြွက်သားရဲ့ ညှစ်နိုင်မှုအားကလည်း မကောင်းလို့ပါ။ ဒီလို ဆီးမထိန်းနိုင်တာကို ကလေးမွေးပြီးတဲ့အခါ ဆီးကျိတ်ခွဲထားတဲ့ အမျိုးသားတွေမှာ တွေ့ရလေ့ရှိပါတယ်။

နောက်တစ်မျိုးက လှုံဆော်မှုကြောင့် ဆီးမထိန်းနိုင်ခြင်းပါ။ လှုံ့ဆော်မှုတွေကတော့ ဆီးလမ်းကြောင်းက ပိုးတွေ၊ ဆီးအိမ် ကျောက်တည်ခြင်းတွေပါ။ ဒါကို တစ်ခါတစ်လေ အာရုံကြောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ် အထက်မှာ ဖြစ်လေ့ရှိပါတယ်။ နောက်တစ်မျိုးက တောက်လျောက်ဆီးထွက်နေခြင်းပါ။ ဒါဟာ ဆီးအိမ်ကနေ ဒိုးယိုပေါက် ရှိနေလို့ပါ။ ဥပမာ- ဆီးအိမ်နဲ့ မိန်းမကိုယ်လမ်းကြောင်း ဆီးပြွန်နဲ့ မိန်းမကိုယ်လမ်းကြောင်း ဆက်နေတဲ့ ပိုက်လိုင်း ရှိရလို့ပါ။ ဒါကို များသောအားဖြင့် မီးယပ်ခွဲစိတ်မှုတွေမှာ တွေ့ရတတ်သလို မီးယပ်ဆိုင်ရာ ဓာတ်ရောင်ခြည်ဖြင့် ကုသပြီး နောက်ပိုင်းမှာ ဖြစ်လေ့ရှိတတ်ပါသည်။

နောက်ထပ်တစ်မျိုးက စီးဆင်းမှု များနေ၍ ဆီးမထိန်းနိုင်ကြပါ။ ဆီးအိမ်က နာတာရှည် တင်းနေတဲ့အခါ ဖြစ်တတ်သလို လတ်တလော ကျောက်ကပ်ထိခိုက်မှု ရောဂါမှာလည်း ရတတ်ပါတယ်။ ဒါကို များသောအားဖြင့် ဆီးကျိတ်ကြီးနေသော အမျိုးသားတွေ၊ ဆီးအိမ်  အထွက်ကျဉ်းနေတဲ့ လူတွေမှာ တွေ့လေ့ရှိပါတယ်။ နောက်ဆုံးတစ်မျိုးက ဆီးမထိန်းနိုင်တော့တာ မဟုတ်ဘူး။ ဆီးပေါက်လို့ ကုန်သွားပြီဆို ဆီးက တစ်စက်တစ်စက်နဲ့ ဆက်ကျနေတုန်းပါပဲ။ ဒါက အမျိုးသားတွေမှာ တွေ့ရပါတယ်။ ဒါဟာ ဆီးတွေက ဆီးပြွန်တစ်နေရာမှာ ဆီးစုနေရလို့ပါ။ လူနာက လှုပ်လိုက်တဲ့အခါ ထွက်ကျလာတတ်ပါတယ်။

ဒီလို ဆီးမထိန်းနိုင်တဲ့ လူတွေကို ဆီးစစ်ဆေးခြင်းနဲ့ ပိုးမွေးခြင်း ပြုလုပ်သင့်ပါတယ်။ ဘယ်လိုမျိုး ဆီးမထိန်းနိုင်တာလည်း သိဖို့အတွက် Cystometrography နည်းဖြင့် သိနိုင်ပါတယ်။ လိုအပ်လျှင် အာထရာဆောင်း၊ သံလိုက်ဓာတ်မှန်၊ ဆီးလမ်းကြောင်းဓာတ်မှန် ရိုက်သင့်ပါတယ်။

ဖိအားများလို့ ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေကိုတော့ လေ့ကျင့်ခန်းကုထုံးနဲ့ သက်သာပါတယ်။ အဓိကက ဆီးအိမ်ကို ပြန်လေ့ကျင့်ပေးတာပါ။ ဆီးကို မိမိ၏စိတ်ဖြင့် ထိန်းချုပ်ခိုင်းတာပါ။ ထို့ပြင် ဆေးဝါးအကူပါ သုံးလေ့ရှိပါတယ်။ ဆီးမထိန်းနိုင်တာ ပိုဆိုးနေရင်တော့ ခွဲစိတ်ရတတ်ပါတယ်။ ဆီးလမ်းကြောင်း ဒိုးယိုပေါက်ဖြစ်နေတာကတော့ လုံးဝခွဲစိတ်မှ ရမှာပါ။

နောက်လက္ခဏာတစ်ခုကတော့ ဆီးထဲသွေးပါခြင်းပါ။ ဆီးထဲ သွေးပါတာကို မျက်စိနဲ့မြင်နိုင်သလို၊ မမြင်နိုင်တာလည်း ရှိပါတယ်။ ဆီးထဲ သွေးပါလာရင်တော့ ဆီးလမ်းကြောင်း တစ်နေရာကနေ သွေးထွက်နေလို့ အရင်ဆုံးသေချာအောင် ဆီးကို အနုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးသင့်ပါတယ်။ ဘာလို့လဲဆို တစ်ခါတစ်လေ ဆီးကနီတာတို့က တခြားအကြောင်းကြောင့်လည်း နီတတ်ပါတယ်။ ဆီးစစ်တံနဲ့ စစ်လို့ ဆီးထဲသွေးစပါနေလျှင် ဆီးကို အနုကြည့်မှန်ပြောင်းနဲ့ ကြည့်၍ တွေ့ရှိချက်ပေါ် မူတည်၍ ရောဂါပိုး၊ ကင်ဆာ၊ ကျောက်ကပ်မှ သွေးထွက်တာ ဖြစ်နိုင်ပါတယ်။

တကယ်လို့ ဆီးစစ်တံနဲ့ စစ်လို့ သွေးမပါဘူး။ ဒါပေမယ့် သွေးက ညိုနေတယ်။ နီနေတယ်ဆိုရင် ထိုးဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးက ပန်းရောင်ဖြစ်နေတာတော့ Phenolphthalein ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ လိမ္မော်ရောင် ဖြစ်နေရင်တော့ BT ဆေးဝါးတစ်မျိုး ဖြစ်တဲ့ Rifampicin တို့၊ ဝမ်းပျော့ဆေးဖြစ်တဲ့ Senna တို့ ဆေးတွေ သောက်ရင် ဖြစ်တတ်ပါတယ်။ ဆီးကို ပြွန်ချောင်းထဲ ထည့်ထောင်ထားလိုက်လို့ မှောင်မှောင်မိုက်မိုက်ဖြစ်လာရင် Lerodopa ဆေးတွေကြောင့် ဖြစ်လာတတ်ပါတယ်။

ဆီးထဲ သွေးတကယ်ပါရတဲ့ အကြောင်းတွေကတော့ သွေးကြောထဲ သွေးခဲမှုစနစ် ချို့ယွင်းနေခြင်း၊ ကျောက်ကပ်သို့ ပို့ပေးသော သွေးကြောရောင်ခြင်း၊ ပုပ်ခြင်း၊ ကျောက်ကပ်တွင် အိတ်တည်ခြင်း၊ ကင်ဆာ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာ၊ ဆီးပြွန်ရောင်ခြင်း၊ ဆီးပြွန်ထိခိုက်မိခြင်းတွေကြောင့် ဆီးထဲ သွေးပါနိုင်ပါတယ်။ ကုသဖို့ကတော့ အဓိကဖြစ်ရတဲ့ အကြောင်းကို ကုသမှသာ ဆီးထဲ သွေးမပါတော့မှာပါ။

ဆီးစစ်တံနဲ့ စစ်လို့ ခဏခဏပါနေရင် အရင်ဆုံး ဓမ္မတာလာမလာ၊ ဆီးပိုးရှိ မရှိ၊ ထိခိုက်ဒဏ်ရာရှိ မရှိ ရှာသင့်ပါတယ်။ မရှိလျှင် အာထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်၊ ဆီးလမ်းကြောင်းဓာတ်မှန် ရိုက်သင့်ပါတယ်။  ရိုက်လိုက်လို့ ခန္ဓာဗေဒအရ ချို့ယွင်းချက်ရှိလျှင် အဲဒါကို ကုသဖို့ လိုပါတယ်။ မရှိရင်တော့ တခြားသွေးတိုးမိသားစုထဲ ကျောက်ကပ်ရောဂါ ရှိမရှိ၊ ဆီးပိုးလက္ခဏာ ရှိမရှိ၊ ကျောက်ကပ်အလုပ်လုပ်တာ ကောင်းမကောင်း ရှာလို့ အဲဒါတွေ ရှိနေရင် ကျောက်ကပ်အနား ယူသင့်ပါတယ်။ မရှိရင်တော့ အားလုံးကောင်းရင် ခြောက်လကနေ တစ်နှစ်တစ်ခါ ဆီးသွေးပေါင် ပြန်ပြန်စစ်နေဖို့ လိုအပ်ပါတယ်။ တစ်ခုခုပြောင်းလဲမှုရှိရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။

Author: ဒေါက်တာ ဇွဲကောင်းချစ်, Healthcare Journal,(5.5.17)vol 8,no 16

ဆက်စပ် ဆောင်းပါးများ